Saturday, April 24, 2010

ဂျပန်ပြည်က ဟာသများ-၂

အိမ်ရှင်နိုင်ငံအဖြစ် ဂျပန်နဲ့ ကိုရီးယားနှစ်နိုင်ငံ တွဲဖက်ကျင်းပတဲ့ ကမ္ဘာ့ဖလာ့း ဘောလုံးပွဲတုန်းကပေါ့..။ အင်္ဂလန်က ဘောလုံးဘုရင် ဒေးဗစ် ဘက်ခမ်း(DavidBeckham)တို့အသင်းပါ တိုကျိုကို ရောက်လာခဲ့တယ်...။

ဘက်ခမ်းဟာ ဂျပန်နိုင်ငံတိုကျိုကို ပထမဆုံးရောက်ဖူးတာ ဖြစ်တဲ့အတွက် ဂျပန်နိုင့်ရဲ့ ရှုခင်းတွေဟာ အရမ်းကို ထူးဆန်းနေတယ်. ။ ဒါကြောင့် ပြိုင်ပွဲ မစခင် နေ့မှာ တိုကျိုမြို့ထဲကို လျှောက်လည်တယ်။ အရာရာကို ပျော်ရွင်စွာ ကြည့်ရှုလေ့လာနေခိုက် စိတ်ထဲမှာ အလွန်ထူးဆန်းစွာ ခံစားရတာ တစ်ခုကြောင့် သူစိတ်မလုံမလဲ ဖြစ်လာတယ်။ အဲဒါကတော့ သူကိုတွေ့တဲ့လူတွေက အရမ်းကို တိတ်ဆိတ်ပြီး မျက်လုံးချင်းဆုံရင် ခေါင်းငုံလို့ ခါးကိုင်းကိုင်းသွားတာကိုပါ။

ဒါနဲ့ ဘေးက လိုက်လာတဲ့ ဘာသာပြန်ကို မေးလိုက်တယ်။
“ဘာဖြစ်လို့ သူတို့က ကျွန်တော့်ကို ခေါင်းငုံငုံ ပြတာလဲဗျာ”
“အော်.. အဲဒါ ဂျပန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုပါခင်ဗျာ။ တစ်ဦးနဲ့ တစ်ဦး ခေါင်းငုံ့၊ ခါးကိုင်းပြပြီး နှုတ်ခွန်းဆက်တဲ့ ယဉ်ကျေးမှုပါ။

ဘက်ခမ်းဟာ အဲဒီတော့မှ အဖြစ်မှန်ကို သဘောပေါက်သွားပြီး တွေ့သမျှလူကို ခေါင်းငုံ(ခေါင်းငြိမ့်)ပြပြီး နှုတ်ဆက်ပါ.တော့တယ်.။ ဂျပန်တွေကလည်း သဘောတွေကျပြီး ခေါင်းအပြန်အလှန်လှန်ငြိမ့်ပြပြီး ဘက်ခမ်း ဘက်ခမ်းလို့ အော်ကြပါတော့တယ်...။ ဘက်ခမ်း အနားမှာ ပွဲတော်တစ်ခုထက်ကို လူစည်သွားတာပေါ့..။

ဒီလိုနဲ့ ပြိုင်ပွဲစပြီး ဂျပန်နဲ့ အင်္ဂလန်ပွဲစဉ် အလှည့် ရောက်လာပါတော့တယ်။


ဂျပန်က ဘောလုံး အသင်းခေါင်းဆောင် ဟီဒဲတိုရှိ နကတ ဦးဆောင်တဲ့ ဂျပန်အသင်းဟာလည်း အစွမ်းကုန်ကြိုးစားကြတဲ့အတွက် ဘက်ခမ်းတို့အသင်းနဲ့ ပြိုင်ပွဲမှာ တစ်ဂိုးတစ်ဂိုးနဲ့ ကပ်ပြီး ပွဲစဉ်ပြီးခါနီးရောက်လာတယ်။ သရေပွဲ ဖြစ်နေတာမို့ နောက်ဆုံး ပနယ်တီကစားရပါတယ်..။ (ဘောလုံးအသုံးအနှုန်း မှားရင် ခွင့်လွှတ်ပါ)

ဘက်ခမ်းက ဘောလုံးကို ခြေထောက်လေးနဲ့ လှိမ့်ကစားရင်း ဘယ်ထောင့်ကနေ ဘယ်လို ဘောလုံးကို သွင်းရမလဲဆိုတာကို စဉ်းစားတယ်။ တဖက်က ဂျပန်ဘောလုံးသမားလေးတွေကလည်း အိမ်ရှင်နိုင်ငံ အနေနဲ့ မရှုံးချင်တာကြောင့် အစွမ်းကုန်ကြိုးစားကာကွယ်ဖို့ ပြင်ဆင်တယ်။ အားလုံး တန်းစီပြီး သူတို့ဂိုးတိုင်ကို ထောင့်စေ့အောင် ကာကွယ်ကြတယ်..။ တကယ့်ကို ဘယ်လိုမှ သွင်းဖို့ မလွယ်ကူအောင် ထောင့်စုံပိတ်ထားကြတဲ့အတွက် မှန်အောင် သွင်းဖို့ကတော့ တော်တော့်ကို ခက်ခဲတဲ့ အနေအထားဖြစ်ပါတယ်..။

ဒီလိုအခြေအနေဆိုတော့ ဘက်ခမ်းဟာ ဒီပွဲတော့ ငါမနိုင်တော့ဘူးထင်ပါရဲ့လို့ တွေးပြီး မနိုင်ပေမယ့်လည်း မရှုံးအောင် လုပ်နိုင်ရင်လည်း ပြီးတာပဲလေ ဆိုပြီး “ဘယ်လိုဖြစ်ဖြစ် ရတယ်” ဆိုတဲ့ သဘောနဲ့ ဂျပန်ဘောလုံးသမားတွေကို သေသေချာချာ ကြည်ြ့ပီး ခေါင်းငြိမ့်ပြပြီး ဘောလုံးကို အားနဲ့ ကန်ထည့်လိုက်ပါတယ်။ အဲဒီ အခိုက်အတန့်လေးမှာပဲ.အဖြစ်အပျက်တစ်ခုက တိုက်ဆိုင်စွာ ဖြစ်သွားပြီး .....................

ဂိုးးးးးးးးးးးးးးးးးးးးးးးးး

ဟုတ်ပါတယ်။ ဒေးဗစ်ဘောလုံးဟာ ဂိုးတိုင်ကြားကို တန်းတန်းမတ်မတ်ဝင်သွားတာဖြစ်ပါတယ်။ အဖြစ်အပျက်ကတော့ ဂျပန်ဂိုးစောင့် ဂိုလီဘာကအစ ဂျပန်ဘောလုံးသမားအားလုံးဟာ သူတို့အလိုလို ရှိန်နေတဲ့ နာမည်ကြီး ဘောလုံးသမားက ခေါင်းငြိမ့်ပြလိုက်တာကို ကြည့်ပြီး အလိုလို ခေါင်းငြိမ့် (ခါးပါ နည်းနည်းကိုင်းမိသလားပဲ) ပြန်နှုတ်ဆက်လိုက်မိကြပြီး လက်ရှိအခြေအနေကို မေ့သွားကြတာကြောင့် ဆိုပါတယ်။

မမျှော်လင့်ပဲ ဘောလုံးရှုံးသွားရတဲ့အတွက်.... ဘောလုံးကွင်းတစ်ခုလုံးလည်း လက်ခုပ်သံလား တောက်ခေါက်သံလား မသေချာပဲ ကျွတ်ကျွတ်ညံ့သွားပါတော့တယ်....။ ရှုံးသွားတဲ့အတွက် တက်တခေါက်ခေါက် ကျန်နေခဲ့တာက ဂျပန်သတင်းမီဒီယာတွေပါပဲ...။. ပုံကတော့ သတင်းမီဒီယာတွေက ဘောလုံးရှုံးရခြင်းအကြောင်းရင်းကို ဂျပန်ပြည်သူတွေကို ဖော်ပြတဲ့ ကာတွန်းလေးပဲ ဖြစ်ပါတယ်းD

အဲဒါပြောတာ တစ်ခါတစ်လေလည်း ဒါမျိုးတွေ ဖြစ်တတ်တယ်လို့.. \(^0^)/

လသာည... ဖြစ်ပါတယ်။။

(ဓါတ်ပုံများကို google search ဖြစ်ပါတယ်။ ကာတွန်းကတော့ စာအုပ်မှ စကန်ဖတ်ထားတာပါ)

18 comments:

SHWE ZIN U said...

လသာည ရေ

ဂျပန်တွေ သနားပါတယ်.. အားနဲချက် ကို အခွင့်ကောင်းယူလိုက်သလိုဘဲပေါ့နော်..

ဘဝဆိုတာ ဒီလိုပါဘဲ.. လည်သူစားတမ်း

ခင်တဲ့
ရွှေစင်

chindwinthu said...

ဂျပန်တွေ လူတွေ့ရင် ခေါင်းငုံ့နှုတ်ဆက်တတ်တဲ့အကျင့်ကဒီတခါခံလိုက်ရပေါ့။ဟဟ။

sosgado said...

အဖြစ်ကိုခုမှ သိရတာပါ၊ ကာတွန်းထဲက ဒေးဗစ်ပုံ ရယ်ရတယ်၊

rose of sharon said...

ရီရတယ်... အဲဒီအကြောင်းတစ်ခါမှ မကြားဖူးဘူး... ဒို့က ဂျပန်တွေ အဲလိုနှုတ်ဆက်တာကို အရမ်းသဘောကျတာ...

Anonymous said...

အဲဒီလောက်လဲ မဟုတ်ပါဘူး..
တိုက်ဆိုင်သွားတာ ဖြစ်ပါလိမ့်မယ်..
အပေါ်က ဂငယ်ကောင်လေး သူများကို အဲလို မပြောရဘူး...

မှတ်ချက်။ ဂငယ်နိုင်ငံတွင် နေထိုင်သူ..

မြတ်နိုး said...

ဟားဟား...အော်ရယ်သွားတယ်...

ဘက်ဟန်းကတော့ မရွှေင်ပြောသလို ညစ်တာဖ်ြစ်နိုင်ပါဘူး။
ပုံ..သူ့ချစ်ချစ်။

ဂျပန်တွေလူတောမတိုးတာ..ညံ့တဲ့ကောင်တွေပဲ တွေ့ဘူးလို့နေမှာပါ။ မြန်မာပြည်မှာတွဲလုပ်လာတဲ့ ၅နှစ်အတွေ့အကြုံအရ.. လူလည်တွေပါလို့ပြောချင်ပါတယ်။ မြန်မာတွေလိုပေါ့ ညံ့သူတော်သူ ..ဒီလိုပါပဲ။လူအမျိုးမျိုးပါ။

kiki said...

ဟိုက် ..ဟိုက် ..ဟိုက် ..
အမလေး... ခေါင်းငုံ့ ၊ ၉၀ ဒီဂရီ ခါးကိုင်းပြီး နှုတ်ဆက်ကောင်းလို့  .. ခါးနာ သွားပြီ ကွယ် .. ဟီးဟီး ..
ကာတွန်းထဲက ဘက်ခမ်း နှုတ်ခမ်းမွှေးလေး .. ကြိုက်တယ်ဗျိုးး

မယ်ကိုး said...

ဒီဟာသလေး ဖတ်ဖူးတယ် ချစ်မလေး ဘက်ခမ်းနဲ့တော့ မဟုတ်ဘူး။ ခုတော့ ကာတွန်းပုံလေးနဲ့ပါ တွဲပါတော့ ပိုရယ်ရသလိုပဲ =)

ရွှေရတုမှတ်တမ်း said...

ဘက်ဘက်ကတော့သွက်သွက်နဲ့လုပ်ချပလိုက်ပြီပေါ့လေ

Unknown said...

ချစ်မကြီး လသာညရေ...
ခုတစ်လော စိတ်ညစ်နေတာ အခုမှပဲ ရယ်ဖြစ်သွားတယ်
ကျေးဇူးအများကြီးတင်ပါတယ်
ချစ်ညလေး နှင်းဟေမာ

shwenattharr said...

အခုတော့ ခါးတောင်နည်းနည်းကိုင်းသလိုဖြစ်နေပါတယ်..ညွတ်၇လွန်းလို့ 
လာ၇ယ်သွားပါတယ်..အမေ၇

zmmn said...

မီမီ
အမြဲလာလည်ဖြစ်ပါတယ်မမ
တခါမှတော့မရေးဖြစ်ခဲ့ဘူး။
အဓိပ္ပါယ်ပြည့်ဝတဲ့စာတွေအတွက် သင်ခန်းစာရသလို ခုလိုပေါ့ပေါ့ပါးပါးလေးတွေ ဖတ်ရတော့လဲ ပျော်စရာကောင်းပါတယ်။
စိတ်ကိုပေါ့ပါးသွားစေပါတယ်..။
ဂျပန်မှာနေတဲ့မြန်မာအချင်းချင်းမို့ အခွင့်အရေးရခဲ့ရင်တော့တခါလောက် ဆုံချင်ပါတယ်မမ။ http://www.whitelovekoko-zmmn.co.cc/

ကိုလူထွေး said...

ခေါင်းငုံ့နှုတ်ဆက်သွားပါတယ်

သတိထား
အနောက်မှာ ဓာတ်ပုံသမားတွေ
သတင်းယူနေကြရဲ့...

းဝ)

Flower said...

ရယ်ရတယ် ဒီနည်းလေးကမှတ်သွားတယ် လိုအပ်ရင် အသုံးချလို့ရအောင်ပေါ့..
ကြံကြံဖန်ဖန် ရှာတင်ပေးတာ ကျေးဇူး
ဘက်ခမ်းက ဘောလုံးကန်ပါတော်တာမဟုတ်ဘူး
ဦးနှောက်ပါ ကောင်းတာဖြစ်မယ်..
ဒါကြောင့် နိုင်သွားတား)

ချိုကျ said...

ဘက်ခမ်းက ဒီလိုတွေလဲတတ်တာပဲလားဟင်..ခုမှသိတော့တယ် ဗဟုသုတပေါ့...ကျေးဇူပါ မလသာရေ...:)

မေကျော် said...

လူလည်ကျသွားတာပေါ့ ဟ ဟ

Anonymous said...

အစ်မ..ဂျပန် ငပုတွေမို့  ဂိုးဝင်သွားတာနဲ့ တူတယ်နော်။

လသာည said...

ဂျပန်တွေက အခု အရပ်မပုကြတော့ဘူးကွ..
အင်း သူတို့တွေက ခန္ဓာကိုယ် ပိုကြီးထွားအောင် အစားအသောက်ရွေးချယ်စားသလို အားကစားလည်း လုပ်လာကြတယ်လေ..