Thursday, April 1, 2010

ဘ၀ဆိုတာ အားကစားပြိုင်ပွဲလား

လောကကြီးမှာ ဘ၀ပြိုင်ပွဲတွေက ရှိနေတယ်။ အောင်မြင်သူ ရှိရင် ရှုံးနိမ်သူလည်း ရှိလာရတယ်..။

ပြိုင်ပွဲအပြီး အနိုင်မှာ သာယာလို့ ဆက်လက်နိုင်ချင်စိတ်နဲ့ ကြိုးစားကြသူတွေရှိတယ်၊
နိုင်နေတဲ့ခံစားမှုကို တခဏသာယာပြီး ဆက်လက်မကြိုးစားကြတော့လို့ ရှုံးနိမ်သွားသူလည်း ရှိတယ်။
တခါရှုံးသွားတာနဲ့ စိတ်ဓါတ်ကျပြီး ထပ်မကြိုးစားတော့ပဲ တသက်လုံး ရှုံးသူအဖြစ်နဲ့ နေသွားတဲ့ သူတွေ ရှိတယ်။
ရှုံးနေလည်း တချိန်ချိန် အနိုင်ရမယ့်အချိန်ကို မျှော်လင့်လို့ ကြိုးစားနေသူလည်း ရှိတယ်။
အနိုင်လိုချင်ပေမယ့် ရှုံးရမှာ ကြောက်လို့ ပြိုင်ပွဲဝင်ပြီး မကြိုးစားပဲ လက်လျော့လိုက်သူတွေလည်း ရှိတယ်။

တခါမှတော့ မနိုင်ဖူးသေးဘူး၊ ရှုံးနေတာတော့ ခဏခဏ၊ ဒါပေမယ့် လက်မလျော့ပဲ ကြိုးစားသူလည်း ရှိတယ်.။
ဘယ်လိုပဲ ဖြစ်ဖြစ် ကြိုးစားဖို့က ငါ့တာဝန်လို့ တာဝန်အဖြစ်သတ်မှတ်ပြီး ကြိုးစားသူလည်း ရှိတယ်..။
အနိုင်၊ အရှုံးတစ်ခုခု ဆုံးဖြတ်ချိန်တိုင်းမှာ ရင်ခုန်ရတဲ့ ဖီလင်ကို gameစွဲသလို စွဲံပြီး သဘောကျနေလို့ ကြိုးစားနေသူလည်း ရှိသတဲ့..။ ဒါဖြင့် ငါကိုယ်တိုင်ကရော..????

ဘယ်လိုပဲ ဖြစ်ဖြစ် ကြိုးစားနေသူတိုင်းမှာ သံလိုက်ဓါတ်တစ်ခု ရှိတယ်လို့ စိတ်ပညာက ဆိုပါတယ်။ အတိတ်မှာ ရှုံးရှုံး၊ နိုင်နိုင် လက်ရှိမှာ ကြိုးစားနေသူတိုင်းမှာ ပတ်ဝန်းကျင်ကလူတွေကို ဆွဲဆောင်နိုင်တဲ့ သံလိုက်ဓါတ်ရှိပါတယ်။ အလိုလို ခင်မင်လိုစိတ်၊ အားပေးလိုစိတ်၊ အပေါင်းအသင်းဖြစ်လိုစိတ်ကို ဖြစ်ပေါ်စေတယ်။ မကြိုးစားတော့ဘူးဆိုရင်တော့ အဲဒီ သံလိုက်ဓါတ်က နည်းသွားရမှာကတော့ ပြောစရာ မလိုတော့ဘူးပေါ့။

ကျွန်မက အားကစားကို ဒီလောက်ဝါသနာတော့ မပါပါဘူး။ ဒါပေမယ့် အားကစားတွေကို ကြည့်ဖြစ်တဲ့အခါတိုင်းမှာ အရှုံးအနိုင်ထက် ပြိုင်ပွဲအပြီးထားတဲ့ သူတို့ စိတ်ထားတွေကို လေ့လာရတာကို အရမ်းကို သဘောကျမိပါတယ်။

ဟိုတလောက အိုလံပစ်အားကစားပြိုင်ပွဲတွေကို ကြည့်ဖြစ်ပါတယ်။ ကြည့်ဖြစ်ရတာကလည်း ဂျပန်တီဗွီတွေက အားကစားကို နာရီမခြား လွှင့်နေတာမို့ ကိုယ်က ဖွင့်လိုက်တိုင်း အားကစားသတင်း ဖြစ်နေတာကြောင့်လည်း ပါပါတယ်။ figure skater တွေကတော့ ငယ်လည်း ငယ်တော့ စိတ်ဝင်တစား ပိုကြည့်ဖြစ်တယ်။ ငယ်ငယ်ချောချော ချန်ပီယမ်လေးနှစ်ဦးဖြစ်တဲ့ Kim Yuna (ကိုရီးယား) နဲ့ Mao Asada (ဂျပန်)တို့ ပြိုင်ပွဲကတော့ တကယ်ပဲ စိတ်ဝင်စားစရာ ကောင်းပါတယ်။ တီဗွီကလည်း Maoကို ပြိုင်ပွဲမ၀င်ခင် ဘာတွေကျွေးသလဲဆိုတာတောင် သတင်းထဲမှာ ရေးပါတယ်။ Maoကို အသည်းစွဲ ချစ်သူ ဖြစ်တဲ့ သယ်ရင်းလေး KL ဆိုရင် အိုလံပစ် ပြိုင်ပွဲရက်က စာတမ်းတစ်ဖက်နဲ့ တီဗွီသတင်းတဖက် တော်တော် ဗျာများနေခဲ့လောက်တယ် :D

ဒါပေမယ့် ကင်မ်ယုနက ပထမ၊ မအို အာဆဒက ဒုတိယနဲ့ ပွဲသိမ်းသွားတယ်။
photo from here(L-R) Mao Asada of Japan, Kim Yu-Na of South Korea

သူ့တို့ နှစ်ယောက်လုံး လိုချင်တာက ရွှေတံဆိပ်ဆိုတော့ ဆုရသူ Kim ကပျော်လို့ မျက်ရည်တွေကျနေချိန်၊ ရွှေတံဆိပ်နဲ့ လွဲသူ Maoကလည်း ရှုံးလို့ မျက်ရည်တွေကျတယ်။ ဒါပေမယ့် ချစ်စရာ ကောင်းတာက ပြိုင်ပွဲအပြီး သူတို့ ပြောတဲ့ ခံယူချက်လေးတွေပါပဲ..။ ၁၉နှစ်အရွယ်ထားတဲ့သူတို့ စိတ်ထားတွေကို ကိုယ် အဲဒီအသက်အရွယ်တုန်းက ထားနိုင်ပါ့မလားလို့ တွေးမိပြီး အဲဒီစိတ်ဓါတ်လေးတွေကို တကယ်ပဲ နှစ်သက်မိခဲ့ပါတယ်။

ရွှေတံဆိပ် ဆုယူအပြီးမှာ Kim က ဒီလိုပြောပါတယ်။ “ဒီနှစ်စံချိန်သစ်တင်နိုင်တာ ကျွန်မမှာ ပြိုင်ဖက်ကောင်းတစ်ယောက် ရှိနေလို့ပါ။ ပြိုင်ဖက်ကို နိုင်ဖို့ ကျွန်မ အများကြီး ကြိုးစားရင်း စံချိန်သစ်ကို ရခဲ့ရပါတယ်”။ ငွေတံဆိပ်ရတဲ့ Maoက လည်း ဒီလို ပြောပါတယ်။ “ဒီနှစ် သူ့ကို မနိုင်ပေမယ့် နောက်အိုလံပစ်မှာ ဘယ်လိုပြိုင်ရမလဲဆိုတာကို ကျွန်မသိလိုက်ပါပြီ။ ကိုယ့်ရဲ့အားနည်းတဲ့ အကွက်တွေနဲ့ သူ့ရဲ့ အားသာတဲ့ အကွက်တွေကို ကျွန်မမြင်ခွင့်ရလိုက်တာ ကျွန်မအတွက် အမြတ်ပါပဲ။”တဲ့..။

တကယ်ပါ.. ပြီးခဲ့တဲ့အပတ်က လုပ်တဲ့ အီတလီနိုင်ငံက World Championships ပွဲမှာတော့ Mao က Kim ထက် ၇မှတ်အသာနဲ့ ရွှေတံဆိပ်ဆုကို ရသွားပါတယ်။ သတင်းမှာ ဒီလိုဖော်ပြထားတယ်။

“This year's world championships showed how difficult it is to stay at the top of the sport. Without rigorous, continuous training and a strong mentality, even a gold medalist can come up short.”

ဆုနဲ့ လွဲသွားတဲ့ Kim က သူမဘက်က ဒီပွဲစဉ်မှာ လေ့ကျင်မှုတွေ နည်းသွားရတာကြောင့်ဖြစ်ပါတယ်လို့ ၀န်ခံလိုက်ပြီး ကျွန်မ စိတ်ဓါတ်မကျပါဘူး၊ အခုကစလို့ အရင်ထက် ပိုကြိုးစားသွားမှာပါ.. လို့ ပြောသွားပါတယ်။ ( ဟုတ်တယ် Kim၊ တောင့်ထား ဆက်ကြိုးစား !!!)Photo: Kim Yu-na (left) and Mao Asada at the medals ceremony of the 2010 World Figure Skating Championships in Turin, Italy on Sunday /Reuters-Newsis

Maoကတော့ “ကျွန်မလိုချင်တာကို ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ လက်ရှိပြိုင်ပွဲရလာဒ်ကနေ နားလည်သွားတာကတော့ ရှုံးလို့ စိတ်ဓါတ်ကျမနေပဲ ဆက်လက်ကြိုးစားနေသူတိုင်းမှာ နိုင်အောင် ကြိုးစားနိုင်ခွင့် ရှိသေးတယ်ဆိုတာကို ပါ။ အခုလည်း နိုင်လို့ အရမ်းတော့ မတင်းတိမ်ရဲသေးပါဘူး။ ကျွန်မ ကြိုးစားနေသလို kim နဲ့တကွ ကျန်ပြိုင်ဖက်အားလုံး ကြိုးစားနေမယ်ဆိုတာ ကျွန်မသိထားပါတယ်။ ဘယ်သူ့ကိုမှ အထင်မသေးသလို ကျွန်မကိုယ်ကျွန်မလည်း အထင်မသေးဖြစ်ဖို့ ကျွန်မ ခံယူထားပါတယ်။ (အိုး.. အရမ်းကို ကောင်းတဲ့ စိတ်ထားလေးပါ Mao။ မင်းစိတ်ထားကို ငါလည်း အတုယူရမယ်။း)

ကဲ.. တို့လည်း ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဘာတွေပဲ ဖြစ်ဖြစ် ကြိုးစားကြပါစို့........

Reference: http://english.chosun.com/ (KLရေ.. ရေးလိုက်ပြီ၊ ဖတ်ပြီး ဒီလောက်ဆို ကျေနပ်.တယ်ဟုတ်?..နော်.။ )

20 comments:

ဂျပန်ကောင်လေး said...

အင်း.... ရုပ်ချင်းဆင်တယ်... တခါတော့ ကြည့်ဖူးလိုက်တယ်... မပြန်ခင်က......

SHWE ZIN U said...

လောကကြီးမှာ ဘ၀ပြိုင်ပွဲတွေက ရှိနေတယ်။ အောင်မြင်သူ ရှိရင် ရှုံးနိမ်သူလည်း ရှိလာရတယ်..။

ဘယ်သူ့ကိုမှ အထင်မသေးသလို ကျွန်မကိုယ်ကျွန်မလည်း အထင်မသေးဖြစ်ဖို့ ကျွန်မ ခံယူထားပါတယ်။

လသာညရေ ဖတ် မှတ် သွားတယ်နော်.. ကြက်သားပေါင်းလေးလည်း စားသွားသေးတယ်

ခင်တဲ့
မရွှေစင်

rose of sharon said...

Kim နဲ့ Mao နှစ်ယောက်လုံးရဲ့စိတ်ဓာတ်ကို အရမ်းလေးစားမိပါတယ်...

Anonymous said...

ရှုံးလို့ စိတ်ဓါတ်ကျမနေပဲ ဆက်လက်ကြိုးစားနေသူတိုင်းမှာ နိုင်အောင် ကြိုးစားနိုင်ခွင့် ရှိသေးတယ်ဆိုတာကို ပါ။ အခုလည်း နိုင်လို့ အရမ်းတော့ မတင်းတိမ်ရဲသေးပါဘူး။ ကျွန်မ ကြိုးစားနေသလို kim နဲ့တကွ ကျန်ပြိုင်ဖက်အားလုံး ကြိုးစားနေမယ်ဆိုတာ ကျွန်မသိထားပါတယ်။ ဘယ်သူ့ကိုမှ အထင်မသေးသလို ကျွန်မကိုယ်ကျွန်မလည်း အထင်မသေးဖြစ်ဖို့ ကျွန်မ ခံယူထားပါတယ်။
i love and like Mao. She is my favorite.

Her words r precious.
ရှုံးလို့ စိတ်ဓါတ်ကျမနေပဲ ဆက်လက်ကြိုးစားနေသူတိုင်းမှာ နိုင်အောင် ကြိုးစားနိုင်ခွင့် ရှိသေးတယ်ဆိုတာကို ပါ။
I always do.

MN

သူကြီးမင်း (တုံးဖလား) said...

တစ်လှည့်စီအနိုင်ရကြလို့ တော်သေးတယ်။
နှစ်ယောက်လုံးကို ကြည့်ပြီး သနားနေမိတာ။

Meengelay said...

Thank you for this post.
頑張りましょう。

မိဆိုးလေး said...

April အမှတ်တရ post လေး၊ကောင်းတယ်..။

ချိုကျ said...

ဟုတ်ပ အစ်မရေ....ကောင်းလိုက်တဲ့စိတ်ထားလေးတွေနော် အဲဒီလိုစိတ်ထားလေးတွေ ရှိအောင်ကျွန်တော်တို့လဲ ကြိုးစားသင့်တယ်နော်
ခင်တဲ့.....ချိုကျ

kiki said...

ယှဉ်ပြိုင်ခြင်းသာ အဓိက ။
အရှုံး အနိုင် ဟာ သာမည ၊။ လို့ ဆိုကြပေမဲ့ တကယ်တန်း ယှဉ်ပြိုင်ကြတော့လည်း လူတိုင်း အနိုင်လိုချင်ကြတာပဲလေ ။
ဒါပေမဲ့ သူတို့ နှစ်ယောက်ရဲ့ တကဲ့ အားကစား စိတ်ဓါတ်တွေကို လေးစားမိတယ် ။

Shinlay said...

ပြိုင်ပွဲတိုင်းမှာ ပြိုင်တဲ့လူတိုင်းကို နိုင်စေချင်တယ်။
မဖြစ်နိုင်ပေမဲ့ ရူံးတာကို မကြည့်ချင်ဘူး။

ဖြိုးအောင် said...

ဟုတ်ပြီ..မနက်ဖန်ကစပြီး စာကောင်းကောင်း ပြန်လုပ်တော့မယ်..သံလိုက်ဓါတ်တွေ ခုတလော တော်တော်လျော့နေတာဗျ..

မိုးသီတာ said...

ဖြစ်စေချင်တာက ၂ ယောက်လုံးကို ပထမ ဆိုတဲ့ အရာထက် ခမ်းနားတဲ့ Figure Skatingဘို့ ပညာတွေလဲ ထပ်ထုတ်စေချင်တယ်။ ယုနကတော့ Yuna Jump ရှိသွားခဲ့ပြီ။ asada mao လဲရှိမှာပါ။ အဲသလိုတွေ ဖြစ်လာစေချင်တယ်။ ပထမဆိုတဲ့ အရာဟာ ခမ်းနားတယ်လို့ ကိုယ်တော့ ဘယ်တုန်းကမှ မထင်ခဲ့ဘူးပါဘူး။ ပြိုင်ဖက်မရှိလဲ တော်နိုင်ပါတယ်။ (ထင်တာပဲ)။ ဥပမာ အိုင်းစတိုင်း၊ အက်ဒီဆင်။ ယုနပြောသလိုပြိုင်ဖက်ကောင်းရှိလို့ ကြိုးစားတယ်ဆိုလို့ ပြိုင်ဖက်မရှိပဲ ကြိုးစားမိနေတဲ့ကိုယ်က ငပေါ ကြီးလို့ ခံစားလိုက်ရတယ်။ :D :D :D :D

ကျော်နှင်းဆီလွင် said...

မညရေ
ပြိုင်ပွဲကအကြိတ်အနယ်ပဲနော်
Maoကအမြဲတမ်းတစ်ရပါရက်
ဒီပွဲမှာတော့ကမ္ဘာ့စံချိန်သစ်တင်ချင်လွန်းတော့
လေထဲ၃ပတ်လည်ပြီးခုန်တာကိုဦးစားပေးကရင်း
ခြေချော်သွားရှာတော့ဆုနဲ့လွဲရတာကိုကြည့်ရင်း အများကြီးပညာရမိတယ် ညီမလည်း~~
မအို ရဲ့နာမည်က မညရေးမှပဲမှတ်မိတော့တယ်
:D

မယ့်ကိုး said...

မယ်လည်း mao လေးကို ချစ်တယ်။
အားကစားကို ချစ်လို့ကစားရင်း အနိုင်အရှုံးတွေနဲ့ ရယ်ရ ငိုရတာတော့ မကောင်းဘူးလို့ သံဝေဂဖြစ်မိတယ်။

လသာည said...

ကွန်မန့်လေးများ အားလုံးကို ကျေးဇူးတင်ပါတယ် :D

Mao ကိုချစ်တဲ့သူကိုရော၊ Yunaကို ချစ်တဲ့သူကိုရော၊ လသာညကို အားပေးသွားသူကိုရော.. အားလုံး အားလုံး သယ်ရင်းများကို ကျေးဇူးအများကြီး လှိုက်လှိုက်လှဲလှဲ တင်ပါတယ်နော်။

Anonymous said...

ဟုတ်တယ်။နှစ်ယောက်လုံးကို ချစ်သလို ပထမ ကိုတော့ မာ့အိုစံလေးကိုပဲ ရစေချင်တာပေါ့နော်။အခုလဲ ကျေနပ်ပါတယ်လေ။

ချစ်တဲ့

ထား

Anonymous said...

憂香さんが映画出ました♪
http://tokyo.cool.ne.jp/pomme2/Hongkong_Dangerous.jpg

လုလု said...

သူတို့နှစ်ယောက်လုံး အရမ်းတော်တယ်နော်။
စိတ်ဓာတ်လေးတွေကိုလည်း လေးစားမိပါတယ်။
လသာညလေးရေ့  ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်နော်။
ချစ်ခင်စွာဖြင့်
လုလု

Unknown said...

ဒီပို့စ်လေးအတွက် ကျေးဇူးပါ မမလသာညရေ...
အတုယူထိုက်သူကို အတုယူခြင်း လေးစားအပ်သူကိုလေးစားမိခြင်း ဗဟုသုတတွေပါ ရရှိစေခြင်းဆိုတဲ့ များစွာသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သော လသာည ... ထာဝရ လင်းလတ်တောက်ပပါစေ ...
မင်္ဂလာနှစ်သစ်ပါနော် မမ..
ချစ်ညလေး နှင်းဟေမာ

အကြမ်းထည် said...

တော်တော်အတုယူစရာကောင်းတဲ့ ကလေးတွေရဲ့
မွန်မြတ်တဲ့ စိတ်ဓါတ်တွေပါပဲ...
ဒါမျိုးလေးတွေ ဆက်လက်ရေးသားနိုင်ပါစေ။
with resp;