Tuesday, April 27, 2010

သူတို့ဆီမှ အတုယူစရာများ

အရာရာကို ပုံစံခွက်တစ်ခုလို သတ်မှတ်ပြီး နေလာရတဲ့အခါ သူတို့ကို သတိရတယ်။ ကြည့်လေ.. သူတို့က...လောကကြီးကို စောက်ထိုးကြည့်ချင် ကြည့်ပစ်တာပဲ..း)
အိပ်ချင်တဲ့အခါ ဘာမှနောက်ဆံတင်းနေစရာမလို နှစ်ခြိုက်စွာ အိပ်လိုက်တာပဲ။ အိပ်ရာနိုးမှ စားစရာကို ရှာဖွေဖို့ စဉ်းစားလိမ့်မယ်..
ပေါင်ချိန်စက်ဆိုတာကို ကန်ထုတ်ပြီး စိတ်ကြိုက်နေချင်သလို နေမယ်..
လိုအပ်တဲ့အခါ ကွန်ပျူတာကို ခေါင်းအုံးအဆင့်ထက် ပိုမတွေးဘူး။ အခုလို အိပ်ပစ်လိုက်မယ်...

သူများက အဓိပ္ပါယ် မရှိဘူး (သူနဲ့မအပ်စပ်ဘူးလို့ )သတ်မှတ်ထားထားပေါ့။ သူလုပ်ချင်ရင် လုပ်တယ်..။ (သူ့အတွက် အဓိပ္ပါယ် ရှိရင် ပြီးတာပဲ..)
ဘယ်နေရာမျိုးမှာ ဘယ်လိုနေရမယ်လို့ မကန့်သတ်ထားဘူး..။ (သူနေတဲ့ နေရာမှာ သူနေချင်သလို နေလိုက်ရတာဟာ သူ့အတွက် နိဗ္ဗာန်ပဲ..)ဒီလောက်တိုတဲ့ ဘ၀တိုတိုလေးထဲမှာ ရှားရှားပါးပါးလာတွေ့ရတဲ့ သူတွေကို ဘယ်သူနဲ့ မပေါင်းသင့်ဖူးရယ်လို့ သိပ်မရှိဘူး..။ သူနဲ့ အဆင်ပြေရင် တည့်အောင် ပေါင်းလိုက်တယ်။
ဒီကြားထဲ ရန်ဖြစ်ချင်လည်း ဖြစ်မယ်။ သံဃောဇဉ်အကြောင်းကို တွေးပြီး ပူဆွေးငိုနေစရာမရှိဘူး...

သူရယူချင်တဲ့ အခွင့်အရေး၊ သူလုပ်ချင်နေတဲ့ အလုပ်တစ်ခုကို မရလို့ ပူပန်မနေဘူး။ ရအောင် တိုက်ရိုက် ကြိုးစားမယ်။

သူမကျေနပ်တဲ့အခါ ၀င်းဝင်းတောက်တဲ့မျက်လုံးနဲ့ တရားဝင် ပြန်ကြည့်ရဲတယ်။
သူက ဘာအရည်အချင်းပဲ တတ်ရမယ်လို့ ကိုယ့်ကိုယ့်ကို ဘောင်ခတ်သတ်မှတ်မထားဘူး..။ သူသိချင်တာကို ရတဲ့နေရာက လေ့လာယူမယ်..။

အဲဒါတွေက.... သူ( တို့) ပိုင်ဆိုင်ထားတဲ့ အရည်အချင်းတွေပေါ့..း)
ကျွန်မလည်း သူတို့ရဲ့ တချို့သောအချက်တွေကို တချို့သောအချိန်အနေ၊ အချိန်အခါတွေမှာ အတုယူရမယ်.လို့ အခုတွေးဖြစ်နေတယ်......းD

stresss ဖြေနည်း ကြော်ငြာလေးကို သတိရလို့ နိုင်ပရဲ့ ကြောင်လေးတွေကို မော်ဒယ်အဖြစ် သုံးပြီး တင်လိုက်တာပါ.. ။ နိုင်ပ.. အာရိကတိုးးD (ကြောင်အားလုံးက ချစ်စရာကောင်းနေလို့ စကာတင်ရွေးတင်လိုက်တယ်။ ပုံအများစုက နိုင်ပရဲ့ကြောင်လေးတွေပါ)

လသာည.. ဖြစ်ပါတယ်။

17 comments:

Anonymous said...

:)

lovely cat and meaningful.


MN

ချိုကျ said...

အင်း..အတုယူချင်ပါတယ်ဗျာ..ဒါပေမယ့် ဒယ်အိုးထဲတော့ ဝင်မအိပ်ချင်ပေါင်..:)ခင်တဲ့ (ချိုကျ)

မယ့်ကိုး said...

ချစ်မလေးရေးထားတဲ့ စာလေးတွေနဲ့ ကြောင်လေးတွေက အရမ်းချစ်ဖို့ကောင်းတာပဲ =)
ကို/မ နိုင်ပ ကြောင်လေးတွေနဲ့ ဓာတ်ပုံတွေကို facebook က ကြောင်ချစ်သူများအသင်းမှာ ဝင်ပြိုင်ပါလားလို့...
အပျော်ပေါ့။ ကြည့်ရသူတွေ စိတ်ချမ်းသာအောင်လို့ =)

နှင်းဟေမာ said...

မမလသာညရေ...
ကြောင်လေးတွေချစ်ဖို့ကောင်းလိုက်တာ
နှင်း အတိုင်းပဲးD

ညလေး

sosegado said...

ကြောင်ဆီက ဘာယူရမလဲ ကြည့်ရင်းစဉ်းစားနေတာ၊ ကြောင်လိုအိပ်တဲ့သူ.. ??..

kiki said...

ကြောင်တော့ မချစ်ဘူး .. ခွေးပဲ ချစ်တယ် ..
ကြောင်တောင်တောင် လူမို့ ၊
ဓါတ်တူ သား မစားတာ လေ .. .
ကြောင်လိုတော့ လမ်းလျှောက်တတ်ချင်သား ရယ် ..
း)))

SHWE ZIN U said...

လသာည ရေ

ကြောင်လေး လိုဘဲ ပေါင်ချိန်စက် ကို ခြေကန်ပြီး အိပ်ချင်တော့တယ်

အခုတော့ စားပြီးရင် ဝမှာကြောက်ကြောက် နေရတယ် ဝတာကလည်း တနေ့တခြား တိုးတိုးလာတယ်

ခင်တဲ့
ရွှေစင်

အကြမ်းထည် said...

လာလည်ရင်း...သဘောခွေ့သွားပါတယ်

carry on!!
with rep;

သိင်္ဂါကျော် said...

ကြောင်လေးတွေ ချစ်စရာ .. ကိုယ်လည်း ကြောင်ပုံတွေစုရတာ ဝါသနာပါတယ်.. အပြင်က အကောင်ထက် အရုပ်ကိုပဲ ချစ်တာ.. :D

Shinlay said...

အဓိပ္ပါယ်ရှိပါတယ်။ မှတ်ထားပါတယ်။...လွတ်လပ်မှု..
လုပ်ချင်တာလုပ်ချင်တယ်....စားချင်တာစား၊အိပ်ချင်ရင် အိပ်.....

chindwinthu said...

အစ်မရေကြောင်လေးတွေရဲ့အရည်အချင်းတွေကိုဖတ်လိုက်ရတဲ့ခဏမှာကိုဘဲစိတ်ချမ်းသာသွားတာဘဲ။

ကျော်နှင်းဆီလွင် said...

မညရေ တိတ်တိတ်လေးဘယ်တွေလျှောက်သွားနေတာလဲဟင် မှန်မှန်ပြော
:)

Anonymous said...

ပေါင်ချိန်စက်ကို ကန်ပစ်ချင်တယ်။ မရွှေစင်ရေ အဖော်ရှိတယ်။

မအယ်

Unknown said...

မဆုံဖြစ်တာကြာတော့ သယ်ရင်းစာရင်းထဲတောင်ပျောက်သွားတယ်...

အစစ အဆင်ပြေပါစေဗျာ...

အမြဲသတိရလျှက်ပါ...

ခင်မင်စွာဖြင့်
ပြည့်စုံ (ဝေါသားလေး)

Flower said...

ကြောင်ကလေးတွေချစ်စရာနော်
ဘာဘဲဖြစ်ဖြစ် အတုယူတတ်ရင် ယူချင်စရာတွေကြီးပါဘဲနော်
ကြောင်တွေလို တွေ့ရာနေရာ ၀င်အိပ်လို့တော့
ဖြစ်ဘူးထင်တယ်း)
တစ်ခြားဟာအတုယူမှ..

Unknown said...

အစ်မရေ စီဘုန်းဖြုတ်ထားတာလား။ရှာမတွေ့တော့လို့။ပျော်ရွှင်ပါစေ။ကြောင်တော့ သိပ်မချစ်တတ်ဘူး။ဒါပေမဲ့ သူတို့ လုပ်နေတဲ့ပုံစံလေးတွေကို သဘောကျတယ်။
မကျေနပ်တဲ့အခါ ၀င်းဝင်းတောက်မျက်လုံးနဲ့ ပြန်ကြည့်ချင်တယ် အဟီး။လူနာတွေအကုန်ထပြေးကုန်အောင်လို့ :) :P :D ။

လသာည said...

ပန်းရင့်ရောင် ညီမလေးရေ.. ဟုတ်တယ် စီဘုန်းလေး ဖြုတ်ထားတယ်။ ဘာရယ်မဟုတ်ပါဘူး။

ကွန်မန့်လေးများအားလုံးကို ကျေးဇူးအထူးပဲ အထူးပဲ တင်ပါတယ်နော်..။