Monday, August 24, 2009

နှစ်သက်ခြင်း နှင့် မနှစ်သက်ခြင်း

လူ့စိတ်ဟာ အရမ်းဆန်းကျယ်ပါတယ်။

ကိုယ်အရမ်းကြိုက်နေတဲ့ အစားအစာ တစ်ခုကို တခါတခါ သိပ်မကြိုက်တော့သလို ခံစားရတတ်တယ်။ လှတယ်လို ကိုယ်ယူဆနေကျ ကိုယ်သိပ်ကြိုက်တဲ့ ရုပ်ရှင်မင်းသား၊ရုပ်ရှင်မင်းသမီးကို ကြည့်မရဘူးဖြစ်လာတတ်တယ်။

ကိုယ်သိပ်ခင်နေတဲ့ သူငယ်ချင်းတစ်ယောက်ယောက်ကိုတောင် (ကိုယ်သိပ်ချစ်ပါတယ်ဆိုတဲ့ ကိုယ်ချစ်သူကိုတောင်မှ) အလကားနေရင်း တခါတခါ ကြည့်မရဘူးတဲ့။

ဖြစ်ဖူးကြလား။ ပုံမှန်အားဖြင့်ဆိုရင် ဖြစ်တတ်တယ်ဆိုပဲ..။ (မညာနဲ့နော်.။ မဖြစ်ဘူးတဲ့လူက ပုံမှန် မဟုတ်တဲ့လူဖြစ်သွားလိမ့်မယ်။ :P လသာည၏ မှတ်ချက်ဖြစ်ပါသည်။)

အဲဒါ ဘာကြောင့်လဲ? တကယ်တော့ ကိုယ်က အဲဒီအရာကို အရမ်းကြိုက်နေလို့ ပါ.။

စိတ်ပညာရှင်အချို့ က နှစ်သက်ခြင်း၊မနှစ်သက်ခြင်းအကြောင်း စစ်တမ်းတွေ ကောက်ယူကြတယ်။ ရလာဒ်ကို ဂရပ်ဆွဲကြည့်တဲ့ အခါ အောက်ကပုံအတိုင်း တွေ့ရတယ်။ (ဒါက ဂျပန်က ပရော်ဖက်ဆာ မစ္စတာ မိုရိ၏ သုတေသန တွေ့ရှိချက်ဖြစ်ပါတယ်။ လသာညရဲ့ ဆရာ့စာရွက်က ကူးထားတာ)




တစ်စုံတစ်ယောက်(သို့) တစ်စုံတစ်ခုကို အရမ်းကြိုက်သွားတဲ့ အခါ (ဥပမာ.မြင်မြင်ချင်း ချက်ချင်းအရှိန်အဟုန်နှင့် ချစ်မိသူပဲ ဖြစ်ဖြစ်၊ တဖြည်းဖြည်းချင်းကြိုက်သွားတာပဲ ဖြစ်ဖြစ် နောက်ဆုံး အရမ်းကြိုက်၊အရမ်းချစ်သွားတဲ့ အချိန်က) စပြီး ဆွဲတဲ့ ဂရပ်အဖြစ်မြင်ကြည့်ပါ။

အရမ်းကြိုက်ပြီးသွားရင် အရှိန်နှင့် ဆက်ပြီးသွားတယ်။ ဒါပေမဲ့ တစ်နေရာ အရောက်မှာ ရပ်တန့်သွားတယ်။ ရပ်တန်ရုံတောင်မကဘူး၊ နှစ်သက်မှုအတိုင်းအတာ လျော့သွားတယ်။ အရပ်စကားနှင့် ပြောရရင် ငြီးငွေသွားတယ်လို့ ပြောလို့ရတယ်။

ပြီးတော့ အချိန်အတိုင်းအတာတစ်ခုကို ရောက်ရင် နှစ်သက်မှုအတိုင်းအတာက ပြန်တက်လာတယ်။ ထိုအချိန်အတိုင်းအတာကြားကာလ က ဘယ်လောက်ကြာနိုင်သလဲဆိုတာ တစ်ဦးနှင့်တစ်ဦးမတူပေမဲ့ ပုံမှန်အားဖြင့် ထိုကြားကာလ က လူတိုင်းမှာ ရှိပါတယ်။ (ပုံမှန်မဟုတ်တဲ့ လူတွေကိုတော့ မဆိုလိုပါ..)

အခြေအနေပေါ်မူတည်ပြီးတော့လည်း ကြားကာလက တစ်ဦးနဲ့တစ်ဦးမတူနိုင်ဘူး၊ တစ်ရက်ဖြစ်ချင်လည်း ဖြစ်မယ်။ တစ်လဖြစ်ချင်လည်း ဖြစ်မယ်။ တစ်နှစ် ဒါမှမဟုတ် ဆယ်နှစ်လည်း ဖြစ်ချင်ဖြစ်နိုင်သေးတာတဲ့. :D

ဒါကြောင့် တစ်ယောက်ယောက်က “မင်းကိုချစ်တဲ့ အချစ်က ဘယ်တော့မှ မပြောင်းလဲဘူး”လို့ အပြောခံရတဲ့အခါ ဒီဂရပ်လေးကို သတိရလိုက်ပါ။

ဒါမှမဟုတ် “ နင့်ကို မချစ်တော့ဘူး”လို့ အပြောခံရရင်လည်း စိတ်မလျော့လိုက်နဲ့ဦး၊ ဒီဂရပ်လေးကို သတိရလိုက်ပါ။ သူက ကိုယ်ကို ပြန်ချစ်လာနိုင်သေးတယ်။ ဇွဲလေးနဲ့ တောင့်ထား..။

ကိုယ်ကလည်း “နောက်တခါ ဘယ်တော့မှ မလာနဲ့”လို့ မပြောမိခင် ဒီဂရပ်လေးကို သတိရလိုက်ပါ။ နောက်တခါသူကို လာစေချင်တဲ့အခါ ကိုယ်စကားနဲ့ကိုယ် နောင်တရနေမှာမျိုးမဖြစ်အောင် တချက်လောက်ဆင်ခြင်လိုက်ပါဦး။

ဒီလို နှစ်သက်ခြင်းဂရပ်ရဲ့ အတက်အကျလေးသဘောလေးတွေကို တစ်ယောက်နှင့်တစ်ယောက် နားလည်ပေးပြီး တသက်လုံး ချစ်ခင်နှစ်သက်နိုင်ကြပါစေ.။


ပျော်ရွှင်ပါစေ..လသာည ဖြစ်ပါသည်။။

(အဟိ သူငယ်ချင်းလေးတစ်ယောက်ဆီမှ တိုက်ဆိုင်မှုတစ်ခုကြားရသောကြောင့် (နောက်ချင်သောကြောင့်) ပြန်တင်ပါသည်..။ အခြားတိုက်ဆိုင်မှုရှိသွားသူများလည်း လသာညအား ခွင့်လွှတ်ပေးပါရန်.. :D)

5 comments:

Unknown said...

မနုရေ ထားကတော့ ချစ်မြဲ ချစ်လျှက် ချစ်ဆဲ ပါလို့
ပုံမှန် ဟုတ်ဘူးပေါ့နော်။ မဟုတ်လဲ မသိတော့ဘူး ။ချစ်တယ်
ချစ်တယ် ချစ်တယ် ။ ဟိဟိ ။ သေချာတယ် ။ ရူးပြီ (ကျော်ဟိန်း + ထွန်းအိန္ဒြာဗိုလ် + န၀ရတ်)ဇာတ်ကားလေ။

ချစ်တဲ့

ထား

မိဆိုးလေး said...

ရန်ဖြစ်ပြီးတော့  ဒို့ ပြန်ချစ်.။။:D

Unknown said...

အင်း... နှစ်သိမ့်သိပ်စရာလေးပေါ့...

ပျော်ရွှင်ပါစေနော်..

ကျနော်လည်း...
နှစ်သိမ့်စရာတွေ ရှာနေတာ...

:) :) :)

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

လသာည said...

ထားရေ..ပေါ်ပြီ တွေ့လား မလုံတဲ့သူက အရင် လာမန့်သွားပြီ။ နေပါဦး ချစ်တယ်ဆိုတာ..လသာညကို? အဟိ။

မိဆိုးလေးရေ ဒုတိယပုံက မိဆိုးလေးတို့နှစ်ယောက်ရဲ့ နှစ်ရက်စာ အတက်အကျ ဒီဂရီကို အစ်မလသာညက စေတနာနဲ့ ပုံဖော်ထားတာ၊ မှန်တယ်မို့လား..:D

ကိုပြည့်စုံရေ.. အဆင်မပြေလည်း ခဏပါကွာ။ ဇွဲရှိရှိနဲ့တောင့်ထား :D

လည်လည်လာသူ said...

နှစ်သက်ခြင်း မနှစ်သက်ခြင်းလှိုင်းတွေအကြောင်း ဖတ်ကောင်းတယ်။ ကျွန်မလည်း တခါတခါ ကိုယ်အရမ်းချစ်တဲ့သူ့ကို ကြည့်မရတတ်ဘူး။ မုန်းတာတော့ မဟုတ်ဖူး အမြင်ကတ်တာ ဟီး..