
မင်း လမ်းပျောက်ဖူးလား၊ အဲဒီတုန်းက မင်း ဘာလုပ်ခဲ့သလဲ။
သူ့နံမည် ကြွက်ကလေး မိုရစ်။ တခါမှာ သူ့ကို သူ့သခင်က ရေထဲကို ပြစ်ချခဲ့တယ်။ တနေရာကလွဲရင် ကျန်တဲ့နေရာအားလုံးက ကြွက်ကလေးအတွက် ရေနက်နေတယ်။ တိမ်တဲ့နေရာကို သူသွားမှ ဖြစ်မှာ။ ရေအတိမ်အနက်ကို မသိတဲ့ ကြွက်ကလေးခမျာ ပတ်ခြာလည်ကူးရတာပေါ့။ ကူးရင်းကူးရင်း အလျှော့ပေးလိုက်တဲ့ အချိန် သူအန္တရယ် ရောက်တော့မှာကို သိတော့ သူမနားမနေကူးရတယ်။ သေလုမျောပါးပါပဲ။
ပထမဆုံးအကြိမ်အဖြစ် ရောက်ဖူးတဲ့ ဒီရေကန်အကြောင်း ဘာဆိုဘာကိုမှ မသိပါဘူး။
“သခင်ရေ..ကယ်ပါ။ ကျွန်တော်ကို ဒီလိုမျိုးကျေှးဇူးပြုပြီးမကြည်စယ်ပါနဲ့......သခင်..”
ကြွက်ကလေး ဘယ်လောက် သေလုမျောပါး ဖြစ်နေလည်း သခင်ကတော့ အကြင်နာမဲ့သလို ရပ်ကြည့်နေခဲ့တယ်။ သခင်မကယ်ခဲ့ပါဘူး။
တကယ်ပဲ သူအကြာကြီးရေကူးခဲံ့ရတယ်။ ကံကောင်းစွာ တချိန်တော့ သူတိမ်တဲ့နေရာကို ရောက်သွားတယ်။
တက်လာတဲ့သူ့ကို သူ့သခင်က အစာနည်းနည်းပေးလို့ ချွေးသိပ်ခဲ့ပေမဲ့ သူအရမ်းကို ကြောက်သွားခဲ့တယ်။ နောက်တကြိမ် အဲလိုမျိုး မကြုံပါရစေနဲ့။
ဒါပေမဲ့ သူ့ဆုတောင်းမပြည့်ခဲ့ပါဘူး။ သူ့ကို သူ့သခင်က မငဲ့ညာခဲ့ပါဘူး။ နောက်တကြိမ် သူ့ကို ရေထဲကို ထပ်လွှတ်ချခဲ့တယ်။ သူသေလုနီးပါး ကူးရပြန်တယ်။ သူအသက်ရှုမှားမတတ် ကြောက်ရွှံစိတ်တွေနဲ့ ကူးရင်း သူ့သခင်ကို ကြည့်မိတယ်။ အရင်လိုပါပဲ ကယ်တင်မဲ့ပုံ မပေါ်ခဲ့ပါ။ သူတစ်ကောင်တည်း ကြောက်ရွံအားငယ်စွာ သူကူးနေခဲ့ရတယ်။
ဒီတခါ သူကူးနေရင်း အရင်လမ်းကြောင်းဟုတ်မဟုတ် ပတ်ဝန်းကျင်ကို သဲလွန်စ ရှာရင်း သူကူးခတ်ခဲ့တယ်။ ဒါပေမဲ့ အရင်ကူးဖူးတဲ့ လမ်းတွေက အရိပ်အငွေလေးလောက်က လွဲရင် သူ့မမှတ်မိနိုင်ခဲ့ပါဘူး၊ ဒီလိုနဲ့ ကူးရင်းခတ်ရင်း ဒီတခါလည်း သူတိမ်တဲ့နေရာကို အရောက်လာနိုင်ခဲ့ပါတယ်။
ဒီတခါ သူ့သခင်က ပြုံးလို့..။ သူ့ကို ပွတ်သပ်လို့ “မင်းတော်လာပြီ”တဲ့။ ပြီးတော့ အစာထပ်ကျွေးခဲ့တယ်။ သူနားမလည်ပေမဲ့ အစာဝသွားလို့ ကျေနပ်ပြီး ပင်ပန်းခဲ့တာမေ့သွားခဲ့ပါတယ်။
နောက်တနေ့ သူသခင်က သူ့ကို ရေထဲကို ထပ်လွှတ်ချပြန်ပါတယ်။ သူ့အနေနဲ့ မနေ့က တွေ့ခဲ့တဲ့ သူမှတ်မိသမျှ အမှတ်အသားလေးတွေကို စဉ်းစားရင်း စမ်းတ၀ါးဝါး ကူးခဲ့တယ်။ ဒီတကြိမ်တော့ သူရေကူးချိန် သိပ်မကြာခင်မှာပဲ ပန်းတိုင်လေးကို ရောက်ခဲ့တယ်။
သခင်က လက်ခုပ်တီးပြီးပျော်လို့..။ သူလည်း အစာရလို့ ပျော်လို့။
နောက်တနေ့...။
နောက်ထပ်တနေ့..။
နေ့ပေါင်းများစွာ ကြာလာခဲ့တော့ သူ ရေကန်လေးကို ကျွမ်းကျင်လာခဲ့တယ်။ သူ့ကို ရေထဲချလိုက်တာနဲ့ ပန်းတိုင်ကို အနီးဆုံးနဲ့ အမြန်ဆုံးလမ်းကို သူရွေးနိုင်ခဲ့တယ်။ သူ့ကို ဘယ်လောက်ရေထဲချချ သူမကြောက်တော့ဘူး။
ဒီဗွီဒီယိုထဲက ကြွက်ကလေးရဲ့သခင်မလေးကတော့ ကြင်နာတတ်သူမို့ ပထမဆုံးနေ့မှာသူ့ကို လမ်းပြခဲ့ပါတယ်။
ကြွက်ကလေးလိုပဲပေါ့။ ကျွန်မတို့လည်းပဲ ဘာမှ ခန့်မန်းလို့ မရတဲ့ လမ်းကြောင်းတွေနဲ့ ဘ၀ပင်လယ်ကြီးကို စမ်းတ၀ါးဝါး ကူးခတ်နေကြရတယ်။ စမ်းတ၀ါးဝါး၊ (အဲ တခါတရံ..သေလုမျောပါး) ကူးခတ်ကြတယ်။ အလျှော့ပေးလိုက်တာနဲ့ ဘ၀ကြီးက ပြီးဆုံးသွားတော့မှာဆိုတော့ ကူးရတာပေါ့။ တကြိမ်လည်းမဟုတ်ဘူး။ အကြိမ်ကြိမ်...။ နေ့တိုင်းနေ့တိုင်း....။
ကြွက်လေးသခင်က ကြွက်လေး အောင်မြင်တိုင်း အစာစားရသလို ကျွန်မတို့ကတော့ ဘ၀ကြီးဆီက ဆုအမျိုးမျိုးကို လက်ခံရယူရတယ်။ ကိုယ့်ကြိုးစားအားထုတ်မှုအတိုင်း ဆုအနည်းအများတော့ ကွာမှာပေါ့လေ။ ကံကောင်းရင် အားပေးမဲ့သူ ရှိချင်ရှိလာနိုင်သေးတယ်။ မရှိတောင် ကိုယ်ဘ၀ကို ဆက်လက် ရပ်တည်ခွင့်တော့ ရဦးမှာမိုလား။
ဒါကြောင့် မဖြတ်ကျော်လို့မှ မရတဲ့ ဒီလောက ပင်လယ်ကြီးကို အလျှော့ပေးဖို့ စဉ်းစားနေမဲ့အစား တကြိမ်ထက်တကြိမ် စိတ်ဓါတ်ကို မြင့်တင်ကြိုးစားမယ်ဆိုရင် ကြွှက်လေးလိုပဲ သတ္တိတွေနဲ့ စိတ်ဓါတ်ခွန်အားတွေ ပိုင်ဆိုင်သွားမှာပါ။
ကြွက်လေးခမျာတော့ မနားရသေးဘူး။ နောက်စမ်းသပ်ချက်တစ်ခုကို အစမ်းသပ်ခံရင်း ခွန်အားအပြည့်နဲ့..။
လသာညတို့လည်း နောက်ထပ်လာဦးမယ့် ဘ၀ရဲ့စမ်းသပ်ချက်အမျိုးမျိုးကို ခွန်းအားအပြည့်နဲ့ မျှော်မှန်းတဲ့ ပန်းတိုင် မရောက်မချင်း ကူးရင်းခတ်ရင်း တွေ့ကြုံရတဲ့ အတွေ့အကြုံတွေကို မှတ်သားရင်း ..ကျော်ဖြတ်ကြပါစို့။
မှတ်ချက်။ ။ Richard G. Morris(1984)ရဲ့ Morris water maze task ကို လေ့လာရင်း တွေးဖြစ်တဲ့ အတွေးပါတယ်။
6 comments:
ရှေ့ဆက်ရမဲ့ဘဝလမ်းအတွက်... ခွန်အားတွေရယူသွားတယ်... ကျေးဇူးလသာည
အင်း...ဒီပို့ စ်လေးလဲ ကောင်းတယ် အမ။ အားပေးဖော်ရှိရင် ပစိဖိတ်ထဲချလဲ ကူးမှာပဲ။
အစ်မရို့စ် ကျေးဇူးတင်ပါတယ်။ တကယ်က အခုရက်အတွင်း ပရော်ဖက်ဆာက ကန်ထဲကို ပြစ်ပြစ်ချနေတာများနေလို့..။ ဒါနဲ့ ကိုယ်ကိုယ့်ကို ခွန်အားလိုနေသလားလို့ ပြန်အားသွင်းနေရတာလေ။ ကိုယ်ကိုယ့်ကို တရားချတဲ့ ပို့စ်လေးပေါ့:P
မိဆိုးလေးရယ်.. ကွန်မန့်လေး ကျေးဇူး။ ညီမလေးလိမ္မာလာပြီ။ :D
မိဆိုးလေးတစ်ယောက် အားပေးဖော်နဲ့ ပစိဖိတ်ကြီးလည်း ကူးတော့မယ်ဆိုတာ သိနေတယ်လေ..။
အစ်မလသာညရေ
သေချာဖတ်သွားပါတယ်
ပြောစရာတွေ အများကြီး အင်းတွေးစရာတွေလည်း အများကြီး
သဘောထားချင်းတိုက်ဆိုင်တယ်
ကောင်းတယ်
တခါတခါတော့ အစ်မရယ်
လမ်းလျှောက်ရင်း လမ်းပျောက်သွားတက်တာ
ဘယ်မှာ ကမ်းမှန်းမသိတာ
ဒီလိုတွေ အများကြီးပေါ့ အစ်မ လာသာညရယ်
တကယ်ကောင်းတဲ့ပိုစ့်လေးပါ
သူငယ်ချင်းလေး မိုးသီတာ၏ ကွန်မန့်
6 Aug 09, 23:29
မိုးသီတာ: ကြွက်လေ
6 Aug 09, 23:29
မိုးသီတာ: ကြွက်လေးဥပမာ ကြိုက်သွားပြီ။ ဟုတ်တယ်နော်.. ထို့ကြောင့် ထိုအရာကို အတွေ့အကြုံ ဟုခေါ်သည်။
6 Aug 09, 23:30
မိုးသီတာ: အတွေ့အကြုံ ဟာ သိပ်စကားပြောတာပဲ။ ဘ၀ခရီးမှာ.... အချိန်တွေကို ဖြုန်းပစ်မိတယ်။ ... သုံးစွဲမိတယ်။..
6 Aug 09, 23:31
မိုးသီတာ: အတွေ့အကြုံသာရှိခဲ့ရင်.. . အချိန်ကုန်သက်သာတယ်နော်...
6 Aug 09, 23:31
မိုးသီတာ: လသာညကို ကျေးဇူးအများကြီး တင်ပါတယ်။
6 Aug 09, 23:31
မိုးသီတာ: ချစ်ရတာ တန်တယ်... နော်....
မင်းအိမ်ဖြူရေ.။
လမ်းလျှောက်ရင်း လမ်းပျောက်သွားတဲ့အခါ ခဏလေးနားပြီး ဘေးပတ်ဝန်းကျင်ကို လေ့လာရင်း ဆက်သွားကြတာပေါ့။ ဇွဲမလျှောသရွှေတော့ တချိန်ချိန်တော့ လမ်းပြန်တွေ့မှာပါ။ အားပေးဖော်လေး ရှာပေါ့ကွာ။
မိုးသီတာ..
ချစ်ရတာတန်တယ်လေး ဘာလေးနဲ့ ချစ်ခြင်းကို တန်ဖိုးဖြတ်နေတာလား.။ သွားးးးးး :D
တကယ်တော့ကွာ ကိုယ်ကိုယ်တိုင် တွေ့ကြုံတဲ့အတွေ့အကြုံတွေမှာ ပျော်စရာရှိတတ်သလို ငိုစရာတွေလည်း ရှိနေတတ်တော့ အတွေ့အကြုံတစ်ခုရဖို့က အချိန်တင်မက မျက်ရည်လည်း ရင်းရတယ်ကွ။ ရယ်လွန်းရင်တော့ သွားရည်ပေါ့ ဟားဟား။ စုထားနော်။ ငွေအသုံးပြတ်တဲ့အခါ မျက်ရည်နဲ့သွားရည်ကို ရောင်းစားရအောင်..။
Post a Comment