Tuesday, August 18, 2009

မတူဘူးလေ

ဂျပန်ရောက်မှ လသာညကို ဘာသွေးအမျိုးအစားလဲဟင်လို့ ခဏခဏမေးခံရဖူးတယ်၊ အေ.လို့ပြောလိုက်ရင်ဒါကြောင့်ကိုး လို့ သူတို့က ဖြေကြတယ်။ အင်း.. (@@)

သူတို့က သွေးအမျိုးအစားနဲ့ လူရဲ့ ကိုယ်ရည်ကိုယ်သွေးကို အပေါ်ယံဆုံးဖြတ်ကြည့်ကြတာပါ။

မြန်မာပြည်မှာဆိုရင် ဘာနေ့သမီးလဲဟင်လို့ မေးကြသလိုပေါ့။ စနေသမီးဆိုရင်တော့ ထက်တယ် ဘာညာပေါ့၊ ဗုဒ္ဓဟူးဆိုရင်တော့ ဟူးဟူးဒိုင်းဒိုင်းသမား စသည် အပေါ်ယံဆုံးဖြတ်ကြည့်သလိုမျိုး..။

ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေစိတ်ထား၊ အရည်အချင်း စသည်တို့ကို ဆုံးဖြတ်ရာမှာ သွေးအမျိုးအစားတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့တော့ မရသလို၊ မွေးရက်တစ်ခုတည်းနဲ့လည်း ဆုံးဖြတ်လို့ မရပါဘူး။

လူနှစ်ယောက်က (ဥပမာ)သွေးအမျိုးအစားတူနေပေမဲ့ ကျန်တဲ့အချက်တွေဖြစ်တဲ့ မျိုးရိုးဗီဇ၊၊ ကိုယ်ရည်ကိုယ်သွေး၊ လူမျိုး၊ ဘာသာအယူအဆ၊ လူနေမှုအဆင့်အတန်းနှင့် အသက်အရွယ်စသည် မတူလို့ဖြစ်ဖြစ်၊ လူတွေ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး မဟုတ်လား။

နည်းနည်းစဉ်းစားကြည့်မိတယ်။

စာပေ(ကြီးကြီးကျယ်ကျယ်ပြောကြည့်တာပါ။) အမြင်နဲ့ ကြည့်ရရင် အရာဝတ္ထုတစ်ခုတည်းကို နေရာနှစ်ခုမှ နှစ်ခါတိုင်းကြည့်ရင် ရလဒ်က နှစ်မျိုးဖြစ်မယ်။ အဲဒါ အမြင်အာရုံ ကွဲပြားမှုကြောင့်ပါ။ (spatial heterogeneity)။

ဒီလိုပဲ ဥပမာ... လသာညကို အဝေးကကြည့်ရင် သရုပ်ဆောင် နာမည်ကြီး မ..နဲ့တူချင်တူနေပေမဲ့(အဟိ ဘယ်သူနဲ့တူတာပါလိမ့်) အနီးကပ်ကြည့်ရင် အဆိုတော် မင်းသမီး မ..နဲ့ တူချင်တူနေမှာလေ။ အမြင်ပန်းကို ပြောတာရှိသေးတာ။

စိတ်နေစိတ်ထား၊ အမူအကျင့်လည်း ဒီအတိုင်းပါပဲ။ ဘလော့ထဲမှာခင်တဲ့သူငယ်ချင်းက မြင်တဲ့ လသာညနဲ့ အပြင်မှာ ကျောင်းနေဖက်သူငယ်ချင်းက မြင်တဲ့ လသာညတောင် မတူနိုင်တာချည်းကိုး..။ ဘလော့ထဲတာ သဘောကောင်းချင်ယောင်ဆောင်နေပြီး အပြင်မှာ စိတ်ပုပ်စိတ်ယုတ်ရှိချင်ရှိနေမှာ (ယုံရတာမဟုတ်ဘူး :P)

တူညီတဲ့ အရာဝတ္ထုတစ်ခုတည်းကိုပဲ အချိန်ကာလနှစ်မျိုးမှာ တိုင်းကြည့်ရင် ရလဒ်က နှစ်မျိုးဖြစ်နေဦးမယ်။ဘာဖြစ်လို့လဲဆိုရင် အချိန်ကာလကြောင့် အသက်ကြီးလာလို့ပါ။ (temporal heterogeneity)

ဟုတ်တယ်။ ကိုယ်ရည်ကိုယ်သွေးလည်း ဒီလိုပဲ။ မတွေ့ရတာကြာတဲ့သူငယ်ချင်းတွေ ပြန်တွေ့တဲ့အခါ ငယ်ငယ်က ကျွတ်ဆတ်ဆတ် စွာတေးလန်ဖြစ်ခဲ့တဲ့သူက အသက်နည်းနည်းကြီးလာတော့ တည်တည်ငြိမ်ငြိမ် အေးဆေးတဲ့ စရိုက်မျိုး အနည်းအများ ပြောင်းလဲသွားသူ။ ငယ်ငယ်က အေးအေး ပြုံးပြုံးလေး အမြဲနေခဲ့တဲ့သူက ကြီးလာတော့ အခြေအနေအရ စိတ်ဆိုးလွယ်သူ၊ ဒေါသကြီးသူ ဖြစ်သွားတာမျိုးပေါ့။ အဲဒါ အချိန်ကာလ မတူလို့ အချိန်ကာလတစ်ခုအတွင်း ကြုံတွေ့ရတဲ့ ဘ၀ပေးအခြေအနေတွေကြောင့်လို့ ပြောရင် မမှားဘူးပေါ့။

လူတစ်ကိုယ်တည်းတောင် အချိန်နဲ့ အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲသေးတာ သီးသန့်လူနှစ်ယောက်ကို တိုင်းကြည်ရင်မယ်ဆိုရင် ဘယ်လိုမှတူညီနိုင်ဖို့ မလွယ်တော့ဘူးပေါ့။

ဒါကြောင့် လူတစ်ဦးကို အခြား တစ်ဦးနှင့် နှိုင်းယှဉ်ကြည့်တဲ့အခါ ကိုယ်သိထားတဲ့ပေတံတွေနဲ့ တိုင်းတာကြည့်ပြီး သူများနဲ့ တူအောင် မစွမ်းဆောင်နိုင်ရကောင်းလားလို့ “ငါ ညံတယ်၊ သူများနဲ့ကို မတူဘူး”ဆိုပြီး ကိုယ်ကိုယ်ကိုအားမငယ်မိဖို့ အရေးကြီးသလို၊ သူများကိုလည်း မဝေဖန်မိဖို့ အရေးကြီးတယ်။ ကိုယ်စွမ်းနိုင်သလောက် အကောင်းဆုံးလုပ်နိုင်ရင် ပြီးတာပဲလေ။

တကယ်ဆို ကွဲပြားမှုဟာ အမှန်တရားပါ။ (Heterogeneity is universal.)

လသာည ဖြစ်ပါသည်။ပုံကိုforwarding mail တစ်ခုမှကူးယူသည်။

ဝန်ခံချက်။ ။ ဒီနေ့ အသစ်ရေးထားတဲ့ ပို့စ်က ရေးရင်းကနေ အနှိပ်မှားသွားလို့ အကုန်ပျက်သွားတယ်။ ရေရေလည်လည် စိတ်ပျက်သွားတာ..။ ရေးချင်နေတဲ့ ဖီးလ်လည်း ငုတ်သွားတာမို့ အစကနေ ပြန်ရေးရမှာပျင်းသွားတယ်။ အဟဲ.. ဒါနဲ့ အသစ်ကို စိတ်လျှော့လိုက်ပြီးတော့ အရင်က ရေးပြီးသား အဟောင်းလေးပဲ မသိမသာ updated လုပ်တင်မိပါတယ်။ ဖတ်ပြီးသူ သယ်ရင်းလေးများ ဆောရီးနော်။ (တကယ် ဘဲထီးဘဲထီး ဆောတီးပါလို့ ) shitsurei shimashita.

8 comments:

rose of sharon said...

ဟုတ်ပနော်... လူချင်းတူရင်တောင် မူချင်းကမတူနိုင်ဘူးလေ... လသာညဟာ ဘလော့ထဲမှာရော... အပြင်မှာပါ စိတ်ထားကောင်းတဲ့သူလေးဖြစ်မှာပါ... ဒို့မှာ တယ်လီပသီရှိတယ် သူငယ်ချင်းလေးရဲ့....

Lucifer said...

ဟုတ်တယ်..မမီးဆို blog မှာခင်တဲ့သူငယ်ချင်းတွေနဲ့ တရင်းတနှီးသေခြာပေါင်းခဲ့တဲ့သူငယ်ချင်းတွေက စိတ်ကဘယ်လိုရှိတယ်..တစ်ခါတစ်လေ ကလေးဆန်ပေမယ့် တစ်ခါတစ်လေ စိတ်ပုတ်တယ်ပေါ့လေ..
အပြင်မှာ မျက်မှန်းတမ်းမိရုံ မြင်ဖူးရုံသူကတော့ သိပ်မာနကြီးတယ်.. အမြဲတည်နေတယ်လို့ ပြောကြတယ်
မှန်ပါတယ်... အပေါင်းအသင်းရှားသလို လူရွေးပေါင်းတတ်တဲ့ သူဆိုတော့ လူဆိုတော့ သူစိမ်းနဲ့ စကားပြောရင် နည်းနည်းထန်တယ်..ဝန်ခံလိုက်တာ..
ရုံးမှာ ဆို မမီးအငယ်ဆုံး.. အားလုံးက ရှိန်တယ်.. ဘယ်သူ့မှ လိုတာထက်ပို စကားမပြောလို့.. သူတို့က ကွယ်ရာမှာပြောတယ်.. စက်ရုပ်လူတဲ့ .. နည်းနည်းလေးသူတို့နဲ့ရောလိုက်ရင် ပြောလာတယ်.. တစ်ခါတစ်လေမှာ မျက်လုံးအသေတွေနဲ့ကြည့်တတ်တယ်တဲ့..
အဲ့ဒါကလည်း တော်တော်များများပြောကြတယ်.. ဟုတ်လိမ့်မယ်..
မှားနေတာက စက်ရုပ်လူတော့မဟဟုတ်ဘူး... အလုပ်မှာသာ မျက်နှာက တည်တည်ကြီးနေပေမယ့်.. အပြင်မှာနဲ့ အိမ်မှာတော့ ကလေးလိုဘဲး.. အိမ်မှာဆို ချွဲးတာက ပိုသေး..ဟဟာ့

WWKM said...

ဟုတ်တယ်ညီမရေ.
ဂျပန်တွေကလေ သွေးအမျိုးအစားကိုမေးပြီး အပေါင်းအသင်းလုပ်ကြတာလည်းကြားဘူးတယ်သိလား။
သူတို့က အိုသွေး နဲ့ အေသွေးကို အကြိုက်ဆုံးလေ.
အစ်မကတော့ ညီမနဲ့တူတူပဲ အေသွေး၊ ဦးဥာဏ်နဲ့ သမီးလေးက အိုသွေး။
ဘီသွေးကိုသူတို့မကြိုက်ဖူးပြောတယ်... ဟိုတခါ အစ်မလည်း သွေးအမျိုးအစားနဲ့ ပတ်သက်ပြီးပို့စ်လေးရေးဘူးလိုက်သေးတယ်လေ.
ဂျပန်စုံတွဲ ကြိုက်နေကြပြီးမှ ကောင်လေးက ကောင်မလေးကို ဘာသွေးအမျိုးအစားလည်းမေးတော့ ဂျပန်မလေးက ဘီသွေးလို့ ဖြေလိုက်တာနဲ့ ဟယ်ဆိုပြီး ပြတ်သွားရောဆိုတာလေးကိုကြားဘူးတယ်လေ။း)))
သူတို့ရဲ့အယူလေးပေါ့နော်။

Unknown said...

်မမ၀ါ ပြောမှ ကိုယ့်ကို ကို အားမရသလို ဖြစ်သွားတယ် ။ တော်ပါသေးရဲ့ နော် အိမ်ထောင် စောစောကျထားပေလို့ မကျခဲ့ရင် ရည်းစားက ထားခံရမှာ ။ အီးဟီးဟီး။

ဇော် said...

မှတ်သားစရာပါပဲဗျာ။ =]

Unknown said...

ကြိုက်တယ်
အခုလောလောဆယ် ဖြစ်နေတဲ့ ခံစားချက်လေးကို အစ်မက ကိုယ်စားရေး ပေးသလိုပဲ

ကျွန်တော် ဘလော့ ခဏလေး ပိတ်ထားတာ စိတ်တွေ နည်းနည်း ရှုပ်နေလို့ အစ်မရေ ဝေဖန်ရေးကို တွန်းကန်နိုင်ဖို့ အားမွေးနေပါတယ်...

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

လသာည said...

ကွန်မန့်လေးများအားလုံး ကျေးဇူးနော်။
ချစ်သောရို့စ်>> တယ်လီပသီရှိသလား ဌားဦးမယ်။ လူပျောက်ရှာစရာရှိနေလို့..။ "(^^)"

မမ၀ါ>> ဟုတ်တယ် မ.ရယ်။ သူတို့က အစွန်းရောက်လွန်းတယ်။ :D မမ၀ါက အေဆိုရင် အင်း..စနစ်ကျတယ်။ စိတ်ဓါတ်အတက်အကျ မြန်တယ်။ အသေးစိတ်တယ်။..နောက်ပြီး... အဲလို အပေါ်ယံဆုံးဖြတ်တာလို့ ပြောတာ ဟီးးး

ထား>> ထားက ဘီဆိုတော့ ပတ်ဝန်းကျင်က ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကို ဂရုစိုက်လုပ်မယ်၊ နောက်..... ။ အဲလိုမျိုး အဲလိုမျိုး သူတို့က အဲလို...ယူဆတာ.။ ဆက်သိချင် ကော်ဖီလာတိုက် ဒါပဲ။

ဇော်>>ဇော်ရေ မတူဘူးနော်ဆိုတာကို မှတ်သားသွားတာလား :P
ကွန်မန့်လေးကို ကျေးဇူးနော်။

မင်းအိမ်ဖြူ>>ဒီလိုပါပဲ..ဘ၀ဆိုတာ။ အစစ အဆင်ပြေစေချင်ပါတယ်။ စိတ်ညစ်ပျောက်သွားတဲ့အခါ ကဗျာကောင်းလေးတွေ ရေးပါဦး။ အားပေးဖို့ စောင့်နေပါတယ်။

လသာည said...

ကြယ်လေးရေ ကြယ်လေးရဲ့ကွန်မန့်အရှည်ကြီးကို ပထမဆုံးဖတ်ဖူးသွားတာပါ။ ကြိုးစားပမ်းစားလာရေးပေးသွားတာ ကျေးဇူးအများကြီးတင်ပါတယ်။

“မှားနေတာက စက်ရုပ်လူတော့မဟဟုတ်ဘူး... အလုပ်မှာသာ မျက်နှာက တည်တည်ကြီးနေပေမယ့်.. အပြင်မှာနဲ့ အိမ်မှာတော့ ကလေးလိုဘဲး.. အိမ်မှာဆို ချွဲးတာက ပိုသေး..ဟဟာ့”

:D ဟုတ်တယ်၊ ထောင်ခံတယ်။ ကြယ်လေးက ဘလော့ထဲမှာလည်း စက်ရုပ်လူမှ မဟုတ်တာ။ အလုပ်ထဲမှာ လူကြီးလေးလုပ်နေတဲ့ သူက ဘလော့ထဲမှာတော့ တခါတလေ လူကြီး၊ တခါတလေ အစ်မကြီး၊ များသောအားဖြင့်က ကလေးကြီး..။:P

အဲဒါကို ပြောတာလေ လူတကိုယ်တည်းမှာ အခြေအနေပေါ်မူတည်ပြီး ပုံစံပြောင်းတာလို့...။