ဟေး သူငယ်ချင်း..
စိတ်ပျက်မနေနဲ့။ ငိုညည်းမနေနဲ့။
ရယ်မောလိုက်စမ်းပါ။
လုပ်စရာရှိတာ လုပ်နိုင်ဖို့လိုရင်းပဲ။
လူငယ်ဆိုတာ ကြိုးစားသူ အောင်မြင်တာပဲ။
စိတ်ပျက်စရာရှိရင် မင်းဘေးမှာ
(မင်းသူငယ်ချင်းအဖြစ်) အမြဲရှိမယ်။
စိတ်ညစ်စရာများ အိမ်မက်ထဲတောင်သယ်မသွားနဲ့။
ရင်ကော့လို့ နေသွားစမ်းပါ ။
ဟေး ၁၀၀ ရာခိုင်နှုန်း သတ္တိတွေနဲ့
ကြိုးစားဖို့ကလွဲရင် ကျန်တာမတွေးနဲ့။
လောကကြီးကို ပျော်ရွှင်စွာနဲ့
နေ့များစွာကို ကုန်လွန်ပါစေ။
ငါတို့တွေဟာ
ထာဝရတောက်ပတဲ့ ကြယ်(အလင်းတန်း)တွေပဲဆိုတာ
ဘယ်တော့မှ မမေ့ပါနဲ့။
ဘ၀မှာ ရင်ဆိုင်ရင်း ဒဏ်ရရတဲ့အခါလည်း ရမှာပေါ့။
အသည်းကွဲတဲ့အခါလည်း ကွဲမှာပေါ့။
နောင်တရပြီး ငိုလို့ အချိန်တွေ မကုန်ခံပါနဲ့တော့။
မင်းမကြိုးစားသ၍ ပျံသန်းခြင်းကို မစနိုင်ဘူး။
မင်းပျံမယ်ဆိုရင် မင်းကိုရှေ့ကို တွန်းမယ့်လေအဖြစ်
မင်းပျံသန်းဖို့အတွက် ကောင်းကင်လေးအဖြစ် စောင့်နေတယ်။
အခု အခွင့်အရေးရတုန်း ပျံသန်းလိုက်၊ ကြိုးစားလိုက်ပါ။
မင်းငိုတာကို ရပ်လိုက်ပါ။
ဘ၀မှာ ညနက်ဆိုတာရှိရင် လှပတဲ့ မနက်ဆိုတာလည်း ရှိတယ်။
မင်းငိုလို့ အရာအားလုံး ပြည့်စုံမသွားဘူး။
သူများလောက် မစွမ်းတောင်
ငါတိုမှာလည်း ငါတို့အစွမ်းရှိတယ်။
ကိုယ်ရည်ရွယ်ရာလမ်းအတိုင်း ကိုယ်လျှောက်ကြမယ်။
၁၀၀%ခွန်အားသတ္တိတွေနဲ့ လမ်းအသစ်ထွင်ရုံကလွဲရင်
တခြားနည်းမရှိဘူး။
ငါတို့လည်း လောကကြီးကို အလင်းပေးနိုင်တဲ့
ကြယ်လေးတပွင့်ပဲဆိုတာ ဘယ်တော့မှာ မမေ့ပါနဲ့။
မှတ်ချက်။ ။ ဂျပန်ဘာသာကနေ မြန်မာစာကို အတိအကျဘာသာပြန်ရင် ဆိုလိုရင်း အဓိပ္ပါယ်ပျက်မှာစိုးလို့ ဆီလျှော်အောင် နားလည်သလို ဘာသာပြန်လိုက်ပါတယ်။ (ဂျပန်လို မူရင်း သီချင်းလိုချင်တဲ့သူငယ်ချင်းရှိရင် မေးလ်နဲ့ ပြောလိုက်နော်။ ပို့ပေးမယ်။)

NintamaRantaro 忍たま乱太郎ဆိုတဲ့ ကလေးကာတွန်းကားလေးတစ်ခုရဲ့ အဖွင့်သီချင်းပါ။ သီချင်းအလိုက်လေးကလည်း နားထောင်လို့ကောင်းတယ်။ အဓိပ္ပါယ်လည်း လေးနက်လို့ သဘောကျမိတယ်။
NintamaRantaro 忍たま乱太郎ဆိုတာ ဂျပန်ကလေးနင်းဂျား ၃ ယောက်ပါတဲ့ ဟာသကာတွန်းလေးတွဲပါ။ ၁၉၉၃ခုနှစ် ဧပြီလကတဲက အခုထိ အဲဒီဇာတ်လမ်းတွဲလေး ကို ဂျပန်NHKအသံလွှင့်ဌာနက လွှင့်လာခဲ့ပါတယ်။ ဒီက ကာတွန်းကားလေးတွေဟာ ဟာသသတ်သတ်မဟုတ်ပဲ၊ ကလေးတွေရဲ့ စိတ်ဓါတ်ကို မြှင့်တင်ပေးတဲ့ ပညာပေးအစီအစဉ်လေးတွေပါ။ ဂျပန်လို တက်ကြွစွာ သီဆိုထားတဲ့ သီချင်းအဖွင့်လေးကို အားတဲ့ အခါ ခံစားနားထောင်ကြည့်လိုက်နော်။

လသာည ဖြစ်ပါသည်။
မှတ်ချက်။ ။ ဂျပန်ဘာသာကနေ မြန်မာစာကို အတိအကျဘာသာပြန်ရင် ဆိုလိုရင်း အဓိပ္ပါယ်ပျက်မှာစိုးလို့ ဆီလျှော်အောင် နားလည်သလို ဘာသာပြန်လိုက်ပါတယ်။ (ဂျပန်လို မူရင်း သီချင်းလိုချင်တဲ့သူငယ်ချင်းရှိရင် မေးလ်နဲ့ ပြောလိုက်နော်။ ပို့ပေးမယ်။)
5 comments:
ဟားဟားဟား ခေါင်းစဉ်ကြည့်ပြီး လသာညတစ်ယောက် ဘယ်သူ့ကို စိန်ခေါ်နေပါလိမ့်လို့ လန့်သွားတာပဲ။ တော်သေးတာပေါ့ သီချင်းဖြစ်နေလို့..။ စွဲဆောင်မှုရှိအောင် ခေါင်းစဉ်ပေးတတ်ပါ့ဗျာ။ တတ်လည်းတတ်နိုင်ပါပေ့..ဟီးဟီး။
သီချင်းအဓိပ္ပါယ်လေးကတော့ တော်တော်ကောင်းတယ်ဗျနော်။ စိတ်မညစ်အောင်နေတော့မယ်ဗျာ..။
ဒါနဲ့ ဒီတခါ nyocho တစ် ဖြစ်နေပါလား :P
ညိုချိုရေ
လသာညမှာ သူများကို စိန်ခေါ်လောက်တဲ့ သတ္တိမရှိပါဘူး။ သိတယ်မိုလား..။:P
ညိုချိုရေ ၉လပိုင်း ၅ရက်နေ့ကနေ ၁၀ရက်နေ့အထိ တို့ တိုကျိုမှာရှိမယ်။ အားရင်လာတွေ့နော်။
11:03 AM ထား: ဒီကာတွန်းလေးကို သားသားက အရမ်းကြည့်တယ်နုရဲ့။အဲဒီသီချင်းလေးကလဲ သူတို့ကျောင်းမှာ အားသစ်ကိုဖြစ်စေဘို့ အမြဲဆိုရတယ်လေ။ ဒီသီချင်းလေးက ဂျပန်နာမည်ကြီး SMAP အဖွဲ့ဆိုထားတဲ့ 世界に一つだけの花
(Only one flower in the world)တဲ့ သားသားအရမ်းကြိုက်ပေါ့ ။သားသားမေမေကလဲ ကြိုက်မှကြိုက်။ဟိဟိ။
ကွန်မန့်ရေးမရလို့ ဂျီတော့ပ်ကိုဆန့်ရခြင်းဖြစ်ပါသည်။ (သီးခံပေးပါ)
အမရေ..ကျေးဇူး။စိတ်ညစ်နေတာ ဘယ်ပျောက်သွားမှန်းမသိဘူး။အိမ်ရှင်နဲ့ ဖုန်းပြောရင်း အမရဲ့ကဗျာကို ဖတ်ပြလိုက်သေးတယ်။ကောင်းတယ်တဲ့။:P
ဖတ်လို့ကောင်းတဲ့... အားမာန်သစ်တွေပေးတဲ့ ကဗျာလေးဘဲ... ကျေးဇူးလသာည
Post a Comment