
၈လပိုင်း ၉ရက်နေ့က ရွှေယုန်လေးရဲ့ မွေးနေ့ပေါ့။
တောထဲက တိရစ္ဆာန်လေးတွေဟာ စုဝေးပြီး မွေးနေ့ကိတ်လေးလုပ်လို့ ရွှေယုန်လေးရဲ့ မွေးနေ့ပွဲကိုကျင်းပကြတာပေါ့။
အဲဒီအချိန်မှာပဲ ကိတ်မုန့်လေးအောက်က နေ ကြယ်လေးတစ်ပွင့် ခုန်ထွက်လာတယ်။

“အားလုံးပဲ သူငယ်ချင်းတို့ရေ.. ငါ့ကို..ကောင်းကင်ပြန်ပို့ပေးကြပါကွာ.။ ငါ...ငါ.. အိမ်ပြန်ချင်လိုပါ..။”
တိရစ္ဆာန်လေးတွေ အံအားသင့်သွားကြတယ်။
“မင်းက ကောင်းကင်က? ”“ဘယ်လို”
“ဟုတ်တယ်။ ငါ ကောင်းကင်က ပြုတ်ကျလာတာ။ ငါအိမ်မပြန်တတ်လို့ ငါ့ကို အိမ်ရောက်အောင် ပြန်ပို့ပေးကြပါနော်”
ဒါနဲ့ အားလုံးအကြံဥာဏ်ထုတ်ကြတယ်။ သူတို့အားလုံး ဘာလုပ်ရမှန်းမသိကြဘူး။ ဒီအချိန်မှာ ဆင်ကလေးက ၀င်ပြောတယ်။

ဆင်လေးဟာ ကြယ်လေးကို တင်ပြီး ကောင်းကင်ပေါ်ကို ခုန်တက်လိုက်တယ်။
ဒါပေမဲ့ ကြယ်လေးဟာ ပြုတ်ကျနေခဲ့တယ်။
သူတို့တခြားနည်း စဉ်းစားကြပြန်တယ်။ မွေးနေ့ရှင် ရွှေယုန်လေးက ဒီလိုဝင်ပြောတယ်။
ဒီလိုလုပ်ရအောင်.၊ ငါတို့ ပြောင်းမြက်ရှည်ရှည်ရှာပြီး ဆက်ရအောင်။”

မြက်ပင်လေးက ရှည်လွန်းလို သူ့လက်ထဲမှာ လှုပ်ရမ်းနေတယ်။
နောက်တော့ ကြယ်ကလေးကို မြက်ပင်ပေါ်တင်ပြီး မြေကြီးပေါ်မှာ စိုက်ထောင်လိုက်ကြတယ်။ မြက်ပင်လေးက တနေ့ထဲမှာပဲ အရှည်ကြီးဖြစ်သွားပြီး ဆက်ပြီး အမြင့်ကြီးထိအောင် တက်သွားတယ်။ အဲဒါနဲ့ ကြယ်လေးက ကောင်းကင်က သူ့အိမ်ရောက်သွားတာပေါ့။
ညလည်းကျရော သူတို့အားလုံး တောက်ပနေတဲ့ကြယ်လေး ကို တွေ့ကြတယ်။
အားလုံးပျော်သွားကြတယ်။
..ပုံပြင်လေးကတော့ ဒါပါပဲကွယ်...။
ဖြောင်းဖြောင်းဖြောင်း..။ (ကိုယ်က ဦးအောင်တီးပေးလိုက်တာ:P)
ပုံပြင်လေးကောင်းတယ်နော် သူငယ်ချင်း။ ကြိုက်ရဲ့လား..။ ဒါလသာညပြောတာ မဟုတ်ပါဘူး။ ပုံပြောပြိုင်ပွဲမှာ ဆုရတဲ့ ဂျပန်နိုင်ငံက ၅ နှစ်၁၀လ သမီးလေး မိခိချန် ပြောတဲ့ပုံပြင်ပါ။ ၅ နှစ်သမီးလေးရဲ့ အတွေးပုံပြင်လေးပါ။
ဒို့တော့ အရမ်းကို နှစ်သက်မိတယ်။ သူပြောတတ်တာလေးကို ဒို့ ချစ်တယ်။ အတွေးလေးကို သဘောကျတယ်။ သူ့ပုံပြင်လေးထဲမှာ တစ်ဦးကို တစ်ဦး ခင်မင်အလေးထားခြင်း၊ အချင်းချင်း ရိုင်းပင်းကူညီခြင်း၊ ပြဿနာကို တစ်နည်းမဟုတ်တစ်နည်း ဇွဲကောင်းစွာနဲ့ စဉ်းစားကြခြင်းစတဲ့ ချစ်စရာ အမူအကျင့်လေးတွေ ပါနေတယ်။
သူ့ရဲ့ပုံပြင်လေးထဲက သူတွေဟာ အကူအညီတောင်းသူဆီက ဘာကိုမှမမျှော်လင်ဘူး၊ သူက ငါ့ကို ကူညီဖူးလား၊ မကူညီဖူးလားဆိုတာလည်း မတွေးဖူး၊ အကူအညီတောင်းသူဟာ ဘယ်သူဘယ်ဝါဖြစ်ခြင်း ဆိုတဲ့နောက်ကြောင်းကိုလည်း မကြည့်ဘူး။ အဖွဲ့ထဲက တစ်ယောက်ယောက်က စေတနာနဲ့ ကူညီပေမဲ့ မအောင်မြင်သွားလည်း မကဲ့ရဲ မရှုပ်ချဖူး။ မင်းပြောတာမဖြစ်နိုင်ဘူးလို့လည်း လက်လွတ်စပယ် မငြင်းပယ်ဘူး။ သူ့ပြသနာကို ကိုယ်ပြဿနာလို နည်းမျိုးစုံရှာဖွေပေးတယ်။ တစ်ယောက်ရဲ့ပြဿနာအောင်မြင်သွားတာကို အားလုံးက အတူတူ ပျော်ရွှင်ပေးကြတယ်။ ဒါကြောင့်လည်း ကလေးတွေ ပြောပြတဲ့ ပုံပြင်လေးတွေဟာ အရမ်းကို ကြည်နှုးစရာကောင်းတာပေါ့။ အရမ်းနှစ်သက်မိပါတယ်။
လူကြီးတစ်ယောက်က လူကြီးတစ်ယောက်ကို ပြောပြတဲ့ ပုံပြင်လေးတွေကျတော့ (တချို့ကိုပြောတာပါ) အခုလို တစ်စုံတစ်ယောက်က အကူအညီတောင်းတဲ့ ပုံပြင်သာ ဖြစ်ခဲ့ရင်.. တဖက်လူကို အကူအညီမပေးခင် သူဟာ ဘယ်သူလဲ၊ ဘယ်တုန်းက ငါ့ကို ကူညီဖူးလဲ၊ နောင် ကိုယ့်အခက်အခဲရှိတဲ့ အခါ သူတုန့်ပြန်မယ့်လူမျိုး ဟုတ်ရဲ့လား၊ ကိုယ့်ပြသနာလည်း မဟုတ်တော့ အနေသာကြီး..စသည့် အတွေးလေးတွေ ပါတတ်တယ်။ တကယ်လို့ ကူညီပေးပြီးတဲ့နောက်ကျတော့လည်း သူအောင်မြင်သွားတာ ငါ့ကြောင့်ကွ လို့ ၀င့်ကြွားလိုခြင်း၊ သူ့ကို ကူညီလိုက်ပြီးပြီ အခုငါ့အလှည့် မကူညီမဖြစ်ကူညီသင့်တယ်လို့ မျှော်လင်ခြင်း...စသည်စသည်..”
..လူကြီးတွေပြောတဲ့ ပုံပြင်တွေက နားထောင်ရပြီးရင် မောကျန်ခဲ့တယ်။ ကြည်နှုးစိတ်ကို မခံစားရဘူးရယ်။
လသာည..အသက်ကြီးပါပြီ။ (၇-နှစ်ကျော်တာ ကြာပါပြီလို့ ပြောချင်တာနော် :P)။ ဒါပေမဲ့ နှစ်သက်စရာကောင်းတဲ့ ကလေးလေးတွေ ပြောတဲ့ ပုံပြင်လေးတွေကို အခုထိ ပြောတတ်ချင်တယ်။ ပြီး သူတို့ပြောတာကိုလည်း ၀င်နားထောင်ချင်မိတယ်။၊ ကိုယ့်ကို ဘ၀ကပေးလာတဲ့ ပုံပြင်လေးတွေကို လူကြီးတွေတွေးတဲ့ ကျိုးကြောင်းဆင်ခြင်မှုတွေနဲ့ မပြောတတ်ချင်နေပါစေ။ ကလေးတွေတွေးတဲ့ အတွေးမျိုးနဲ့ နှစ်သက်စရာကောင်းတဲ့ ပုံပြင်လေးတွေကိုများများ သူများကို ပြန်ပြောနိုင်ချင်တယ်။
ဒါပေမဲ့ လသာညအနေနဲ့တော့ အများကြီးကြိုးစားရပါဦးမယ်...။
အားလုံးပျော်စရာ အားလပ်ရက်လေးဖြစ်ပါစေလို့။
လသာညပါ။
မှတ်ချက်။ ။ ကြော်ငြာဝင်လိုက်ဦးမယ်။ စိတ်မဆိုးဘူးမို့လား :P ။ ကလေးလေးတွေ ဒီလိုမျိုး ပုံလေးတွေကို နှစ်သက်စွာ စိတ်ကူးယဉ်တတ်တာ ဘယ်အရွယ်ကစသလဲဆိုရင် ၂နှစ်ခွဲ၊ ၃နှစ်က စတယ်တဲ့။ ( 内田仲子(1996)、子供のディスコースの発達.風間書房 ) ပြည့်ပြည့်စုံစုံ မပြောတတ်တာကလွဲရင် သူတို့ရင်ထဲမှာ ပုံပြင်လေးပေါင်းများစွာ ရှိတယ်.။ အကြောင်းအရာလေးတွေကို ဆက်စပ်ပြီး ပြောတတ်တာက အသက်၎နှစ်ခွဲကစပြီး ၅နှစ်ပြည့်လောက်က စတာပေါ့။ ၅နှစ်ခွဲ ကျော်ရင်တော့ သူတို့က အခုလို နားထောင်ကောင်းအောင်ပြောတတ်ပြီပေါ့။ ကျိုးကြောင်းဆင်ခြင်ပြီးတော့ ဖြစ်နိုင်ခြေနဲ့ ပြောတတ်လာတာက နောက်ပိုင်းမှ။ ဘယ်အချိန်ဖြစ်မယ်ထင်လဲ...။ ဟင်...တော်တယ်၊ မှန်တယ် ၇-နှစ်နောက်ပိုင်း လေ..။
8 comments:
သူငယ်ချင်းလေးရေ... ဘဝတလျှောက်လုံးမှာ ဒီလိုရိုးသားတဲ့ပုံပြင်လေးတွေကိုဘဲ အမြဲပြောတတ်အောင် ကြိုးစားပါ့မယ်...
လသာည ကျမ်းမာပါစေ။ စာတွေလဲအဆင်ပြေပါစေ။... အဲဒီတော့မှ ဒါမျိုးလေးတွေဖတ်ရမှာ... :D
အများကြီးလဲ ထပ်ပြီး အောင်မြင်ပါစေ။
ကြယ်လေးကောင်းကင်ပေါ်ပြန်ရောက်သွားလို့
ကျေးဇူးတင်တယ်
မြန်မာပြည်ပြည်ကခုနှစ်နှစ်သားတွေဘဝလွတ်လပ်တဲ့အတွေးမရတော့ဘူးထင်တယ်
မောပန်းတဲ့ဘဝတွေထဲမှာ
အစ်မရေ
ပုံပြင်လေးနားထောင်သွားပါတယ်
ဟုတ်ပါတယ် အစ်မရေ ၊ အစ်မပြောသလို ရိုးသားတဲ့ ကလေးတစ်ယောက် ရဲ့ ပုံပြင်တွေကနားထောင်ကောင်းပါတယ်
လူကြီးတွေ ပုံပြင်ကတော့ ခုနပြောသလို ရင်မောစရာ အပြည့်ပေါ့
တော်တော်ပြည့်ပြည့်စုံစုံ တင်ပြထားပြီးသားဆိုတော့ ဘာကို ထပ်ပြောရမှန်းကို မသိတော့ပါဘူး ..
လသာညရေ... ကြယ်ကလေးပုံပြင်က ကောင်းမှကောင်းနော်... လသာည ကိုယ်တိုင်ပြောမဲ့ ပုံပြင်တွေလဲ နားထောင်ချင်တယ် :P
မမီးကတော့ ပုံပြင်တွေကိုကြိုက်တယ်
ကိုယ်တိုင်လည်းပုံပြင်ပြောနေရရင်ပျော်တယ်
ဒါပေမယ့် မမီးပြောတဲ့ပုံပြင်တွေကို စိတ်ရှည်ရှည် နားထောင်ပေးသူတစ်ယောက်ပဲရှိတယ်..
ချစ်သော ရို့စ်ရေ..>ဟုတ်တယ်နော်။ ကြိုးစားကြရအောင်..။
မိုးသီတာ> မိုးကတော့ ..။ ကျေးဇူးတင်ပါတယ် မိုး..ရာ။ မိုး မကြာခဏ ရွာ.အဲ..မကြာခဏ လာအားပေးနေတာပဲဟာ။ နေကောင်းရပြီပေါ့။
မင်းအိမ်ဖြူရေ၊ ကျေးဇူးတင်ပါတယ်။ ပုံနားထောင်ပြီး ရင်မမောရအောင် လူကြီးတွေပုံပြင်နားမထောင်နဲ့။ (အသက် ၄၀ ကျော်မှ ဘ၀က စတာဆိုတော့ တို့အားလုံး အခု ကလေးတွေပဲရှိသေးတာကို :P) တို့တွေ အချင်းချင်းအပြန်အလှန် ပုံပြောရအောင်နော..။
Apprenticeship> လသာည ကိုယ်တိုင်ပြောမဲ့ ပုံပြင်လေးများက မကြာခင်....မျှော်။ :D
ကြယ်ကလေး> ဟုတ်တယ်။ ကြယ်လေးက ကောင်းကင်ပေါ် ပြန်ရောက်ပြီးသကာလ အခု ဘလော့ပေါ်အထိ အလင်းရောင်ဖြန်လာတာတွေ့ရတယ်။ ဟူးးး တော်သေးတယ်။
Lucifer > မမီးရဲ့ ပုံပြင်လေးတွေကို စိတ်ရှည်လက်ရှည်နားထောင်ပေးတာ ဘယ်သူလဲ မဟုတ်မှ လွှဲရော..(..)ပဲ ဖြစ်ရမယ်။ :D
အားလုံးအားလုံး ကွန်မန့်လေးတွေကို အထူးကျေးဇူးတင်ပါတယ်။
ဂျပန်တွေက အဲလိုပဲနော်.. ငယ်ငယ်လေးကတည်းက အတွေးအခေါ်လွတ်လပ်တယ်.. စိတ်ဓာတ်ကောင်းတယ်.. အလုပ်လုပ်တာ တိကျတယ်... ခုနက ဖေ့စ်ဘွတ်ခ်မှာ တွေ့လိုက်တာ... စလုံးက ဖိုင်းတပ်တဲ့နိုင်ငံတဲ့ ဖိုင်းချည်းပဲတပ်နေတာတဲ့.. လူတွေက ကြောက်လို့လိုက်လုပ်နေရတာတဲ့ ဂျပန်မှာကျ တော်တော်များများက စည်းကမ်းရှိပြီးသားတဲ့ သူ့အသိစိတ်နဲ့သူတဲ့.. အဲဒါမျိုးကျ နေ့အိပ်မက် ဂျပန်တွေကို ကြိုက်တယ်... တော့တိုးချန်ဖတ်ရတုန်းကဆို ဘယ်လိုကြိုက်မှန်းကို မသိတာ..
Post a Comment