ဥပမာက (Ways on how to steal a person's heart) တဲ့..။
ဒီပို့စ်ကို မဖတ်ခင် မေးခွန်းလေးတစ်ခုကို မေးပါမယ်။
ရက်စ်လို့ ဖြေရင် နောက်မေးခွန်းတစ်ခုလည်း မေးပါရစေနော်။ တိတ်တခိုးချစ်သူရှိနေသလား။ ဖွင့်မပြောရဲ ဖြစ်နေသလား။ ဒါဆိုရင် ဆက်ဖော်ပြမယ့် နည်း၅နည်းကို သုံးကြည့်လိုက်ပါ. အဆင်ပြေသွားပါလိမ့်မယ်တဲ့။ ၂ပတ်အတွင်း ထူးခြားစေရမယ်လို့လည်း အာမခံထားပါတယ်။ လိုအပ်နေသော သူငယ်ချင်းလေးများ သုံးကြည့်လိုက်နော်။
၁) ကိုယ့်ကိုယ်ကို သေချာအောင်မေးပါ။ ရည်ရွယ်ရာကို သတ်မှတ်ပါတဲ့.
ကိုယ်တကယ်ချစ်နေသူ၊ ကိုယ့်ရင်ထဲမှ မြတ်နိုးနေသူကို သေသေချာချာ သိအောင်လုပ်ပါ။ ဟိုလိုလို ဒီလိုလို မသေမချာမဖြစ်ပါစေနဲ့။ ဦးတည်ရာသည် တစ်ခုသာဖြစ်ရပါမည်။ လောဘကြီး၍ မရပါ။
၂) နားလည်ပါ။
ကိုယ်ချစ်နေသူဟာ သူမှသူပဲဆိုတာ သေချာသွားပြီဆိုရင် သူ့အကြောင်းကို နားလည်အောင် လုပ်ပါတဲ့.။ သူ ဘာကိုကြိုက်တတ်သလဲ၊ ဘာကို စိတ်ဝင်စားတတ်သလဲ၊ သူ့သူငယ်ချင်း၊ဒါမှမဟုတ် (မင်းတကယ်လို့ သတ္တိရှိရင် ) သူမိသားစု စတာတွေကို တည့်အောင်ပေါင်းပြီး သူ၏စိတ်နေစိတ်ထားကို လေ့လာပါ။ ပြီးရင် နားလည်အောင်လုပ်ပါ။ ကြားစကားမဟုတ်ပဲ ကိုယ်တိုင်လေ့လာပါတဲ့..။
၃) လုပ်ငန်းစပါ။ အရမ်းကို အရေးကြီးပါသည်။ *important*
သူမက ပန်းကြိုက်တတ်ရင် ပန်းပို့ပေးပါ။ ကဗျာကြိုက်တတ်ရင် ကဗျာစပ်ပို့ပါ. (နေ့တိုင်းဆိုပဲ..ပန်းဖိုးနဲ့..အင်း။ ဒါလောက်တော့ ရှာထားပေါ့နော်။ :D )။ ကောင်လေးဆိုလဲ သူ့ကြိုက်တတ်တဲ့ အစားအစာကို ချက်ပြီး ပို့ပေးတာမျိုး)။ သူကသိသိမသိသိ ပေးသာပေးပါ။ စားစားမစားစား ပို့သာပို့ပါ။ ဇွဲတော့ရှိပါတဲ့။ ၂ပတ်တိတိ လုပ်ပါ။ ၂ပတ်ပြည့်ရင်တော့ ရပ်လိုက်ပါတဲ့..။ဒီနည်းက ဟုတ်ပါ့မလား စိတ်မပူပါနဲ့။ ၂ပတ်အတွင်း သိသာပါလိမ့်မယ်လို့ စာရေးသူက ညွှန်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စိတ်ပညာမှာ နာမည်ကြီးသီအိုရီတစ်ခုရှိတယ်။ (classical conditioning theory လေ။ ၀ူး ..အခုမှ စိတ်ပညာအကြောင်းဝင်လာတယ်။ ကြော်ငြာကနောက်ဆုံးမှဝင်မယ်နော် :P )
(အဲဒီ သီအိုရီအရ) ပန်းကြိုက်သူဟာ မင်းဆီက နေ့စဉ် ပန်းကိုလက်ခံရယူနေရာက မရတော့တဲ့တနေ့ကျရင် သူ့စိတ်ထဲမှ အနေရအထိုင်ရခက်လာပါတယ်။ (ဘာဖြစ်လို့လဲ ဘယ်သွားနေသလဲ နောက်ကောမလာတော့ဘူးလား ....???? စသည်ဖြင့်) သူနေမထိထိုင်မသာ ဖြစ်လာပါတယ်..။ ဒါဆိုရင် နောက်တဆင့်ကို သင်လှမ်းလို့ရပါပြီ။
၎) ဖွင့်ပြောဖို့ အားထုတ်ပါ။
သူဟာ ၂ပတ်အတွင်းမှာ မင်းဘယ်သူဆိုတာ သိပြီးနေရင် (ဒါက ပထမရက်က မင်းအစွမ်းအစပေါ်မူတည်ပါတယ်။) မင်းဆီကို တနည်းနည်းနဲ့ ဆက်သွယ်လာပါလိမ့်မယ်။ သူ့ကို မင်းနဲ့ ပတ်သက်တဲ့ Hint တစ်ခုခုပေးခဲ့ဖို့လိုတာပါ။ (လိပ်စာကဒ်၊ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်စသည်..) သူ့ဘက်က တုန်ပြန်လာခဲ့ရင် (သူဘက်က စိတ်ဝင်စားမူကို မင်းတွေမြင်ခံစားမိရင်တော့) မင်းရဲ့ခံစားချက်ကို ရင်ဖွင့်လိုက်ပါတော့။ မိန်းကလေးဆိုရင် စဉ်းစားချိန်နည်းနည်းပေးလိုက်ပါ။ ယောက်ျားလေးဖြစ်ခဲ့ရင်တော့.. (အင်း.. လသာည မသိပါ.. :D )၅) Backupလုပ်ပါ။
၂ပတ်နေလို့မှ သူက ဘာမှမတုန်ပြန်လာဘူးဆိုရင် စိတ်မပူပါနဲ့။ ဆက်လုပ်စရာ နည်း၂နည်း ရှိပါတယ်။
ပထမနည်းက သူပြန်တုန်ပြန်လာတဲ့အထိ ဇွဲရှိရှိ ဆက်စောင့်ပါ။
(အခြေအနေအရ အောက်ကပုံအတိုင်း အန္တရယ်ကျရောက်နိုင်တဲ့နေရာ (မျက်နှာ၊ ခေါင်း၊ ရင်ဘတ် စသည်လေးတွေ) ကို ကာကွယ်ထားဖို့လည်း လိုကောင်းလိုမယ်ထင်တယ်။

နောက်တနည်းကတော့ တခြားတစ်ယောက်ကို ပြောင်းကြိုက်လိုက်ပါတဲ့..
Good luck everyone!
လသာညပါ..။
ကြော်ငြာ။ ။ (Ivon Pavlov's classical conditioning theory is being applied.)
ဒီtheory ရဲ့ မူရင်းဥပမာက ခွေးတစ်ကောင်နဲ့ ခေါင်းလောင်းသံပါ။ အပြင်ဥပမာနဲ့ ပေးရရင်တော့ ကောင်မလေးတစ်ယောက်ဟာ အနီရောင်ကို သိပ်မကြိုက်တတ်ဘူး။ အနီရောင်အကျီင်္လည်း ၀ယ်မ၀တ်ဘူး။ ဒါပေမဲ့ အနီရောင်အင်္ကျီကို စွဲစွဲလန်းလန်းကြိုက်တဲ့ ကောင်လေးတစ်ယောက်နဲ့ သူရင်းနှီးသွားတဲ့အခါ အနီရောင်အကျီင်္မြင်တိုင်း၊ (ဒီထက်ပိုပြီး) အနီရောင်ကို မြင်တိုင်း ကောင်လေးကို သတိရပြီး သူလိုက်ငေးတတ်လာတယ်။ (စွဲလန်းမူက သိပ်ခိုင်ခံသွားမိရင်) အနီရောင်အကျီင်္ကို သူဝယ်ဝတ်ချင် ၀တ်တော့မှာပါ။ အနီရောင်ဟာ ကောင်လေးကို သတိရစေဖို့ အခြေအနေဖန်တီးရှင်တစ်ခုဖြစ်သွားလို့ပါ။ အဲဒါကို conditioning theory လို့ခေါ်တာပါ။
(Resources: My lecturer, Psychology From Science to Practise book from Pearson and website from Wikipedia.)

.။
ကိုယ့်အပေါ်ထားတဲ့ ခင်မင်မှုအတွက် တို့အရမ်းပဲဝမ်းသာပါတယ်။ 






ပြီးမှ ပြန်ရေးမယ်နော်။ အဲလိုမျိုး အဆင်ပြေတယ်မို့လား..။
ဘယ်တော့မှ အတက်အကျမရှိတဲ့ ကြင်နာမှုတွေကိုသာ အစဉ်ပေးသော ထိုရင်ခွင်










