Saturday, June 5, 2010

အမြင်မှားတတ်တယ်-၂

စိတ်ပညာက ပုံရိပ်လေးတွေကို စုစုစည်းစည်းရလို့ သိမ်းတင်ထားဖို့ ဆုံးဖြတ်မိတယ်..။ စိတ်ဝင်စားစရာ အရမ်းကောင်းတယ်...။

အောက်ကပုံလေးကို မင်းဘာမြင်လဲဟင် !

GOOD လို့ ဖတ်မိတယ်ဟုတ်။ အဲလို ဖတ်မိရင် အဲလိုပဲ ကောင်းတယ်။ အဲလိုပဲ ဖတ်နော်။ မမှားဘူးသိလား...။ ဒါပေမယ့် EVIL လို့ မြင်သူရှိတယ်။ သူ့ကိုလည်း နားလည်ပေးလိုက်ပါ.. (အဖြူရောင်နဲ့ ပြန်ဖတ်ကြည့်ရင် EVIL လို့ မြင်နိုင်တယ်လေ..)

အောက်က ပုံမှာ စာလုံးတွေ ကြည့်ရတာ ခက်ပေမယ့် သေချာဖတ်ကြည့်လိုက်ရင် တစ်ခုခုရေးထားတာ တွေ့နိုင်တယ်။.


OPTICAL လို့ ..တွေ့လား..။ နောက်ထပ် သူ့နောက်ကွယ်မှာလည်း စာလုံးတွေ ကျန်သေးတယ် .။ သေချာကြည့်မှ မြင်နိုင်တယ်။ ရေးထားတာက ILLUSION တဲ့ .. ။ လောကကြီးမှာ optical illusion ဆိုတာတွေ အများကြီးရှိတယ်..။ အဲဒါတွေကြောင့် မိမိက မြင်တဲ့အမြင်(မိမိမျက်လုံးနဲ့ တပ်အပ်မြင်တာတွေ)ကိုပဲ တခြားသူက မှားတယ်လို့ ဝေဖန်ပြောလာစေတာပေါ့..

အောက်ကပုံက စာလုံးကိုလည်း ဖတ်ကြည့်ပါဦး ဘာမြင်လဲဟင်?

အပေါ်က စာလုံးဟာ TEACH မဟုတ်လား..။ “သင်ကြားသည်” တဲ့..။ သူ့အောက်မှာလည်း အရိပ်စာလုံး ရှိနေသေးတယ်။ သေချာစိုက်ပြီး ဖတ်ကြည့်လိုက်ပါဦး..။ .. LEARN တဲ့။ “လေ့လာပါ”တဲ့..။ ဒီတော့.. သူများကို သင်မယ်လို့ တွေးခါနီးတိုင်း ကိုယ်တိုင်လည်း လေ့လာသင်ယူထားတဲ့ အခြေခံ (အရိပ်)လည်း လိုတယ်ဆိုတာ သတိထားမိစေတဲ့ ပုံလေးပေါ့..

ဒီအောက်ဆုံးက ပုံမှာ အမြင်သာဆုံးက ME ဆိုတဲ့ စကားလုံးလေးပါ.. “ငါ့ကို”ဆိုတဲ့ အဓိပ္ပါယ်လေ..။

ဒါပေမယ့် သေချာကြည့်ရင် မြင်နိုင်တာ ရှိသေးတယ်.. YOU တဲ့.. “မင်းကို” ဆိုတဲ့ အဓိပ္ပါယ်ပေါ့..။ ငါ့ကို နားလည်ပါလို့ ပြောခါနီးတိုင်း မင်းကိုလည်း ငါနားလည်ပေးမိရဲ့လားဆိုတာကို သတိရမိစေတာပေါ့..နော်

လသာည.. ဖြစ်ပါတယ်..။
reference: http://www.dailycognition.com/

15 comments:

SHWE ZIN U said...

အင်း လသာည ရေ ကိုယ့် အမြင် ကိုယ်ပြောတယ် ဆိုပေမဲ့ အဲလို ၂မျိုးစလုံးမှန်နေတော့

သူ့အမြင်ကို မလေးစားသူတွေအတွက် သတိထားစရာပေါ့

ကျေးဇူးပါ
ရွှေစင်ဦး ဖြစ်ပါတယ်

မူလလက်ဟောင်း ၂ said...

မူလ လက်ဟောင်း နံပါတ် ၂။...
တစ်ခု သတိထားမိတာက.. အဲသလို မြင်ဖို့ကိုပဲ.. (မခက်ခဲလှဖူးနော်။) ခေါင်းထဲက အကြောင်းအရာ အချို့ကို ပြန်ထုတ်ပစ်ပြီး အမြင်ပြောင်းပစ်ရတာ... မလား။ .... ဒါတောင် ချက်ချင်း မလွယ်လှဖူးလေ။... ဆိုတော သူ့အမြင် ကိုယ့်အမြင်က အချိန် နဲနဲ လေး ပေးရတယ်။ ပေးရမယ် ထင်တယ်။... စိတ်ရှည် ရ မယ်ထင်ပါတယ်။...

မယ့်ကိုး said...

ချစ်မလေး...မယ်က အမြင်တော့ မမှားပါဘူး။ ဒါပေမယ့် အမြင်မှားရင် ဘယ်လိုစိတ်သဘောဆိုတာလဲ သိချင်မိတယ်။

Anonymous said...

အမြင်မှန်ရတယ်..အမြင်မှန်ရသွားတယ်နဲ့ ဇာတ်လမ်းတွေမှာ ပြောကြတာ ဒါနဲ့ဆိုင်လား..
အဟဲ ပြောချင်တာပြော တွေးချင်တာတွေးကြည့်တာပါ။

ဒါနဲ့ အစ်မလသာည
စီဘောက်တော့ ထားသင့်တယ်ဗျနော်..။ ကွန်မန့်ဘောက်အထိ မရေးနိုင်တဲ့အခါ စီဘောက်မှာ ကွန်မန့်ပေး နှုတ်ဆက်လို့ရတာပေါ့..။ အကြံပေးတာပါ..

စာဖတ်ပိတ်သတ်လေး

Anonymous said...

good

teach learn ပဲမြင်တယ်။ ညံ့ပါတယ်။

မြတ်နိုးဖြစ်ပါတယ်။

chindwinthu said...

အခုစိတ်ဝင်စားဖွယ်မှတ်သားစရာလေးတွေကိုနောက်ထပ်မျှော်နေမယ်.....။

sosegado said...

အမြင်ဆိုတာကို ပိုသဘောပေါက်သွားတယ်၊ ငြင်းကြလေနှစ်ယောက်လုံးမှန်တယ်ဆိုတာမျိုး၊
ဗဟုသုတပါပဲ။

Anonymous said...

မြင်သူအားလုံးကိုရော မမြင်သူအားလုံးကိုရော လေးစားပါတယ် စိတ်ရှည်ရှည်ထားရင်တော့ အမြင်အားလုံးရှင်းသွားပါလိမ့်မယ် ...ဆန္ဒတွေ မစောကြပါနဲ့..အမြင်မမှားချင်ရင်သေသေချာချာ ကြည့်ရပါလိမ့်မယ်


ခင်တဲ့
seesein

မယ့်ကိုး said...

ချစ်မလေး စေတနာထား ဖြေပေးသွားတဲ့အတွက် ကျေးဇူးအထူးပါနော်။ စာက ချစ်မလေး အားမှ ရေးပါ =)

လသာည said...

လာလည်တာရော ကွန်မန့်လေးတွေ ပေးသွားတာရောအတွက် အားလုံးကို ကျေးဇူးအထူး (အများကြီး) တင်ပါတယ်နော်..

နောက်ခံအမျိုးမျိုးကလာတဲ့ လူအမျိုးမျိုးက နောက်ခံအမျိုးမျိုးရှိတဲ့ အကြောင်းအရာတွေကို မြင်ကြတဲ့အခါ အမြင်တွေက မတူကြဘူးရယ်..။ ဒီတော့ ကိုယ်က ဒီလိုမြင်ချိန်မှာ သူကဒီလိုမြင်သွားတာဟာ သူကြည့်တဲ့ နောက်ခံနဲ့ ကိုယ်ကြည့်တဲ့နောက်ခံ မတူလို့ပဲဆိုတာ ကိုယ်က သတိထားမိရင် ကိုယ်နဲ့ အမြင်မတူတဲ့သူအားလုံးကို အလိုလို နားလည်ပေးမိသွားမှာပဲလို့ ခံစားမိတာနဲ့ ဒီပုံလေးတွေနဲ့ ဒီပိုစ်လေးကို ရေးသိမ်းထားလိုက်တာပါ။ အားလုံးကို တကယ်ကျေးဇူးနော်။

စာဖတ်ပိတ်သတ်လေး >>
စီဘောက်ကို အဆင်ပြေရင် ပြန်လုပ်ပါဦးမယ်..။ အခုလို အကြံပေးတာ ကျေးဇူးနော်.။

rose of sharon said...

အားလုံးကိုသဘောကျတယ်... နောက်ဆုံးတခုကိုတော့ အကြိုက်ဆုံးဘဲ

ချိုကျ said...

ဟဲဟဲ..ဘယ်ရမလဲ ဒီလိုတော့ ဖတ်ကြည့်တာ တစ်ခုပဲမှားတယ်..အဲအဲ တစ်ခုပဲဖတ်လို့မရတာ:)
ခင်တဲ့(ချိုကျ)

လသာည said...

ရိုစ်..ရေ ကျေးဇူးနော်။
ချိုကျ.. နောက်ခံပြောင်းဖတ်ရင် မြင်ရလိမ့်မယ်..။ ကျေးဇူးး)

ရေသန့်  said...

အမြင်မှန်အောင် နေပါမယ်

လသာည said...

ရေသန့်ရေ..
ကျေးဇူးး)