Saturday, June 12, 2010

ဦးခေါင်းသေးတဲ့ ရောဂါ

တစ်ခါက လူတစ်ယောက်ဟာ ရုံးအားလပ်ရက်မှာ ဈေးဝယ်ထွက်ရင်း နာမည်ကြီးကုမ္ပဏီက ဈေးကြီးကြီး ဦးထုပ်တစ်လုံးကို ၀ယ်လာခဲ့တယ်..။

သဘောကျလွန်းလို့ ဦးထုပ်မှာ သူ့နာမည်ထိုးပြီး ရုံးကို နေ့တိုင်းဆောင်းသွားတယ်။ ပြီးတော့လည်း ရုံးက မိတ်ဆွေတွေကို သူ့ ဦးထုပ် ဘယ်လောက်ဈေးကြီးကြောင်း၊ ဘယ်ကုမ္ပဏီလုပ်ဦးထုပ်ဖြစ်ကြောင်း စသည်ဖြင့် ချီးမွမ်းခန်း မနားမနေ ဖွင့်လေ့ရှိသတဲ့..
နေ့တိုင်း ပြောလွန်းနေတော့လည်း သူ့မိတ်ဆွေတွေ နားငြီးလာကြတယ်ပေါ့....
ဒါနဲ့ .. သူ့မိတ်ဆွေတွေဟာ ခေါင်းချင်းဆိုင်လို့ အကြံတစ်ခု ၀ိုင်းထုတ်ပြီး သူ့ဦးထုပ်ဝယ်တဲ့ ကုမ္ပဏီကနေပြီး အမျိုးအစားတူ၊ အရောင်တူ ၄ ခုဝယ်လိုက်ကြတယ်။ ပြီးတော့ ဦးထုပ်တွေမှာ သူ့နာမည်ကို ပါ တပါတည်းရေးထားလိုက်တယ်တဲ့....။ ဦးထုပ်ဆိုဒ်တော့ မတူဘူး။ သူ့ဦးထုပ်ရဲ့ ဆိုဒ်နံပါတ်က ၅ရ ဖြစ်ပေမယ့် သူ့မိတ်ဆွေတွေက ၅၈၊ ၅၉၊ ၆၀၊ ၆၁ ဆိုပြီးဆိုဒ်နံပါတ် ၄ မျိုးခွဲဝယ်ခဲ့ကြတယ်။

ဝယ်ပြီး ပထမဆုံးနေ့မှာ သူ့မရှိခင် သူ့ဦးထုပ်ကို သူတို့ဝယ်ထားတဲ့ ဦးထုပ်ဆိုဒ်နံပါတ် ၅၈ နဲ့ လဲထားလိုက်ကြတယ်။
ဒါပေမယ့် ဆိုဒ်နံပါတ် ၅၈ ဟာ ဆိုဒ်နံပါတ် ၅၇နဲ့ သိပ်မကွဲတာကြောင့် သူ သတိမထားမိခဲ့ဘူး..။

ဒုတိယနေ့မှာ ဆိုဒ် နံပါတ် ၅၉ နဲ့ လဲပြီး ထားလိုက်ကြတယ်။

ဒီနေ့တော့ သူ့စိတ်ထဲမှာ သူ့ဦးထုပ် နည်းနည်းကြီးနေသလားလို့ တွေးမိတယ်တဲ့...။

ဦးထုပ်ကို သေချာကြည့်တယ်။ ကုမ္ပဏီအတူတူ၊ အရောင်အတူတူ၊ သူ့နာမည်လည်း ရေးထားတယ်။ “အင်း.. ငါ စိတ်ထင်တာ နေမှာပါ”လို့ တွေးပြီး ဒီအတိုင်းပဲ စိတ်ချလက်ချ ဆောင်းသွားခဲ့တယ်။

တတိယနေ့ကျတော့လည်း သူ့မိတ်ဆွေတွေက ဆိုဒ်နံပါတ် ၆၀ နဲ့ လဲထားကြပြန်တယ်။

ဒီတခါတော့ သူဦးထုပ်ဟာ သူ့ခေါင်းမှာ တော်တော်ချောင်နေတာကို သတိထားမိပြီး စိတ်ပူသွားတယ်။

ဒါနဲ့ ဦးထုပ်အရောင်နဲ့ သူ့နာမည်ကို သေချာပြန်စစ်ဆေးတယ်။

“ အင်း အားလုံး အတူတူပဲ ၊ဒီ ဦးထုပ်ဟာ ငါ့ဦးထုပ်ပဲ...၊ ဒါပေမယ့် တစ်ခုခုတော့ မှားနေပြီ.. ။ ဟုတ်တယ်.. တစ်ခုခုပဲ၊ ငါ့ ဦးထုပ်က အရင်က ငါ့ခေါင်းနဲ့ အံကိုက်ပါ..။ အခု မကိုက်တော့ဘူး..။ ဧကန္တ.. ငါ့ဦးခေါင်းပဲ သေးသွားလို့လား”လို့ တွေးမိတယ်။

ကိုယ့်ခေါင်းကို ကိုယ့်လက်နဲ့ပြန်စမ်းကြည့်တယ်။ နောက် မှန်ထဲလည်း သေချာကြည့်တယ်။

အင်း ငါ့ခေါင်းက အရင်လိုပါပဲ.. စိတ်ရှုပ်လာပြီ နေပါစေတော့ မတွေးတော့ဘူး...။

စတုတ္ထမြောက်နေ့ ရောက်တော့ မိတ်ဆွေတွေက.. သူ့ဦးထုပ်ကို ဆိုဒ်နံပါတ် အကြီးဆုံး ၆၁ နဲ့ လဲထားကြတယ်။

သူတအားကို တုန်လှုပ်သွားတယ်..။ တကယ်ပဲ.. ငါ့ ဦးခေါင်းဟာ သေးသထက် သေးနေပါလား...။ ဒါနဲ့ သူစိတ်တအားပူပြီး ဆရာဝန်ကို ဖုန်းဆက်လို့ အကြောင်းစုံ ပြောပြပြီး မေးတယ်။..

ဦးခေါင်းသေးရင် ဘာဖြစ်တတ်သလဲဆိုတာကို ပြောပြပါ ဒေါက်တာ..တဲ့..။

ဆရာဝန်ကလည်း အဲဒီလို ဦးခေါင်းသေးတဲ့ ရောဂါအကြောင်း မကြားဖူးဘူးဗျာ..။ သိပ်ပြီးတော့ စိတ်ပူစရာ မရှိပါဘူး..။ ခင်ဗျားစိတ်ထင်တာ နေမှာပါလို့ ပြန်ရှင်းသတဲ့..။

အဲဒီနေ့က စပြီး သူ့ဦးခေါင်း သေးသထက် ပိုသေးလာမှာကို စိုးရိမ်တဲ့အတွက် ဦးထုပ်ကို အဝေးကိုလွှင့်ပစ်လိုက်သလို ဦးထုပ်အကြောင်းလည်း မပြောရှာတော့ဘူးတဲ့.....။ မိတ်ဆွေများလည်း နားငြီးသက်သာ သွားတာပေါ့နော်။.

. .. ပုံပြင်လေးက ဒါပါပဲကွယ်...း)))
............................................ x .....................................................
စကားမစပ်-။ ။ လျှော်ရင် လျှော်တိုကားဖြစ်တဲ့ စွပ်ကျယ်သားအင်္ကျီကို ၀တ်တတ်တဲ့ သူငယ်ချင်းလေးများက
“ငါ အခုတလော လူက ပိန်သွားတာလား။ အင်္ကျီက ကျယ်သွားတာလား မသိဘူး။ နင်ဘယ်လိုထင်လဲ”လို့
မေးခွန်းနှစ်ခွန်း မေးလာခဲ့ရင်...................
မေးသူ သယ်ရင်းလေးက ပိန်သူဖြစ်ရင် အကျီင်္ကကျယ်သွားတာလို့ ဖြေဖို့၊ သူက ၀ သူဖြစ်ရင် လူက ပိန်သွားတာလို့ ဖြေတတ်ဖို့ လေ့ကျင်ထားကြတာပေါ့..းD ။

(နောက်တာပါ).။ သယ်ရင်းလေးများ အမောပြေပါစေ...။အားလုံးကျန်းမာရေး ဂရုစိုက်ပါ...


လသာညဖြစ်ပါတယ်..
မှတ်ချက် ။ ။ lab ထဲက ဟာသစာအုပ်တစ်အုပ်ထဲမှာ အမည်မသိကာတွန်းဆရာရဲ့ ကာတွန်းလေးတွေပါ။ ပုံလေးတွေ သဘောကျလို့ သယ်ရင်းလေးတွေကို မျှတာပါ..။(ကာတွန်းပုံတွေမှာ ကိုယ့်နာမည်ထည့်ထားပေမယ့် ကိုယ်ဆွဲတာ မဟုတ်..။ စကန်ဖတ်ထားတာသာ ဖြစ်ကြောင်းလည်း ၀န်ခံပါရစေနော်၊ အထင်ကြီးမှာ စိုးလို့ပါ.း)

24 comments:

လသာည said...

ထား said...

ဦးခေါင်းသေးရောဂါ ရမှာဆိုးလို့ ထား ဦးထုပ် ၀ယ်ရင် လသာညကို ပြောတော့ဘူး....... အဟိ.........


ချစ်တဲ့

ထား


မိဆိုးလေး said...

ဟားဟားဟား..
လသာည ရဲ့စာဖတ်ပြီး မိဆိုးလေး ကြုံခဲ့တာ သတိရလို့ ။
အရင်က T shirt တွေ အမြဲဝတ်တယ်။
ဒါပေမယ့် သိတဲ့အတိုင်းပဲ (လျှော်တိုကား) ဖြစ် ဖြစ်သွားတယ်လေ။
ဒီတော့ သူငယ်ချင်းကို ပြောမိတယ်။
အင်္ကျီက ဝတ်ရင်းနဲ့ ချောင်လိုက်လာတယ်ဟ။
ချောင်ရခြင်းအကြောင်းက ဖြစ်နိုင်ချေ Hypothesis နှစ်ခုရှိတယ်။
တစ်ခုက အင်္ကျီက ကျယ်လာတာလား
ဒါမှမဟုတ် လူက ပိန်သွားတာလားဆိုတာပဲ ဆိုတော့
ဟီးးးးးးးးးးးးးးးးးးးး
ချစ်ဖို့ ကောင်းတဲ့ သူငယ်ချင်းလေးက
လူက ပိန်သွားတာလို့  သတ်မှတ်မယ်တဲ့(နားငြီး သက်သာအောင်လို့ နေမှာ) ခွိခွိ။
မှတ်ချက်။ ။ ပိန်ချင်သော မိဆိုးလေး ။ (အရှိတ ကာရ ဒိုက်ယက်တို စုရု :P)


အိစံ said...

ရီရတယ်လသာည

အိသူငယ်ချင်း ဖြူစန်းက လှလားလို့ုကည့် ခိုင်းရင်

၂ ခါလောက်တော့ ကောင်းကောင်းပြောတယ် ၃ ၄ခါလောက်မေးရင် ဒီတစ်ခါမမေးနဲ့ တော့ တဲ့ ။


ဘာမှတော့ ဆိုင်ဘူး သတိရသွားလို့ ပါ.....

pps said...

ဒီပို့လေးက..ဟာသရသအပြင်..အခြားရသလေးတွေကိုပါခံစားမိတယ်...;p
ကြွားဖို့သာသိပြီး..တကယ့်ဦးနှောက်ပါသေးနေတယ့်
ကိုကြွားပို...'_'
ဘာမဟုတ်တာလေးနဲ့..သူများကိုချွတ်လိုက်ရလို့
ပီတိတွေဖြစ်နေကြတဲ့သူ့မိတ်ဆွေများ...>_<

ပြီးတော့..ပုံလေးတွေကိုစာသားလေးတွေနဲ့
သရုပ်ဖော်ပီပြင်စေတဲ့..စာရေးသူ..း))))

Anonymous said...

ဟားဟားဟားဟားဟားဟားဟားဟား..

ကြွားတဲ့လူကို ပညာပေးတာ မိုက်တယ်ဗျာ

ဒါနဲ့ စီပုံးသေးတဲ့ရောဂါကော ရှိလားဗျ

Anonymous said...

ပို့အဆုံးမှာအမြန်ဖြေရှင်းလို့..ဖတ်နေရင်းတွေးနေတာ..လသညတော်ထှာ့လို့..အခွင့်ရှိရင် အဲလို ကာတွန်းပုံဆွဲချင်လို့ သင်ပေးလို့ပြောမလို့ဟာကို..သူကလဲတခါတည်း ဖွင့်ပီးပြန်ပိတ်တယ်..

မိုက်တယ်..ဦးခေါင်းသေးတဲ့ရောဂါဆိုလို့ အသည်းအသန်လာဖတ်တာ..ဘာရောဂါလဲလို့..ဟီးး
ဘာလို့ဆို.. ကိုယ်လဲခေါင်းသေးလို့..ဦးထုပ်တွေနဲ့ မလိုက်လို့..အဲဒါရောဂါများလားလို့..လန့်သွားတာပဲ..။ ဟီးးး

မြတ်နိုး

ဗာဆာ said...

မန့်ဘာသည်။ ဗာဆာတော့ လာလောဆယ်.. ဘာမန့်ရမှန်းမသိအောင် ခေါင်းပျောက်ရောဂါရနေသော်လည်း။....

ဂျူနို said...

ဒီလောက် အကြွားသန်တော့ အတွေးကျဉ်းကျဉ်း သဘောထားပိန်ပိန် ခေါင်းသေးသေးမို့လို့နေမှာပေါ့ ဟိ။

မကြွားတဲ့လူက အတွေးကျယ်ကျယ် သဘောထား ဝဝ ခေါင်းကြီး ဟိုက် အဲ့ဒါမှ ကွိုင်ပဲ။


မအယ်

Kyaw Hnin Se Lwin said...

မညရေ
အမောပြောစရာ ဟာသထွေလာမို့
3Qနော်
;)

sosegado said...

ကာတွန်းကိုပြန်ရေးထားတာ ဟာသ ပိုပီပြင်ပါတယ်၊ ပျော်စရာတွေရေးတတ်တဲ့ လသာည အမြဲ ပျော်ရွှင်နိုင်ပါစေ

SHWE ZIN U said...

လသာည ရေ

မီးမီးလည်း ကိုယ်လုံးကြီးကြီး သွားတဲ့ ရောဂါရနေပါတယ် အင်ကျီ လေးတွေက ကျပ်ကျပ်သွားတယ် ကယ်ပါအုန်းနော်

တအားရီမိတယ် ကျေးဇူးပါ
ရွှေစင်ဦးဖြစ်ပါတယ်

ရွှေရတုမှတ်တမ်း said...

တော်ပါသေးရဲ့ ဦးထုပ်ပဲ ဆိုက်ကြီးနဲ့လဲထားလို့...
ဘောင်းဘီသာဆို လူလည်ခေါင်ကျွတ်ကျနေရင်....
အမလေး.......မတွေးရဲပါဘူး...

Anonymous said...

ဟားဟား သူခမြာ သနားပါတယ် အစ်မရယ်။ ဒီပိုစ်တင်ရင်း အစ်မဘာတွေတွေးမလဲဆိုတာကို သိချင်သွားတယ်ဗျ.။

Anonymous said...

အခုတလော တောင်ပြုံးပွဲနီးလို့ ကိုးနတ်ရှင်ကြီး အလုပ်တွေရှုပ်နေတာလား..... အရှုပ်တွေ လုပ်နေကြလို့ ကိုးနတ်ရှင်ကြီးက မကောင်းတာလား အမလသာည ဘယ်လိုထင်လဲ မေးခွန်းနှစ်ခု မေးထားခဲ့ပါတယ်........
အဝေးကိုလွှင့်ပစ်လိုက်တဲ့ ဦးထုပ်ကလေးကို ဘလော့ဂါ လသာညက ကောက်ရသွား တယ်တဲ့ကွယ်.... ပုံပြင်လေးကိုတော့ ဆက်လက်ပြီးပြောပြပါလိမ့်မယ်

ခင်တဲ့
seesein

Shinlay said...

ဟဲဟဲဟဲ...ကျေးဇူးပါ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟဟ အကြံကောင်းပါဘဲ..
ဒီနည်းကို အတုခိုးထားရမယ်..
ဒီလိုနခနပြောလာသူတွေရှိတတ်တယ်လေ..
ဒီတော့ ဒီနည်းကိုသုံးမှ
ကျေးဇူးပါနော်း)
လင့်အသစ်ပြောင်းချိတ်ပေးပါနော်..
ခရီးခနထွက်သွားတယ်.. ပြန်လာမှ ပြန်ဆုံမယ်
တာ့တာ
http://www.missgreenlady.com/

လသာည said...

သယ်ရင်လေးများ အားလုံး ကျေးဇူးပါ..

အင်္ကျီကျယ်တဲ့သူတော့ မရှိဘူးမို့လားဟင် ဟားဟား
ကိုကြီးကျောက်ပြောသလို ဘောင်းဘီဆိုရင်တော့ မတွေးရဲစရာပဲ :))
ပီပီအက်စ်နဲ့ ပိတ်သပ်လေး.. ပိုစ်က ပိုစ်အကြောင်းလေးပဲ စဉ်းစားလေကွာ။ ပိုစ်ရေးတဲ့သူအကြောင်း မစဉ်းစားနဲ့ လိမ္မာတယ်း))
အိစံ..က လှလားလို့မေးလာရင်တော့ ၄ ခါမေးလည်းဖြေမှာပဲ ၅ ခါမေးလည်းဖြေမှာပဲ “လှဘူး”လို့ (မွှားလို့)“လတယ်”လို့ဖြေမှာ။
ထား.. ဦးထုပ်ဝယ်ရင်မပြောနဲ့။ အင်္ကျီကျပ်ရင် လာပြောနော်း))
စီပုံးသေးတဲ့ရောဂါ ရှိတယ် အနောနိမတ်စ်လေး။ လက်တွေ့လက်တွေ့း))
မြတ်နိုး.. အထင်ကြီးချင်းသည်းခံပါ ;)ဦးထုပ်မဆောင်းနဲ့..။ ဦးခေါင်းသေးတတ်တယ်း))
ဗက်ဆာ..ခေါင်းပျောက်တာ ပြန်တွေ့ပြီလား သယ်ရင်း။ ငါ စီအိုင်ဒီ အကြောင်းကားလိုက်ရမလား ဟီး
မအယ်.. အဲ့ဒါ ကွိုင်လေ..ဟိ..ဘယ်လိုဆက်လုပ်မလဲး)
ကျော်+မမရှင်လေး..ပျော်တယ်ဆိုလို့ ပြန်ပျော်သွားလို့ ကျေးဇူး အာရိကတိုးး))
sosegado လည်းပျော်ရွှင်ပါစေ..
မမရွှေစင်နဲ့ စည်းစိမ်... ကိုးနတ်ရှင်မကောင်းသော်လည်း အမြဲလာရောက်အားပေးတာ ကျေးဇူးတင်ပါတယ်။ ဟိုလူလွှတ်ပစ်လိုက်တဲ့ ဦးထုပ်ကို ကိုးနတ်ရှင်ပဲ ပြန်ပသလိုက်မယ်လေ ကောင်းဘူးလားးP
ချောရေ..အိုကေ လင့်ခ်ပြောင်းချိတ်လိုက်ပြီနော်။ ကျေးဇူးနော်
အားလုံးကို ကျေးဇူးတင်ပါတယ်နော်

ပုံမှန် said...

အကြံကတော့ရှယ်ပဲ ဒီလိုအပေါင်းသင်းတွေကိုရှောင်မှဖြစ်မယ် သားကတော့ကြွားမှာပဲ

ှS-C said...

နောင် ဦးထုတ်နံပါတ်ကို သူများတွေ လျှောက်ပြောလို့ မဖြစ်တော့ဘူး...
မတော် ဦးခေါင်းသေးသွားလို့ ...

ဧရာဖြစ်ပါတယ်။

လသာည said...

ကြွားမှပဲကြွာမှာပဲ သားကိုလာမတားနဲ့ ပေါ့ ဟုတ်လား ပုံမှန်း))

ဟုတ်တယ် ကိုဧရာ.. သူများတွေကို ဦးထုတ်နံပါတ် လျှောက်မပြောတာကောင်းမယ် ထင်တယ်နော..းD

T T Sweet said...

ကာတွန်းလေး ဖတ်ပြီး ရယ်လိုက်ရတာ ... အတော်အကြံပိုင်တဲ့ သူငယ်ချင်းတွေပဲ ...

ကိုယ်ဝတ်တဲ့ အင်းကျီဆိုက် ဘယ်တော့မှ မပြောတော့ဘူး။ မတော်ဝလာတယ်ဖြစ်နေဦးမယ်။း))

ShwunMi- said...

ညီမက ဈေးကြီးတဲ့ဦးထုပ်မဆောင်းပါ ..
ဒါဆို ခေါင်းမသေးတော့ဘူးပေါ့နော် :P

ကိုဇော် said...

နောက်ဆို နံပါတ်ပါ ကြည့်မှပဲ. . .
ဟီးဟီး. . .

လသာည said...

TT Sweet> ဟုတ်တယ်နော်..။ အကျီင်္ဆိုဒ်သူများကို မပြောနဲ့.. အခုဘယ်လောက်မိုလို့လဲ (လသာညကိုပဲ ပြေား))
ရွှန်းမီ>> မှန်တာပေါ့ ညလေးရယ် ;)))

ကိုဇော်>> ဟုတ်တယ် နံပါတ်ကြည့်ထား..း)))

Anonymous said...

လသာည ရေ

ရွှေစင်ဦး မှာတော့ stress လုံးဝမရှိဘူး အမြဲတန်း အတင်းပြောနေလို့လေ

လသာည ပြောတာ မှန်မှမှန်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချိုကျ said...

ဟင့်အင်း...အနော်ကတော့မကြွားရင်မနေနိုင်တာလွဲလို့ ပါပဲ....ဟီး

ခင်တဲ့(ချိုကျ)

Anonymous said...

တစ်စုံတစ်ယောက်ကို နားလည်မှုအပြည့်အ၀ပေးချင်တယ်။ သူ့ကို နားလည်အောင် ကြိုးစားရင်း နားမလည်နိုင်ဘူး..။ အပြန်အလှန်နားလည်နိုင်ဖို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ.. ။ ကျေးဇူးပြုပြီး အကြံပေးပါဦး..