Saturday, July 3, 2010

နားထောင်ပေးပေမယ့် မကြားသူ

မြိုင်ရာဇာတွတ်ပီ ကာတွန်းထဲမှာ မသေးမျှင်ရန်ဖြစ်ပြီး အိမ်က ဆင်းသွားတော့ ကိုတွတ်ပီက “မသေးမျှင်ကို လွမ်းလိုက်တာ၊ ထမင်းဝိုင်းမှာ ပြောတဲ့ “တော့... ကတွတ်ပီရဲ့ ဘယ်သူကလေ.. ”အစရှိတဲ့ အတင်းစကားလေးတွေကို နားထောင်စားရတာလောက် ထမင်းစားကောင်းတာ မရှိဘူး”လို့ ပြောတာကို ဖတ်ဖူးခဲ့တယ်။ (အဲလိုအဓိပ္ပါယ်မျိုးနဲ့ ပြောတာပေါ့နော်။ တိုက်ရိုက်တော့ မမှတ်မိတော့ဘူးး)))

ထမင်းဝိုင်းက ထမင်းဟင်းရဲ့ အရသာထဲမှာ အနားက စကားတွတ်တွတ် ပြောနေတဲ့ သူရှိနေခြင်းဟာလည်း ထမင်းကို ပိုမြိန်စေတယ် ထင်ပါရဲ့..။

ဂျပန်မှာ ဟိုတလောက ကြံကြံဖန်ဖန် သုတေသန တစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒါက အမျိုးသားများဟာ မိမိ့အမျိုးသမီးများရဲ့ တတွတ်တွတ်ပြောစကားကို နားထောင်သလားဆိုတဲ့ သုတေသနပါ။ ဂျပန်သတင်းဌာနကနေပြီး ဦးစီးလုပ်ပြီး တိုက်ရိုက်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ နားထောင်ပြီး ဗဟုသုတရသလို ရယ်လိုက်မိတဲ့အတွက် သူငယ်ချင်းလေးတွေကို ဗဟုသုတ မျှဝေလိုက်ပါတယ်။

ပထမဆုံး အိမ်ထောင်သည် အမျိုးသမီးတွေကို အင်တာဗျူးလိုက်မေးတာပါ။ ခင်ဗျားအမျိုးသားက ခင်ဗျားပြောတာကို နားထောင်လားလို့ မေးတာတဲ့..။ အဲဒီမှာ ၈၈% သော အမျိုးသမီးများက သူတို့ရဲ့အမျိုးသားက သူတို့စကားကို နားမထောင်ကြဖူး..လို့ ရင်ဖွင့်ပါတယ်..တဲ့..။ (ဖြစ်ရပုံ.နော်း))

ဒါနဲ့ အိမ်ထောင်သည် အမျိုးသားတွေကို အင်တာဗျူးကြပြန်တယ်။ ခင်ဗျားတို့ ခင်ဗျားတို့ရဲ့ အမျိုးသမီးပြောစကားကို နားထောင်ပေးသလား..တဲ့..။ အမျိုးသား ၈၂% က နားထောင်တယ်လို့ ပြန်ဖြေတယ်။ (၁၈ % ကတော့ ထမင်းစားတုန်း နားငြီးလို့ နားထောင်ပေးဘူးလို့ ဆိုပါတယ်.။)

ဒီလိုဆိုတော့ သူတို့တွေကြားမှာ တစ်ခုခုတော့ လွဲနေပြီလေ။ နားထောင်တယ်လို့ ပြောသူနဲ့ နားမထောင်ဖူးလို့ ထင်သူ ကွဲလွဲနေတယ်။

ဒါနဲ့ နောက်ထပ် အစီအစဉ်တစ်ခု ထပ်လုပ်ပါတယ်။ အမျိုးသားက စကားနားထောင်၊ မထောင် သိသာစေတဲ့ အစီအစဉ်ပါ။ အဲဒါကတော့ အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ ညှိပြီး အမျိုးသား မပြန်လာခင် အိမ်တွင်းမှာ လျှိုဝှက် ကင်မရာတပ်ထားပြီး နားထောင်မထောင် ကြည့်တာပါ။

အမျိုးသားက အိမ်ပြန်လာပြီး ထမင်းစားချိန်မှာ အမျိုးသမီးက (ကြိုတင်စီစဉ်ထားတဲ့အတိုင်း) ထမင်းခူးပေးရင်း စကားလေးတွေ တွတ်တီးတွတ်တာ (တတွတ်တွတ်) ပြောပါတယ်။ ပြောတဲ့စကားများက အခုတလော ထမင်းစားများလို့ ဒီနေ့ ၀ိတ်ချိန်တာ အလေးချိန် ၁ကီလိုခွဲတောင် တက်ကြောင်း၊ မနေ့ကသူငယ်ချင်း “ဘယ်သူ”နဲ့ တွေ့လို့ စကားတွေ ပြောကြောင်း။ ဒီနေ့ ဈေးဝယ်တာ ကြက်သားဈေးက ယမ်း ၁၅၀ တောင် တက်သွားတယ်”အစရှိသဖြင့်ပေါ့နော်။ (ပြောစကားက တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့)

အဲဒီအချိန်မှာ အမျိုးသားများက ခေါင်းတညိမ့်ညိမ့်နဲ့ ထမင်းလေးစားလိုက် “ဟုတ်လား” “အော်”အစရှိသဖြင့် နားထောင်ပေးကြတာ တွေ့ရပါတယ်။ ထမင်းစားရင်း တီဗွီကိုလည်း သတင်းဖွင့်ထားတော့ အဲဒီဘက်ငေးရင်း ခေါင်းတညိမ့်ညိမ့် နေပေးတဲ့သူလည်း ရှိပါတယ်။

သူတို့ ထမင်းစားပြီးတာနဲ့ အချိန်ကိုက်မှာ တီဗွီကနေ..အစီအစဉ်တစ်ခုက စလာပါတယ်..။ (တကယ်က အဲဒီစမ်းသပ်တဲ့ ကာယကံရှင်ရဲ့အိမ်) အိမ်တစ်ခုတည်းကို လိုင်းကြားဖြတ်ပြီး လွှင့်တာပါ )

“အခုအချိန်က စပြီး မိန်းမပြောစကားကို နားထောင်သော ယောက်ျားများကို ဂုဏ်ပြုစကားပြောဖို့ အစီအစဉ် ပဲဖြစ်ပါတယ်။ အခု အလှည့်ကျသူကတော့ ကို(xxx ) ဖြစ်ပါတယ်။ ကို(xx)ရှင် ကျွန်မတို့က အခုမေးတဲ့ မေးခွန်းလေးတွေ ဖြေပေးပါရှင်။ ”

အမျိုးသားခမျာ အံသြကြီးစွာ ဖြစ်ရပါတယ်။
“ဟာ တီဗွီက ငါ့နာမည်ကို ခေါ်နေတယ်.. ”တဲ့။ အံ့သြစရာ ကိုယ့်နာမည်က အဲလို တီဗွီထဲ ပါစရာကို မယုံနိုင်စရာမို့ မျက်နှာက ပါးစပ်အ၀ိုင်းသား............

တီဗွီက အမျိုးသမီးက ဆက်ပြောပါတယ်..
“ဟုတ်ပါတယ်။ စကားနားထောင်သော ယောက်ျားများကို ဂုဏ်ပြုစကားပြောချင်လို့ပါ။ ဒါကြောင့် အခုနက ကို(xx)က အမျိုးသမီးစကားကို နားထောင်ပေးတာ ဂုဏ်ပြုပါတယ်။ ဒါနဲ့ ရှင့်မိန်းမက အခုနက ပြောတဲ့စကားထဲက ဒီနေ့ သူမ ၀ိတ်ချိန်တာ ဘယ်လောက်ဝိတ်တက်နေတယ်လို့ ပြောသွားပါလဲ။ ပြန်ပြောပေးလို့ ရပါမလားရှင်။”

“အဲ.. ဟိုဒင်း သူဝိတ်တက်လို့လား။ အင်း တစ်ကီလို နေမှာပေါ့”
(သူရဲ့အမျိုးသမီးက နှုတ်ခမ်းစူသွားပါပြီ။ )

“ဒါဆို ရှင့်အမျိုးသမီး တွေ့ခဲ့တဲ့ သူ့သူငယ်ချင်းနာမည်က ဘယ်သူတဲ့လဲရှင်”
“အင်း... မသိဘူး၊ မင်းဘယ်သူနဲ့ တွေ့ခဲ့တာလဲ” (သွားပြီ သွားပြီ ဒီလူတော့ မလွယ်တော့ဘူးး)
“..................”

နောက်မေးခွန်းတွေကို သူဆက် မဖြေနိုင်တော့ဘူးရယ်..။ အနားက မိန်းမက မျက်နှာတော်ညိုရုံမကဘူး ပုပ်နေပါပြီ။ ထမင်း ၂ နှပ်မကျွေးဘူးတဲ့ ကြိမ်းတဲ့သူလည်း ရှိတယ်း)))

တကယ်တော့ မေးခွန်းက လေးခုလောက်ပဲ မေးတာပါ။ သူတို့ ဂရုတစိုက်နားထောင်တယ်ထင်ရတဲ့အချိန်က ပြောတဲ့စကားလေးတွေကိုပဲ ပြန်မေးတာဖြစ်ပေမယ့် တချို့က တစ်ခုပဲ ဖြေနိုင်တယ်။ တစ်ချို့က နှစ်ခု။ တချို့က သုံးခု။ အားလုံးဖြေနိုင်သူက ၁၈ ရာခိုင်နှုန်းပဲ ရှိပြီး မေးခွန်းအားလုံးဖြေနိုင်သူအများစုဟာ အိမ်ထောင်ကျခါစ ဇနီးမောင်နှံများပဲ ဖြစ်ပါတယ်တဲ့..။ (အိမ်ထောင်သက်ကြာလေ သူတို့ကြားသမျှ ဒီဘက်နားက ၀င် ဟိုဘက်နားက ထွက်လေ ဖြစ်တယ် နဲ့ တူပါရဲ့..)

ကဲ.. ခက်ပေဘူးလား..။ နားထောင်သူကလည်း နားတော့ ထောင်ပေးသားပဲ ။ မမှတ်ပဲနေတာကတော့ ဆိုးတာပေါ့နော် .း))))

လသာညကတော့ အဲဒါ တမင်နားမထောင်တာ မဟုတ်ဖူးလို့ ထင်တာပါပဲ။
စိတ်ပညာထဲကအတိုင်း ဝေဖန်ရရင် ဦးနှောက်အလုပ်လုပ်ပုံ ကွဲပြားပုံကြောင့် မိန်းခလေးများဟာ အချိန်တစ်ခုတည်းမှာပဲ စကားပြောခြင်း၊ နားထောင်ခြင်း၊ တီဗွီကြည့်ခြင်း၊ ယပ်ခပ်ခြင်း အလုပ်တွေကို စုံအောင် လုပ်နိုင်သလောက်၊ ယောက်ျားလေးများကတော့ တစ်ကြိမ်မှာ တစ်ခုတည်းသော အလုပ် (ဥပမာ.. ထမင်းစားခြင်း)ကိုသာ အာရုံစိုက်လုပ်နိုင်လို့သာ ဖြစ်ပါတယ်။

ဒါကြောင့် ချစ်သူကို အနားမှာ ရှိစေချင်တဲ့ ချစ်ခြင်းမေတ္တာကြောင့် မကြားသော်လည်း နားထောင်ချင်ယောင်ဆောင်လို့ နားထောင်ပေးနေကြတာက အမျိုးသားများ ဖြစ်ပါတယ်..။ သူတို့ကို မေးရင် နားထောင်ပေးနေတယ်လို့ပဲ ဖြေမှာပါပဲ။ သူတို့ကိုယ်တိုင်လည်း အဲလိုပဲ ထင်နေလိမ့်မယ်။ နားထောင်သမျှ တကယ်မကြားတာကတော့ သူတို့ဦးနှောက်ရဲ့ အားနည်းချက်မို့ ခွင့်လွှတ်ပေးကြဖို့ လိုပါတယ်။

ကြည့်လို့ရရင် ဒါလေးကို ကြည့်သွားပါဦးလို့..


အိမ်ထောင်သက်ကြာလေ မကြားလေ ဖြစ်ရတာကတော့ အသက်ကြီးလာတာရော၊ သူတို့ထားတဲ့ တစ်ခုတည်းသောအာရုံက ထမင်းအာရုံဘက် ပိုများသွားတဲ့သဘောပါတဲ့.။ (မိန်းမ ရခါစတော့ ထမင်းထက် ရခါစ မိန်းမမျက်နှာလေးကိုပဲ အာရုံစိုက်နားထောင်နေတော့ ပြောသမျှ အားလုံး နားထောင်မိ၊ မှတ်မိသွားပေမယ့်၊ မိန်းမရတာ ကြာသွားတော့ မိန်းမထက် ထမင်းကို အာရုံပိုစိုက်သွားတယ် ထင်ပါရဲ့နော်းD)

အမျိုးသမီးများဘက်က ကိုယ့်စကားကို သူတို့နားထောင်ဖို့နည်းလမ်းကတော့ အရေးကြီးတဲ့ စကားပြောဖို့ရှိတဲ့အခါ သူတို့နားတဲ့အချိန်ကို ယူပြီး နားထောင်စေပါ။ ဒါဆိုရင် အဆင်ပြေသွားမယ်လို့ ထင်ရပါကြောင်း ဖတ်ရှူ မှတ်သားမိပါတယ်...။

အားလုံးအတွက် စိတ်ပျော်ရွှင်ချမ်းမြေ့စရာ အားလပ်ရက်ကလေး ဖြစ်ပါစေနော်။
လသာည ဖြစ်ပါတယ်။

40 comments:

သဒ္ဓါလှိုင်း said...

အော်........အဲလိုလား မလသာ...
မှတ်ထားအုံးမှ...
အဆင်ပြေပျော်ရွှင်ပါစေ...
ခင်တဲ့
သဒ္ဓါ

Anonymous said...

ရီရတယ် လသာညရေ

တော်တော်များများက ဒီဘက်နားက ဝင် ဟိုဘက်နားက ထွက်ထင်ပါတယ်။


မအယ်

Anonymous said...

အဟီး..ရီသွားတယ်။
mm

Anonymous said...

ဟားဟား အဲလိုလား.. ရယ်ရတယ်ဗျာ။ သူ့ကို ပေးဖတ်ဦးမယ်။

ဦးနှောက်ထဲမှာ အလုံးလေး နှစ်လုံးထဲနဲ့ ရပ်တည်နေရတဲ့ ယောက်ျားလေးတွေဘ၀ကို စာနာပြီး အများကြီး အများကြီး မေးခွန်းတွေ မမေးပါနဲ့လို့ ပြောဦးမှ..:D

ကူးသွားပြီနော် အစ်မ။ သူ့ကို ပေးဖတ်ရုံပါ ဘယ်မှာမှ ပြန်မတင်ပါဘူး..

ခိုင်နုငယ် said...

အဟီး..ကြာရင်အဲလိုပဲနားထောင်တော့ဝူလား?
မမလသာည....
ဖတ်ပြီးပြုံးမိတယ်..မှတ်သားသွားပါတယ်။

Shinlay said...

သူပြန်လာမှ ပြောပြရအုံးမယ်။ သူနားထောင်မထောင်တော့ မသိဘူး။ ဒါပေမဲ့ သူကမေ့တတ်တယ်ဆိုပဲ။

Anonymous said...

လသာည ရေ

ဘလော့ဘဲ သုံးနေတာနဲ့ ဘလောဂ်လေး ရန်လုပ်မှာဆိုးလို့ သူပြောတာ ဟန်ဆောင်နားထောင် ကိုယ်က သူကြိုက်မယ်ထင်တာ မြန်မြန်ပြော အင်း.. အင်း ဘဲ ဒါနဲ ချာလယ် ရိုက်နေတာ

ရွှေစင်ဦးဖြစ်ပါတယ်

chindwinthu said...

စိတ်ဝင်စားဖို့ကောင်းတယ် အမ....။

လသာည said...

3 Jul 10, 05:02 PM
မောင်ဘကြိုင်: မိန်းကလေးတွေခေါင်းက တကယ်လည်ပတ်နေတာပဲး) မွတ်နေတာပဲ ဟိဟိး)

3 Jul 10, 07:34 PM
အကြမ်းထည်: မုဆိုးကျော် အမိန့်ပေး ခိုင်းခဲ့တာ မလား ။။ စကားနားမထောင်တော့ ပြောစကားနားမထောင်လို့ တဲံ့..၊ ဟော နားထောင်ပြန်တော့ မယားကြောက် တဲ့ တတ်လဲတတ်နိုင်ပ :)

ဆဒ္ဒဆင်မင်း..ဇာတ်တော် အရ...မိဖုရား..နှုတ်ခမ်းစူစူ နဲ့ ရှင်ဘုရင်..ကြောက်ကြောက် တို့ ကို ကိုးကားပြီး မိန်းမစကား လွန်လေးစား ကြောင်းပြောရပေသည်။ ပျော်ရွှင်နိုင်ပါစေဗျား

လသာည said...

သဒ္ဒါရေ..အဲလိုတဲ့ကွာ။ လာလည်တာ ကျေးဇူးပါ။ သဒ္ဒါလည်း ပျော်ရွှင်ပါစေး))

မမအယ်.. ဒီဘက်နားက၀င် ဟိုဘက်နားကထွက်တာက အစဉ်အလာကို ဖြစ်နေပြီ ထင်ပါတယ် မ ရယ်း))

mm.. ရယ်သွားလား။ နားမထောင်တဲ့သူတွေကို ဒီနေ့ကစ စိတ်မကောက်နဲ့တော့နော်း))

အနောနီးမတ်စ်.. ရပါတယ် ရပါတယ်၊ ကူးပါ..။ ပြေလည်ဖို့သာ အဓိကပါ။ ပြေလည်သွားရင် အကြောင်းပြန်ပါဦးနော်း))

ခိုင်နုငယ်.. အဲလိုတဲ့ ညလေးရေ..။ မှတ်ထားး))

မ ရှင်လေး.. ဟုတ်..။ ပြန်လာရင် သေချာမေးကြည့်နော်။ မ ရှင်လေးရော သူထမင်းစားတုန်း မေးမှာလား..း))

အစ်မရွှေစင်.. ဟုတ်ပ ဟုတ်ပ..။ သူပြောတာ နားထောင်ချင်ယောင်ဆောင်ပြီး လက်က ဘလော့ရေးနေတာလေ အတူတူပဲ ဟိ..။

chindwinthu ညီမလေးလည်း လေ့လာထားနော်း)) တချိန်ချိန် လိုလာမှာ..

မောင်ဘကြိုင်ကို ကျေးဇူးတင်ပါတယ်။ အကြမ်းထည်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ပြောတာလေးတွေတော့ နားထောင်ပေးလိုက်ကြပါ လို့..း))

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားစရာပါဘဲ
ဟုတ်တယ် ယောက်ျားတွေမှ မဟုတ်ဘူး ကိုယ်တွေလဲ ဘေးမှာ တစ်တွတ်တွတ် လာပြောနေရင် နားက ကြားတာတော့ကြားနေပေမဲ့
ှုဦးနှောက်က လိုက်မမှတ်တော့ ဘာမှ မမှတ်မိတော့ဘူး
နားမထောင်တာတော့ မဟုတ်ဘူး
နားထဲကို မ၀င်လိုက်တာ
း)

No. 2 said...

I like it. Smiling now. last minute, I was launghing.
By the way, this is not for me; so far/ isn't it, Latharnya?
:D :D :D
ladies? of course, they can manage lots. How smart we r? rn't we? :D :D :D

KNSL said...

ခစ် မညစကား ညီမတော့သေချာနားထောင်သွားတယ် သိလား

နေ၀သန် said...

မှန်တယ်.. အမျိုးသမီးတွေ တပြိုင်နက်တည်းမှာ အလုပ်တွေ အများကြီးလုပ်နိုင်တယ်ဆိုတာ လက်ခံတယ်....


ခင်မင်တဲ့
နေ၀သန်

Myanmar Good Knowledg Co., Ltd said...

လသာညရေ
မင်္ဂလာပါ။
ကြည့်လိုက်တယ်၊ အဲဒီအစီအစဉ်ကို။
ကြည့်နေရင်း အတူကြည့်တဲ့ယောက်ျားကို လှမ်းပြောတယ်။
“တွေ့လား။ မှတ်မိတဲ့ ဘက်ကလား။ မမှတ်မိတဲ့ဘက်ကလား ” လို့မေးတယ်။
သူက “ ခဏနေပါဦး တီဗွီက ဘာပြောလိုက်တာလဲ မသိဘူး ” တဲ့။

ဆိုးကြီး said...

နားထောင်ပေးပေမယ့်..မကြားသူ..ဟဟ..
ကိုယ်လည်းအဲလိုပဲ..း)
ကြည့်ရတာ..အလုံးအရေအတွက်နည်းနေလားပဲ..း)

ကိုပေါ said...

အားယိုးယိုး..... ဒီမှာ ဒီပို့စ်ကို အိမ်က မဒမ်ပေါကို သွားဖတ်ပြမိပါတယ်။ နောက်က အိပ်ယာပေါ်ကနေ တချိန်လုံး ဖက်လုံးနဲ့ လူကို လှမ်းရိုက်လို့ မဆုံးဘူး။ “တွေ့လား... တွေ့လား... အရမ်းတူတယ်” ဆိုတဲ့ စကားကလည်း ပါးစပ်က တဖွဖွ ရွတ်လို့ပေါ့။

တော်သေးတယ်။ နောက်ပိုင်းမှာ လသာညက ခွင့်လွှတ်ကြဖို့ တိုက်တွန်းထားပေလို့သာပေါ့။

လသာည said...

ချောရေ.. ဟုတ်ပ ဟုတ်ပ။ ဘောလုံးပွဲကြည့်နေချိန်ဆို ပိုဆိုးသေး..ဟုတ်တယ်ဟုတ်း))

ချစ်၂- I totally agree with you, haha :))

KNSL>> သေချာမှတ်ထားနော် ခွီး))

နေ၀သန်က လက်ခံပေးလိုက်တယ်ပေါ့..။ သဘောကောင်းတယ်း))

ကောင်းမွန်ဝင်း>> ရအောင်မေးလေ..းD။ ပြောလို့သာပြောရတာ..။ ကိုယ်ဘလော့ရေးနေချိန် သူ့ဖုန်းလာရင် နားတာထောင်နေတာ ဒီနားက၀င် ဟိုဘက်ကထွက်။ တူတူပဲ ဟိ။

ဆိုးကြီး.. ဟုတ်တယ်။ ဒါဆို အလုံးထပ်ထည့်ပေးလိုက်ရမလား။ ပိုပြီးတော့ ၀ှီးကနဲ ၀ှီးကနဲ့ လည်အောင်လို့ ဟားဟား

ကိုပေါ.. ဟုတ်လား..။ မဒမ်ပေါက ဖက်လုံးနဲ့ပဲ ရိုက်တာပဲဟာ၊ သူများတွေကို ထမင်း၂နပ်ချက်မပေးဘူး (အပြင်ထွက်စားမယ်)လို့ ပြောတာမှ မဟုတ်တာကို။ု ခွင့်လွှတ်လိုက်ပါးD

မယ့်ကိုး said...

:D :D :D ရယ်လိုက်ရတာ။ ချစ်မလေး ဘာသာပြန်ပေးတာ ကျေးဇူးနော်။
အမျိုးသားတွေရော အမျိုးသမီးတွေရော သနားပါတယ်။ အတူမနေကြတာ အကောင်းဆုံးပဲနော် :P

Meengelay said...

ှုOh...I watched that TV program yesterday. :D

That's great to know your philosophical view on that TV program.
Arigatou..sis..

မောင် လေး said...

ဟုတ်ပ တခါတလေ သူဘာပြောလိုက်မှန်းကို မသိတာ...။
ကျွန်တော်တို့ယောင်္ကျားလေးအများစုကလည်း အိုဇုန်းလွှာ
ပေါက်တာလောက်မှ ရေးကြီးခွင်ကျယ်ကိစ္စလို့သဘောထား
ကြလေတော့ သူရို့ မိန်းကလေးတွေပြောတဲ့ အတင်းလေးတွေ (အဲမှားလို့)သတင်းလေးတွေကိုသိပ်ပြီး
စိတ်မဝင်စားကြတာပါ။သူရို့ကလည်း ယောင်္ကျားလေးများ စိတ်ဝင်စားတဲ့သတင်း(ဥပမာ ဝိုင်းစုစကပ် တိုတဲ့
သတင်းလိုမျိုး)ဆိုရင် သူရို့ မိန်းမချင်းသာပြောချင်ပြော
မယ် ကျွန်တော်တို့ကို မပြောရေးချမပြော ကိုးခင်ဗျ။
(ဤသည်ကားယောင်္ကျားတယောက်၏ဖွင့်ဟဝန်ခံချက်
တည်း.....း) )

ချစ်ကြည်အေး said...

ဟားဟား ရယ်ရတယ် ကြာလာတော့လေ နားထောင်ပေးတာကိုပဲ ကျေးဇူးတင်ရတယ်။ မမှတ်မိတာတော့ သူရော ကိုယ်ရော အတူတူပါပဲ ညီမရယ်...။ အသက်က စကားပြောလာပြီဆိုတော့ တော်ရုံ မှတ်ဖို့ မလိုတဲ့ဟာတွေ ခေါင်းထဲမထည့်တတ်တော့တာ ညီမရဲ့....:))

Anonymous said...

ဟားဟား....

ရီရတယ်။ ဘာပဲဖြစ်ဖြစ် တခါတလေလဲ ကိုယ်လဲမကြားချင်ယောင်ဆောင်တတ်တယ်။

ဒါပေမဲ့ ဒါမှတ်သားစရာပဲ.။ ဖြစ်တတ်တဲ့သဘောသဘာဝလဲ ပါတယ်။ ဟီး
ဒါကို သိထားရင် စိတ်အခန့်မသင့်ရင် ရန်မရှာတော့ဘူးပေါ့..။ သေချာ မှတ်သားသွားပါတယ်။

မြတ်နိုး

ချိုကျ said...

ထမင်းကို အရုံစိုက်စားစမ်း ကောင်လေးဆိုပြီး အမေက ငယ်ငယ်ကတည်းက ဆူခဲ့လို့ဖြစ်မှာပါ လို့တော့ အင်း ထင်တာပဲ ဟီး

ခင်တဲ့(ချိုကျ)

လသာည said...

မယ်ကိုးရေ..အဲလို အတူမနေကြရင်လည်း စစ်တွေဖြစ်ကုန်မှာ စိုးရသေးတာလေး)))

မီးငယ်လေး.. ဟုတ်လား.။ ချီးကျူးစကားဆိုတော့ နောက်တခေါက်ထပ်ပြောပါဦးး)) အာရိကတိုး

ဒါဆို မောင်လေးရဲ့ ဖွင့်ဟ၀န်ခံချက်ပေါ့နော်။ မှတ်ထားလိုက်ပြီနော်း))

မချစ်.. ဟုတ်ပ မချစ်ရာ..သူပြောချင်တာပြော ကိုယ်ပြောချင်တာပြော။ နားထောင်လိုက် မကြားလိုက်ကတော့ တတ်နိုင်ဘူးပေါ့ နေား)))

မြတ်နိုးက သေချာမှတ်ထားလိုက်ပြီလား။ နောင်ကျ အသုံးချနော်း))

ချိုကျ.. ဟဲကောင်လေး ထမင်းကောင်းကောင်းစား။ လူကြီးစကားတွေ နားမထောင်နဲ့း)))

ထား said...

လသာညရေ ထားက ထမင်းစားချိန် မပြောဘူး... သူပြောတာပဲ နားထောင်တာ.... ထမင်းစားပြီး နားချိန်လဲ မပြောဘူး...T.V ကြည့်ပါစေဆိုပြီး... ညအိပ်ခါနီးမှ ပြောတာ... အဲဒီတော့ သူက ထားစကား နားထောင်ရင်း ခရူး...ခရော.... ပေါ့ လသာညရယ် .... ဟိဟိ...

ချစ်တဲ့

ထား

sosegado said...

ကိုယ်တိုင်ရော စမ်းကြည့်ဘူးပါလား၊
ယောက်ျားတွေရဲ့ နားထောင်ရတဲ့ဘဝကို ကိုယ်ချင်းစာလာမယ်။

ဧပရယ်လ်ပူး@ပူးတေ said...

ရီရတယ်...ဒါ အားလုံးဖြစ်တတ်တဲ့ သဘာဝထင်တယ်နော်...
ပူးတေလဲ အဲဒီတီဗီလိုင်းက Research လိုမျိုး အိမ်မှာ ကိုယ်တိုင်အမြဲမကြာခဏ ပြန်လုပ်နေရတယ်မမရေ.. ဒါကဘာလဲဆိုတော့ ကိုယ့်စကားကို သူသိပ်အာရုံမစိုက်တော့ဘူးလို့ ထင်လာရင် ပြောပြီးရင် သူ့ကို သေချာနားမထောင်ဘူး စိတ်မဝင်စားဘူး မှတ်လားလို့ မေးလိုက်တယ်...သူက နားထောင်ပါတယ်ကွ လို့ ပြန်ပြောရင် ဒါဆိုဘာတွေ ပြောသွားလဲ အကုန်အစအဆုံး ပြန်ပြောဆိုပြီး တော့ မေးလိုက်ရင် သူက အစအဆုံးပြန်ပြောရတယ်... ဒါမျိုး ဖြတ်ဖြတ်မေးတတ်မှန်းသိထားတော့ တော်တော်များများတော့ သူနားထောင်တယ်လို့ ထင်ရတာပါပဲမမရေ... ကိုယ့်အလှည့်ကျရင်သာ မမရွှေစင်ဦးပြောသလိုပေါ့...ဟိ

PAUK said...

ရယ်ရတယ်..လသာညရေ..။
ကျနော်ကတော့..ကျနော်စကားပြောရင်း
ကျနော့မျက်နှာကြည့်နေမှ ကြိုက်တယ်။။
ဟီးးဟီ..

လသာည said...

ထား... က အိပ်မက်ထဲမှာ ဆက်ပြောတာပဲလား..။ အိပ်မက်ထဲရော သူက နားထောင်လားဟင်းD

sosegado.. ဒါပေါ့ ကိုယ်တိုင်ကြုံဖူးပါတယ်ဆို..။ ဘလော့ရေးတုန်း ဖုန်းလာရင် ဘာမှမကြားဖူးလေး)))

ညီမလေး ပူးတေက သူနားထောင်မထောင် ညတိုင်းပြန်စစ်နေရတယ်ပေါ့နော်။ တော်ထားတာကွား))

ပေါက်.. မျက်နှာကြည့်ရင်း စကားပြောစေတဲ့နည်းဟုတ်လား မှတ်ထားမယ်။ ဒီတခါ အဲဒီနည်း သုံးကြည့်ရမယ်း)))

ရေသန့်  said...

ဟုတ်လား..အနားမှာ တတွတ်တွတ်ပြောမယ့် သူမရှိ
တော့  စမ်းသတ်လို့ မရဘူးဖြစ်နေတယ် ...ဟီးဟီးးးးး

ရေသန့်  said...

ဟုတ်လား..အနားမှာ တတွတ်တွတ်ပြောမယ့် သူမရှိ
တော့  စမ်းသတ်လို့ မရဘူးဖြစ်နေတယ် ...ဟီးဟီးးးးး

သူကြီးမင်း (တုံးဖလား) said...

ဟား ဟား ဟား။
ဟုတ်လောက်တယ်။ ဆရာအောင်သင်းပြောတာကို သွားသတိရတယ်။ အမျိုးသမီးတွေစကားအနည်းဆုံးလဟာ တစ်နှစ်မှာ တစ်လဘဲ ရှိတယ်တဲ့။ ဖေဖော်ဝါရီလပါတဲ့။ ၂၈ ရက်ထဲရှိလို့တဲ့။ ဒါတောင်မှ ပြောစကားမကုန်နိုင်တဲ့ လေးနှစ်တစ်ခါ ရက်တိုးပြီး စကားပြောကြပါသတဲ့။

ဒီလောက် စကားတွေပြောနေမှတော့ ယောက်ျားလုပ်သူက ဘယ်မှတ်မိတော့မလဲနော်။ ဟုတ်ဖူးလား။းဝ)

ဆိုကြပါစို့။
အမျိုးသားလုပ်သူက ဒီလောက်စကားပြောပြီး အမျိုးသမီးလုပ်သူက နားထောင်သူဆိုရင်ကော အမျိုးသမီးက မှတ်မိပါ့မလားမသိဘူးနော်။

ဟဲ ဟဲ
စပ်စုကြည့်တာ။

ပျော်ရွှင်ပါစေဗျာ။ လင့်ခ်ကလေးပါ တစ်ခါတည်းယူသွားလိုက်ပါတယ်။

ခင်တဲ့
ကိုကိုမောင် (ပန်းရနံ့)

လသာည said...

အင်း ဒီပိုစ်ကို စမ်းသပ်ဖို့ ရေသန့်ကို စကားပြောသူ ရှာပေးဦးမှာပါး)))

T T Sweet said...

စိတ်ဝင်စားစရာ၊ ရယ်စရာကောင်းတဲ့ သုသေသနလေးပါပဲ။

အိမ်ကလူလဲ ဒီအတိုင်းပါပဲ။ သိပ်သိပ်ကို တူတာပဲ။ စိတ်ဆိုးမှာဆိုးလို့ ပြောသမျှအင်း လိုက်တာပဲ ... ပြီးတော့ ဘာမှ သေချာသိတာ မဟုတ်ဘူး။ ဒါမျိုးခဏခဏ ဖြစ်ဘူးလို့ ရိုးတောင်နေပါပြီကွယ်ရို့။

လသာည said...

ကိုကိုမောင်..> လာလည်တာ ကျေးဇူးတင်ပါတယ်နော်။ ပညာရှင်တွေ ပြောကြတာကတော့ အမျိုးသမီးတွေက သဘာဝကကို စကားများများပြောနိုင်တဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားကြတာတဲ့း)) အမျိုးသားတွေက စကားပြောရင် သူတို့လည်း ပိုမှတ်မိချင်မှတ်မိမှာပါ။ လိုတိုးပိုလျှော့တောင် ပိုတွေးတတ်သေး..း)))။

TT Sweat > အစ်မဆွိကို အများကြီး.. ကျေးဇူးတင်ပါတယ်။ ပူးတေလ်လို ပြန်စစ်လေ ကောင်းဖူးလားး)))

ရေသန့်  said...

ကျနော်မှာတော့ အနားမှာစကားတွတ်တွတ်ပြော
မယ့် သူမရှိလို့ မသိဘူး ...ဟီး.. ဟီး...ဟီး...
အသုံးမကျတာ လူသိသွားမှာ ရှက်လို့ ...
( ဟီး....ဟီး...ဟီး..ဆိုတာ ငိုနေတာပါ)
စိတ်မဆိုးပါနဲ့ ဗျ....ဟီး..ဟီး..ဟီး..
ကွန် မန့် ကိုပြန်ဖျက်လို့  ရလို့ လားခင်မျာ...
တောင်းပန်ပါတယ်...gominasai

ပေါ့ဆိမ့် said...

အော် ဒီလို ကိစ္စတွေ ရှိတယ်ပေါ့။ အဖေ ကို လက် တို့ မေးကြည့် ဦးမှ ပဲ ...
အယ် ... မမ လသာ ကို ရေသန့် ပြောတာ ယုံနဲ့ နော် အဟီး .. ကိုရေသန့် ရေ ... ဖွခဲ့ပီ :)

လသာည said...

ဟုတ်လား.. ရေသန့် အပြစ်လုပ်တယ်ဆိုပြီး လာရမ်းသွားလို့ ဆင်တဲဥက္ကဌကိုယ်တိုင် လာကြည့်သွားတယ်ဆိုပါတော့..။ ရပါတယ် ရပါတယ်..။ ဆင်တဲက ရှိသမျှ မုန့်တွေ ချကျွေးရင် ကျေနပ်ပါတယ်း)))။

ShwunMi- said...

ညီမဆို စာဖတ်နေတုန်း တီဗီကြည့်နေတုန်း ဘေးကစကားလာပြောရင် မကြားဘူး.. ယောက်ျားလေးဆန်တဲ့ ဦးနှောက်ရှိလို့ ဖြစ်ရမယ်..