Monday, July 12, 2010

Ryo Sakamoto ရဲ့ ကာတွန်းပုံလေးတွေ

Ryo Sakamoto ရဲ့ ကာတွန်းပုံလေးတွေကို အရင်ကတဲက ကြိုက်ခဲ့တယ်..။ သူ့ရဲ့ကာတွန်းတွေက မြင်ရုံနဲ့ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာနဲ့ စိတ်ခွန်အားတွေ ရသွားသလိုပဲ။ ပြီးခဲ့တဲ့ ရက်က (ဖျားနေတုန်း) လာအားပေးတဲ့ သူငယ်ချင်းလေးများအတွက် ဒီကာတွန်းများနဲ့ ကျေးဇူးစကားဆိုပါရစေ။

သူ့နာမည်က Coco chan. ဘယ်သူနဲ့မဆို ခင်တတ်တယ်။ တိရစ္ဆာန်လေးတွေကို ကြင်နာတတ်သူ၊ အမြဲ ပျော်ရွှင်စွာ နေတတ်သူလေးပါ။
အားမငယ်နဲ့ ..

Do you feel?
You know?
Don't cry. Let's sing a song, together.
အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်လို့..

လသာည ဖြစ်ပါတယ်.။

27 comments:

မိဆိုးလေး said...

မိသားစု၊ ဇာတိမြေ ပြီးတော့ တခြားကိုယ်နှစ်သက်မြတ်နိုးတဲ့အရာတွေရဲ့ အဝေးရောက်ရှိနေချိန်
သူငယ်ချင်းတစ်ယောက်ယောက်ဆီက ရရှိတဲ့နွေးထွေးလုံခြုံခြင်းဟာ
ဘာနဲ့ မှ နှိုင်းတုမမှီပါ..။
ချစ်သော လသာည
ကျန်းမာပျော်ရွှင်ခြင်းနဲ့ အတူ
အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ပါစေ။
မိဆိုးလေး

ဧည့်သည် said...

အစ်မရေ ဒီတစ်ခါ ပုံလေးတွေ ဆိုတော့ အဆင်ပြေပါတယ် ။ စာတွေကတော့ ဟီးဟီး ...

မောင် လေး said...

အစ်မရေ...နေကောင်းသွားပြီလား...
ကာတွန်းလေးတွေကချစ်စရာလေးတွေဗျနော်..။

မယ့်ကိုး said...

ကာတွန်းလေးတွေက ချစ်စရာကောင်းလိုက်တာ ချစ်မလေးရယ်။ အဲလို ဆွဲတတ်ချင်လိုက်တာ =)

chindwinthu said...

အမရေ နေကောင်းသွားပြီပေါ့။ ၀မ်းသာပါတယ်။ ကာတွန်းလည်း ဖတ်သွားတယ်နော်။

သူကြီးမင်း (တုံးဖလား) said...

ကာတွန်းတင်တော့လဲ ကာတွန်းကြည့်ရတာပေါ့။

ကောင်းကောင်းနေကောင်းရင်တော့ "လသာညဖြစ်ပါတယ်" မှာ အဆုံးရှိတဲ့ ပို့စ်လေးတွေရေးပေးဦးနော် အမ။

Shinlay said...

ကျန်းမာရေး ဂရုစိုက်ပါ။
ကာတွန်းလေးတွေ လာဖတ်ပါတယ်။

ကိုဇော် said...

စိတ်ဝင်စားစရာ အတွေးပုံလေးတွေပဲ။
ပေါ့ပေါ့ပါးပါးလည်း ဖြစ်တယ်။

Anonymous said...

ကျန်းမာနေကောင်းပြီး စာတွေများများရေးနိုင် ကာတွန်းတွေများများတင်ပေးနိုင်ပါစေ

ကာတွန်း အရမ်းကြိုက်ပါတယ်

ခင်မင်စွာဖြင့်
seesein

Anonymous said...

လသာည ရေ

အပြစ်ကင်းတဲ့ ကာတွန်းလေး တွေ အတွက်ကျေးဇူးနော် လသာည မြန်မြန် နေကောင်း ပျောက် သွားတဲ့ အတွက်ဝမ်းသာ ပါတယ် အဲဒါ ရွှေစင်ဦး စီက ၂ခွက်သောက် သွားလို့သိလား

ခင်မင်စွာဖြင့်
ရွှေစင်ဦး ဖြစ်ပါတယ်

ShwunMi- said...

အစ်မ ဖျားနေမှန်းတောင် မသိလိုက်ဘူး..
(ညီမလေးဆိုးတာ)
ကာတွန်းကြိုက်ပါတယ်..
ကျန်းမာပျော်ရွှင်ပါစေနော် =)

ဂျူနို said...

ကာတွန်းလေးတွေ ချစ်စရာ။ မချစ်ကြည်ရေး tag ထားတာ ရေးအုန်းနော်။

ဟိုတခါလည်း နေမကောင်းဘူးဆိုလားလို့။ လွမ်းဖျားလား ချစ်ဖျားလား။


မအယ်

လသာည said...

12 Jul 10, 10:14 PM
phyophyo: :thank ကျေးဇူး လာလည်ပြန်ပြီနော်၊ ကာတွန်းလေးတွေကြည့်သွားတယ်၊

13 Jul 10, 01:14 AM
သိင်္ဂါကျော်: ကာတွန်း လာဖတ်တယ်.. :)

လသာည said...

မိဆိုးလေးလည်း အေးချမ်းပျော်ရွှင်ပြီး အောင်မြင်တဲ့ ဘ၀ကို လျှောက်လှမ်းနိုင်ပါစေနော်။
ဧည့်သည်..ပုံလေးတွေ မြင်ရရင်ကို ရပြီ။ အာရိကတိုး..နော်
မောင်လေး၊ ချင်းတွင်းသူညီမလေး၊ မယ်ကိုး၊ ကိုကိုမောင်၊ မ ရှင်လေး ကိုဇော်၊ စည်းစိမ်၊ အစ်မရွှေစင်၊ ရွှန်းမီ၊ မ အယ်၊ ဖြိုးဖြိုး နဲ့ သိင်္ဂါ့ကျော်တို့ကို ကျေးဇူး အများကြီး တင်ပါတယ်။

မယ်ကိုးဆွဲကြည့်ရင် ရမှာရော်။ မယ်ကိုးဆွဲတာတွေ လှတာပဲဟာ။ ဆွဲကြည့်နော်။ အဲဒီအခါ မယ်ကိုးကာတွန်းများဆိုပြီး တင်ဦးမယ်။

မအယ်>> ဟုတ်တယ်။ လွမ်းဖျားဖြစ်မယ်း))။ တူ၏မတူ၏ကို အစ်မချစ်ကြည်အေးနဲ့ မသီတာတို့ တဂ်ထားတယ်။ ဘယ်လိုစရေးရမှန်းမသိလို့ လိုက်လေ့လာတုန်း :D

အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ လသာည နေကောင်းသွားပါပြီ။ အဖျားပျောက်ရင် အပျင်းကျန်တယ် ဆိုတာလို အပျင်းကျန်နေတာလေး တစ်ခုပါပဲ :p

paingsoe said...

အမ ဘလော့ ကို အရင်တည်းက bookmark မှတ်ပြီး တို့တိတို့တိ ဖတ်ဖြစ်ပါတယ် ...
ဒီညတော့ ၃ am လောက် က စဖတ်တာ
6;47 am ရောက်သွားတယ် (april 2009 ကနေ october 2009 ထိ) ..^O^
ဘလော့ တွေထဲမှာ အမ ဘလော့ ရယ် မနိုင်းနိုင်း ဘလော့ရယ် ကို သဘောအကျဆုံးပါ ...
ဗဟုသုတလည်း ရ ... ရီလည်းရီရပါတယ် ..
မရတာကအိပ်လို့ ... :D
အမရဲ့ စာတချို့ ကို save ထားချင်လို့
ကလေးတွေမွေးလာရင် တွေးစရာလေးတွေပါတဲ့ ပုံပြင်လေးတွေ ပြောပြ ချင်လို့ ..
(အခုထိတော့ စာသင်နေဆဲပါ .. အိမ်ထောင်ကျပြီးတော့ ကလေးများမွေးခဲ့ရင် ဆို တဲ့ အတွေးနဲ့ပါ :D :D )
အားပေးလျက် ...

ရေသန့်  said...

သီချင်းအတူတူဆိုရအောင်....ဘာဆိုရင်ကောင်းမလဲ...

ချော(အစိမ်းရောင်လွင်ပြင်) said...

နေကောင်းသွားပြီ ဟုတ်
ကာတွန်းလေးတွေက ချစ်စရာကောင်းသလို ဆိုလိုချင်တာလေးတွေက လေးနက်တယ်...
ရှာရှာဖွေဖွေ ဖော်ပြပေးတာ ကျေးဇူးပါ..
ကျန်းမာရေးလဲ ဂရုစိုက်ဦးနော်..

သဒ္ဓါလှိုင်း said...

ကာတွန်းလေးတွေထဲမှာအဓိပ္ပါယ်တွေပါတယ်နော်..။
ကျန်းမာရေးဂရုစိုက်အုံးနော်မလသာ..

ခင်တဲ့
သဒ္ဓါ

လုလု said...

လသာညရေ့ 
အဲ့ဒီကာတွန်းလေးရုပ်လေးတွေကို လုလည်း သိပ်ကြိုက်တာ။ နောက်ပြီး ကာတွန်းမှာပါတဲ့ အဓိပ္ပာယ်လေးတွေကိုလည်း အရမ်းအရမ်းကို ကြိုက်ပါတယ်။ အကြိုက်ဆုံးကတော့ မုန့်လင်မယားလုပ်စားတော့မယ်ဆိုတဲ့သတင်းကို အကြိုက်ဆုံးပါပဲရှင့့် 
ချစ်ခင်စွာဖြင့်
လုလု

နေ၀သန် said...

ချစ်စရာကာတွန်းလေးတွေ...း)))


ခင်မင်တဲ့
နေ၀သန်

ခိုင်နုငယ် said...

ဟယ်..မမလသာ.နေမကောင်းဖြစ်သေးတယ်လား။
ခုမှရောက်ဖစ်တယ်..အာလုပ်တွေများနေလို့..
ကာတွန်းလေးတွေကချစ်စရာ....။
ကျန်းမာပျော်ရွှင်နိုင်ပါစေနှော်..

ခင်မင်စွာဖြင့်
ခိုင်နုငယ်

လသာည said...

ပိုင်စိုးရေ.. အားပေးတာ ကျေးဇူးအများကြီး တင်ပါတယ်နော်။ အနာဂတ်အတွက် saveချင်တာ ယူသွားပါ။ ရတယ် (ပိုစ်အစကနေ လသာည ဖြစ်ပါတယ်အထိ)ပေါ့း)))

ရေသန့်.. ဘာသီချင်းရလဲ..ဒီက “၀ ၀ လေး ၀ိုင်းဝိုင်းလေး” ပဲ ရတာနော်။ ;))

ချော၊ သဒ္ဒါ၊ နေ၀သန်၊ ခိုင်နုငယ်တို့ကို အများကြီး အများကြီး ကျေးဇူးတင်ပါတယ် <3

လုလု.. မုန့်လင်မယား လုပ်စားဖြစ်ရင် လာကြွားဦးမှား))

ချိုကျ said...

အဲလို သူငယ်ချင်းမိတ်ဆွေတွေ များများ ရှိစေချင်လိုက်တာ.....ပုံလေးတွေအတွက် ကျေးဇူးပါ မလသာရေ....ဒါနဲ့ ကဗျာရေးတာညံ့တဲ့အကြောင်း ပြန်ရှင်းထားတယ် အစ်မရေ...coment ထဲမှာလေ လာဖတ်ဦးနော် :)

ခင်တဲ့(ချိုကျ)

မြတ်နိုး said...

နေကောင်းသွားပီလား...

ကိုယ်က ကွန်ပျူတာမကောင်းလို့မရောက်တာ ဖတ်ပေမဲ့ မမန့်နိုင်ဘူး


ဒီကာတွန်းဇာတ်ကောင်တွေ ကိုယ်လဲကြိုကိတယ်။

Anonymous said...

ကျွန်တော်လည်း အဲဒီ ကာတွန်းပိုစ်ကဒ်တွေ ကြိုက်တယ်။ သူရေးတဲ့ စာအုပ်တောင် ရှိသလားမရှိဘူး။
ကြည့်ပြီးတော့ အပြစ်ကင်း အေးချမ်းသွားတယ်ဗျ.။ ကျွန်တော့်မှာလည်း အဲလိုမျိုး သူငယ်ချင်းတွေ ရှိတယ်။ ဒါပေမယ့် တော်တော် နည်းပါတယ်။ အားငယ်စရာပဲ။ အစ်မမှာတော့ အများကြီး ရှိလောက်တယ်ဗျနော်။ အားကျပါတယ်ခင်ဗျာ။

ပုံလေးတွေ ကော်ပီကူးသွားပါတယ်။ ကျေးဇူးတင်ပါတယ် အစ်မလသာည

စာဖတ်ပိတ်သတ်လေး

sosegado said...

တူမတူရေးထားတာ ဖတ်သွားပါတယ်၊ ရွေးတတ်ပါပေတယ်ကာတွန်းပုံလေးတွေက လှပါသည်၊

လသာည said...

ချိုကျ.၊ မြတ်နိုး၊ စာဖတ်ပိတ်သတ်လေး၊ sosegado ကျေးဇူးနော်။ ဒီကာတွန်းပုံလေးတွေ တကယ်ချစ်ဖို့ကောင်းလို့ စုနေတာ. ။ သဘောကျရင် နောက်ထပ်တင်ဦးမယ်နော်း))