Saturday, July 17, 2010

ကြင်နာတတ်သော်လည်း ရက်စက်သူ

တချို့သူတွေက စိတ်ရင်းက ကြင်နာတတ်ပေမယ့် တခါတရံ တော်တော် ရက်စက်တတ်ကြတယ်။ ဘာကြောင့်လဲ..။ အကြောင်းရင်းတွေ အများကြီးထဲက တစ်ကြောင်းကို ပြောပြချင်တယ်..။

ဗီယက်နမ် စစ်အတွင်း လူပေါင်းများစွာ သေဆုံးသွားရပြီးတဲ့နောက်မှာ စိတ်ပညာရှင်တွေက သုံ့ပန်းစစ်သားတွေကို စစ်ဆေးတဲ့အခါ သူတို့အားလုံးဟာ စိတ်ထိခိုက်မှုဝေဒနာတွေကို အပြင်းအထန် ခံစားနေကြရတာကို တွေ့ရှိခဲ့ကြတယ်။ စည်းကမ်းအမိန့်ကို လိုက်နာပြီး လုပ်ခဲ့ရတဲ့အတွက် လူတွေအများကြီး သေခဲ့ရတာကို သူတို့ရင်ထဲမှာ ထိခိုက်နေရကြောင်းလည်း ငိုကြွေးရင်း ရင်ဖွင့်ခဲ့ကြတယ်။ ဒါကို အခြေခံပြီး စိတ်သိပ္ပံပညာရှင်တစ်ဦးက စည်းကမ်းအမိန့်တစ်ခုနှင့် ပတ်သက်ပြီး လူတစ်ဦးရဲ့ အဆုံးစွန်လိုက်နာမှု( extremes of obedience) နဲ့ ပတ်သက်ပြီး စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ ပညာရှင်နာမည်က Milgram ( Stanley Milgram) ဖြစ်ပါတယ်..

စမ်းသပ်မှုက သာမန်အရပ်သားတွေကိုပဲ လုပ်ခဲ့တာပါ။ စမ်းသပ်ချက်က အရမ်းကို ရိုးပါတယ်။ စမ်းသပ်ချက်မှာ ပါဝင်ပေးမယ့် သူတွေကို ဆရာအဖြစ် အစမ်းခန့် စာသင်ခိုင်းတာပဲ ဖြစ်ပါတယ်။ ကျောင်းသားကို တခြားအခန်းထဲမှာ ထားပြီး ဒီဘက်အခန်းကနေပြီး စာသင်ပြီး မေးခွန်းတွေ မေးရတယ်။ မေးတာကို ကောင်းကောင်းဖြေနိုင်ရင် ချီးကျူးရပြီး မဖြေနိုင်ရင် တပည့်ကို အပြစ်ပေးရတယ်။ အပြစ်က လျှက်စစ်ရှော့ခ်ပေးတာ ဖြစ်ပါတယ်။ အဲဒီစက်က အောက်က ပုံထဲက စက်ပဲ ဖြစ်ပါတယ်။

စက်မှာ အလွန်အားပြင်းတဲ့ ၁၅ ဗို့ ကနေ အသက်အန္တရယ် ထိခိုက်စေနိုင်တဲ့ ၄၅၀ ဗို့အထိ လွှတ်နိုင်တဲ့ ခလုပ်လေးရှိပါတယ်။

ကျောင်းသားအဖြစ် အသင်ခံရမယ့်သူကို အခုလို ၀ိုင်ယာကြိုးတွေနဲ့ ဆက်ပေးထားတယ်။ အမှားတွေ ဖြေတာနဲ့ သူတို့ဟာ လျှက်စစ်ရှော့ခ်ပေးတာ ခံရမှာ ဖြစ်ပါတယ်။

စမ်းသပ်ခန်းမှာ ပါဝင်မယ့် သူ (အရပ်သား) ဖြစ်ပါတယ်။ သိပ္ပံစမ်းသပ်ချက်မှာ ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ စမ်းသပ်ချက်ထဲက စည်းကမ်းကိုပဲ လိုက်နာပေးဖို့လိုကြောင်း အရင်ဆုံး ပြောတယ်။ နောက်တော့ ဒီစမ်းသပ်ချက်မှာ ကျောင်းသားကို သင်ရမယ့်စာတွေ၊ မေးရမယ့် မေးခွန်းတွေနဲ့ မဖြေနိုင်ရင် ပေးရမယ့် အပြစ်ပေးရမယ့် စည်းကမ်းတွေကို ရှင်းပြပါတယ်..။

လျှပ်စစ်ရှော့ရဲ့ နာကျင်မှုကို ခန့်မှန်းလို့ ရအောင် နမူနာအနေနဲ့ ၄၅ဗို့ရှိတဲ့ လျှက်စစ်ဗို့လေးကို စမ်းသပ်သူက စကားပြောရင်း စမ်းသပ်ခံ အရပ်သား ကျောင်းဆရာလုပ်မယ့်သူ ကို(သူသတိမထားမိခင် ရုပ်တရက်)လွှတ်ပြီး ပြသထားလိုက်တယ်။ ၄၅ ဗို့ဟာ မပြင်းပါဘူး ။ ဒါပေမယ့် ထိုသူ့တော့ မတ်တပ်ရပ်သွားစေတယ်..

အဲဒီနောက်တော့ စမ်းသပ်ချက်ကို စပါတယ်။ ဆရာဟာ တဖက်ခန်းကနေပြီး ကျောင်းသားကို စာသင်ပြီး စာမေးပါတယ်။ ကျောင်းသားက မဖြေနိုင်ပါဘူး...။ (မဖြေနိုင်ဆို အမှားဖြေဖို့ သင်ထားတဲ့ စမ်းသပ်သူရဲ့ လူယုံဖြစ်လို့ပါ)။ ဒီတော့ ဆရာလုပ်သူက အမှားဖြေတဲ့အတွက် ပြစ်ဒဏ်စပေးရပါတယ်။ ၁၅ ဗို့ပေါ့..။

ထပ်ပြီး သင်ပါတယ်။ ပိုလွယ်မယ့် မေးခွန်းကို မေးတယ်..။ ကျောင်းသားကလည်း ထပ်မှားတယ်..။ ထပ်ပြီး ပြစ်ဒဏ်ပေးတယ်..၃၀ ဗို့..။ ခလုပ်က ဗို့ကို ပြန်လျှော့လို့မရဘူး..။ တိုးဖို့ပဲ ရှိတယ်လေ..

ဒီလိုနဲ့ ကျောင်းသားဟာ မဖြေနိုင်ခဲ့လေ.. ဆရာက အပြစ်ပေးရလေပါပဲ..။ လျှပ်စစ်ဗို့တွေ တိုးလာတယ်။ လျှပ်စစ်ဗို့များလာတာနဲ့ အမျှ ကျောင်းသားလုပ်သူရဲ့ အော်ဟစ် ညည်းညူသံတွေက မချိမဆန့်အသံနဲ့ ပေါ်ထွက်လာခဲ့တယ်..။

ဆရာလုပ်သူဟာ အသံတွေ ကြားနေရတော့ ဆက်မလုပ်ပါရစေနဲ့လို့ ငြင်းပါတယ်။ ဒါပေမယ့်လည်း စမ်းသပ်သူက သိပ္ပံစမ်းသပ်ခန်းကို ပူးပေါင်းပါဝင်နေချိန်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းကို အတိအကျ လိုက်နာပါလို့ အမိန့်ပေးပြီး ဆက်ပြီး မေးခိုင်းပါတယ်။ ဒီလိုနဲ့ပဲ ကျောင်းဆရာဟာ ကျောင်းသားကို ဆက်လက်ပြီး အပြစ်တွေ တိုးပေးနေခဲ့တယ်။ နောက်ဆုံးအဆင့် ကျောင်းဆရာလုပ်သူက မျက်ရည်အ၀ိုင်းသားနဲ့ ဆက်မလုပ်ချင်တော့ပါလို့ ပြောတဲ့အထိ စောင့်ခဲ့တယ်။

အံ့သြစရာ ကောင်းတာက စမ်းသပ်ချက်မှာ ပါဝင်သူ ယောက်ျား၊ မိန်းမအားလုံးရဲ့ ၆၅ % ဟာ နောက်ဆုံးအဆင့် လူသေနိုင်တဲ့ လျှပ်စစ်ဗို့အား ၄၅၀ အထိ အပြစ်ပေးခဲ့ကြတာကို တွေ့ရတယ်။ တချို့ဆိုရင် ကျောင်းသားက နာကျင်လို့ ပြန်ပြောပြီး နံရံကို ခြေနဲ့ကန်တဲ့အခါ ဗို့ ၃၀၀ကို non-stop ပေးပြီး ပြစ်ဒဏ်ချသူတောင် ပါဝင်ပါသေးတယ်။

ကျောင်းသားအဖြစ်လုပ်ရသူကတော့ အစမ်းခန့် ကျောင်းဆရာများရဲ့ လက်မှာ အခါခါ သေနေတော့တာပါပဲ..။ (တကယ်တော့ စမ်းသပ်ချက်ထဲက ကျောင်းသားဟာ သရုပ်ဆောင်ကောင်းသူတစ်ဦးကို ဌားထားတဲ့ စမ်းသပ်သူရဲ့လူယုံဖြစ်ပြီး တကယ့်လျှပ်စစ်ကြိုးနဲ့ သွယ်မထားပါဘူး။ ဟန်ဆောင်အော်ဟစ်ပေးနေခဲ့တာပဲ ဖြစ်ပါတယ်..။ တော်သေးတာပေါ့နော်..။)

ဒီစမ်းသပ်ချက်ကနေ ဘာကို ကောက်ချက်ချခဲ့ကြသလဲဆိုတော့ လူအများရဲ့ မသိစိတ်မှာ စည်းကမ်းလို့ သတ်မှတ်ထားတဲ့အချက်တွေကို လိုက်နာမှဖြစ်မယ်လို့ ယူဆသွားပြီးတဲ့နောက်မှာ တဖက်သားအပေါ် ရက်စက်ရာ ရောက်မှန်းသိသော်လည်း၊ နာကျင်နေမယ်ဆိုတာကို ခံစားစာနာနိုင်သော်လည်း သတ်မှတ်ချက်တွေအပေါ် မျက်စိမှိတ် လိုက်နာမိသွားကြတယ် ဆိုတာပါပဲ...

Social Psychologist ဖြစ်တဲ့ Stanley Milgram ရဲ့ စမ်းသပ်ချက်ပါ။ အဲဒီ စမ်းသပ်ချက်ကို အောက်က ဗွီဒီယိုကနေပြီး အစအဆုံး ကြည့်လို့ရပါတယ်။


ပိုစ်မတင်ခင် ဒီအကြောင်းအရာကို ဖတ်ပြီး ဗွီဒီယိုကို ကြည့်မိတော့ ဗွီဒီယိုထဲမှာ “မလုပ်ချင်ဘူး၊ မလုပ်ချင်ဘူး လို့ ပြောနေရင်း ပြောနေရင်းကနေ စည်းကမ်းကို ထိန်း၊ အမိန့်ကို နာခံနေကြတဲ့အတွက် အပြစ်ပေးခလုတ်တွေကို မျက်စိမှိတ်နှိပ်နေတဲ့ လူများစွာကို သတိထားမိတယ်” ။ သူတို့ရင်ထဲလည်း ကြေကွဲနေကြရဲ့သားနဲ့ ဘာလို့များ အဲဒီစိတ်အတိုင်း မနေနိုင်တာလဲလို့ စိတ်ထဲကလည်း အပြစ်တင်မိတယ်။

ဒါပေမယ့်လည်း အဲဒါ တကယ်ဖြစ်တတ်တဲ့ သဘာဝဆိုတော့ သိလိုက်ရတော့.. ဘုရားကိုပဲ တမိတယ်။

သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း အမိန့်အာဏာတွေကို လိုက်နာလိုစိတ် ရှိတာ ကောင်းတယ် ဆိုပေမယ့် အဲဒီစိတ်ဟာ မူရင်းက ကြင်နာတတ်သူတွေတောင် ရက်စက်တတ်သူ ဖြစ်စေတယ်....။ အဲလိုရက်စက်တတ်တဲ့ လူဖြစ်နိုင်ချေက အခုစမ်းသပ်ချက်အရ.. လူတစ်ရာမှာရဲ့ ၆၀ကျော်ဖြစ်နေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်တဲ့ ၄၀ ထဲမှာ ကိုယ်ပါနိုင်ဖို့နဲ့ ဘယ်လိုအချိန်၊ ဘယ်လိုအခြေအနေ၊ ဘယ်လိုအချိန်အခါတွေမှာပဲ ဖြစ်ဖြစ် ကိုယ်နဲ့ ပတ်သက်သူတွေ၊ ကိုယ့်ပတ်ဝန်းကျင်က သူတွေအပါအ၀င် လူသားအားလုံးအပေါ်ကို နာကျင်အောင် လုပ်မိသူ မဖြစ်ရပါစေနဲ့လို့ ဆုတောင်းမိတယ်.. (ဗဟုသုတပေါ့နော်..)

လသာည ဖြစ်ပါတယ်..

43 comments:

ဇော်သိင်္ခ said...

တော်သေးတာပေါ့ တကယ် စမ်းသပ်နေတာ ထင်ပြီး အစမ်းခန့် ကျောင်းဆရာရဲ့ နေရာ ဝင်ခံစားပြီး စိတ်မကောင်းဖြစ်နေတာ.. ဆရာ ဦးဘုန်းရဲ့ စာတွေ လာအားပေးသွားတဲ့အတွက်လည်း ကျေးဇူးပါဗျာ.. ဆရာလည်း အခု စာအုပ်နှစ်အုပ်ထွက်ထားပါတယ်။ နီးနီးဝေးဝေး အတွေးလက်ဆောင်ဆိုတဲ့ စာအုပ်နဲ့ တွင်းဆိုတဲ့ စာအုပ်နှစ်အုပ်ထွက်ထားပါတယ်။ နောက်ထပ် ဗုဒ္ဓအဆုံးအမနဲ့ ပတ်သတ်တဲ့စာအုပ်တစ်အုပ်ထွက်ဖို့ စာမူ တင်ထားပါတယ် ဆရာလည်း ကျန်းမာလို့ နေကောင်းပါတယ်ခင်ဗျာ.. မကြာခင်မှာ ဆရာရဲ့ ကိုယ်ပိုင်ဆိုက်ကလေး ဖြစ်လာတော့မှာပါ...

ခိုင်နုငယ် said...

စည်းကမ်းဆိုတာ..သူ့နေရာနှင့်သူ..
လိုက်နာတတ်ရင်ကောင်းပေမယ့်။
တစ်ဖက်ကိုထိခိုက်နာကျင်လွဲမှားစေမဲ့
အတင်းအကျပ်စေခိုင်းတဲ့စည်းကမ်းမျိုးတွေတော့
ရှောင်သင့်တယ်။
စိတ်ပညာဗဟုသုတရစေတယ်။။မလသာရေ...
ကျေးဇူးပါနှော်....

ခင်တဲ့
ခိုင်နုငယ်

chindwinthu said...

အမရဲ့ စာတွေဖတ်ရတာ အရမ်းဗဟုသုတ ရစေတယ်။ ကျေးဇူးအရမ်းတင်တယ်။

Shinlay said...

ကျေးဇူးတင်ပါတယ်။ မှတ်သားစရာလေးတွေလည်းမှတ်သားသွားပါတယ်။

ကိုဇော် said...

တကယ်ကို မှတ်မှတ်သားသား ထားစရာပဲ။
လူတွေမှာလည်း အတင်းအကြပ် ဆိုတာကို ခံရဖန်များတော့ ရက်စက်တတ်သွားကြတာပေါ့ဗျာ။

SHWE ZIN U said...

လသာည ရေ

လူအများရဲ့ မသိစိတ်မှာ စည်းကမ်းလို့ သတ်မှတ်ထားတဲ့အချက်တွေကို လိုက်နာမှဖြစ်မယ်လို့ ယူဆသွားပြီးတဲ့နောက်မှာ တဖက်သားအပေါ် ရက်စက်ရာ ရောက်မှန်းသိသော်လည်း၊ နာကျင်နေမယ်ဆိုတာကို ခံစားစာနာနိုင်သော်လည်း အတင်းကိုလိုက်နာမိသွားကြတယ် ဆိုတာပါပဲ...

စည်းကမ်းကို လိုက်နာဘို့ လုပ်တယ်ဆိုပေမဲ့

ရွှေစင်ဦး စိတ်ထဲမှာတော့ လူတွေမှာ ငုတ်နေတဲ့ တိရိစ္ဆန် စိတ်ရှိတယ်လို့ဘဲ ထင်တယ်

လူအခြင်းခြင်း ရက်စက်ခြင်း မှ ကင်းဝေးကြပါစေ

ဗဟုသုတ တွေအတွက် ကျေးဇူးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး ဖြစ်ပါတယ်

မောင် လေး said...

အင်း....လူ့စိတ်များ ထူးဆန်းတယ်နော်..။

ဗဟုသုတ ရတဲ့အတွက် ကျေးဇူးပါ။

သူကြီးမင်း (တုံးဖလား) said...

သူတို့ သုတေသနပြုချက် စမ်းသပ်ချက်တွေက ကြောက်စရာကြီးပါလား။ ကျနော်ကြားခဲ့ဖူးတာ ရှိတယ်။ နာဇီဂျာမန်ဆရာဝန်တွေက သူတို့ရဲ့ဆေးပညာ ခွဲစိပ်မှုပညာကို စမ်းသပ်ဖို့အတွက် ဘာရောဂါမှမရှိတဲ့ ဂျူးလူမျိုးတွေကို အရှင်လတ်လတ် မေ့ဆေးမပေးဘဲ အသက်သေတဲ့အထိ ခွဲစိတ်စမ်းသပ်ခဲ့ကြတယ်တဲ့။ အဲဒါကြောင့် ဂျာမန်ဆေးပညာအရမ်းတိုးတက်အောင်မြင်ခဲ့တာတဲ့။

အမိန့်ဆိုတဲ့ စကားအောက်မှာ မလုပ်ချင်ဘဲ အမိန့်လိုက်နာတဲ့အနေနဲ့ လုပ်ခဲ့ရတဲ့ သွေးထွက်သံယို ဖြစ်ရပ်တွေ နည်းမှာ မဟုတ်ဘူးနော်။

အခုလို တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင် (ပန်းရနံ့)

နေ၀သန် said...

ဗဟုသုတသိပ်ရပါတယ် မခိုင်... အထူးသဖြင့် စာတစ်ပုဒ်ကို တင်တော့မယ်ဆိုရင် အသေအချာပြင်ဆင်တတ်တဲ့ (ပုံကအစ) အကျင့်လေးကို သိပ်ချီးကျူးပါတယ်...


ခင်မင်တဲ့
နေ၀သန်

sosegado said...

ဒီစမ်းသပ်မှု့အကြောင်းကို ခုလိုရေးပေးတာ ကျေးဇူးတင်တယ်၊ အမှန်ပြောကြစတမ်းဆိုရင် TV လွင့်တဲ့ Monment of Truth ကိုကြိုက်ပါတယ်၊

ချိုကျ said...

အမငှေး.....တော်သေးတာပေါ့ တကယ်မဟုတ်လို့။ :)

ခင်တဲ့(ချိုကျ)

ရွှေရတုမှတ်တမ်း said...

ဒါ့ကြောင့်လဲ.ဘုန်းကြီးတွေကို လက်ရဲဇက်ရဲ သတ်ရဲတာနေမှာ...

မူလလက်ဟောင်း ၂။ said...

မေးခွန်းတွေကို စိတ်ဝင်စားမိတယ်။ ၄၅၀ ထိ ဗို့ပေးနိုင်စေအောင် ဖြေတာ ဘယ်လို အဖြေမျိုးလဲလို့။

သိင်္ဂါကျော် said...

တကယ်တော့ ဗုဒ္ဓဘာသာဝင်တွေဆိုရင် သီလကို အသက်နဲ့လဲပြီး စောင့်ထိန်းရမှာပါ..
ဘာစည်းကမ်းနဲ့ပဲ တင်းကျပ်ပါစေ.. ကိုယ့်ရဲ့ သူတစ်ပါးအပေါ် သနားကြင်နာစိတ်ကို အလွယ်တကူ ချိုးဖောက်ဖို့ မသင့်ပါဘူး။

မယ်ကိုး said...

စာလေးဖတ်ပြီး သံဝေဂရမိတယ်။ ဗီဒီယိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။
လူတွေရဲ့စိတ်ဟာ ကြောက်စရာအကောင်းဆုံးပဲနော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂျာမဏီစစ်တပ်ဟာ စည်းကမ်းသိပ်ကောင်းတယ်လို့ နံမည်ကြီးတယ်လေ..
ဒီလိုစည်းကမ်းသိပ်ကြီးလွန်းတယ်ဆိုရင် ဒီခေါင်းစဉ်နဲ့ စည်းရုံးသိမ်းသွင်းတဲ့အခါ တကယ်ကို လွယ်ကူစေတာကိုး
ဒါကြောင့်လည်း တစ်ချို့သော ဘယ်သူမှ မလုပ်ရဲတဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကို စည်းကမ်းဆိုတဲ့ နံမည်ကို အကာအကွယ်ယူပြီး လုပ်ခဲ့ကြတာပေါ့..

ပန်းနုနှင်းဆီ said...

တော်တော်ကို စိတ်ဝင်စားမိပါတယ်..
လူတိုင်းမှာ ဒီလိုစိတ်လေး အနည်းနဲ့အများတော့ ရှိနေနိုင်မယ်ထင်ပါတယ်..
နုညံ့သိမ်မွေ့သူတွေဟာလည်း ဒေါသထွက်လာရင် ရက်စက်တတ်ကြတာ တွေ့ဖူးပါတယ်.

လသာည said...

ကိုဇော်သိင်္ခ.. သတင်းပေးတာနဲ့ လာလည်သွားတာကို ကျေးဇူးတင်ပါတယ်။

ခိုင်၊ ချင်းတွင်းသူလေး၊ မရှင်လေး၊ ကိုဇော်၊ မောင်လေး၊ ချိုကျတို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်..

အစ်မရွှေစင်လိုပဲ ဆုတောင်းမိတယ် လူအချင်းချင်း ရက်စက်ခြင်း ကင်းဝေးကြပါစေ..လို့။

နေ၀သန်.. ကျေးဇူးပါ။ assignment လုပ်ရင်း ပုံဆွဲတာ အကျင့်ပါနေလို့း))) စေစပ်သေချာတဲ့ နေ၀သန်က ချီးကျူးသွားတာမို့ ဂုဏ်ယူမိတယ်။

sosegado..ကြုံတဲ့အခါ TV လွင့်တဲ့ Monment of Truth ကို တင်ပေးပါဦး။

ကိုကြီးကျောက်..လာလည်တာ ကျေးဇူးတင်ပါတယ်။ နေကောင်းသွားပြီလား..

ချစ်-၂ရေ.. အချိန်ရရင်တော့ ပိုစ်ထဲက ဗွီဒီယိုကို ကြည့်ကြည့်လိုက်ပေါ့နော်။ အကုန်မပါပေမယ့် အရိပ်အမွေ့ပါပါတယ်။

သိင်္ဂါကျော်၊.မယ်ကိုး၊ ချောနဲ့ ပန်းနုနှင်းဆီတို့ကို ကျေးဇူးအများကြီး တင်ရပါတယ်။

ပိုစ်မတင်ခင် တိုက်ဆိုင်စွာ ဒီအကြောင်းအရာကို ဖတ်မိပြီး ဗွီဒီယိုကို ကြည့်မိတော့ ဗွီဒီယိုထဲမှာ “မလုပ်ချင်ဘူး၊ မလုပ်ချင်ဘူး လို့ ပြောနေရင်း ပြောနေရင်းကနေ စည်းကမ်းကို ထိန်း၊ အမိန့်ကို နာခံနေကြတဲ့အတွက် အပြစ်ပေးခလုတ်တွေကို မျက်စိမှိတ်နှိပ်နေတဲ့ လူများစွာကို သတိထားမိတယ်” ။ သူတို့ရင်ထဲလည်း ကြေကွဲနေကြရဲ့သားနဲ့ ဘာလို့များ အဲဒီစိတ်အတိုင်း မနေနိုင်တာလဲလို့ စိတ်ထဲကလည်း အပြစ်တင်မိတယ်။

ဒါပေမယ့်လည်း အဲဒါ တကယ်ဖြစ်တတ်တဲ့ သဘာဝဆိုတော့ သိလိုက်ရတော့.. ဘုရားကိုပဲ တမိတယ်။ ချန်ထားခဲ့တဲ့ ကွန်မန့်များအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်နော်။

Anonymous said...

စိတ်ဝင်စားစရာ တော်တော်ကောင်းတာပဲ..။ အစ်မပိုစ်တွေက တော်တော် ဗဟုသုတရပါတယ်။ ကျေးဇူးအမြဲတင်ပါတယ်။

ဗွီဒီယိုကိုလည်း အစအဆုံးကြည့်လိုက်ပါတယ်။ အစ်မပြောသလိုပဲ လူတွေ လူတွေ ရင်ထဲက ခံစားချက်ကို အပြင်မှာ ထုတ်ဖော်လိုက်နာဖို့ တခါတလေ တော်တော်ခက်တာပဲဗျနော။
ကိုယ်တိုင်ဆိုရင်လည်း မလုပ်ဖူး မပြောတတ်ဘူးဗျ။ တော်တော်သတိထားမှ ဖြစ်မယ်။ စည်းကမ်းတွေကြားမှာ နေရပြီး အမိန့်တွေကို လိုက်နာရတာ ခေါက်ရိုးကျိုးနေပြီဆိုတော့ မလွယ်ဘူးလေဗျာ။

စာဖတ်ပိတ်သတ်လေး..

အကြမ်းထည် said...

ဒါကြောင့် ဖြစ် မယ် ကျွန်တော့် ငယ်ငယ်က ဆရာ၊ ဆရာမ တွေ စ ကား နား မ ထောင် လို့ တုတ်(ဒုတ်) နဲ့ ရိုက် တာ....၊
သူ တို့ လည်း မ ရိုက် ချင် ပဲ ရိုက် ကြ ရ တာ ကိုး
ရိုက် ကြ ပါ စေ.... အ မိန့် ကြောင့် (အဲလေ) စေ တ နာ ကြောင့်....ရိုက် တာ ၊ ရိုက် ပါ စေ..
နာ လိုက် တာ ... :(

လသာည said...

အကြမ်းထည်နဲ့ စာဖတ်ပိတ်သတ်လေးရေ.. ကျေးဇူးတင်ပါတယ်း)))

ဧပရယ်လ်ပူး@ပူးတေ said...

လူတွေမှာ ကိုယ့်အတွက် နာမယ်ကောင်းရချင်တာနဲ့ပဲ (ဥပမာ- ဒီ research က ဆရာနေရာက ပါတဲ့လူဟာ သူဟာ researchကို အစအဆုံးပါဝင်ခဲ့တယ် ဆိုတာမျိုး၊ စစ်တပ်က အရာရှိတွေအနေနဲ့လဲ သူတို့ဟာ စည်းကမ်းတိကျသူတွေ ဖြစ်တာဆိုတာမျိုး) ရက်စက်နိုင်လာတာ ဖြစ်မယ်ထင်တယ်... အဓိကက နာမယ်တလုံးနဲ့ ကျော်ကြားမှုကို မက်မောတဲ့ ၆၅% က ပိုရက်စက်ကြတာထင်တယ်နော်.... ပူးတေထင်တာ ပြောကြည့်တာပါ.. မမလသာည ဆိုလိုရင်းနဲ့ လွဲနေရင်လဲ ဆောရီးပါနော်မမ...

ဆက်ပြောရင် --ရေးတွေ ပါကုန်မှာဆိုးလို့...

ခင်တဲ့
ပူးတေ

ဂျစ်တူး ( မုံရွာ ) said...

လသာည ရေ
ကျေးတူးအများကြီးပါဗျာ-
ရှာရှာဖွေဖွေတင်ပြမှု့ တွေကိုတော့ချီးမကျူးဘဲမနေနိုင်ပါ
ဘူး-တကယ့်ကိုကျေးဇူးထပ်တင်မိပြန်ပါပြီ-
လသာည သာရေးမပြခဲ့ ရင် ကျနော်တော့သိမှာမဟုတ်
ဘူး-ပုံကလေးတွေဗွီဒီယိုကလေးတွေပင်ပင်ပန်းပန်းရှာပြီး
တင်ပေးတာအဖိုးမဖြတ်နိုင်တဲ့ လုပ်ဆောင်ချက်ကလေးတွေ
ပါဗျာ-ထပ်တင်ပေးပါအုံးနော်-
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

Anonymous said...

မမလသာသာ
အလုပ်တွေများနေလို့ အခုမှဘဲ
စည်းစိမ်စာလာဖတ် ဖြစ်ပါတယ် စည်းကမ်း အမိန့် အာဏာ တွေကို လိုက်နာလိုစိတ်ရှိတာ ကောင်းတယ် ဆိုပေမယ့် ရက်စက်တတ်သူ ဖြစ်စေတယ် တယ်မှန်တာဘဲဗျာ
လူအချင်းချင်း နှိပ်စက်ခြင်းမှ ကင်းဝေးကြပါစေ

ခင်မင်စွာဖြင့်
seesein

blackroze said...

လူသားအချင်းချင်းကိုယ်ချင်းစာစိတ်ထားနိုင်ကြပါ
စေလို့ဘဲဆူတောင်းလိုက်ချင်ပါတယ်..အမရေ...

Anonymous said...

အဲလိုလုပ်ဖြစ်လိမ့်မယ်လို့တော့ ကိုယ်ဆိုမထင်ဘူး။ လုပ်ကိုမလုပ်နိုင်ဘူး..ကွာ.. ဘယ်လောကပဲသဘောတူထားထား အကြီးအကျယ်ထကန့်ကွက်မှာပဲ..ဒါဟာစစ်တိုက်နေတာမှမဟုတ်တာ. ဒါကြောင့်စစ်ကားလဲမကြည့်ရဲဘူး

ကိုယ့်ကျောင်းသားဒီလောက်အော်နေတာကိုဆက်လုပ်ဖို့မရဲဘူး..။

မြတ်နိုး

Anonymous said...

လူဆိုတာ ကိုယ့်အသားထိတာနဲ့နာတတ်ရင် သူများအသားထိတာလဲနာတယ်ဆိုတဲ့ကိုယ်ချင်းစာစိတ်ထားရင် .... သိပ်ကောင်းမှာ..

ကိုယ်ကတော့ရိုက်ပီးဆုံးမရင် ဆရာမ မပြောနဲ့ အဖေတောင်မရဘူးပဲ.

မြတ်နိုး

လသာည said...

ပူးတေလေး ပြောတဲ့ အတိုင်းပါပဲ ညီမလေးရယ်။ အစ်မပြောချင်တဲ့ ပိုစ်ဆိုလိုရင်းနဲ့ မလွဲပါဘူး..။ ကျေးဇူးနော်။

ဂျစ်တူး(မုံရွာ)ကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုယ့်ပိုစ်ကို အချိန်ပေးပြီး တကူးတက လာဖတ်ပေးလို့ ကွန်မန့်လေးတောင် အပိုဆုပေးသွားတာ ပျော်စရာ ကျေးဇူးတင်စရာမိုလားး)) အားလုံးကို ကျေးဇူးတကယ်ပဲ တင်ပါတယ်။

စည်းစိမ်ရှင်လေးလည်း မအားတဲ့ကြားက လာအားပေးလို့ ကျေးဇူး။ blackroze ကိုလည်း ကျေးဇူး။ မြတ်နိုးကိုလည်း ကျေးဇူး။ မြတ်နိုးလို စိတ်ထားတဲ့ လူတွေ ၃၀ ရာခိုင်နှုန်းလောက် ရှိသေးလို့ တော်သေးတယ်လို့ တွေးဖြစ်တယ်။ တော်သေးတာပေါ့နော်။

အားလုံးကို ကျေးဇူးတင်ပါတယ်နော်။

လသာည said...

19 Jul 10, 05:51 PM
ကိုကိုးအိမ်: လသာညရေ ကျွန်တော်လည်းအစမ်းသပ်ခံမယ် အဟိ

မောင်သီဟ said...

ဗဟုသုတအဖြစ်လာဖတ်တယ်ခင်ဗျာ့
အသည်းတော့ယားတယ်း)

An Asian Tour Operator said...

လူတွေရဲ့ မသိစိတ်က အနိဌာရုံ တွေမှာ ပျော် မွေ့တယ်လို့ ဖတ်ဖူးပါတယ်။ ဒါကြောင့် ဟိုးနှစ်ပေါင်းထောင် ချီတဲ့ ခေတ်မှာ ကျွန်တွေနဲ့ တိရိစ္ဆာန် တွေ၊ ကျွန်အချင်းချင်း တွေ သတ်တာ ကို စိတ်လိုလက်ရ ထိုင်ကြည့်ကြတာ ကိုလူ့သမိုင်းမှာမှတ်တမ်းတင် ထားရတယ် မဟုတ်လား။

လသာည said...

လာရောက်လည်ပတ်သွားတာရော၊ ကွန်မန့်လေးတွေ ထားခဲ့တာရော အတွက် ကိုကိုးအိမ်.. မောင်ဘကြိုင်နဲ့ AATO တို့ကို အများကြီး ကျေးဇူးတင်ပါတယ်..

Anonymous said...

暑いですねぇ~(´ヘ`;)
東京帰ったら一緒に御飯しましょ♪

ထား said...

ရက်စက်မှ ဦးညွှတ်ချင်ကြတယ်တဲ့.......
တချို့ ပြောတာ ကြားဘူးတယ်.........
ဗဟုသုတတွေ မျှဝေပေးတဲ့ လသာည
ကို ကတိပေးတယ်နော် ဘယ်တော့မှ
ရက်စက်သူ မဖြစ်စေရဘူးလို့...............

ချစ်တဲ့

ထား

ယွန်း said...

အသည်းယားစရာကြီးးး

အဲလို စစ်မေးရတဲ့ဆရာ အလုပ် ဘယ်တော့မှမလုပ်ဘူးး

စိတ်မခိုင်လို့ ။


ခင်တဲ့
ယွန်း

knsl said...


၆၀ရာခိုင်နှုန်းကျော်လိုက်နာကြတာကိုအံ့သြသွားပါတယ်။
ဒီပို့စ်လေးကဗဟုသုတဖြစ်စေပါတယ်။
စကားမစပ်မရေ
တိုကျိုရောက်ရင်ဖုံးဆက်နော်။
ညီမကလည်းခရီးထွက်ဖို့ရှိတယ်။
လွဲမလားမသိ။
အီး...

လသာည said...

Anonymous>>そうですね、暑いですよ~(´ヘ`;)
東京帰ったら連絡します。一緒に御飯しましょ♪

ထားရေ.. ထားလို စိတ်ထားနူးညံ့သူက မလုပ်ဖူး ငိုပဲနေမယ်ဆိုတာ ယုံပြီးသား..။
ယွန်း..ရေ.. ကျေးဇူးနော်။ အစ်မလည်း အဲလိုပဲ စိတ်မခိုင်ဘူး..။
ညီမလေး Knsl ရေ.. အစ်မတိုကျိုရောက်ရင် ဆက်သွယ်လိုက်မယ်နော်။ တကယ်လို့ လွဲခဲ့ရင်တောင် နောက်နှစ်မတ်လ မတိုင်ခင် တကြိမ်လောက် တွေ့ကြသေးတာပေါ့နော်။

ကောင်းမွန်ဝင်း said...

လသာညရေ
စိတ်ဝင်စားပြီး ဗဟုသုတရတဲ့ ပို့စ်အတွက်ကျေးဇူးပါ။
ကျွန်မကတော့ ဒီ milgram experiment အကြောင်းကို အနည်းအကျဉ်းသင်ခဲ့ရပါတယ်။ စိတ်ပညာနဲ့သက်ဆိုင်တဲ့ ဘာသာဗေဒမှာ လူတွေဟာ အမိန့်အာဏာသြဇာအရှိန်အ၀ါရာထူးကိုလိုက်ပြီး ဘာသာစကားပေါ် အင်အားပြောင်းလဲသက်ရောက်မှု အနေနဲ့ပါ။

ပြောကြားသူတစ်ဘက်လူရဲ့ အရှိန်အ၀ါနဲ့ မိမိလက်ရှိရထားတဲ့ အခြေအနေပေါ်လိုက်ပြီး ဘာသာဗေဒနဲ့ အမိန့်စကားလုံးတွေကို လိုက်နာစိတ်ပေါ့။

မိမိအထင်ကြီးသူရဲ့စကားကိုလိုက်နာခြင်း (ပုဂ္ဂိုလ်ခင်တော့ တရားမင်)။ မိမိရောက်ရှိနေတဲ့ လုပ်ပိုင်ခွင့် အခြေအနေကို မက်မောခြင်း ကနေဖြစ်တဲ့ ဘာသဗေဒရဲ့ အမိန့်အာဏာကိုလက်ခံကျင့်သုံးခြင်း တဲ့။

တဘက်ကပြန်စဉ်းစားမယ်ဆိုရင်တော့
်မိမိက ဘာမှမဟုတ်သူလို့ ထင်သူရဲ့ စကားကို လက်မခံသလို။ မိမိရဲ့ အခြေအနေမှန်ကို သေချာစွာနားလည်သူကလည်း တဘက်လူရဲ့ လက်ခံစရာမကောင်းတဲ့ စကားကိုလက်မခံတာပါ။

ကျွန်မသင်ခဲ့ရတာ ဘာသာဗေဒ နဲ့ ဆက်စပ်သလားလို့ ။

လသာည said...

ကောင်း.. သို့

စိတ်ဝင်တစား ဖတ်ရင်း ကွန်မန့်လေး ပေးသွားတာ ကျေးဇူး အများကြီးတင်ပါတယ်။ အော် သူက ဘာသာဗေဒ နဲ့ ဆက်စပ်စဉ်စားလို့လည်း ရတာကိုး။ စိတ်ဝင်စားစရာ ကောင်းတယ်နော်။

လသာညတို့ စိတ်ပညာမှာလည်း သင်ရတယ်။ လူမူရေး စိတ်ပညာမှာလေ။ နောက်ပြီး အခြေခံစိတ်ပညာ စာအုပ်တွေမှာလည်း သူ့ကို ထည့်သွင်းထားတာများတယ်။

နေ့အိပ်မက် said...

အဲဒါကြောင့် တမီးက စည်းကမ်းဆို အဖက်ကို မလုပ်တာ.. :P :P :P ဘီသွေးလေ... :D

Unknown said...

မဆိုးပါဘူး။ ဒါပေမဲ့ video ကဖွင့်လို့လည်းမရဘူး။ ဘာကြောင့်လည်း သိပါ
ရစေ

လသာည said...

နေ့အိပ်မက်ရေ.. ကျေးဇူးနော်။ Aung> Videoက အင်တာနက် မကောင်းလို့ ဖွင့်မရတာ ထင်ပါရဲ့..။ ဒီမှာတော့ ဖွင့်ရပါတယ်။ ကျေးဇူး..ပါ။

သော်ဇင်စိုး said...

ကြောက်စရာကောင်းလိုက်တာဗျာ.. ဒီလိုသာ..
ကျောတောင် ချမ်းလာပြီ..