Tuesday, July 27, 2010

အတွေးတချို့နဲ ဟာသတချို့

စာကြည့်တိုက်နဲ့ lab ထဲက စာအုပ်စင်ကို သွားတိုင်း မျက်လုံးက အကျင့်ပါနေတော့ ကိုယ့်ကျောင်းစာနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ကျော်သွားပြီး တခြားစိတ်ဝင်စားတဲ့ စာအုပ်တွေပဲ မျက်လုံးက ရောက်တယ်..။ စာတွေဖတ်ပြီးတိုင်းလည်း အဆုံးမရှိ လျှောက်တွေးတယ်.. လျှောက်ငေးတယ်..။ ပြီးတော့ အခုလို လျှောက်ရေးတယ်း))..
၁) တစ်ကြောင်းဟာသတွေ ဖတ်ဖြစ်တယ်..။ ( တကယ်က တစ်ကြောင်းတည်းရေးထားတာလည်း မဟုတ်ပဲနဲ့း)
(၁) Happy Birthday
တနေ့မှာ ဖယောင်းတိုင်စက်ရုံတစ်ရုံ မီးထလောင်တယ်။ မတတ်သာတဲ့အဆုံး လူအားလုံးက မတ်တတ်ရပ်လိုက်ကြပြီး စကားလုံးတစ်ချို့ကို သံပြိုင်ရွတ်လိုက်ကြတယ်။
\(^^)/\(^^)/" Happy Birthday"\(^^)/\(^^)/
***
(၂) အစားထိုး ပစ္စည်း
အခန်းထဲရှိရှိသမျှကို ဒမြတိုက်ခံရတော့ အိမ်ရှင်ဟာ သူ့မိန်းမ ပြန်မလာခင် နဂိုပစ္စည်းတွေနဲ့ ပုံစံတူတွေကို လိုက်ဝယ် အစားထိုးရတယ်။ သူ့မိန်းမပြန်လာတဲ့အခါ အကျိုးအကြောင်းပြန်ပြောပြတော့ သူ့မိန်းမက
“ရှင်ကို ကျွန်မ သိလို့လား” တဲ့။ ယောက်ျားက“ အော်.. မိန်းမကိုပါ အစားထိုးလဲလှယ်ထားတာ ငါ့မေ့သွားလို့ပါ”း))
***
(၃) အားကိုးရတဲ့ သူငယ်ချင်း
ဟိုတနေ့က ကျွန်တော့်အခန်းက မှန်ကျကွဲသွားတယ်။ ဒါနဲ့ နှစ်ပေါင်းများစွာ ကံဆိုးမှာ ကြောက်လို့ သူငယ်ချင်းနဲ့ တိုင်ပင်တော့ သူငယ်ချင်း ရှေ့နေက ပြန်ပြောတယ်..“မင်း ၅နှစ်လောက်ပဲ ကံဆိုးအောင် ငါအတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်”တဲ့။ (ရှေ့နေသူငယ်ချင်းက အားကိုးရတယ်း))
***
(၄) အကွေးခံချင်သူ ရှိပါသလား
ဒီမယ် ကျွန်တော် ဘယ်တော့မှာ ကန်ထဲမှာ ရေဆင်းမချိုးဘူးဗျ။ ဘယ်နှယ်ဗျာ.. ပေတံတစ်ချောင်းကို ရေကန်ထဲ ထည့်ပြီး အပေါ်ကကြည့်ရင် ပေတံက ကွေးသွားတာ လူတိုင်း မြင်ရတာပဲ၊ ကျွန်တော့်ခန္ဓာကိုယ်တော့ ရေကန်ထဲမှာ အကွေးမခံနိုင်ပေါင်.. (အကွေးခံချင်သူ ရှိပါသလားး))
***
(၅) နေ၏အလင်းရောင်ကို installလုပ်ခြင်း
ကျွန်မက အလင်းရောင်သိပ်ကြိုက်တာလေ..။ ခပ်လင်းလင်းလေး နေချင်တာနဲ့ နေရဲ့အလင်းရောင်ကို ကျွန်မအိပ်ခန်းထဲကို install လုပ်လိုက်တာ ကျွန်မအိပ်ခန်း အပေါ်ထပ်က လူတွေ ထအော်ကြတယ်။ “ဒီနှစ်နွေ တော်တော်ပူတယ်”တဲ့ ..။
(လသာညအိမ်ခန်းရဲ့ အောက်ထပ်က အိမ်ခန်းပိုင်ရှင်လည်း နေ့အလင်းရောင်ကို သိပ်ကြိုက်တယ်ထင်ရဲ့။ သူinstall လုပ်ထားတာ ဒီနှစ်နွေ တော်တော်ပူတယ်... အားကြီး ပူတယ်း))

၂ ) နပိုလီယန် (Napoleon Bonaparte ) ရဲ့ အဆိုအမိန့်များလည်း ဖတ်ဖြစ်ပြီး တချို့ကို သဘောကျမိတယ်.

(က) နာမည်ကျော်ကြားချိန်ဆိုတာ သိပ်တိုတယ်။ လူမသိ သူမသိ နေချင်ရင်တော့ တသက်လုံးနေလို့ရပါတယ်။
***
(ခ) ခင်ဗျားရဲ့ ရန်သူအမှားလုပ်နေချိန် ဘယ်တော့မှ ၀င်မနှောက်ယှက်ပါနဲ့.. ( အဲ..ခင်ဗျား မှားနေချိန် သူများက ၀င်နှောက်ယှက်ခဲ့တယ်ဆိုရင် အဲဒါ ခင်ဗျားကို ရန်သူလို့ မသတ်မှတ်လို့ပါ)
***
(ဂ) သမိုင်းစာအုပ် ဆိုတာ အတိတ်ကလူတွေက သဘောတူခဲ့တဲ့ အကြောင်းအရာတွေကို ဘာသာပြန်ထားတာပါ။
***
(ဃ) ရိုင်းစိုင်းသူတစ်ယောက်ဆိုတာဟာ ဒုက္ခိတတစ်ယောက်ဖြစ်တယ်လို့ သတ်မှတ်ထားတာ မရှိပါ။ (ရိုင်းစိုင်းစွာ ပြုမှုပြီးမှ ကျွန်တော်က ဘာဖြစ်လို့ပါ ညာဖြစ်လို့ပါလို့ ဆင်ခြေပေးပြီး ရိုင်းစိုင်းမှုကို ဖုံးကွယ်လို့ မရဘူး)
***
(င) ဘာသာတရားဆိုတာ လူဆင်းရဲတွေက လူချမ်းသာတွေကို မသတ်အောင် ကာကွယ်ထားတဲ့ အဆိုအမိန့်တွေပါ။
ဖတ်မိသမျှ ဤတွင် ပြီး၏..

အသစ်အသစ်လို့ လာလာအော်တဲ့ သယ်ရင်းလေးများအတွက် အမြန်ဆုံးနည်းနဲ့ ပန်ကန်လုံးစီးပြီး ရေးသွားတာ ဖြစ်ပါတယ်။ သတ်ပုံမှားရင် ခွင့်လွှတ်ပါ။ အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ..း)))
လသာည.. ဖြစ်ပါတယ်..။

31 comments:

Anonymous said...

ဖြောင်းဖြောင်းဖြောင်း ပန်ကန်လုံးစီးပြီး ဖတ်သွားပါတယ်ခင်ဗျာ။ အစ်မစာရေးတာကို စောင့်ဖတ်နေတာပါ။ အစ်မ ဟာသတွေ မရေးတော့ဘူးလားလို့ အော်မလို့လုပ်နေတာ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ အခုမှပဲ လန်းသွားတော့တယ်။

ခင်တဲ့
စာဖတ်ပိတ်သတ်လေး

ကိုဇော် said...

နပိုလီယံရဲ့ ပထမ စာကြောင်းလေးနဲ့တင် ဒီနေ့အတွက် တန်ပါတယ်ဗျာ။ ကျေးဇူးပဲ.။
အောက်က ဟာသတွေကလည်း ရယ်သွားပါတယ်။

ဧပရယ်လ်ပူး@ပူးတေ said...

မမလသာည ပုဂံလုံးစီးပြီးရေးထားတာတွေကို ပုဂံပြားစီးပြီး လာဖတ်သွားတယ်နော်.... အားလုံးသဘောကျတယ်... ဟာသတွေလဲ ရီရတယ်... နပိုလီယန်ရဲ့ အဆိုအမိန့်တွေလဲ ကြိုက်တယ်မမ....
ပုဂံလုံးစီးပြီးရေးသွားပေးတာ ကျေးဇူးနော်....

:)

ပူးတေဖြစ်ပါတယ်..:)

ခိုင်နုငယ် said...

မောနင်း..မလသညရေ..
ပုဂံလုံးစီးပြီးရေးတာလေးကို..
ပုဂံပြားစီးပြီးလာဖတ်တယ်။
နပိုလီယန်ရဲ့..နံပါတ်တစ်က..(က)ကြီးကို
ကြိုက်တယ်။
နံပါတ်နှစ်က(၁)ကိုသဘောကျသွားတယ်။
ညန်မာပြည်မှာ..ဟက်ပီးဘက်ဒေးတွေခဏခဏ
ဖစ်တယ်နှော်။:):):)
ဘာမှလည်းနချိုင်ဝူးနှော်:)


ခင်တဲ့
ခိုင်နုငယ်

ရေသန့်  said...

ကျနော့်အခန်းမှာလည်း သိပ်ပူတယ်....ဟူး

Anonymous said...

ကျွန်တော်ကတော့ ဇလုံပေါက်စီးပြီးလာဖတ်သွားတယ်ခင်ဗျာ့း) ပြုံးပျော်သွားပါတယ်း)


မောင်ဘကြိုင်

Anonymous said...

လသာည ရေ

ဟာသ ဆိုတာ အားဆေးပါ မရွှေစင်တော့ ရီစရာ တွေကို ကြိုက်တယ် အမောပြေလွန်းလို့

ပူးတေ နဲ့ အတူ အပြားလေး စီးပြီး အမြန်ဆုံးရောက် အောင်လာခဲ့တယ် အပြားလေး နော် ပုဂံ ပုဂံ

ချစ်တဲ့
အမရွှေစင်

ချော(အစိမ်းရောင်လွင်ပြင်) said...

ပန်းကန်လုံးစီးပြီးတော့ လာမလို့ပါဘဲ...
တော်ကြာ လမ်းတစ်ဝက်မှာ ပန်းကန်လုံးကွဲရင်ခက်ရချည်ရဲ့ဆိုပြီး
ပန်းကန်ပြားပျံစီးလာလိုက်တယ်.. ရယ်လိုက်ရလို့ ဗိုက်ထဲလေတွေဝင်သွားတယ်.အပြန်ကျ ပန်းကန်ပြားပျံတောင် ဆန့်ပါတော့မလား မသိ...း)း)

သဒ္ဓါလှိုင်း said...

ဖတ်ပြီးပြုံးသွားရတယ်..။
ဒါနဲ့.. နေရဲ့အလင်းရောင်ကို install လုပ်ရင်
ကောင်းမလားပဲ..

ခင်တဲ့
သဒ္ဓါ

Anonymous said...

အားကြီးပူတဲ့အချိန်မှာ အားရပါးရ အော်ရယ်ပြီး ဖတ်သွားတယ် ဘာသာတရားသာ မရှိရင် ဘာတွေဖြစ်ကုန်ကြမယ် မသိ အခုတောင် ညည်းကြရှာလေတယ်
ပူလွန်းလို့ ကန်ထဲမှာဘဲ ကွေးချင်နေတာ ပြန်ကို မတက်ချင်တော့ဘူး ကွေးချင်ကွေးပါစေ

ခင်မင်တဲ့
seesein

လသာည said...

စာဖတ်ပိတ်သတ်လေး.. ၊ကိုဇော်၊ ပန်းကန်လုံးများ၊ ပန်းကန်ပြားများ စီးပြီး လာအားပေးသွားတဲ့ ပူးတေလ်၊ ခိုင်နုငယ်၊ မောင်ဘကြိုင်၊ အစ်မရွှေစင်၊ ချော တို့ကို ကျေးဇူးတင်ပါတယ်..။ ခရီးစရိတ် ပန်းကန်ပြားခ အရမ်းကုန်သွားမလား စိုးရိမ်မိသွားတယ်း)) ကျေးဇူးနော်။

နေအလင်းရောင်ကို install လုပ်ချင်တဲ့ သဒ္ဒါတို့အိမ်နားကို အခုလောလောဆယ် မလာဖို့ စဉ်းစားထားတယ်း)) ညလေး ကျေးဇူးနော်။

AATO ရေ ဒီနှစ် ဂျပန် အားကြီး ပူတယ်ရော်။ ရေသန့်ရေ အခန်းပူရင် ရေဆင်းစိမ်လေ။။ ကွေးတာ မကြောက်ရင်ပေါ့..း)) ။ စည်းစိမ်ပြောမှ ဟုတ်သားပဲလို့ တွေးမိတယ်။ ကွေးတာကို သိပ်မကြောက်တော့ဘူး။ ကွေးလည်း အတူတူပေါ့ နေား)) စိုးရိမ်ပေးတာ ကျေးဇူးနော်။

လသာည said...

27 Jul 10, 12:18 PM
AATO: အားကြီး ပူတယ်လားး

27 Jul 10, 03:14 PM
seesein: အမလသာ ပူရင် ရေကန်ထဲမှာဘဲ ကွေးနေလေ ကြာကြာကွေးနေလေ ဇိမ်ကျလေပေါ့
27 Jul 10, 03:15 PM
seesein: အဲ ကွေးပြီးရင်တော့ ကော်ဖီပူပူလေး တစ်ခွက်လောက်သောက်လိုက်အုံး တော်ကြာ တုတ်ဆန့်နဲ့ မိနေအုံးမယ်

စီဘောက်ထဲက မှာစကားလေးများကို လည်း ပြန်တင်ထားပါတယ်။ စိတ်ပူပေးတဲ့ စည်းစိမ်ကို ကျေးဇူးအထူး တင်ပါတယ် <3

chindwinthu said...

အမရေ..ကျောင်းကပြန်လာလာ ပြီးချင်း အမ ဟာသလေးတွေ ဖတ်လိုက်ရတာ အမောပြေ လန်းဆန်းသွားတာဘဲ...။

Anonymous said...

27 Jul 10, 06:35 PM
လုလု: လသာညရေ့  လုလု အလည်လာသွားတယ်နော်။ တစ်ကြောင်းဟာသတွေ ဖတ်သွားပြီ။ ရီရတယ်။

နေ၀သန် said...

စာလာဖတ်ပါတယ်ဗျာ.. ဥာဏ်သိပ်မမီတော့ မပြုံးနိုင်ဘူးဖြစ်နေတယ.်.. သေချာထပ်လာဖတ်ပါဦးမယ်...

ခင်မင်တဲ့
နေ၀သန်

မယ့်ကိုး said...

ကျေးဇူးပါနော် ချစ်မလေး။ ရယ်မောရင်း ဘဝအမောတွေ ပြေသွာပြီ :D

ညိမ်းနိုင် said...

အပေါ်ဆုံးက ဟာသလေးကို သဘောအကျဆုံးပဲ...
နပိုလီယန် ရဲ့ အတွေးအခေါ်တွေကိုလည်း သဘောကျ
သွားပါတယ်..။

Anonymous said...

အမလသာရေ
ရွှေပြည်ကလူတွေ ရာသီဥတု ဆိုးလွန်းလို့ ဖျားကြ နာကြ တုတ်ကွေးတွေ ကွေး အပူဖုတွေပေါက်နဲ့ စိတ်ညစ်စရာကြီးဗျ တုတ်ကွေးလည်း မကွေးအားကြဘူးဗျ မန်းမန်းတူတူပုန်းမှာစိုးလို့ ရေခဲရေ မသောက်ဘဲ ရေနွေးကြမ်းများများ သောက်ရင် အဖု မပေါက်ဘူး ကော်ဖီအေး ဘာအေး ညာအေး တခုမှမကောင်းပေါင် ငွေကုန်ကြေးကျသက်သာ ဘေးရန်လည်းကင်းတဲ့ ရေနွေးကြမ်းလေးများများသောက် ရေနွေးကြမ်းကောင်းကြောင်းသိချင်ရင် မချောဘလော့မှာ ဖတ်လို့ရပါတယ်...ဒန်တန်တန် (ကြေငြာဝင်)
ခင်မင်စွာဖြင့်
seesein

Shinlay said...

လာဖတ်ပြီး ပြုံးသွားပါတယ်။
အသက်ရှည်သွားတယ်လို့ ထင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

အကြမ်းထည် said...

ဖတ်မှတ်သွားပါတယ်..မှတ်စု အတွက် အဆိုအမိန့်တချို့ကို ကော်ပီ လုပ်သွားပါတယ်။ကျေးဇူးတင်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။

ထား said...

လသာညရေ အားလုံးကို ဖတ်မှတ်ပြီး သဘောတွေ ကျသွားပါ၏။။

ချစ်တဲ့

ထား

ပေါ့ဆိမ့် said...

ရယ်စရာလေးတွေ ဖတ်ပြီး အိပ်တော့ မယ် ...

ဧည့်သည် said...

အစ်မရေ တစ်နေကုန်မအားတာနဲ့ ခုမှ ဖတ်ပြီးသွားပါတယ် ။ အမောကို ပြေသွားတာပါပဲ ။ တစိမ့်စိမ့်တွေးရင်း တမြည့်မြည့် ရီနေပါတယ်နော် ။

Premier friend no. 2 said...

Have read; and smiled. :D :D :D

လသာည said...

လုလု..ကျေးဇူးနော်။
ငြိမ်းရေ ကိုယ်တိုင်ဖတ်ရသလို visitor ကိုပါ စာတော်ဖတ်လုပ်ပေးရတာ ငြိမ်းတော့ ပင်ပန်းတော့မှာပဲး)))ကျေးဇူးနော် ငြိမ်း..။

နေ၀သန် မပြုံးနိုင်တဲ့ ဟာသများအတွက် အားနာလိုက်တာ။ ဆောရီးနော်။

မယ်ကိုးလေး... ကျေးဇူး။ နေနေကောင်းရဲ့လား။
မောင်လေးကိုလည်း ကျေးဇူး။
စည်းစိမ် ပြောသလို ရေနွေးကြမ်း များများသောက်မှပါ။ ပူလွန်းလို့ အခုဆို မျက်လုံးကတောင် အခိုးထွက်သလိုပဲ။

မ ရှင်လေးကို ကျေးဇူးတင်ပါတယ်နော်။
ကဗျာဆရာကြီး အကြမ်းထည်ကိုလည်း ကျေးဇူးပါ။
ပေါ့ဆိမ့်.. အိပ်မက်ထဲအထိ ပျော်ပါစေ..
ဧည့်သည်.. မင်းကတော့ ရှယ်ပါပဲ စာတော်ဖတ်နဲ့ ဇိမ်ကျနေတယ်ပေါ့။ အတန်းအားလုံး ပြီးသွားပြီလားး)))
ချစ်ထား.. ကျေးဇူးနော်။ ချစ်-၂ wasser အာရိကတိုး..

အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်

ချိုကျ said...

အော်...အစ်မကလည်း သူတောင်နေကို install လုပ်သေးတာပဲ ကိုယ်ကလည်း လသာည ပဲဟာကို လရိပ်ကိုinstall ပြန်လုပ်လိုက်ပေါ့ နော..:)

ခင်တဲ့(ချိုကျ)

သူကြီးမင်း (တုံးဖလား) said...

ဖတ်ပြီး ရယ်သွား၏။ ဟာသလေးတွေရော အဆိုအမိန့်တွေရော ကောင်းပါ၏။

ကိုကိုမောင်ဖြစ်ပါတယ်။းဝ)

sosegado said...

ရယ်လဲရယ်ရ မှတ်သားလောက်တဲ့ စာတွေပါပဲ ရေးပေးတာ ကျေးဇူးပါပဲ စကားရသွားတယ် ရေကန်ထဲ ဆင်းချင်တဲ့သူတွေကို ဟေ့ကောင် အကွေးခံချင်းလား မေးရဦးမယ်၊

blackroze said...

အမရေ..ကျမနေတဲ့နေရာမှာလဲ
နေကိုInstall လုပ်ထားကြသလားမသိပါဘူး..
အရမ်းကိုပူနေတာပါဘဲ

ခင်တဲ့...Blackroze

လသာည said...

ချိုကျ.. ဟုတ်သားပဲ.. အစ်မ မေ့နေတာပဲ.. ဒီည လရောင်ကို အင်စတောလုပ်ဦးမှး))))။
ကိုကိုမောင်.. ကျေးဇူးပါ..sosegadoကိုလည်း ကျေးဇူးပါ။ နှစ်ယောက်လုံး ကွေးမသွားအောင် ရေဆင်းမချိုးနဲ့နော်း))
blackroseရေ..ဟုတ်ပကွာ...အရမ်းပူအောင် သူတို့ အင်စတောတွေ လုပ်နေကြတယ်ထင်ရဲ့..း)))

သုခုမလေဒီ said...

ဟာသလေးတွေဖတ်ရလို့ ကျေးဇူးး...
ဒီနှစ်နွေက တကယ်ပဲ တအားပူတယ် အမလသာရေ....