Tuesday, July 13, 2010

အသွင်တူရင်

အင်း..အသွင်တူရင် အိမ်သူဖြစ်တယ်တဲ့..။ ပထမဆုံး စရေးသူက ဘယ်လိုအတွေးနဲ့ tag အသွင် လုပ်ပေးလိုက်သလဲ မသိပေမယ့်၊ ဒါဟာ နောင်လာနောင်သား ( အိမ်ထောင်မကျသေးတဲ့ သယ်ချင်းလေးတွေ) ကို အားကျအောင် လက်ဆင့်ကမ်းတဲ့ စကားလေးများ ဖြစ်မယ်ထင်ပါရဲ့..း))။ အဲဒီ လက်ဆင့်ကမ်းပွဲမှာ လသာညကိုလည်း မသီတာနဲ့ မချစ်ကြည်အေးက ချစ်ခင်စွာ တဂ်ထားပါတယ်။

ဘယ်လိုစရေးရမှန်းမသိတာမို့ သူများtagစာများ လိုက်ဖတ်လို့ referenceများများ လေ့လာခဲ့ပါတယ်။ ဖတ်ရင်းကနေ အင်း.. ဒါက ငါတို့နဲ့ တူလိုက်တာ၊ ဒါမျိုးလေး ပျော်စရာကောင်းလိုက်တာနဲ့ ပျော်ပြီး ပြန်လာခဲ့တယ်။ ကိုယ်တိုင်ရေးမယ့်ကြံတော့ ဘာမှ ထွက်မလာဘူး။ ဒါနဲ့ နောက်တခေါက် ထပ်ဖတ်၊ ပြန်လာ ပြန်ရေးဖို့ စဉ်းစား သံသရာလည်နေရော..။ အမြဲလည်း ကိုယ့်အကြောင်းနဲ့ ပတ်သက်ပြီး tagခံရလို့ ရေးခါနီးရင် စဉ်းစားရင်း ကြာကြာနေတာ များခဲ့တယ်။ မပြီးသရွေ့လည်း ကျောင်းက assignment အကြွေးကျန်သလို နေမကောင်းဘူးးD

ကဲ.. tag အကြောင်း နိဒါန်းချီတာ နှစ်ပိုဒ်ရသွားပြီ.. (^^;)

ရုပ်ရည်..
လူအများက ပြောတယ်၊ ရုပ်ချင်းဆင်ရင် ညားတတ်တယ်တဲ့..။ ဖြစ်နိုင်တယ်..။ လသာည တို့နှစ်ယောက် ရုပ်ချင်းဆင်ပါတယ်။ ကျောင်းမှာ သူလာပြီးတွေ့တော့ သူငယ်ချင်းတွေက မောင်နှမလို့ ယုံကြတယ် (အဲလောက်ထိ)။ ဘယ်အထိတူလည်း ဆိုရင် သွားထပ် (သထပ်)ပါတာတောင် တူတယ်။ သွားဆရာဝန်က ငယ်ငယ်က တော်တော်ပေတဲ့သူ (ကျန်းမာရေး ဂရုမစိုက်သူ) မို့ သွားထပ် ပါတာလို့ အဆူခံရပေမယ့် သူလည်း သွားထပ်ပါတာမို့ သူလည်း စရိုက်တူဖြစ်ခဲ့တယ်ဆိုတာ သေချာပါတယ်း))

စရိုက်..
စရိုက်လည်း တော်တော်များများ တူတယ်..။ လူမှုရေးများတယ်။ အပေါင်းအသင်းမင်တယ်။ ခင်တဲ့သူဆို နောက်တတ်တယ်။ သူ့ထက် လသာညက ပိုနောက်တတ်တယ်။ မှတ်ထားနော် တအားခင်သွားလို့ နောက်ရင် စိတ်မဆိုးတတ်ဘူးမို့လားဟင် ;)) လသာညက စနေမို့ စိတ်နည်းနည်းလေးတော့ ပိုကြီးတယ်..။ နည်းနည်းလေးပါ၊ များဘူး ဟင်းဟင်း |(=.=)| ။ ပြီးတော့ စိတ်ကောက်တာ သိပ်မကြိုက်ဖူး..။ ချော့ဖို့ စိတ်သိပ်မရှည်တတ်ဘူး.လေ.။ ဒါကြောင့် နှစ်ယောက်လုံး စိတ်မကောက်တတ်ဘူး.. (ကောင်းတယ်ဟုတ် ?)

အစားအသောက်..
သူက အစားအသောက်အရမ်းဂျီးများသလောက် လသာညက အကုန်တီးတာပဲ.။ လသာညဟင်းချက်လည်း ညံ့တော့ ကိုယ်ချက်တာ ကိုယ်ဂျီးများလို့ မရဘူးမို့လား။ အဲဒီတော့ လသာညက ကောင်းကောင်းဆိုးဆိုး အကုန်စားတယ်။ သူကတော့ ဂျီးများသူဆိုတော့ အခု ဂျပန်မလာခင်အထိ ယောက္ခမက ချက်ကျွေးတာ စားခဲ့ကြတယ်။ သူတို့အိမ်နဲ့က အိမ်နီးချင်းတွေဆိုတော့ လသာည ဟင်းချက်ညံ့တာ အကြောင်းသိတွေမို့ ပြဿနာ မရှိခဲ့ဘူး..။ ဒီကပြန်ရင်တော့ ချက်တတ်သရွေ့ ချက်ကျွေးမယ်နော်လို့ ချွဲထားလိုက်တယ်။ မဖြစ်တော့လည်း တစ်ခုခုတော့ ကြည့်ကျက်လုပ်ရမှာပေါ့နော်း)

အတွေးအခေါ်
ဒါကတော့ လုံးဝကို မတူတာရယ်။ သူက သားအကြီးဆုံးမို့ တွေးခေါ်တာက လူကြီးဆန်ပြီး အငယ်တွေကို ညှာတာတတ်တဲ့ စိတ်ထားရှိတယ်။ အရာရာကို တာဝန်ယူပေးချင်တယ်။ အနာဂတ်ဆိုတာကို ဟိုး.......... အဝေးကြီးအထိ စဉ်းစားတတ်သူဖြစ်ပေမယ့် လသာညက အခုလုပ်ချင်တာကို အခုကို လုပ်လိုက်ရမှ စိတ်တိုင်းကျသူပါ။ ဒီတော့ တခါတခါ သူ့အနာဂတ်ဆိုတာတွေကို နားထောင်ပေးလိုက်၊ တခါတခါ သူ့ကို ဆွေးနွေးမနေပဲ လုပ်ချင်တာ ချက်ချင်းလုပ်လိုက် လုပ်မိတာ ရှိပါတယ်။ မှားတဲ့အခါလည်း “အဟဲ မှားသွားပြီ” ပေါ့..။ တတ်နိုင်ဘူးလေ နော့..။

အချစ်
မမရွှေစင်စကားကို ဌားပြောရရင် အချစ်တူလို့ သာ ညားတာပေါ့နော်။ ( ကဲ reference ကောင်းကောင်း ထည့်လိုက်ပြီ မှားရင် မမရွှေစင် ကို သွားရန်တွေ့ပါး))

(အိမ်ထောင်မကျသေးတဲ့ သယ်ရင်းလေးများ နော်၊ ချစ်သူလေးများ ရှိနေပြီဆိုရင် အားလုံးအသွင်တူစရာမလိုပါဘူး။ လသာညတိုလို့ပဲ နည်းနည်းပါးပါး အသွင်တူတာရှိရင် ဖြစ်ပြီ၊ ကျန်တာ အချစ်နဲ့ ဖြည့်ပြီး နားလည်ပေးလိုက်ကြပါ။ သိပ်စဉ်းစားမနေနေဲ့ မြန်မြန် အသက်မကြီးခင် အိမ်ထောင်သာ ပြုကြတော့ ) မြှောက်ပေးခဲ့ပြီ ..

Tag ပိုစ်ပြီးစ်.........

ချစ်ခင်ရတဲ့ အမ သီတာ နဲ့ အမ ချစ်တို့ ကို ကျေးဇူးတင်ပါတယ်။
လသာည ဖြစ်ပါတယ်နော်းD

39 comments:

Shinlay said...

လာစပ်စုသွားပါတယ်။

မောင် လေး said...

မြှောက်ပေးတာ ကျေးဇူးတင်တယ်ဗျို့
နဂိုက ကို မြောက်ချင်နေတာ မြှောက်ပေးမယ့်သူမရှိလို့
ခုတော့ ပြန်ရောက်တာနဲ့ ပြုပစ်လိုက်တော့မယ်...။

Anonymous said...

တဂ်ပိုစ်နဲ့ တွေ့မှပဲ အစ်မအကြောင်းပိုသိရတော့တယ်..။ အားကျစရာပါဗျာ။ တကယ်ပါပဲ..။
ဟုတ်ပြီ မြန်မြန် ရှာယူတော့မယ်။

စာဖတ်ပိတ်သတ်လေး ဖြစ်ပါတယ် ဟီး (အစ်မလို လိုက်ပြောကြည့်တာ)

Shinlay said...

ဟုတ်ပါတယ်။ လသာနဲ့ ကျမကတော့ အသွင်တူလို့ 
Post တင်တာတောင်တိုက်ဆိုင်တယ်နော်။
အမှတ်တရ
Shinlay

Anonymous said...

မညရေ ဒီထက်ကောင်းတဲ့  အသွင်လေးတွေရေးလိုက်စမ်းပါ...ဒိုင်မရှိုပါနဲ့ ။

Anonymous said...

မညရေ ဒီထက်အသွင်တူတာလေးတွေရေးလိုက်စမ်းပါ ဒိုင်သျှိုတာလားဟင်

Anonymous said...

လသာည ရေ

တူတာ မတူတာ လေးတွေ ဖတ်သွားပါတယ် နောက်ဆုံး တူတာလေးတွေ ရှိလို့ ချစ်ကြ ညားကြတာပေါ့ နော်

နှစ်ပေါင်းများစွာ ပျော်ရွှင်ကျန်းမာ ချမ်းသာ ပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး ဖြစ်ပါတယ်

Crystal said...

ဒီမှာတော့ တအားတူနေလို့ ခက်နေတယ် အစ်မရေ.... :)

Anonymous said...

ကြီးဒေါ်လသာ
မြှောက်တိုင်းမြှောက်တဲ့အရွယ်တွေ မဟုတ်တော့ ခက်တယ်ဗျ ပြီးတော့ ၀ါ ၀ါ ၀င်ခါနီးနေပြီရယ်

ခင်မင်စွာဖြင့်
seesein

ချော(အစိမ်းရောင်လွင်ပြင်) said...

ခုတစ်လော ဘလော့တွေလည်တိုင်း အားကျစရာတွေနဲ့ကြီးတိုးနေတယ်
ရေးသူတွေကလည်း အားကျအောင် ရေးတတ်ကြပါပေတယ်..
သူတို့ကြည့်ပြီး နောင်တ ရရတော့မလိုလိုဖြစ်လာတယ်..
ဟွန့်... ပြန်လျှော်ပေးကြပါ..
ဒီတိုင်း မနေချင်အောင် ဆွဲဆောင်နေကြပါတယ်ဗျို့...
အားကျမခံ လှုပ်ရှားဦးမှပါဘဲ..း)

ကိုဇော် said...

ဟ. . ဂွတ်ထ ချက်ဗျာ။
မြှောက်ပေးချက် ကလည်းနော်။

စီနီယာတွေကို တော်တော်ကို မနာလိုဘူး အဲဗြဲ. .

Anonymous said...

ခုတော့ ဘလောဂါတွေထဲတောင် ကိုယ်နဲ့ အကျင့်တူတာ စရိုက်တူတာ တွေ့နေပြီ :)

ဒါ့ကြောင့်လည်း လာဆုံကြတာထင်တယ်နော် ဆိုက်ကို ဆရာမကြီး


မအယ်

Anonymous said...

နှစ်ယောက်လုံး စိတ်မကောက်တတ်ဘူး.. (ကောင်းတယ်ဟုတ် ?)
ကောင်းဘူးးး

အလွန်အင်မတန်စိတ်ကောက်တတ်သူ


မြတ်နိုး

လသာည said...

မရှင်လေး>> ဟုတ်တယ်၊ အမှတ်တရပါပဲနော်။
မောင်လေး>> လုပ်ငန်းစတော့း)
စာဖတ်ပိတ်သတ်လေး>> ဟားဟား အားကျရင် မြန်မြန်ယူပါ..

အကြမ်းထည်ရဲ့ ဆုတောင်းလေးတော့ တကယ်ပြည့်ချင်တယ်။ ကျေးဇူး..
အနောနိမတ်စ်> လာမြှောက်သွားတာပေါ့လေ..။ ဒိုင်မသျှိုပဲ အကုန်ပြောပြလိုက်ရမလားး))

အစ်မရွှေစင်>> ပေးတဲ့ဆုနဲ့ ပြည့်ရပါရစေ။ ဆုတောင်းလေးအတွက် ကျေးဇူးပါနော် အစ်မ။
စည်းစိမ်>> no no ၀ါဝင်ဖို့ ၁၀ရက်ကျော် လိုသေးတယ်လေ..။ ဆယ်ရက်အတွင်း ဘွတ်ကင်ချိတ်လို့ ရတာပေါ့းDD

crystal>> ဟုတ်လား။ အာ့ဆို ကောင်းတာပေါ့ကွာ။ တခါတလေ အကြိုက်တူလွန်းရင်လည်း လု ပြီး လုပ်ရလွန်းလို့ စိတ်ဆိုးရတတ်တယ်။ ဒီတော့ ကိုယ်ကသာ ဦးအောင် ကြိုက်တာလုပ်လိုက် (မြှောက်ပေးတား))

ချော>> ချောကို မြန်မြန်လေး အဖော်လေးရစေချင်လို့ အားပေးနေတာလေ။ ကဲ လှုပ်ရှားတော့နော်း))
ကိုဇော်လည်း စီနီယာတွေလို မြန်မြန် အကောင်အထည်ဖော်တော့လေးD

မ အယ် >> ဖြစ်နိုင်တယ်နော် အစ်မ |(^၊^)/ ၊ အကျင့်တူ စရိုက်တူ။ နောက်ထပ် ပုတ်လေးနှစ်လုံးအဖြစ် သတ်မှတ်ပေးပါ။ ဟားဟား ဆိုက်ကိုဆာမကြီး ဟုတ်ပါဘူး။ ဆိုက်ကိုလေ့လာသူမူလတန်း ကလေးသာ ဖြစ်ပါသေးတယ် ဟိဟိ။

မြတ်နိုး >> ဒါကတော့ မြတ်နိုးကောက်ရင် ချော့မယ်သူတွေ အနားမှာ အများကြီးရှိတာကိုး :D ပြီးတော့ ချော့ချင်သူအတွက် စိတ်ကောက်တတ်တာလေးက ပိုချစ်ဖို့ကောင်းနေမှာလေ နေား))) ကောက်သာကောက် ကောက်သာကောက်

အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်..

Sonata Cantata said...

လက်ဆင့်ကမ်းပွဲ တဲ့ ရေးတတ်လိုက်တာ...
နောက်ပြီး ရဲရဲကြီးလည်း မြှောက်ပေးတတ်သေးတယ်းD

ကျေးဇူး အများကြီး တင်ပါတယ်ရှင်

မနေ့က လသာည ဆီက မ သွားတဲ့ ဦးထုပ်နဲ့ ပို့စ်ရေးနေလို့ တဂ်ပို့စ်ကို လာဖတ်တာ နောက်ကျသွားတယ် နည်းနည်းလေးပါ...စိတ်ကောက်ဖူး ဟုတ် (^^;)

ခိုင်နုငယ် said...

မမလာသာရေ..
နည်းနည်းလေး...အသွင်တူရင်ဖစ်ပီပေါ့နှော်..
ဒါချို..လှုပ်ရှားလိုက်တော့မယ်..

ရေသန့်  said...

ကျနော်နဲ့ အသွင်တူသူတော့  မတွေ့ သေးဘူး...
အနော့် လိုလူကရှားတယ်လေ...ဟီး
အနော်က ရူးနေလို့ .....အဲ....ထူးနေလို့ ပါ...ဟိ...

ဧပရယ်လ်ပူး@ပူးတေ said...

ပူးတေတို့လဲ အချစ်တူတယ်နော် .... အချစ်တူမှ ညားမှာပေါ့နော်...:)

မောင်သီဟ said...

လှည့်ဖတ်တယ် အားကျတယ် ဒါပေသိလို့
မသိချင်ယောင်ဆောင်ပြီး နေတော့မယ် ကိုယ့်အလှည့် တနေ့လာမှာပေါ့လို့ နော်နော့် ဟိဟိ တားကတော့ စီမံကိန်းစရတေးဖူးးး အခုထိ ရေငုံနှုတ်ပိတ်နေတုန်းပဲ

T T Sweet said...

" လသာညက အကုန်တီးတာပဲ " ဆိုတော့ လန့်တောင်သွားတယ် .... ဖြေးဖြေးလဲ လုပ်ပါကွယ် ... ဒီက အသည်းငယ်တယ်ကွဲ့ ...း)

နောက်တာ စိတ်မဆိုးတတ်ပါဘူး။ ကိုယ်လဲ နောက်တတ်တာပဲလေ။ ဘလော့ဂါမမတွေ စိတ်မြန်တာတွေ စိတ်မရှည်တာတွေ ဒီတက်ဂ်ပို့စ်တွေမှာ အကုန်ပေါ်တာပဲ။ အန်တီ သက်ဝေကို ချောင်းရိုက်ကြပါဗျို့။ သူစတား)))

လုလု said...

တူလိုက်ကြတာဟယ့့် 
မလိုနာတောင် ဖြစ်လာသလိုလို့ 
ခုတလော ဘလော့ဂ်မှာလည်း တူလား/မတူဘူးလာ့း့ 
ဖေ့စ်ဘွတ်ခ်မှာလည်း တူလား/မတူဘူးလားနဲ့ 
မီး တောင် အားကျသလို့  အားငယ်သလိုလို့  သလိုလို့  သလိုလိုနဲ့ပဲ မီးဖိုဆောင်ဘက် ပြန်လှည့်သွားပါအိ့ 

သဒ္ဓါလှိုင်း said...

သူများတွေအေးအေးနေတာကိုမကြည့်လိုဘူးထင်တယ်..
ဇွတ်.........
သူတို့ကအားကျအောင်ရေးနေကြတာကိုးးးးး
ဒါပေမဲ့လည်းအားကျပေါင်...း)
မလသာတို့လည်းပျော်ရွှင်ချမ်းမြေ့ကြပါစေ..
ခင်တဲ့
သဒ္ဓါ

KNSL said...

နည်းနည်းပါးပါး အသွင်တူတာရှိရင် ဖြစ်ပြီ၊ ကျန်တာ အချစ်နဲ့ ဖြည့်ပြီး နားလည်ပေးလိုက်ကြပါ။
အဲဒီ့စကားအအကြိုက်ဆုံးပဲမ
:)

လသာည said...

အစ်မ သီတာ.. ရတယ် ရတယ် စိတ်မကောက်ဖူး.။ စိတ်လေးပဲ တိုတာ (ဟဲ နောက်တားDD)

ခိုင်နုငယ်.. လုပ်ငန်းစတော့ ညီမလေးရယ်း)))

ရေသန့် >> အရူးမှာလည်း အသည်းနဲ့ဆိုတော့ အသွင်တူအောင် အရူးမလေးနဲ့ ရပါစေးP

ပူးတေလ်>> ဒါပေါ့ ဒါပေါ့ ပူးတေနဲ့ မစ္စတာပီ ချစ်ခြင်းတူလို့ ညားတာပေါ့ ညလေးရယ် နော်းD

မောင်ဘကြိုင်..>> နောက်ကျသွားမယ် စီမံကိန်း စတော့။ (မြှောက်ပေးတား))

အစ်မဆွိက အသည်းငယ်သူဆိုတာ သိသွားပြီ ပိုချောက်ရမယ် ၀ါးဟားဟား ကြောက်ပီလား..

လုလုရယ် စိတ်မကောင်းဖြစ်နဲ့..။ လုလုကို ရှာပေးရမလားး))

သဒ္ဒါလေး အေးအေးနေရအောင် ပြောတာပါကွာ :D

ကျော်ညီမလေး (ရှူး တိုးတိုး အစ်မ ဖြီးဖြန်းနေတား))).. ဒါနဲ့ သိပ်မတွေ့ရလို့ နေမှ ကောင်းရဲ့လား..။ နွေကို လာလည်ဦးမလား

ချိုကျ said...

မလသာရေ...တူတာမတူတာ အပထား ဒီက ဘယ်လိုရှာရမှန်းကိုမသိတာ ခက်တော့ခက်နေပါပြီဗျာ နော် :(

ခင်တဲ့(ချိုကျ)

chindwinthu said...

အမရေ...အသွင်တူတာတွေက အခုရေးတာအကုန်ဘဲလား။ ချန်ထားနဲ့နော်... :)

သူကြီးမင်း (တုံးဖလား) said...

အင်း... အသွင်လေးတွေ တူနေလို့ တူတူနေကြတဲ့သူတွေကတော့ ရေးအားကောင်းတာပေါ့လေ။းဝ)

ကိုကိုမောင်ဖြစ်ပါတယ်။
အဟဲ။ အဲဒါလေးသဘောကျလို့။

ချစ်ကြည်အေး said...

ဟင်...ကောင်းခန်းရောက်မှ ကားပြတ်သွားသလိုပဲ... ဖတ်ကောင်းနေတုန်း Tag ပိုစ်ပြီးစ်.........တဲ့ အင်း...အေးလေ အချစ်တွေ တူဆိုပြီးတာပဲပေါ့နော ကျေးဇူးပါ ညီမ လသာညရေ....:))

မယ့်ကိုး said...

ချစ်မလေးတို့နှစ်ဦးအကြောင်းဖတ်ရတိုင်း သိပ်ကို ကြည်နူးစိတ်ချမ်းသာစရာကောင်းတာပဲ ။ ရုပ်သွင်လည်းတူပြီး စိတ်ချင်းထပ်တူလို့ အမြဲပျော်ရွှင်ပါစေလို့ =)
ချစ်မလေးက စနေသမီးနော်။ မယ်လည်း စနေသမီး။ စိတ်ကြီးတာချင်းတော့ တူတယ်။ အငြိုးကြီးတတ်တယ်လို့ စာထဲ ဆိုပေမယ့် ချစ်မလေးရော မယ်ရော အငြိုးမကြီးဘူးထင်ပါတယ်။ ပြီးတော့ စနေသမီးက ကိုယ်ချစ်တဲ့သူဆို စတာလား။ စာထဲမှာတော့ ခနဲ့တတ်တယ်တဲ့။မယ်လား...အလွန့်အလွန်ဘရိတ်အုတ်ထားရတယ်။သတိပြုနေရတယ်။ ... :P ...ချစ်မလေးကောဟင် ... :P

ဧည့်သည် said...

အဲဗျ ။ အနော့ကို ကြောနေသလိုပဲ ။ ဟီးဟီး ။ ပြန်ရောက်ရင်ယူတော့မှာဗျ... ဟီးဟီး ။ သူလည်း စနေ ကျွန်တော်လည်း စနေ ။ သူကလည်း အကြီးဆုံး ၊ ကျွန်တော်ကလည်း အကြီးဆုံး ။ သူကလည်း ဆရာမ ၊ ကျွန်တော်ကလည်း ဆရာ ။ သူကလည်း ကလေးတွေကိုချစ်တယ် ၊ ကျွန်တော်ကလည်း ကလေးတွေကို ချစ်တယ် ။ သူကလည်း သူတစ်ပါးကို ကူညီတတ်တယ် ၊ ကျွန်တော်ကလည်း သူတစ်ပါးကို ကူညီချင်တယ် ။ ခုမှ စဉ်းစားကြည့်တော့ အစ်မ ပြောသလို တူတာတွေတော်တော် များနေပြီဗျ ။ နောက်ထပ်တူတာတွေ ရှိဦးမယ်ထင်တယ် ။ ဟီးဟီး စဉ်းစားတွေဝေမနေတော့ ဘူး ။ ဆုံးဖြတ်လိုက်ပါပြီဗျာ ။ အစ်မစာတွေကို ဖတ်ချင်လွန်းလို့လေ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖတ်လိုက်ရတယ် အစ်မရေ ....

ရွှေရတုမှတ်တမ်း said...

သူများတွေကို အရမ်းမြှောက်ပေးမနေနဲ့နော်..
တော်ကြာ..ဆရာမကြီးခေါင်းပေါ်ကျလာလိမ့်မယ်..

လသာည said...

ချိုကျ.. ဒီလောက်လူတွေ အများကြီးကို..။ ရှာထား ရှာထားး))

ချင်တွင်းသူညီမလေး>> ရှူးတိုးတိုး အကုန်ရေးရင် ဂျပန်က ပြန်တဲ့အထိ ပိုစ်က ရေးမပြီးလောက်ဘူး ဆိုတော့ကား))

ကိုကိုမောင်လည်း ရှာလေ။ သူများကိုပဲ ပီယဆေးတွေ ဖော်ရောင်းပေးနေပြီးတော့းD

မ ချစ်ကိုလည်း ကျေးဇူးတင်ပါတယ်နော်။

မယ်ကိုး.. အဲ..ဟိုလေ.. ဟိုဟာကွာ..(ခေါင်းကုတ်ရင်း)ဟုတ်ကဲ့ မယ်ကိုးရဲ့ အဲဒီမေးခွန်းများကို စနေသမီးလသာညက မဖြေလိုပါ ဟားဟား။ သိချင်လျှင် ဂျပန်မှာဆုံတဲ့အချ ပြောပြပါမည်..း)))

ဧည့်သည်.. ကွန်ပျူတာ ကောင်းသွားပြီလား။ တော်သေးတာပေါ့.. ဒီတပတ်မင်းကွန်ပျူတာ မကောင်းသေးရင် အဟောင်းဝယ်တဲ့ကုမ္ပဏီကို ဖုန်းဆက်ပေးမလို့ ။ တူတာတွေ များနေတယ်ပေါ့ သေချာရင် လက်ဖွဲ့ဝယ်ထားလိုက်တော့မယ်နော်း))

ကိုကြီးကျောက်ပြောသလိုပဲ “သူများတွေကို မြှောက်ပေးပြီး ကိုယ့်ခေါင်းပေါ်ကျလာ”မှာလည်း စိုးသား။ ဒီတော့ သူများကို မမြှောက်ဖူး၊ ကိုကြီးကျောက်ကိုပဲ မြှောက်ပေးတော့မယ် (ကိုကြီးကျောက်လည်း ရှာလေးD ) ကိုကြီးကျောက် နေကောင်းသွားပြီလား

အားလုံးကို ကျေးဇူးတင်ပါတယ်

PhyoPhyo said...

ကိုယ်ချက်တာ ကိုယ်ဂျီးများလို့မရလို့ အကုန်တီးတယ်ဆိုလို့ ဟီးဟီး အဲလို ရီပလိုက်တယ်၊ သဘောကျလို့
တူတာတွေကများလိုက်တာ :)
သမီးလေကရော အဖေတူလေးလား အမေတူလေးလား

သက်ဝေ said...

ဘုရားရေ... ပိုစ့်တင်မက ကော်မန့်တွေပါ ဖတ်လိုက်မိပေလို့... ကိုယ့်ကို ချောင်းရိုက်ဖို့ အကြံပေး အရာရှိကို တွေ့ရတော့တာပါလား...

သူပြောတာတွေ မယုံနဲ့ ညီမ... မှားမယ်...။

အခုလို သိရတာ ဝမ်းသာတယ် ညီမ... နောက်လဲ စာလာဖတ်မယ်နော်... လင့်ခ်လဲ ယူသွားတယ်... ကိုယ့်ဆီလဲ လာလည်ပါ...။

သက်ဝေ ဖြစ်ပါတယ်...

နေ၀သန် said...

ပျော်စရာကြီး...း))))))


ခင်မင်တဲ့
နေ၀သန်

လသာည said...

ဖြိုးဖြိုး.. သမီးလေးက အဖေတူအမေတူလေး)) စိတ်ဓါတ်ကတော့ အမေတူလေရဲ့ .။ မနိုင်ဘူးးD

အစ်မ သက်ဝေ.. ကျေးဇူးအများကြီး တင်ပါတယ်။ လာနော် ခဏခဏး))

နေ၀သန် ပျော်ပါစေလို့လေ..းD

အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်..နော်

ဂျစ်တူး ( မုံရွာ ) said...

အင်း---နဲနဲစဉ်းစားရမယ်ဗျ-
အသွင်လည်းတူတယ်အိမ်သူလဲရှာမယ်။
ပိုက်ပိုက်ကမပြည့်စုံဘူး-အသက်ကကြီးတော့မယ်
ဘယ်နဲ့ လုပ်ရပါဗျာ-

ဇော်သိင်္ခ said...

မြှောက်ပေးလိုက်လို့ထင်တယ်.. နည်းနည်းတော့ မြောက်သွားသလိုပဲ. :) သူများတွေကို အားကျလာ လာပြီး... အမြန်ရှာမှ... :)

ထား said...

အသွင်မတူ အိမ်သူ မဖြစ်တဲ့
စကားပုံတော့ ရှိပါတယ်။
လသာညပြောသလို
နည်းနည်းပါးပါး တူရင်
ဖြစ်တယ်ဆိုတော့
အသွင် သိပ်မတူသူတွေ
စိတ်မပူရတော့ဘူးပေါ့။
ကောင်းပါလေ့။

ချစ်တဲ့

ထား