Saturday, May 15, 2010

အမြင်မှားတတ်တယ်

စိတ်အခံကြောင့် အမြင်တွေ မှားတတ်တယ်တဲ့..။ ဒါက စိတ်ပညာက နာမည်ကြီးတဲ့ ပုံလေးတွေပေါ့..


ဒီပုံကို တွေ့ရင် တချို့က မိန်းမပျိုလေးတစ်ဦးက ကိုယ့်ကို မကြည့်ပဲ တခြားတဖက်ကို ငေးနေတဲ့ပုံလို့ ဖြေကြသလို တချို့က အဖွားကြီးတစ်ဦး ခေါင်းငုံ့ စိတ်ဓါတ်ကျနေတဲ့ပုံလို့လည်း ဖြေတတ်တယ်။ သယ်ရင်း.. မင်းကော ဘယ်လိုမြင်ရသလဲ..။ ဒီပုံကိုလည်း ချက်ချင်းပြ၊ ချက်ချင်ပြန်သိမ်းလိုက်ပြီး ဘာပုံလဲလို့ မေးရင် တချို့က ယောက်ျားပုံလို့ ဖြေတယ်၊ တချို့က မိန်းမပုံလို့ ဖြေတယ်။ အဖြေမတူကြဘူး။ ကြည့်သူဟာ ဓါတ်ပုံကို မြင်မြင်ချင်း လျက်တပြတ်နဲ့ ပုံအလယ်ကို သာ မှန်းကြည့်လိုက်မိရင် ပုံအလယ်ကို ကြည့်မိရုံနဲ့ (အောက်ဆုံးက မိန်းမပျိုပုံကို မမြင်ပေမယ့်) မိန်းမပုံဆိုတာကို အမြင်ထဲမှာ ဆက်စပ်တွေးမြင်သွားတယ်။ ဦးနှောက်ရဲ့ functionတစ်ခု ကြောင့် ဖြစ်ပါတယ်။ (အဲဒီfunction အကြောင်းတော့ နောက်မှပြောတော့မယ်)။ အစကတဲက ပုံတစ်ပုံတွေ့ရင် အစအလယ်အဆုံး အသေးစိတ်ြ့ကည်တတ်သူကတော့ ယောကျာ်းပုံကိုစပြီး သတိထား ကြည့်မိတဲ့အတွက် ယောကျာ်းပုံလို့ ဖြေလိုက်တာ ဖြစ်နိုင်ပါတယ်။

စိတ်အခံကြောင့် မျက်လုံးအမြင်မှားတတ်သလို အလေ့အထကြောင့် အမြင်မှားသလို ဖြစ်တတ်တယ်။ အမြင်မှားတယ်ဆိုတော့ ဘယ်အမြင်မှန်သလဲလို့ လာမေးရင် နှစ်ခုလုံးက အမြင်မှန်တယ်လို့ ဖြေရမှာပါပဲ..။ တကယ်တော့ သူဘက်ကိုယ့်ဘက် သူ့ရှုထာင့်ကိုယ့်ရှုထောင့်ကနေ ကြည့်ရင် နှစ်ခုလုံးက အမြင်မှားဖြစ်နေနိုင်သလို နှစ်ခုလုံးက အမြင်မှန်လည်း ဖြစ်နေနိုင်တယ်လေ။ ဒါကြောင့် ကိုယ်မြင်တာဟာ အမှန်ဖြစ်နိုင်တယ်။ ဒီလိုပဲ သူများမြင်တာလည်း အမှန်ဖြစ်တယ်လို့ လက်ခံပေးလိုက်နိုင်ရင် အမြင်မှားတာ ရှိတော့ဘူးတဲ့... :D

လသာည.. ဖြစ်ပါတယ်။

15 comments:

ပန်းရင့်ရောင် said...

ဟုတ်တယ်နော်အစ်မ။သူများအမြင်ကိုလဲ လက်ခံပေးနိုင်မှ အထင်အမြင်လွဲတာ ဘယ်ရှိတော့မလဲနော့။

ပန်းရင့်ရောင် said...

(၁)ကွ :P

SHWE ZIN U said...

လသာည ရေ

အလွမ်းပြေ လာခဲ့တယ် :) အမြင် အားလုံးကို လက်ခံနိုင်ပါစေ

တူချင်မှတူမှာပေါ့ ဒါပေမဲ့ ကိုယ့်အမြင်နဲ့ ကိုယ်တော့ မှန်နေတာပေါ့ သူများ အမြင်တွေကိုလည်း လေးစားရမှာပေါ့

ခင်တဲ့
ရွှေစင်

မယ်ကိုး said...

ပထမပုံကို အဘွားကြီးလို့ ဘယ်လိုကြည့်ကြည့်မမြင်ဘူးဖြစ်နေတယ် ချစ်မလေး။
စိတ်ပညာသဘောအရ ဘယ်လိုလည်း ပြောပြပေးပါဦးနော်။

မင်းအိမ်ဖြူ Minn Eain Phyu said...

အဘွားကိုတော့ မနည်း ကြည့်လိုက်ရတယ်

ကျေးဇူးတင်၏

pps said...

အပေါ်ပုံလေးကတော်တော်စိတ်ဝင်စားစရာကောင်းတယ်....
ှုအဲဒီလိုမြင်အောင်ဆွဲတတ်တဲ့..အတွေးလေး..လေးစားမိတယ်...အမ..မပြောရင်..အဘွားပုံတွေးမိမှာဟုတ်ဖူး...း)
စိတ်ပညာလေးတွေမျှဝေတာကျေးဇူးပါ..............

လသာည said...

ဟုတ်တယ် အပေါ်ပုံက ကောင်မလေးရဲ့ မေးစေ့ကို အဖွားကြီးရဲ့ နှာခေါင်းအဖြစ်၊ ကောင်မလေးရဲ့ နားရွက်ကို အဖွားကြီးရဲ့ မျက်လုံးအဖြစ် တွေးကြည့်လိုက်ရင် အဖွားကြီးပုံကို တွေ့ရလိမ့်မယ်..

တို့တွေ အဖွားကြီးပုံကို လွယ်လွယ်မတွေ့နိုင်တာက အဲဒီအဖွားကြီးပုံက မြန်မာပြည်က အဖွားကြီးပုံနဲ့ မတူဘူးလေ..။ အနောက်နိုင်ငံက လူတွေကတော့ အဖွားကြီးပုံကို ပိုမြင်ကြတယ်..။ ဒါကြောင့်ဖြစ်မယ်..။

အားလုံးကို ကျေးဇူးတင်တယ်နော် :D။

Anonymous said...

ကောင်မလေးပုံတွေချည်းမြင်တယ်။

အောက်ကပုံတွေဆို ဘယ်လိုကြည့်ကြည့် အ၀တ်မပဘူးပဲမြင်နေတယ်။
ဟိ..
သုနှင်းဆီ

ကျော်နှင်းဆီလွင် said...

တကယ်တော့ သူဘက်ကိုယ့်ဘက် သူ့ရှုထာင့်ကိုယ့်ရှုထောင့်ကနေ ကြည့်ရင် နှစ်ခုလုံးက အမြင်မှားဖြစ်နေနိုင်သလို နှစ်ခုလုံးက အမြင်မှန်လည်း ဖြစ်နေနိုင်တယ်လေ။ ဒါကြောင့် ကိုယ်မြင်တာဟာ အမှန်ဖြစ်နိုင်တယ်။ ဒီလိုပဲ သူများမြင်တာလည်း အမှန်ဖြစ်တယ်လို့ လက်ခံပေးလိုက်နိုင်ရင် အမြင်မှားတာ ရှိတော့ဘူးတဲ့.

မညရေ
ဒီစာစုလေးကိုအရမ်းကြိုက်တာပဲ
တကယ်ကိုအတုယူစရာပါ။
:)

Anonymous said...

တကယ်တော့ သူဘက်ကိုယ့်ဘက် သူ့ရှုထာင့်ကိုယ့်ရှုထောင့်ကနေ ကြည့်ရင် နှစ်ခုလုံးက အမြင်မှားဖြစ်နေနိုင်သလို နှစ်ခုလုံးက အမြင်မှန်လည်း ဖြစ်နေနိုင်တယ်လေ။ ဒါကြောင့် ကိုယ်မြင်တာဟာ အမှန်ဖြစ်နိုင်တယ်။ ဒီလိုပဲ သူများမြင်တာလည်း အမှန်ဖြစ်တယ်လို့ လက်ခံပေးလိုက်နိုင်ရင် အမြင်မှားတာ ရှိတော့ဘူးတဲ့...
ဟုတ်တယ်နော် .......


ချစ်တဲ့

ထား

ထား said...

တကယ်တော့ သူဘက်ကိုယ့်ဘက် သူ့ရှုထာင့်ကိုယ့်ရှုထောင့်ကနေ ကြည့်ရင် နှစ်ခုလုံးက အမြင်မှားဖြစ်နေနိုင်သလို နှစ်ခုလုံးက အမြင်မှန်လည်း ဖြစ်နေနိုင်တယ်လေ။ ဒါကြောင့် ကိုယ်မြင်တာဟာ အမှန်ဖြစ်နိုင်တယ်။ ဒီလိုပဲ သူများမြင်တာလည်း အမှန်ဖြစ်တယ်လို့ လက်ခံပေးလိုက်နိုင်ရင် အမြင်မှားတာ ရှိတော့ဘူးတဲ့...

ဟုတ်တယ်နော်....


ချစ်တဲ့

ထား

Flower said...

ဟုတ်ပ
စစချင်တော့ ကောင်မလေးလို့ဘဲမြင်တယ်
အောက်ပုံကိုလဲယောက်ျားကြီးလို့ဘဲ မြင်တယ်.
စာဖတ်ပြီး သေချာပြန်ကြည့်တော့မှ
လသာည ပြောတာတွေဟုတ်နေတာကို တွေ့ရပြန်တယ်..
ဟုတ်တယ်နော်
လူဆိုတာ သူများမထောက်ပြရင် ကိုယ်မြင်တာအမှန်လို့ ထင်နေဦးမှာသေချာတယ်။.ခုမှ ကိုယ့်ကိုယ်ကို သိတော့တယ်.. ဟီး
ပြင်ဦးမှ..

ရွှေရတုမှတ်တမ်း said...

အောက်ကကောင်မလေးပုံကတော့...တန်းကနဲပဲ

ကတ်ကင်း said...

အစ်မလသာည ကျွန်တော်ကတော့ အခုမှစဖတ်ဖြစ်တဲ့ လူသစ်ပါ အစ်မ ရေးထားတဲ့ စိတ်ပညာအကြောင်းလေးတွေက အရမ်းဖတ်လို့ ကောင်းပါတယ် ကျွန်တော်က အဲ့လိုစာမျိုးတွေဖတ်ရတာ ၀ါသနာပါလို့ပါ အားပေးနေပါတယ်အစ်မ အခုတော့ နေ့တိုင်းလိုလိုရောက်ဖြစ်ပါတယ် ပျော်ရွှင်ပါစေအစ်မ

စိတ်ကူး said...

စိတ်ပညာကိုစိတ်ဝင်စားသူတစ်ဦးမို့ ကျေးဇူးတင်မိပါတယ်