Monday, May 17, 2010

ပျင်းကွက်ကိုရှာ

ပျင်းတယ်ဆိုတာ နာမည်သာဆိုးတာ လူသက်သာတယ်နော်။ အားလုံး အဆင်သင့်ရနေတဲ့ အဆင့်မြင့် နည်းပညာခေတ်ကြီးမှာတောင် တခါတလေ တစ်ထွာတစ်မိုက် လမ်းမလျှောက်ချင်အောင်၊ မလှုပ်ချင်အောင် ပျင်းမိတတ်တယ်။ အဲဒီအချိန်မျိုးမှာ ကိုယ့်ကိုကိုယ် အရမ်းအပြစ်မတင်လိုက်နဲ့၊ ပျင်းတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဖူးရယ်.. သူများတွေလည်း ကိုယ့်လို ပျင်းကြတယ်။

ဟော..မယုံဘူးလား?? ကဲ.. သက်သေအထောက်အထား အဖြစ် .အောက်က ကိုယ့်လို ပျင်းဖော်ပျင်းဖက်လေးများရဲ့ အပျင်းထူပုံများကို ကြည့်သွားပါဦး.. :D
တီဗွီရမု သွားယူဖို့အထိ အန်နာဂျီ အကုန်မခံနိုင်ဘူး..ထိုင်ခုံနဲ့ ထိုင် ထုတ်ရတာ ဆိုတော့ ပိုအဆင်ပြေပုံပဲ..ကားမောင်းတဲ့ဘက်ခြမ်းက မြင်ရရင် တော်ပြီပေါ့...မားမား လည်း ညောင်းတယ် သမီးရယ်..
ဖ၀ါးထပ်ချပ် လိုက်ပါရစေ အဲလေ.. မင်းပျံသန်းရပ် ခိုလိုက်ပါရစေ..

စိတ်ဝင်စားစရာ ပုံလေးတွေ တွေ့လို့ မျှဝေလိုက်တာပါ..း))
source from http://www.dailycognition.com/

လသာည ဖြစ်ပါတယ်။

10 comments:

Shinlay said...

တယောက်ထဲပျင်းနေတဲ့ ကျမ အဖေါ်တွေတွေ့ ရလို့ 
ဝမ်းသာသွားပြီ... ကျေးဇူးပါ။

မယ်ကိုး said...

အပျင်းတူတဲ့ သူအချင်းချင်း အဖော်ညှိမယ့်ဆို မယ့်လည်း မမေ့နဲ့နော် မ =)

ရွှေရတုမှတ်တမ်း said...

ကိုယ့်ပုံလဲပို့လိုက်ဦးမှ

kiki said...

ဟင့် .. ကော်မန့် ရေးဖို့ တောင် ပျင်း နေပါတယ် ဆို မှ .... ဟိဟိ

Anonymous said...

ပျင်းလို့ကို ကော်မန့်လာမပေးကြောင်း အသိလာပေးတာ
အဲဒါကိုစဉ်းစားပီး လာပြောတာ တညအိပ်ပီးစဉ်းစားရတာ
တကဲ့ကိုပျင်းနေတယ်

မြတ်နိုး

Anonymous said...

haa haa
saundoo.blogspot.com

လသာည said...

မြန်မာပြည်မိုးရွာပြီဆိုတော့ နည်းနည်းအပူငြိမ်းသွားတော့မှာ သေချာတယ်လို့ ၀မ်းသာတာ အကြောင်းပြပြီး စိတ်ချမ်းသာစွာ ပျင်းကြည့်တာပါး))

လသာညရဲ့ ပျင်းဖော်ပျင်းဖက်များ..ကတော့ မမရှင်လေး၊ မယ်ကိုး၊ ကိုကြီးကျောက်၊ kiki မြတ်နိုး၊ မဆောင်း တို့ဖြစ်ပါတယ် :D

အကြမ်းထည် said...

သိပ်မပျင်း မိသလို ပဲး) ..။
လာလည်တာ ကျေးဇူးကမ္ဘာပါဗျာ။
ပျော်ရွှင်ချမ်းမြေ့စွာ နဲ့ ထူးထူးဆန်းဆန်းလေးတွေ
တင်ဆက်နိုင်ပါစေ။
with reps;

SHWE ZIN U said...

အပျင်းထူပုံ လေး တွေ ကြည့်သွားရင်း ကိုယ်နဲ့ သူတို့ နဲ့ အပျင်းပြိုင်ရမလားလို့

တော်ပါပြီ ပျင်းတယ်

ရွှေစင်ဦးဖြစ်ပါတယ်။

ချိုကျ said...

ပျင်းချက်ကကမ်းကုန် ပါပဲ မလသာရေ...ကျွန်တော်တောင်ကြည့်ရင်း ပျင်းချင်လာလို့ပြန်ပြီ :)