Friday, May 21, 2010

အလကားရသော ပုံဆွဲတဲ့ ဆော့ဖ်ဝဲ

ကျွန်မက ပုံဆွဲရတာကို အရမ်းဝါသနာပါတာတော့ မဟုတ်ပေမယ့် ပုံလှလှလေးတွေတော့ တအားကြိုက်ပါတယ်..။ စာဖတ်ရတာ ပျင်းတဲ့အခါ ပုံတွေလိုက်ကြည့်ပြီး နေတတ်တဲ့ အကျင့်တော့ ရှိတယ်။ အခုရက် Thesis အတွက် လိုအပ်တဲ့ figure တွေ ဆွဲဖို့ လိုတဲ့အတွက် ပုံဆွဲတဲ့ ဆော့ဖ်ဝဲကို ရှာဖွေမိပါတယ်။

အဲဒါ.. ဒီနေ့ ဆော့ဖ်ဝဲကောင်းလေးတစ်ခု တွေ့လို့ ၀မ်းသာအားရ ရှယ်ပေးပါရစေ။ သူက 3 D ပုံဆွဲတာပါ။ တအားကောင်းပါတယ်။ ကျောင်းသားတွေလည်း သုံးတာမို့ ဗိုင်းရပ်မပါတာ သေချာတာရယ်၊ နောက်ပြီး install လုပ်စရာမလိုပဲ memory stick ထဲမှာ ကော်ပီကူးယူထားပြီး သုံးချင်တဲ့အချိန်သုံးရုံပဲ၊ နောက်ပြီး ဖျက်ချင်ရင် delect လုပ်ရုံပဲလေ။

သူက မောက်စ်ကို နှိပ်ရုံနဲ့ ကိုယ်ဆွဲချင်တာကို ဆွဲသွားလို့ရတယ်။ ပြီးတော့ အလကားလည်း ဒေါင်းလော့လုပ်ဖို့ ပေးထားတယ်။ ဒေါင်းလော့လုပ်ချင်တဲ့သူ ဒီနေရာကို ကလစ်ပါ။
ဂျပန်လို ရေးထားတာဖြစ်ပေမယ့် ဘေးက tool bar က ပုံတွေကို လျှောက်နှိပ်ပြီး စမ်းကြည့်လိုက်ရင် ရပါတယ်။ ပုံကို ကြီးချင်ရင် G ကို၊ သေးချင်ရင် F ကို နှိပ်ရုံပါပဲ ထက်အောက် ဘေးဘယ်ညာက A S D F ကီးကို နှိပ်ကြည့်လိုက်ပါ။ ပုံကို လှည့်ချင်ရင် မောက်စ်ကို right click လုပ်ပြီး နှိပ်လှည့်ရုံပဲ။ တအားကို လွယ်ပါတယ်။ လူပုံဖြစ်အောင် ဆွဲဖို့တော့ နည်းနည်းစိတ်ရှည်ရမယ် ထင်ပေမယ့် အပျင်းပြေ ဆော့ဖို့တော့ အဆင်ပြေမယ်ထင်တယ်။

ဒါက သူများဆွဲထားတာလေး နမူနာ ယူပြတာ။ ပုံလေးတွေ ဒီနေရာလေး မှာ ရှိတယ်။




အပေါ်ဆုံးက ပုံက လသာည ဆွဲထားတာ။ မိုက်တယ်ဟုတ်း)) ကိုယ့်ဘာသာ ချီးကျူးနေတာ အဟား။ ခွင့်လွှတ်ပါ။ ဘယ်သူပြောတာလဲတော့ မသိဘူး “ပုံဆွဲခြင်းဖြင့် stress တွေကို မေ့လျော့နိုင်တယ်”တဲ့.. ။ ဒါကြောင့် အားတဲ့အခါ သူ့ပုံတို့ ကိုယ့်ပုံတို့ ဆွဲကြည့်မယ်လို့ စိတ်ကူးနေတယ်.။ အခု ဆော့ဖ်ဝဲနဲ့ မနေ့ညက ဒီကိုလာ က ပုံတွေ ထပ်ဆွဲထားပါတယ်။ ပုံဆွဲဝါသနာပါသူလေးများ သွားရောက်လေ့လာဖို့ ညွှန်းပါတယ်..

လသာည ဖြစ်ပါတယ်။
မှတ်ချက်.. (3 D ကျွမ်းတဲ့ ပညာရှင်တွေ အတွက် တော့ ပျင်းစရာကောင်းချင် ကောင်းမှာပါ။ အပျင်းပြေ စိတ်ပြေလက်ပျောက် ပုံဆွဲချင်သူများအတွက်သာ သက်သက် သတင်းမျှဝေပေးတာပါ နော်း))

19 comments:

Shinlay said...

လာလေ့လာသွားပါတယ်။

မြတ်နိုး said...

stressလျော့တာ ပုံဆွဲပီးဖြေတယ်ဆိုရင် အဲဒီလူက နဂိုထဲက ပုံဆွဲဝါသနာပါလို့ဖြစ်မယ်ထင်ပါတယ်။

ဒီပို့စ်လေးကူးတော့ထားမယ်.. ဆွဲတော့ဆွဲသေးဘူး..ပျင်းးးးးးးးးးးးးးးးးးးးးးလို့။

ပုံဆွဲတာ ငယ်ငယ်က စိတ်ပါလက်ပါဆွဲရင် လှပေမဲ့ စိတ်ပါတာက ၁၀နှစ်မှာတကြိမ်ထင်ပါရဲ့။..ဟီးးး

လသာညရဲ့ သီးစစ်ကိုဖတ်ချင်တယ်တော့ ပုံတွေကြည့်ချင်လို့..။

မြတ်နိုး said...

ပြောဖို့မေ့သွားတယ်.. ကိုယ်က stress လျှော့ရင် သီချင်းအော်ဆိုတယ်.. သူငယ်ချင်းတွေနဲ့ တောင်စဉ်ရေမရပြောတယ်.. ဒါမှမဟုတ် လူသူရှင်းတဲ့ချောင်းဘေးမြစ်ဘေးသွားတယ်..ရထားလာရင် အသားကုန်အော်လိုက်တယ်..ဟီးးးးး။

ဒေါသထွက်ရင်တော့ ပုံရှိရင်ပုံပေါ်မှာ ခဲတံနဲ့ အသေခြစ်တယ်.. ဒါမှမဟုတ်စက်ကူပေါ်မှာခြစ်တယ်။ ပီးရင် အသေးလေးတွေဖြစ်အောင်ဆွဲဖြဲပစ်တယ်.. အဲဒါလဲပီးရော ဒေါသလဲပျောက်ရော။ ငယ်ငယ်က နံရံကိုလက်သီးနဲ့ထိုးတာ အုတ်နံရံဖြစ်လို့ ကွဲဘူးပီးတော့ အဲ့နည်းပြောင်းသုံးတာ။

အကြမ်းထည် said...

Great :D !!
have a nice day!!
carry on,
with reps;

ချိုကျ said...

ကျေးဇူး upg အဲအဲ Sorry ကျေးဇူး မလသာ လို့ပြောမလို့ ဆော့ဖ်ဝဲ အတွက်ပါ :)

khin oo may said...

ဟိုကြည့်ဒီကြည့်လုပ်သွား၏

TZA said...

ကျေးဇူးတင်ပါတယ် လသာည၊ လက်တည့်စမ်းနေတုန်းပါ။
http://degolar.blogspot.com/2010/05/c-for-cube.html

Flower said...

ပုံဆွဲပြီး stress လျှော့တာလဲ ကောင်းတာပါဘဲ
အာရုံဝင်စားနေတော့ ကျန်တာတွေ အလိုလိုမေ့လျှော့သွားတယ်လေ
လသာညနဲ့နည်းလမ်းကလေးကို အားကျသွားမိတယ်
နောက်နေ့တော့ ပုံဆွဲဦးမှပါဘဲ..

နှင်းဟေမာ said...

ပုံဆွဲခြင်းတို့ ဒီဇိုင်းလုပ်တာတို့ဆိုရင် အရမ်းစိတ်ဝင်စားတယ် .... ဂျပန်လိုတွေတော့ ဘာမှ ဖတ်တတ်ဝူးးD

မယ့်ကိုး said...

မလုပ်ကြည့်ရသေးဘူး ချစ်မလေး။ ဒါပေမယ့် ပျော်စရာကောင်းမှာ သိနေတယ် =)

ကျော်နှင်းဆီလွင် said...

မည
ပုံဆွဲတော်လို့ ညီမပုံတူအပ်မယ်နော်
ခစ်
:D

rose of sharon said...

ပုံဆွဲရတာကြိုက်တယ်... စမ်းကြည့်မယ်... ကျေးဇူးသူငယ်ချင်းလေး

လုလု said...

ယနေ့ပဲ စမ်းသုံးကြည့်လိုက်မယ်နော်။ ကျေးဇူးပါနော်။

Anonymous said...

အစ်မက အဲဒါလည်း တတ်တာပဲလား
လေးစားပါတယ်ဗျာ

စာဖတ်ပိတ်သတ်လေး

လသာည said...

မြတ်နိုး>> လသာည သီးစစ်က ပုံလှလှတွေ ဆွဲတာတော့ မဟုတ်ဘူး။ စက်ဝိုင်းတွေ စတုဂံတွေနဲ့ ရောနေတဲ့ IQ test ပါ စိတ်ဝင်စားစရာ မကောင်းပါဘူး.. :P

Kyaw Hninse Lwin>> ညီမလေးပုံတူလား.. အရမ်းလှတဲ့ ကျော့်ပုံကို ဆွဲဖို့လောက် အစ်မက အရည်အချင်းမရှိသေးဘူးကွယ် :D..။

ကွန်မန့်လေးများ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်နော်။
တကယ်လို့ ပုံဆွဲကြည့်လို့ မရခဲ့ရင် နားမလည်တာ ရှိခဲ့ရင် လာမေးပါ။ အားမနာပါနဲ့.. ။ သိတာ အကုန်ပြောပြပါ့မယ်းD

SHWE ZIN U said...

လသာည ရေ

ပုံတော့ ဆွဲတတ်ဘူး

မျှဝေတဲ့ လသာည ကိုတော့ ကျေးဇူးနော်

ခင်မင်စွာဖြင့်

ရွှေစင်ဦး ဖြစ်ပါတယ်

SHWE ZIN U said...

လသာည ရေ

ပုံလေး တွေက လာရောင်း တဲ့ ဈေးသည်တွေ ထဲက အကောင်လေး တွေ ကိုရိုက်ထားတာနော်

ခုနက ဖြေဖို့ မေ့သွားလို့ ပြန်လာတယ် ဆီပုံး ကရောင်းစားလိုက်တာလား

ရွှေစင်ဦး ဖြစ်ပါတယ်

Anonymous said...

ပုံတူတစ်ပုံလောက်တော့ အပ်ချင်တယ်ဗျို့

ညှိနှိုင်းဈေးဘယ်လောက်ပါလဲ (တမျိုးမထင်နဲ့နော်) အကျင့်ဖြစ်နေပြီလေ.....

ခင်တဲ့
seesein

လသာည said...

seesein >> ညှိနှိုင်းဈေးလား..
အင်း ၅၀၀ လောက်ဆိုတော်ပါပြီ
မျက်လုံး နှာခေါင်းပါရင် ရတယ် ဟုတ် :D
မရွှေစင်>> ပိုက်ဆံအသုံးလိုလို့ စီပုံး ရောင်းစားလိုက်တာ.. မ ;))