Monday, May 24, 2010

နံရံများနှင့် ကျနော်

နံရံအားလုံး..♪.. နားတွေ ရှိရင် ♫... ဘ၀ကို.♪. သီချင်းလုပ်.♪. ဆိုချင်တယ် ♪♪♪♪ ♪♫..... .

လသာည ဖြစ်ပါတယ်
...................................................X ........................................

21 comments:

လသာည said...

စိတ်ပြေလက်ပျောက် ရယ်စရာ တင်ဖြစ်သော်လည်း မင်္ဂလာဈေး မီးလောင်သတင်းက တကယ့်ကို သွေးပျက်မိတယ်။

သိင်္ဂါကျော် said...

ရယ်စရာ ကာတွန်းဆိုပေမယ့် ဖြစ်တတ်တာလေးပါ.
မကောင်းတာက ပျံနှံ့တာမြန်တယ်.. ကောင်းတာ ဆိုရင်တော့ ...။

ကျော်နှင်းဆီလွင် said...

မရေ
အနုပညာဥာဏ်ရှိတယ်
ကြိုက်တယ်သိလား

ဈေးပုံတွေကြည့်ပြီးလန့်သွားတယ်မရယ်
အတော်ကြီးတာပဲ

SHWE ZIN U said...

ဟုတ်ပါ့ လသာည ရယ် တခါတခါ တော့ ရွှေစင်ဦး လည်း အရူးဖြစ်သွားတယ်

မင်္ဂလာဈေး ကြီးအတွက် စိတ်မကောင်းဘူး MICT မှာ လောင်တုန်းက လည်း အဲဒီအတိုင်းဘဲ

အခုထိ မငြိမ်းတတ်သေးကြဘူး.

တဲ နဲဘဲ တန်မယ်ထင်ပါတယ်ဗျာ

ရွှေစင်ဦး ဖြစ်ပါတယ်

အကြမ်းထည် said...

နံရံ တွေ မှာ နား တွေ ရှိတယ် လား

”ဘဝ ရဲ့ အစ ဟာ...အချစ် တဲ့ လား ဟေ့
ချစ်ဖူးတယ်...ချစ်ဖူး တယ်...အို ..မလွယ်ဘူး ၊
ရူး နိုင် တယ်”


ပျော်ရွှင်ချမ်းမြေ့ ကျယ်လောင်စွာ ရယ်မော နိုင်ပါစေ။

ပေါ့ဆိမ့် said...

နံရံများနှင့် ကျမ လုပ်ပါအမရဲ့ အဟိ..
မရောက်ဖြစ်တာ ကြာပီအမရေ ကိုယ် site ထဲမှာတင် ချာလပတ်လည်နေလို့ .. မဖတ်ဖြစ်သေးတဲ့ စာတွေအတွက် ထပ်လာဖတ်ရဦးမယ် ...။
ခင်မင်လျက် ...

kiki said...

ဪ ..အက်ကိုး ကြောင့် ရူး ရှာ ပြီ ကိုးးးး.
အဖေါ် ရတာ ပေါ့ .. လာလေ ...
အိမ်နီးချင်း ဖွဲ့  ရ အောင် .. လသာည ရေ ။။

မယ်ကိုး said...

မ ဟာသဥာဏ်ကို အရမ်းသဘောကျတယ်။ သက်ရောက်မှုတိုင်း တန်ပြန်တုံ့ပြန်မှုမရှိဘူးဆိုတာ ခါးသက်စရာ ဆိုပေမယ့် ဒါလေးဖတ်ရတော့ ရယ်လိုက်ရတာ။

ချစ်မလေးလည်း ပျော်ရွှုင်ပါစေ။

ရွှေရတုမှတ်တမ်း said...

ဪ....ကိုယ်တွေ့ကိုး....

Anonymous said...

မညလေး အက်ခိုးသံတွေ ကို နားထောင်ရင်း ဘ၀ကို ကျော်ဖြစ်နိုင်ပါစေ.......

Anonymous said...

မိုက်တဲ့ကောင်ထွက်ခဲ့
ကျန်တဲ့သူနဲ့ ငါနဲ့ချမယ်ကွ......ဟဲဟဲ
ပြောမယုံ ကြုံဘူးမှ သိကြမှာပါလေ .......


ခင်တဲ့
seesein

Anonymous said...

အိုက်ဒီယာလေး ကြိုက်တယ်ဗျာ..

ကျွန်တော်လည်း ကျွန်တော့ကောင်မလေးကို ပြောဖူးတယ်။ “မင်းကို အရမ်းချစ်တယ်”လို့ ။ သူမက ပြန်ပြောတယ် “နင် အရူးပဲ”တဲ့
ဒီပိုစ်လေးဖတ်ပြီး ကျွန်တော်လည်း ဖြေပါတယ်။ အော်.. သူက နံရံမှ မဟုတ်တာလို့ ဟီးဟီး

ခင်မင်လျက်

စာဖတ်ပိတ်သတ်လေး

Anonymous said...

မလသာည.ကျွန်တော်ကမလသာညရဲ့ စာဖတ်ပရိတ်သတ်တစ်ဦးပါ။ (ခဏခဏရောက်ပါတယ်။ မမန့်ဖြစ်လို့ပါ)အခု မေးချင်တာလေး ရှိလို့ မန့်ခဲ့ပါတယ်။

အခုကာတွန်းပုံက အရာရာ အမြဲမမှန်တဲ့ ပတ်ဝန်းကျင်ကြီးကို စိတ်ညစ်လို့ ဆွဲတာလား..
လောကကြီးကို မကျေနပ်လို့ သရော်ချင်လို့ ဆွဲတာလား..

ဒါမှမဟုတ် ကိုယ့်ကို တော်တယ်ပြောစေချင်လို့ သူများကို တော်တယ်လိုံ့ အော်နေသူတွေ၊ ကိုယ့်ကို ချစ်တယ်ပြောစေချင်လို့ သူများကို (မချစ်ပဲနဲ့) ချစ်တယ်လို့ ပြောနေသူတွေကို ခနဲ့ချင်လို့ ဆွဲတာလား..

ဒါမှမဟုတ် ပထမနေ့က ပြောသလို stress နည်းချင်လို့ ပုံဆွဲချင်လို့ ဆွဲတာလား..

အဟဲ ဘာမှမဟုတ်ပါဘူး...။ ကျွန်တော်က ဒီကာတွန်းကို ကြည့်ပြီး အတွေးအမျိုးမျိုးပေါက်နေလို့
ကာတွန်းရေးဆွဲသူ မလသာညရဲ့ အဖြေကို သိချင်ရုံလေးပါး))

ခင်မင်လေးစားစွာဖြင့်
မလသာညရဲ့ စာဖတ်ပရိတ်သတ်တစ်ဦး
(ခဏခဏရောက်ပါတယ်။ မမန့်ဖြစ်လို့ပါ)

Anonymous said...

ရီစရာလို့ပြောပေမဲ့..မရီရလို့ မန့်မသွားတာပါ။
ဒါပေမဲ့ ကော်မန့်အချို့ဖတ်ပီးတော့ လသညရဲ့ သဘောထားကိုသိချင်လာပါတယ်။
ဘာကိုပြောချင်တာလဲ ...တို့ကတုံးတယ်။
ရီစရာလို့ပြောပေမဲ့ တခါတလေရီစရာမထင်ဘူး

မြတ်နိုး

လသာည said...

ဗက်ဆာ said...

Driving Force ကိုပဲ စိတ်ဝင်စားတယ်။

မိဆိုးလေး said...

လောက မှာ လသာညကို အချစ်ဆုံးးးးး အချစ်ဆုံး.....တဲ့ ကိုအဝှာက ပြန်ပြောနေပါတယ်..။
မိဆိုးလေးကတော့ ဒို့ လသာည အတော်ဆုံးးးးးးး။<3<3<3<3


Anonymous said...

ဘယ်သူတွေလဲအရူးလဲခွဲခြားသိပါ၇စေ သီချင်းကိုသတိရသွားလို့ ပါ။

လသာညအတော်ဆုံးကွ အတော်ဆုံး ပဲ့ တင်သင်နဲ့ ထပ်တူ အောင်မြင်ပါစေ...ဟားဟားဟား

အိစံ

ထား said...
ဘယ်သူရှိလဲ............မေးတော့..........“ထား”ရှိတယ်.......ဟဲဟဲ........

ချစ်တဲ့

ထား

လသာည said...

လသာညကို ဒါရိုက် မေးထားတဲ့မေးခွန်းများအတွက်>>
[ကိုယ်တွေ့လား]
“ကြုံဖူးတယ် အို မလွယ်ဖူး ရူးနိုင်တယ်.”.:D

[အခုကာတွန်းပုံက အရာရာ အမြဲမမှန်တဲ့ ပတ်ဝန်းကျင်ကြီးကို စိတ်ညစ်လို့ ဆွဲတာလား..
.... .......... ..... ......ဆွဲချင်လို့ ဆွဲတာလား..}[လသာညရဲ့ သဘောထားကိုသိချင်လာပါတယ်။]

ဒီလိုပါ.. ရေးတုန်းကတော့ ကိုယ့်ဘ၀ထဲက နံရံများ ကို သရော်ချင်လို့ သရော်ကာတွန်းဆွဲတာပါ။ ဆွဲပြီးတော့ လေဘယ်ထိုးခါနီးမှ အတွေးကအမျိုးမျိုး ပြောင်းသွားတယ်။

ပြောင်းသွားတဲ့အတွေးက “မင်းက အတော်ဆုံးပဲ၊ မင်းကို အချစ်ဆုံးကွာ”လို့ပြောနေချိန် ဘာလို့ အယ်ကိုး မမြည်တာလဲဆိုတာကို တခြားရှုထောင့်ကနေ တွေးမိတယ်။ ဥပမာ.. သူက မာနကြီးသူဆိုတော့ စိတ်ထဲမပါတာ၊ မမှန်တာကို တမင်တကာ မပြောချင်ဘူး။ ဒါကြောင့် နံရံတွေမကြားအောင် တိုးတိုးလေးပဲ ပြောသွားခဲ့တယ်၊ ဒီတော့ အယ်ကိုးက မပြန်နိုင်တော့ဘူး။ ပြီးတော့ အဲလို တစ်ယောက်တည်း မာနကြီးကြီးနဲ့ သူများမကြားအောင် တိုးတိုး တိုးတိုး၊ ပွစိပွစိ ပြောနေတဲ့သူမိုလို့ နံရံများက အရူးလို့ ပြောတာလည်း ဖြစ်နိုင်တယ်လို့ တွေးမိလိုက်တာမှာ အော်ရယ်မိသွားတယ်.. :D ဒါနဲ့ပဲ ရယ်စရာ အဖြစ် လေဘယ်ထိုးပြီး ရယ်မိနေတာပါ \(^^)/

အမြဲတမ်း လသာညရဲ့ ခံစားချက်များကို မျှဝေခံစားပေးသော သယ်ရင်းအားလုံးကို ကျေးဇူးအထူးပဲ တင်ပါကြောင်း။ ရူးမိတဲ့အခါလည်း ခွင့်လွှတ်ပေးပါလို့ :D။

သဒ္ဓါလှိုင်း said...

ပထမဆုံးလာရောက်ခဲ့ပါတယ်။ကာတွန်းလေးတွေပုံလေး
တွေကိုကြည့်ပြီးလေးစားပါတယ်..။

ခင်တဲ့
သဒ္ဓါ

နေ့အိပ်မက် said...

မိုက်လှချည်လား

Flower said...

ပုံကိုကြည့်ပြီး ဟာသအနေနဲ့ဆွဲထားတယ်လို့ ထင်ရပေမဲ့
ပေးချင်တဲ့ မက်ဆေ့လေးကို ခံစားမိတယ်
အဲဒီပုံထဲမှာ လူတွေရဲ့ အတ္တစိတ်ကို အတိုင်းသားတွေ့လိုက်ရတယ်
မလသာညကို ချီးကျူးတယ် တကယ်...
အိုင်ဒီယာလေးတွေ သိပ်ကောင်းလို့...
ခုလို ကိုယ်ပိုင်ဟန်ကလေးတွေနဲ့
ပြောချင်တာလေးတွေကို ချပြတတ်လို့လေးစားမိပါတယ်..

Unknown said...

အမ လ (အမလ)၊ အမသာ၊ အမည (အညာလေနဲ့ မြန်မြန်ရွတ်ဆိုရန်)
အမလသည၊ မမလသည
အင်း ၀ထကလသ တွေခေတ်စားနေတော့ နည်းနည်းရူးပြီး ခေါ်ကြည့်နေတာပါ ဘယ်နာမည် အကြိုက်ဆုံးပါလဲ
တစ်ယောက်တည်း တိုးတိုး တိုးတိုး၊ ပွစိပွစိ ပြောနေတဲ့သူမိုလို့ နံရံများက အရူးလို့ ပြောတာလည်း ဖြစ်နိုင်တယ်လို့ တွေးမိလိုက်တာမှာ အယ်ကိုးက မပြန်နိုင်တော့ဘူး။

အယ်ကိုးကို ပြန်ခိုင်းလိုက်တော့ဗျာ နံရံတွေကြား နေချင်တော့ဘူးတဲ့ တိုးတိုး တိုးတိုး ပွစိပွစိနဲ့ အသစ်မရှိလို့ပြန်သွားပြီ


ခင်တဲ့
seesein

sosegado said...

ခုမှဖတ်သွားတာ အိုင်ဒီယာမိုက်တယ်၊ ရယ်လည်ရယ်ရတယ်