Sunday, May 30, 2010

မှတ်သားမိတဲ့ အတိုအစများ

အရင်တလော မျက်လုံးကြည့်မကောင်းလို့ ဆရာဝန်သွားပြတော့ အဝေးမှုန်တဲ့..။ (အနီးကတော့ မြင်ပါတယ်။ ကွန်ပျူတာဆို အနားကနေမခွာပဲ အမြဲ ကြည့်ဖြစ်နေတာပဲဟာ..)။ ဒါနဲ့ မဖြစ်မနေ အခု မျက်မှန်တပ်လိုက်ရတယ်..။ အခုတော့ လောကကြီးကို ဘောင်ခတ်လို့ ဘောင်ထဲကသာ ကြည့်နေရပါတယ်း))

ဆရာဝန်က ဆက်ပြောသေးတယ်။ ကွန်ပျူတာကြည့်တာ နည်းနည်း လျှော့ပါတဲ့.. ;'(။ ဒါနဲ့ မျက်လုံးနားတဲ့အနေနဲ့ အရင်ထက် ကွန်ပျူတာကို ကြည့်ချိန်လျှော့လိုက်ပြီး စာအုပ်တွေပဲ အဖတ်များသွားတယ်။ ဖတ်ဖြစ်တဲ့ စာများထဲက တချို့ကို မျှဝေချင်တာနဲ့ ပိုစ်တင်လိုက်ပါတယ်။ သိပြီးသားဖြစ်နေရင် ခွင့်လွှတ်ပါ.နော်..
....................................................x..........................................
(က)
သုတေသန မှတ်တမ်းတစ်ခုက.. သာမာန်အမျိုးသားတစ်ဦးထက် သာမာန်အမျိုးသမီးတစ်ဦးဟာ လေးဆ ငိုဖြစ်တယ်လို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ အမျိုးသမီးတွေရဲ့ ဦးနှောက်လုပ်ငန်းစဉ်တွေဟာ တခြားသူ၏ မျက်နှာရိပ်မျက်နှာကဲ ဖတ်ခြင်း၊ စကားလုံး အနိမ့်အမြင့်ကနေ တဖက်လူရဲ့ စိတ်လှုပ်ရှားမှုကို သိနိုင်ခြင်းစတာတွေ (အမျိုးသားများထက်) ပိုပါတယ်။ ဆန့်ကျင်ဖက်အားဖြင့် အမျိုးသားများမှာတော့ တခြားသူရဲ့ ခံစားချက်ကို မျက်နှာရိပ် မျက်နှာကဲ (အမျိုးသမီးများလောက်) မဖတ်တတ်သလို၊ အသံအနိမ့်အမြင့်ကနေလည်း သိရှိနိုင်မှုအားနည်းပါတယ်။ တဖက်လူက တကယ်မျက်ရည်ကျတော့မှသာ ခြေမကိုင်မိ လက်မကိုင်မိ ပြာယာခတ်ပြီး ငါတစ်ခုခု အပြောမှားသွားပြီလို့ သိသွားတတ်တာပါ။ ဒါကြောင့်လည်း အမျိုးသားများ မြန်မြန်သိနိုင်ဖို့ အမျိုးသမီးများ ငိုငိုပြနေရတယ်။

(ခ)
ကျက်မှတ်ထားတဲ့စာကို စွဲမြဲစေချင်ရင် အနံ့နဲ့ တွဲမှတ်ပါတဲ့။ ကိုယ်ကျက်မှတ်ဖတ်တဲ့စာကို စွဲမြဲဖို့ စာဖတ်ချိန်မှာ ပန်းရနံ့ကဲ့သိုသော အမွေးရနံ့တစ်ခုနဲ့ စာကြည့်ပါ။ ဥပမာ.. နှင်းဆီပန်းအနံ့ ကြိုက်သူများက နှင်းဆီပန်းအိုးကို စာကြည့်စားပွဲပေါ်ထားရင်း စာကြည့်ပါ။ ပြီးရင် အဲဒီနှင်းဆီပန်းရနံ့နဲ့ပဲ အိပ်ပါ။( အိပ်ရာဘေး မနီးမဝေးမှာ နှင်းဆီပန်းထားပြီး အိပ်ပါ)။ ဦးနှောက်ရဲ့ ဖန်ရှင်တစ်ခုက အနံ့အာရုံနဲ့ တွဲထားတဲ့ စာတွေကို အနံ့အာရုံနဲ့ တွဲပြီး မှတ်တတ်တဲ့ အတွက် အိပ်မောကျချိန် (မသိစိတ်ထဲထိ) စာနဲ့ မွှေးရနံ့က တွဲမှတ်သွားပါလိမ့်မယ်။ ဒါဆို စာမေးပွဲ ဖြေချိန်မှာ ၎င်းရနံ့(နှင်းဆီပွင့်သေးသေးလေးဖြစ်ဖြစ်)နဲ့ သွားဖြေရင် ရနံ့နဲ့အတူ စာတွေက ခေါင်းထဲကနေ တန်းစီထွက်လာနိုင်မယ်လို့ ဦးနှောက်သုတေသန တစ်ခုက ဆိုပါတယ်။

(ဂ)
ခွေးတွေရဲ့ မှတ်ဥာဏ်အားဟာ နားမှာ ရှိပါတယ်။ အကြားအာရုံနဲ့ တွဲပြီး အားလုံးကို မှတ်တတ်တယ်။ အနံ့အာရုံက ဒုတိယအဆင့် အားကောင်းတယ်။ ခွေးတွေရဲ့ အနံ့ခံအားက ယေဘုကျအားဖြင့် နှာခေါင်းပေါ်မှာ မူတည်ပါတယ်။ နှာခေါင်းရှည်လေ အနံ့ခံအားကောင်းလေ ဖြစ်တယ်။ ခွေးတွေအချင်းချင်း စကားပြောတာဟာ အသံနဲ့မကပါဘူး။ အမြီးနဲ့ ပြောတာဖြစ်ပါတယ်။ ပျော်လို့ လှုပ်ရမ်းတဲ့ အမြီးလှုပ်ပုံနဲ့ ရန်သူတွေ့လို့ အမြီးလှုပ်ပုံဟာ မတူဘူးလို့ ဆိုပါတယ်။ ခွေးအမြီးလှုပ်ပုံကို လေ့လာတဲ့ သုတေသီက ပြောတာပါ။

(ဃ)
ဆိုရိုးရှိတယ် မျက်လုံးချင်း စကားပြောတယ် တဲ့..။ ချစ်သူချင်း တွေ့တဲ့အခါ တစ်ယောက်မျက်နှာ တစ်ယောက် စူးစူးစိုက်စိုက် မျက်လုံးချင်းဆုံပြီး ပြောကြသလို၊ မိခင်နဲ့ ကလေးငယ်ဆုံရင် မိခင်က ကလေးမျက်လုံးလေးကို လိုက်ကြည့်ပြီး ကလေးရဲ့လိုအပ်ချက်ကို နားလည်မှုယူတယ်။ ကလေးမျက်လုံးက သူလိုအပ်တာကို စကားပြောတယ်.။ ဒါက နှစ်သက်တဲ့ မျက်လုံးချင်း စကားပြောမှု..။

ဒါပေမယ့် မနှစ်သက်တော့ဖူးဆိုရင်လည်း မျက်လုံးချင်းဆုံပြီး မျက်လုံးချင်း စကားပြောကြတယ်။ မနှစ်သက်တဲ့အချိန် ဒေါသဖြစ်နေသူကိုလည်း ကြည့်ပါ။ ဥပမာ.. ဆရာက ကျောင်းသားတစ်ယောက်ကို ဆူနေချိန်ဆို သူ့မျက်လုံးဟာ ကျောင်းသားမျက်လုံးကနေ လုံးဝမခွာတော့ပဲ စူးစူးရဲရဲ စိုက်ကြည့်ပြောတတ်တယ်။ တခါတခါ အဲဒီ ဆရာ့မျက်လုံးရှေ့ကနေ ဘယ်လိုကိုယ်ပျောက်ဆေးသုံးပြီး ပျောက်အောင် လုပ်ရပါ့မလဲ တွေးမိအောင် ကလေးကို အနေရခက်စေပါတယ်။ မိဘက သားသမီးကို ပြောမရဆိုမရလို့ စိတ်ဆိုးနေပြီဆိုရင်လည်း အဲလိုပါပဲ။ ပေါက်ထွက်မတတ်ကြည့်တတ်တယ်ဆိုတာ အဲဒါပဲ ဖြစ်မယ်ထင်တာပါပဲး)..။ မနှစ်သက်လို့ ပြောတဲ့ မျက်လုံးချင်းစကားပြောမှု..ပါ။

(င)
ထိတွေမှုကလည်း စကားပြောတယ်..။ ကိုယ် ၀မ်းနည်းနေတဲ့အချိန် ကိုယ့်ပုခုံးကို တစ်ယောက်ယောက်က ညင်ညင်သာသာ ပုတ်ပြီး စကားလာပြောရင် ဒါဟာ ကိုယ့်ကို အားပေးနေတာ။ ကိုယ့်ဘေးနားမှာ ကပ်ထိုင်ပြီး စကားတခွန်းမထွက်ပဲ တိတ်တိတ်ဆိတ်ဆိတ် လာထိုင်ပေးနေတာဟာ ကိုယ့်လိုပဲ ထပ်တူခံစားနေရတယ်လို့ သူဆိုလိုချင်နေတာ..။ ကိုယ်ကလည်း ကိုယ်ရင်းနှီးတဲ့သူတွေကို အဲလိုနည်းနဲ့ အားပေးလို့ရတယ်။ တစ်ခုတော့ ရှိတယ်.. ကိုယ့်ထက်ကြီးတဲ့ အရာရှိလူကြီးကိုတော့ အဲလိုနည်းနဲ့ ပုခုံးပုတ် အားပေးလို့ မရဘူးရယ်။ သတိထားရမယ်း)

(စ)
အကွာအဝေးကလည်း စကားပြောတယ်..။ကိုယ် က ရုံးခန်းတစ်ခုခုကို ၀င်ဖို့ (ရုံးမဖွင့်သေးလို့) အပြင်မှာ ထိုင်စောင့်ချိန် တခြားသူတစ်ဦးဦး ထပ်ရောက်လာတယ်ဆိုပါတော့..။ သူကလည်း ကိုယ့်လိုမျိုး ရုံးထဲဝင်ဖို့ စောင်မယ့်သူ။ ထိုင်ခုံတွေလည်း လွတ်နေတယ်။ ကိုယ့်အနားက ထိုင်ခုံလွတ်နေသလို အဝေးတစ်နေရာကလည်း လွတ်နေချိန် သူ ဘယ်ကိုသွားထိုင်မလဲ.. ဆိုတာ ကြည့်လိုက်ရင်.. ထိုသူရဲ့ ထိုင်ခုံရွေးချယ်ဆုံးဖြတ်ချက်ကနေ သူဟာ “ကိုယ် နဲ့ ခင်ခင်မင်မင် လာစကားပြောချင်သူလား။ ကိုယ်နဲ့ စကားမပြောချင်သူလား”ဆိုတာကို သိနိုင်တယ်..။

(ဆ)
ဒီပုံထဲက ပုစ္ဆာမှာ ထရေစီ မှားပါတယ်။ ဘာကြောင့်မှားသလဲဆိုတာကို ကိုယ့်ဘာသာပဲ တွက်ချက်တွေးကြည့်လိုက်ပါး)) လသာညကတော့ တွက်ချက်ရမှာ ပျင်းသူမို့ ကလေးလေး ဖြေထားတဲ့ because she is a woman ဆိုတာကိုပဲ ဖတ်ပြီး ရယ်မောလိုက်ပါတယ်..။ (သတိ .. လသာည သည်လည်း woman ဖြစ်ပါတယ်.းD )
photo from here.

အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ..
လသာည ဖြစ်ပါတယ် ။

19 comments:

SHWE ZIN U said...

ခွေးတွေရဲ့ မှတ်ဥာဏ်အားဟာ နားမှာ ရှိပါတယ်။

အကြားအာရုံနဲ့ တွဲပြီး အားလုံးကို မှတ်တတ်တယ်။

နှာခေါင်းရှည်လေ အနံ့ခံအားကောင်းလေ ဖြစ်တယ်။

ရွှေစင်ဦး ရဲ့ မှတ်ဥာဏ်အား ကတော့ လျှာမှာ ရှိတယ် ထင်တယ် စားစရာ တွေ အကြောင်းဆို အကုန်မှတ်မိတယ် လျှာ တော့ သိပ်မရှည်ဘူးထင်တာဘဲ ...

Tracey လည်းမှားတယ် ရွှေစင်ဦး လည်း မမှန်ဘူး တွက်နည်းမေ့သွားလို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး ဖြစ်ပါတယ်

rose of sharon said...

မတွက်တတ်ဘူး.. ဦးနှောက်စားမဲ့အလုပ်တွေ မလုပ်ချင်ဘူး... ခလေးလေးပြောတာလဲ လက်မခံချင်ဘူး... မသိချင်ယောင်ဆောင်ပြီး ပြန်သွားပြီ... ဘိုင်းဘိုင်

ချိုကျ said...

မလသာရေ....ဗဟုသုတတွေ ယူပြီး ပြန်သွားပြီးဗျို့ မျက်နှာရိပ်မျက်နှာကဲ ရယ် စကားလုံးအနိမ့်အမြင့်တွေ ရယ် ပြန်လေ့ကျင့်လိုက်ဦးမယ် နော် မလသာ ရေ :)
ခင်တဲ့(ချိုကျ)

Anonymous said...

ငယ်ငယ်က စာကျက်ရင် စားပွဲပေါ်မှာ အနံ့မွှေးတဲ့ ပန်းအိုးလေးအမြဲထားဖြစ်တယ်..
ခုလို မှတ်မိလွယ်တာ ဘာညာဆိုတာ သိတာကြောင့်တော့ မဟုတ်ဘဲ အနံ့လေးရနေတော့ စိတ်ကြည်လင်ပြီး စာကျက်ရတာ ပိုကောင်းတယ်ထင်မိလို့လေ.
ခု.. လသာည ရှင်းပြမှဘဲ သေချာ သိသွားတော့တယ်..
စာမေးပွဲခန်းထဲတော့ ပန်းမယူသွားဖူးဘူး..
စမ်းကြည့်ချင်လာတယ် အခွင့်ကြုံလို့ စာမေးပွဲတစ်ခုတစ်လေ ပြန်ဖြေဖြစ်မယ်ဆိုရင် ဒီနည်းကို လက်တွေ့စမ်းဦးမယ်

ချော(အစိမ်းရောင်လွင်ပြင်)

သိင်္ဂါကျော် said...

မွှေးရနံ့လေးနဲ့ စာကျက်ရမယ် ဆိုတာ သဘောကျသွားတယ်.. စမ်းကြည့်ဦးမှပဲ.. ဖြစ်နိုင်တယ်.. ပန်းရနံ့ကြောင့် စိတ်ကြည်လင်တော့ စာရလွယ်တာ ဖြစ်နိုင်တယ်..
ကိုယ်လည်း စံပယ် တို့ နှင်းဆီတို့ ဇွန်ပန်းတို့ ဆို မွှေးလို့ သဘောကျတယ်..

ကျော်နှင်းဆီလွင် said...

မရယ် နည်းနည်းအသိနောက်ကျသွားတယ်
ဒီတခါတော့ပန်းအိုးအနားထားစာကျက်ပစ်ရမယ်
:)

Anonymous said...

အမလသာရေ
မျက်လုံးချင်းစကားပြောနည်း သင်တန်းရှိလားဟင် သိချင်လို့ပါဗျ I'm also woman.

ချစ်သူချင်း တွေ့တဲ့အခါ တစ်ယောက်မျက်နှာ တစ်ယောက် စူးစူးစိုက်စိုက် မျက်လုံးချင်းဆုံပြီး ပြောကြသလို (စိတ်အားငယ်တယ်ရှင်ရေ အခုချိန်ထိ မျက်လုံးနဲ့ စကားပြောဘူးသေးလို့ပါ)


ခင်တဲ့
Seesein

အကြမ်းထည် said...

ထရေစီ မှား တယ်....ဆိုရင် ဆရာမ လသာ ည က မှန် ကို မှန် ရ မယ် ပေါ့လေ.... :P
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေဗျား။

ရွှေရတုမှတ်တမ်း said...

ခုမှပဲ ငိုပြကြတဲ့အကြောင်းရင်း သိတော့တယ်..
အရင်ကတော့..ငိုပြရင်..နားညီးသက်သာအောင်
တခြားရှောင်ထွက်သွားတာပဲ..

chindwinthu said...

အခုလိုဗဟုသုတလေးတွေမျှဝေတဲ့အတွက်ကျေးဇူးပါ။

မယ့်ကိုး said...

ချစ်မလေးပြောတဲ့ အနံ့နဲ့စာဖတ်တဲ့အကြောင်း စမ်းသပ်ကြည့်ဦးမယ် ကျေးဇူးပါနော် ချစ်မလေး။

Anonymous said...

အဟီး..ရီပြသွားတယ်..။
ငိုပြတာ ပညာပါလို့..အဟဲ.....

မြတ်နိုး

ထား said...

ဗဟုသုတတွေ မျှဝေပေးတဲ့ လသာညကို အရမ်းကျေးဇူးတင်ပါ၏လို့..................


ချစ်တဲ့

ထား

T T Sweet said...

အတိုအစလေးတွေ လာဖတ်သွားပါတယ်။ စိတ်ဝင်စားစရာကောင်းပါတယ်။

ပုစ္စာက အဖြေ 18 က မှန်တယ်နော် ...
ကယ်ကူလေတာဘေးမှာ ရှိလို့ နှိပ်ကြည့်တာ။

Anonymous said...

ထရေဇီက အခုပုစ္ဆာမှာ square root of 2 ဆိုတဲ့ irrationalကိန်းနဲ့ square root of 8ဆိုတဲ့ irrational နှစ်ခုပေါင်းပြီး square လုပ်ရင် 18(rational ကိန်း) ရသလိုမျိုး တခြား irrational ကိန်းတွေကိုလုပ်ရင်လည်း “အမြဲ” rational ကိန်း ရနိုင်တယ်လို့ ပြောနေတာ မို့လား....။

အဲဒါ ထရေဇီ မှားတယ်လေ။ ဘာလို့လဲဆိုတော့ ဥပမာ.. square root of 2နဲ့ square root of 3 ပေါင်းပြီး ၂ ထပ်ကိန်းပြန်တင်ရင် rational ကိန်းမရပဲ irrational ကိန်းပဲ ရတယ်လေ။

ဟဲဟဲ ကျွန်တော် စမ်းတွက်ကြည့်တာပါ။ ဟုတ်တယ်မို့လား အစ်မ. ကျွန်တော်ဖြေတား))

သတိ.. ကျွန်တော်သည် boy သာဖြစ်ပါတယ် ဟီး ဟီး..

စာဖတ်ပိတ်သတ်လေး

Anonymous said...

အန်တီလသာည
၁၊ ၄၊ ၅၊ ၆ ကို တော့ ကိုယ်တွေ့ ခံစားဖူးတယ်။

ရွှေအိ

လသာည said...

မ SHWE ZIN U>> ဟုတ်.။ အတူတူပဲ..။ တွက်နည်းကို မေ့ထားလိုက်တယ် အေးရေားD
ရိုစ်>>ဟုတ်တယ် ဦးနှောက်စားမယ့်အလုပ်တော့ မလုပ်တာ ကောင်းတယ်။ ထောက်ခံတယ်းD
ချိုကျ>> လေ့ကျင့်ထား လေ့ကျင့်ထားး))

ချော+ သိင်္ဂါကျော်+ ကျော်>> ပန်းအိုးထားပြီး ကျက်ကြည့်ပါ. တကယ်အကျိုးပေးတယ်တဲ့းD
seesein>> မျက်လုံးချင်း စကားပြောနည်းသင်တန်းလား? ဒါဆို သင်တန်းရှိတဲ့နေရာ ရှာလိုက်ဦးမယ် ခဏစောင့်းD

အကြမ်းထည်>> အင်း ဘယ်လိုထင်လဲးP
ဘကျောက်>> အခု သိသွားပြီဆိုတော့ ဘာဆက်လုပ်မလဲး))

ချင်းတွင်းသူ>> လာလည်တာ ကျေးဇူး ညီမလေး.
မယ်ကိုး>> စမ်းပြီးလို့ သိရင် လာပြောဦးနော်..
မြတ်နိုး>>း) ရယ်နည်း ပြောသွားဦးလေ..

ထား>> ထားကိုလည်းကျေးဇူးတင်ပါတယ် လို့...နော် (ကိုယ်ချင်းစကား- ခါးနာမြန်မြန်ပျောက်ပါစေ..)

TT Sweet>> လာလည်တာ အရမ်းကျေးဇူးတင်ပါတယ်..
စာဖတ်ပိတ်သတ်လေး>> မင်းအဖြေလား? အဲဒီအတိုင်း ဟုတ်ချင်ဟုတ်မှာပေါ့။ နောက်တာပါ။ အဖြေရှာပေးတာ ကျေးဇူး..

ရွှေအိ>> တူမကြီး..လာလည်တာ ကျေးဇူးတင်ပါတယ်။ ကိုယ်တွေ့လေးတွေ ပြောပြခဲ့ဦးလေးP

Anonymous said...

online မှာရော လေလှိုင်းမှာရော မတွေ့တာကြာပြီနော် မမလသာည..နေကောင်းရဲ့လား
လေးလုံး အဖွဲ့ဝင်ဖြစ်သွားပြီပေါ့နော် ;)

Meengelay

လသာည said...

မီးငယ်လေး..
နေကောင်းတယ် မီးငယ်လေး..။ သတင်းလာမေးတယ် ကျေးဇူးနော်။ လုပ်စရာတွေများနေတာနဲ့ ပြာယာခတ် ရှပ်ပြာရှပ်ပြာ ပြေးလွှားနေလို့ .onlineနဲ့ လေလှိုင်းကိုတောင် မတက်ဖြစ်ဘူးရယ်..။

ဟုတ်ပ..အခု လေးလုံး အဖွဲ့ဝင်ဖြစ်သွားပြီ..းD