Sunday, June 6, 2010

လသာညရဲ့ ဟာသ

အလုပ် ပင်ပန်း စိတ်ပင်ပန်း ကျောင်းစာတွေ မနိုင်ဖြစ်နေတဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေကို အတွေးများနဲ့ လေးပင်နေစေခဲ့တဲ့အတွက် ဆောရီးနော်။ ဒီတခါတော့ တခါတလေလည်း ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ဖြစ်အောင် ရယ်စရာပြောပြမယ်..။ ရယ်စရာ စကားက မရယ်ရလည်း လသာညက ရယ်ရတယ်လို့ သဘောထားလိုက်နော် {"(*0^)x}
ချက်တုန်း
ယောက်ျား။ ။ မိန်းမရေ ချက်လို့မပြီးသေးဘူးလား ဗိုက်ဆာလာပြီနော်။
မိန်းမ။ ။ ချက်(chat) ပြီးတော့မှာပါတော်။ ဒီတစ်ယောက်နဲ့ စကားပြတ်ရင်..
ယောက်ျား။ ။ (..) ????
ခေါင်းလေးတယ်
ယောက်ျား။ ။ တနေ့တနေ့ မင်းအကြောင်း တွေးရတာ ရင်တွေပူပြီး ခေါင်းတောင် လေးလာသလိုပဲ..
မိန်းမ.။ ။ လေးမှာပေါ့ရှင်..။ ယောက်ျားဦးနှောက်က မိန်းမဦးနှောက်ထက် ၁၂% ကြီးတယ်တဲ့..။ ဘလော့ဂါ လသာညကတောင် ရေးထားသေးတယ်.. သွားဖတ်သွားဖတ် ဟိဟိ..။
ယောက်ျား။ ။ (++) ????
ကြွေတယ်
ယောက်ျား။ ။ မိန်းမရယ် မင်းကတော့ ရေရေလည်လည်ကြွေတယ်..။
မိန်းမ။ ။ ရှင်ကလည်း ကိုယ့်မိန်းမကို မြှောက်စရာမရှိမြှောက်နေပြန်ပြီ အဟင်း..ဟင်း
ယောက်ျား။ ။ မဟုတ်ဖူး.. မင်းဆံပင်တွေ ကြွေရောင်ပေါက်နေလို့ ပြောတာ ဟဲဟဲ။
မိန်းမ။ ။ ဘာရှင့် (><)
ဒီကဖြင့် ချစ်လိုက်ရတာ
ယောက်ျား.။ ။ မိန်းမရယ်.. ငါ့မှာ တနေ့တနေ့ ချစ်လိုက်ရတာကွာ..။ ဒါတောင် မင်းက ဂရုမစိုက်ဘူး..။
မိန်းမ။ ။ ယောက်ျားနော် ရှင်ပဲ မနက်တိုင်း အုန်းနို့ခေါက်ဆွဲလေး စားချင်တယ်ဆို..။ ရရစ်“ခြစ်”နဲ့ “ရပင့်“ချစ်” ပီအောင် ပြောလေ..။
ယောက်ျား။ ။ ဟုတ် "(..) "
ချောတယ်
မိန်းမ။ ။ ယောက်ျား လာပါဦး ဒီမှာချောလား လာကြည့်ပါဦး..။
ယောက်ျား။ ။ ဟာ ငါမိန်းမက ပြောစရာမလိုဘူး။ ကမ္ဘာပေါ်မှာ အချောဆုံး..။ ကဲ...လာပြီလာပြီ ချော.ချော. ချစ်ချစ်ချော..ချော..ချော.. ဘိုင်း အင့်///.. တကယ် ချောတယ်ဟ။
မိန်းမ.။ ။ ကျွန်မ ကြမ်းတိုက်ထားတာ ချောမချော ပြောင်မပြောင် လာကြည့်ခိုင်းတာရှင့်။ ဟွန်း(^^)/
ယောက်ျား။ ။ (^-")?
နာတတ်တယ်
လင်မယားနှစ်ယောက်စလုံး ဆိုင်ကယ် အက်စီးဒင့်ဖြစ်လို့ လက်နဲ့ ခြေထောက်မှာ ဒဏ်ရာ အနည်းအကျဉ်းစီ ရကြတယ်။ ဆေးခန်းကအပြန်လမ်းတစ်လျှောက် မိန်းမက ငိုရှိုက်လာရင်း.....

မိန်းမ။ ။ လက်က အရမ်းနာတာပဲ ယောက်ျားရယ်။ ကျွန်မကို နှိပ်ပေးပါဦး။
ယောက်ျား။ ။ ငါ့လက်လည်း နာနေတယ်လေကွာ။ မင်းချည်းပဲ နာတတ်သလိုပဲ..။
မိန်းမ။ ။ အိုး.. မိန်းမတွေက ပိုနာတတ်တယ်ဆိုတာ လူတိုင်းသိတယ်။ နာကျင်တဲ့အချိန် ဦးနှောက်ထဲက amygdalaက နာကျင်မှုကို ခံစားသတဲ့။ နာကျင်မှုကို ထိန်းချူပ်တဲ့ မောဖင်းဓါတ်က မိန်းမက ယောက်ျားထက် ၂ဆ ပိုလိုတယ်တဲ့ ရှင်..။ လသာည ပြောတာပဲ..။
ယောက်ျား။ ။ တော်ပြီ လာ.. နှိပ်ပေးမယ်။ နောက်ကို အဲဒီ လသာည ဘလော့ သွားမဖတ်နဲ့..။ (><)@#
(အဟိ. .. ကျွန်မပြောမိ အပြစ်ရှိ၏းD)

အားလုံးအတွက် ပျော်စရာ အားလပ်ရက်များဖြစ်ပါစေ..
လသာည ဖြစ်ပါတယ်..။

24 comments:

မယ့်ကိုး said...

.... ချစ်မလေးက ဟာသဥာဏ်ကောင်းလိုက်တာ။ ဒီလို ဟာသလေးတွေ ရေးဖို့ အရမ်းခက်တာနော်။

Anonymous said...

ဟားဟား ရယ်လိုက်ရတာ။ လသာည၏ ကိုယ့်တွေ့ဟာသများလား အစ်မ။ လသာည ဘလော့သွားမဖတ်နဲ့ လို့ ပြောတာ ဧကန္တ “လူကြီး” ပဲ ဖြစ်ရမယ်..။

စာဖတ်ပိတ်သတ်လေး

Anonymous said...

မလသာည..
ဟာသတွေ များများတင်ပေးပါ။
မလသာည ရေးတာတွေ တခြားမှာ ဖတ်ဖူးတယ်။ ဒီကိုတော့ အခုမှပဲ ရောက်တာပါ။
ပထမဆုံးကွန်မန့်တာပါ..။

လေးစားစွာဖြင့်

SHWE ZIN U said...

လသာည ရဲ့ အခုလို ကိုယ်တွေ့ဟာသ လေးများ ကို ဖတ်လိုက်ရတာ အမောတွေ ပြေသွားပါတယ်လို့


ခင်မင်စွာဖြင့်

ရွှေစင်ဦး ဖြစ်ပါတယ်

ကျော်နှင်းဆီလွင် said...

မ ကိုယ်ပိုင်ဟာသလေးတွေရေးနိုင်တာ
အံ့သြတယ် အဟုတ်
ရယ်သွားတယ်သိလား
တခွိခွိလို့...
:D

ချိုကျ said...

ရယ်ရတယ်အစ်မရေ.....ဆေးဘက်ဆိုင်ရာ အယူအစလေးတွေနဲ့ ဟာသလေးတွေက ပိုကောင်းတယ်ဗျ :):):) ခင်တဲ့(ချိုကျ)

Anonymous said...

လသာညရေ့ 
ဖတ်ပြီး ရီလိုက်ရတာ။
ကိုယ်တွေ့ဟာသလေးတွေပေါ့နော်။
ကျေးဇူးတင်ပါတယ်နော်။
ချစ်ခင်စွာဖြင့်
လုလု

Anonymous said...

မမလသာည

ယောက်ကျား ။ ကောင်းလိုက်တဲ့ကော်ဖီကွာတဲ့ (ဖျော်မပေးလို့ရွဲ့ပြောခြင်း)

မိန်းမ ။ ကောင်းလိုက်တဲ့ကော်ဖီ (လသာည ဘလော့ထဲမှာ ကော်ဖီသောက်နေခြင်း)

တော်ပါသေးရဲ့  အမကြီးရွှေတို့ရန်မသတ်လို့

ခင်တဲ့
seesein

ထား said...

လက်ရာမြောက်လိုက်တဲ့ ဟာသတွေပဲ... ကြိုက်သွားပြီ... ထားရဲ့ အိမ်ကြီးရှင် လသာညဘလော့ဂ် မသွားနဲ့ ပြောပေါင်တော်...ဟိဟိ...

ချစ်တဲ့

ထား

ဆိုးကြီး said...

အဟေး..ကိုယ်တွေ့ဟာသတွေ...ထပ်ပြောဦး..
ရယ်ရတယ်..း)))))))

မူလလက်ဟောင်း ၂ said...

မောဖင်း လို၏။ ဟုတ်ပါ့။.... :D :D :D

Shinlay said...

ရယ်လိုက်ရလို့ ကျေးဇူးပါရှင်။

ShwunMi- said...

သီအိုရီတွေ ထပ်လေ့လာသွားပါတယ်..
သင်တဲ့အစ်မက သင်ပေးတော့ အသုံးချဖြစ်အောင် ကြိုးစားရမှာပေါ့လေ :P

လသာည said...

လာရောက်ပြီး ရယ်ခြင်းနဲ့ အားပေးသွားသူများ အားလုံးကို ကျေးဇူးအထူးတင်ရပါတယ်းD

မယ်ကိုး.. မခက်ဘူးရယ်။ လိုအပ်ရင် လက်တွေအသုံးချကြည့်လိုက်နော် ညီမလေး ;P

စာဖတ်ပိတ်သတ်လေး.. ဘယ်က “လူကြီး”လဲ သိဘူး။ ကလေးက ကလေးလိုနေစမ်းး))

အနောနီးမတ်စ်..ကျေးဇူးနော်..

ဖတ်ပြီး အမောပြေသွားပါတယ် ရယ်ရတယ်လို့ ရယ်ခြင်းနဲ့ အားပေးစကားဆိုပေးတဲ့ အစ်မရွှေစင်၊ ကျော်၊ မရှင်လေး၊ ချိုကျ၊ လုလု၊ အားလုံးကို ကျေးဇူးတင်ပါတယ်နော်။

စည်းစိမ် .. လသာညရဲ့ကော်ဖီ ကောင်းတာကို မသိသေးလို့ ပြောတာဖြစ်မှာပါကွာ၊ သိရင် (ပိုစ်ထဲကလိုပဲ)နောက်မသွားနဲ့တော့လို့ ပြောလောက်တယ် ;)))

ရွှန်းမီ.. ကောင်းကောင်း မှတ်ထားနော် ညီမလေး။ လိုတာရှိ တိတ်တိတ်လာမေးလှည့်ဦး မသိလည်း ဖြီးတတ်တယ် ;D

ထား.... မသွားနဲ့ပြောလည်း လာသာလာခဲ့။ ရန်တိုက်ပေးမယ်..အော် ယောင်လို့း))))

ကျော-၂... မောဖင်းပိုလိုတယ်လေကွာ မှတ်ထား..း))))

ဆိုးကြီး...အားပေးရင် ထပ်ပြောဦး..မှာ :)))))))

Anonymous said...

ဘယ်ရန်ဖြစ်နေလို့ ဖြစ်မှာလဲ လတာညရဲ့  ..။
ဒါလေး၂ယောက်ရှိတာကို တည့်တည့်ရှုရှုနေမှပေါ့..။ခွိခွိ
စာဖတ်ပိတ်သတ်လေးက ကျောနံပါတ် ၉ လားဟင်အမ။
တူတူပုန်းတဲ့နေရာလေးမှာ နံပါတ်၉ ကို အလိုရှိနေတဲ့အကြောင်းပြောပေးပါ..။
ပုန်းတဲ့သူတွေပဲရှိပြီး လိုက်မယ့်သူမရှိလို့  လို့ ..။ :D
နံပါတ် ၁

ရွှေအိ said...

လသာညရဲ့ လူုကီး လသာညကို ပြောတဲ့  ...

စကားတွေပါဗျို့ ....

လသာည said...

ဒီကောင် ၂ကောင် နာတော့မယ်း)))) ..
စကားနိုင်လုနည်း သင်တန်းပေးနေတာကို ငြိမ်ငြိမ်မှတ်သွားတာ မဟုတ်ဖူး.. ဟွန်းဟွန်း..းD

sosegado said...

ရယ်လည်းရယ်ရတယ်၊ ပီတိလည်းဖြစ်ရတယ်၊ ပျော်ရွှင်စွာဖတ်သွားပါတယ်

T T Sweet said...

လသာညရဲ့ ကိုယ်တွေ့ဟာသတွေ ဖတ်သွားပါတယ်။ ဆံပင်တွေ ကြွေရောင်ပေါက်နေပြီဆိုတာတော့ ကိုယ်တို့အဖြစ်နဲ့တူလို့ ပိုရယ်ရတယ် ...

ရွှေရတုမှတ်တမ်း said...

အဲဒီ လသာည ဆိုတဲ့ ဘလော့ကို လမ်းကြိတ်စက်နဲ့
နှိပ်မှရမယ်ထင်တယ်..

rose of sharon said...

ရီရပါတယ် သူငယ်ချင်းရဲ့... ဒါမျိုးလေးတွေဆက်ရေးပါ

လသာည said...

ကျေးဇူး သယ်ရင်းလေး။ အားပေးရင် ရေးရမှာပေါ့..းD

ပုံမှန် said...

ကိုယ်တွေ့ဟာသတွေကိုဖတ်သွားပါတယ် ဆက်ရေးပါအုံး

တော်သလင်းလ said...

မမလသာ...
အခုမှ ဖတ်ရတယ်ဆိုတော့ အခုမှ မန့်ဖြစ်တယ်..
နောက်တကြိမ်လာလည်မှပဲ သေချာရေးတော့မယ်..