Saturday, June 26, 2010

ဟီရိုရှီးမားနဲ့ အိုင်စတိုင်း

နာမည်ကြီး ရူပဗေဒ ပညာရှင် အိုင်စတိုင်းက သူမသေခင် ၅လအလိုမှာ “ကျွန်တော့်ဘ၀ရဲ့ အကြီးမားဆုံးသော မဟာအမှားက သမ္မတ ရုစဗဲ့ကို ပေးတဲ့စာမှာ လက်မှတ်ထိုးမိသွားတာပါပဲဗျာ” လို့ ကြေကြေကွဲကွဲ ပြောသွားခဲ့တယ်။

သူကြေကွဲနေခဲ့တာကတော့ သူဟာ လူသားတွေအတွက် အကျိုးပြု ရူပဗေဒ သီအိုရီတွေကို တီထွင့်ခဲ့သူ၊ စစ်ကို မလိုလားသူလို့ သူ့ကိုယ်သူ သတ်မှတ်ထားပေမယ့်၊ လူသတ်လက်နက် အနုမြူဗုံးကို တီထွင်ရာမှာလည်း သူဟာ ပါဝင်ပတ်သက်နေခဲ့လို့ပဲ ဖြစ်ပါတယ်။

အိုင်စတိုင်းဟာ E=mc2ဆိုတဲ့ Relativity Theory ကို လေ့လာသိရှိခဲ့ပြီးနောက် သေးငယ်တဲ့အရာတွေကနေ ကြီးမားတဲ့ စွမ်းအင်တွေကို ရရှိနိုင်တယ်ဆိုတာကို သတိထားမိခဲ့တယ်။
ဒုတိယကမ္ဘာစစ်အတွင်း နေ့တနေ့မှာ သူ့ဆီကို သူလိုရူပဗေဒ ပညာရှင်ဖြစ်တဲ့ Leo Szilard ရောက်လာခဲ့တယ်။ အဲဒါဟာ ကမ္ဘာကို တုန်လှုပ်ခြောက်ခြားသွားစေမယ့် ဟီရိုရှီးမားနဲ့ နာဂဆဂီကို ပြာကျစေခဲ့တဲ့ အနုမြူဗုံးတစ်ခုကို တီထွင်ဖို့ အစပဲ ဖြစ်ခဲ့ပါတယ်။ Leo Szilardနဲ့ အိုင်စတိုင်းတို့ဟာ မလူးမလွန့်သာတဲ့ အခြေအနေများအရ အရေးပေါ်ဗုံးတစ်ခုကို တီထွင့်ပေးရဖို့ ဖြစ်လာခဲ့လို့ပါ။

ဓါတ်ပုံထဲကအတိုင်း အိုင်စတိုင်းနဲ့ နှစ်ဦးသား ဆွေးနွေးတိုင်ပင်ပြီးတော့ သမ္မတ ရူစဗဲ့ဆီ အနုမြူဗုံးတီထွင်ပေးနိုင်ကြောင်း စာရေးကြတယ်။ ရေးတာက Szilardဖြစ်ပေမယ့် အိုင်စတိုင်းက လက်မှတ်ထိုးပေးခဲ့တယ်..။ အောက်က ပုံက စာကတော့ အိုင်စတိုင်းရဲ့ လက်မှတ်နဲ့ စာပါ။
အဲဒီနောက် ဗုံးတီထွင်ဖို့ ဖော်မြူလာကို အိုင်စတိုင်းက ၂ရက်နဲ့ အပြီးရေးသားခဲ့တယ်။ ဗုံးရဲ့ ပေါက်ကွဲအားအပြင် ဓါတ်ငွေ့အဆိပ်တွေ ဘယ်လိုပျံနှံနိုင်ကြောင်းကိုပါ သတိပေးပြောဆိုတဲ့ အိုင်စတိုင်းကို ကျန်သူတွေက နောက်ပိုင်း မယုံကြည်တာမို့ ဗုံးတီထွင်တဲ့ ထိပ်တန်းလျိုဝှက်အဖွဲ့ထဲကနေ ဖယ်ရှားခဲ့တယ်လို့လည်း ဆိုကြတယ်။


အဲဒီနောက်တော့ အပေါ်က ပုံထဲကအတိုင်း စစ်ရေးခေါင်းဆောင်တွေ အနုမြူဗုံးကိစ္စတွေကို လျိုဝှက်ဆွေးနွေးခဲ့ကြတယ်။ ပထမတော့ ဂျာမဏီကို စမ်းသပ်ဗုံးကြဲဖို့ ဖြစ်ပေမယ့် နောက်ဆုံးမှာ ဂျပန်မှာ ကြဲဖို့ ဖြစ်လာခဲ့တယ်။


ဂျပန်မှာ ဗုံးကြဲဖို့မြို့တွေကို ရွေးကြတဲ့အခါ ကျိုတို၊ နိဂတ၊ ရာမဂုချိ၊ ခုမမိုတို၊ ဖူကူအိုကာ၊ နာဂိုယာ၊ ယိုကိုဟားမား၊ တိုကျိုဘေး စတဲ့ မြို့ပေါင်းများစွာ ရွေးခဲ့ပေမယ့် နောက်ဆုံးတော့ ဟီရိုရှီးမားနဲ့ နာဂဆကီကို ကြဲဖြစ်ခဲ့တယ်။
အဲဒီမြို့တွေကို ကြဲဖြစ်သွားရတဲ့ အကြောင်းရင်းများစွာထဲမှာ အဲဒီအချိန် ရာသီဥတု သာယာနေခဲ့တဲ့အချက်လည်းပါဝင်ခဲ့တယ်။ ဒါဟာ ၎င်းမြို့သူမြို့သားတွေ ရဲ့ အသက်တွေ မိနစ်ပိုင်းအတွင်း ပြာကျစေအောင် ကံဆိုးခဲ့တာလည်း ဖြစ်ပါတယ်။
၁၉၄၅ သြဂုတ်လ ၆ ရက်နေ့ ဗုံးမကြဲခင် ဟီရိုးရှီးမားမြို့က နေရောင်ရဲ့အလင်းအောက်မှာ သာယာနေခဲ့တယ်။ ပုံကို ပုံဖော်ပြသရရင် အပေါ်က ပုံအတိုင်း ရှိနေခဲ့တယ်..ဗုံးကြဲပြီးပြီးချင်းက ခဏလေးက ဟီရိုးရှီးမား မြို့သူမြို့သားတွေရဲ့ ကံဆိုးမူ.ကတော့ တကယ့်ကို ပြာအတိ.။
ဗုံးရဲ့ ပေါက်ကွဲအပူချိန်က 7200 ကနေ 1000 ဒီဂရီဖာရင်ဟိုက်တောင် ရှိတယ်။ ဗုံးကြဲပြီးပြီးချင်း မြို့တ၀က်ကျော်ကျော်က လူတွေ ပွဲချင်းပြီး သေဆုံးသွားတယ်။
နောက်ပိုင်းမှာလည်း ဓါတ်ငွေ့အဆိပ်သင့်ပြီး သေဆုံးသူ၊ ဗုံးဒဏ်ရာကြောင့် သေဆုံးသူများတွေနဲ့ ဗုံးကြဲပြီးနောက်နှစ်လအတွင်း တစ်သိန်းခြောက်သောင်းကျော်ရှိခဲ့တယ်။ ကလေးတွေလည်း ပါတာပေါ့...။ မိခင်တစ်ဦးက သူ့ကလေးကို မီးလောင်ပြင်မှာ လိုက်ရှာချိန်မှာ သူ့ကလေးရဲ့ခေါင်းကို ရေဘ၀ဲတစ်ကောင်လို့ အပိုင်းပိုင်းအစိတ်စိတ်တွေ့ရတယ်ဆိုတဲ့ ရင်ကွဲစရာ အဖြစ်အပျက်တွေကလည်း မနည်းပါဘူး..။

ဘယ်သူတွေက ဘာကြောင့် အနုမြူဗုံးကို တီထွင်ရသလဲ၊ ဘာကြောင့် ဂျပန်ဟာ ဗုံးကြဲခံရသလဲ။ ဘယ်သူက ဗုံးကြဲဖို့ အမိန့်ချသလဲ၊ ဘယ်လိုအကျိုးဆက်တွေရသလဲ..ဆိုတဲ့ အကြောင်းတွေကို စစ်အတွင်းက အနုမြူဗုံးဒဏ်ခံရတဲ့ ဟီရိုရှီးမားမြို့က ပြတိုက်မှာ အများကြီး ရေးသားပြသထားတယ်။

ဂျပန်ရောက်ကတဲက အဲဒီနေရာကိုတော့ မဖြစ်ဖြစ်အောင် သွားလေ့လာချင်တဲ့ ဆန္ဒတစ်ခု အမြဲရှိခဲ့ပေမယ့် မရောက်ဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ အပတ်ကတော့ ကိစ္စတစ်ခုနဲ့ အဲဒီမြို့ကို ရောက်တုန်း ပြတိုက်ကို ရောက်အောင်သွားခဲ့ပါတယ်။

ပြတိုက်က ဓါတ်ပုံတွေက မြင်ရသူကို ကြောက်စရာ ကြေကွဲံဝမ်းနည်းစရာတွေနဲ့ ပြည့်နေခဲ့တယ်..။ ဓါတ်ပုံတွေကြည့်ပြီး နှလုံးကမကောင်းတော့ မျက်ရည်က အလွဲတကူဝဲလာတာမို့ မြန်မြန်ပြန်ထွက်ခဲ့တယ်။ လက်နှစ်ချောင်းကတော့ ဓါတ်ပုံရိုက်တိုင်း ထောင်နေကျ အကျင့်ပါနေလို့ ဖြုတ်မရခဲ့ဘူးး)

ဒါက အသက်နှစ်နှစ်အရွယ်မှာ အနုမြူဗုံးဒဏ်ကြောင့် အဆိပ်သင့်ခဲ့ရတဲ့ Sadakoဆို့တဲ့ ကလေးငယ်မလေးက ကျောင်းတက်ရင်း သေဆုံးသွားတော့ သူ့သူငယ်ချင်းတွေက အမှတ်တရ စိုက်ထူခဲ့တဲ့ ကျောက်တိုင်ဖြစ်ပါတယ်။

ဆာဆကိ ဆဒါ့ကိုကို ၁၉၄၃ မှာ မွေးပြီး ၁၉၄၅ (သူမ အသက် နှစ်နှစ်မှာ) အနုမြုအဆိပ်သင့်သွားတယ်။ ဒါပေမယ့် အရိပ်လက္ခဏာ မပြတော့ မသိခဲ့ရဘူး။ ၁၉၅၄မှာ သြဂုတ်လ နောက်ပိုင်းမှ အဆိပ်သင့်တဲ့ ရောဂါလက္ခဏာက စပြတယ်။ ၁၉၅၅ မှာ သေဆုံးသွားတယ်..။ သေတော့ အသက် ၁၂နှစ်။ မူလတန်း-ခြောက်တန်းကျောင်းသူ ပေါ့နော်။ (ဂျပန်က မူလတန်းက ခြောက်တန်းအထိ ရှိတယ် )

ဆဒါ့ကိုလေး ဆေးရုံတက်နေချိန်တွေမှာ သူ့မရောဂါမြန်မြန်သက်သာ မြန်မြန်နေကောင်းလာဖို့ စက္ကူ ကြိုးကြာဌက်ပေါင်းများစွာ သူကိုယ်တိုင် ချိုးပြီး ဆုတောင်းခဲ့ရှာပါတယ်။ ဒါပေမယ့် နောက်၅လအကြာ ဆေးရုံပေါ်မှာပဲ သူမ သေဆုံးသွားခဲ့တယ်။ကျောက်တိုင်အတွက် ဂျပန်တနိုင်ငံလုံးက အခြေခံပညာကျောင်းပေါင်း ၃၂၀၀ က ကလေးတွေက ထည့်လှူပြီး ဆောက်ခဲ့တာ ဖြစ်ပါတယ်။ နောက်နောင် ဒီလိုအဖြစ်မျိုးတွေ မတွေ့ကြုံရပဲ ငြိမ်းချမ်းတဲ့ ကမ္ဘာလေးတစ်ခုတည်ဆောက်ကြပါစို့လို့ ကလေးတွေက ရေးသားခဲ့ကြတယ်။နောက်ပိုင်းတော့ Sadako အပါအ၀င် သေဆုံးသွားတဲ့ ကလေးငယ်အားလုံးကို ရည်စူးတဲ့ Children's Peace Monument အဖြစ် သတ်မှတ် စိုက်ထူခဲ့တယ်လို့ ဆိုပါတယ်။


သေဆုံးသွားတဲ့ ဆဒါကိုနဲ့တကွ အားလုံးအတွက် အေးချမ်းတဲ့ ဘ၀ကို ရရှိစေဖို့ စက္ကူ ကြိုးကြာဌက်ပေါင်း တစ်ထောင်ကျော် ချိုးပြီး အမှတ်တရ ဆုတောင်းကြတယ်။ သူတို့အားလုံး ဆင်းရဲဒုက္ခအပေါင်းကနေ လွတ်မြောက် ငြိမ်းချမ်းပါစေ.. လူသားအားလုံး ငြိမ်းချမ်းပါစေ..

ပန်းကလေးတိုင်း လန်းပါစေ.......

ဟီရိုရှီးမား အမှတ်တရပါ...။ (အနုမြူပုံနဲ့ အိုင်စတိုင်းပုံစသည်တို့ကို ပြတိုက်ကနေ ကိုယ်တိုင်ရိုက်ယူခဲ့ပါတယ်။ ဓါတ်ပုံပေါ်ကို ကလစ်နှိပ်လို့ အကြီးချဲ့ကြည့်လို့ ရပါတယ်)
လသာည ဖြစ်ပါတယ်။

37 comments:

chindwinthu said...

အမရေးထားတာဖတ်ရင်းနဲ့ကိုဘဲဝမ်းနည်းလာမိတယ်။ဟီရိုရှီးမားကိုလည်းရောက်ဖူးချင်ပါသေးတယ်။

ကိုကြီး said...

လူသားအချင်းချင်း ကိုယ်ချင်းစာပါတယ် တကယ်တော့ အရူးထနေတဲ့ ဂျပန်ဘုရင်နှင့် ဗိုလ်ချုပ်တွေရဲ့ ဖတ်ဆစ်ဝါဒကြောင့် ဂျပန်လူမျိုးတွေ အခုလို အဖြစ်ဆိုးနှင့်ကြုံရတာပါ နောက်တခုက မဟာလူမျိုးကြီးဝါဒ အရမ်းကြီးပြီ အခြားနိုင်ငံနှင့်လူမျိုးတွေအပေါ် ဘိုကျနေတဲ့ ဂျပန်ကို အဲဒီခေတ်အခါက အဲဒီလိုတာ မလုပ်နိုင်ခဲ့ရင်ဆိုတဲ့ အတွေးဝင်လာတော့လည်း ကံကံရဲ့အကျိုးပေါ့.....

ကိုဇော် said...

ခံရသူကတော့ ဂျပန် မြို့သူ မြို့သားတွေပါပဲ။
ဒါပေမဲ့ ဒီလိုမှ မလုပ်ရင်လည်း ခံရမှာက အမေရိကန် မြို့သူ မြို့သားတွေ ဖက်ဆစ်ဒဏ် ခံရမှာ. . .။
ဒါကြောင့် ကိုယ့်ကို ကာကွယ်ရင်း သူများကို ထိခိုက်ခဲ့တာပေါ့လေ။ ဂျပန်ပြတိုက်ဆိုတော့လည်း သူတို့ရဲ့ ရည်ရွယ်ချက်ကို မရေးထားတာ ဖြစ်မယ် ထင်တယ်။ လူဆိုတာ ကိုယ်ခံရတာကိုပဲ သတိရနေတတ်တယ် မဟုတ်လား။
ဓါတ်ပုံတွေ အတွက် ကျေးဇူး..။

ရွှေရတုမှတ်တမ်း said...

လက်နှစ်ချောင်းထောင်ပြပြီး တယောက်ထဲပုံရိုက်ရသလား

Anonymous said...

ဟုတ်တယ်..ကိုယ်လဲ အဲ့ကိုလွန်ခဲ့တဲ့၎နှစ်ကရောက်ခဲ့တယ်။တခါပဲသွားချင်တယ်..
သွေးပျက်ကြောက်လန့်စရာမြင်ကွင်းပဲ။
ကိုယ်လဲတယောက်တည်းမို့လို့ ဆက်မကြည့်ချင်တော့တာနဲ့ ပြန်ထွက်လာတာ။ ကိုယ်နဲ့အတူ အခြားဂျပန်တွေပါပါပေမဲ့ သူတို့က မကြည့်ချင်ဘူးဆိုတော့ ကိုယ်ကပထမနျာကစ်မိတာ..နောက်မှ သဘောပေါက်သွားတယ်။ သူတို့ကပြောတယ် ကျောင်းတက်နေတိုန်း နှစ်တိုင်းနီးပါးလာရတာတဲ့..

စစ်ဆိုတာ ဘယ်စစ်မှမကောင်းဘူး။
နည်းပညာဆိုတာလဲ လူသားတွေကိုအကျိုးပြုတဲ့ နည်းပညာကလွဲလို့ကျန်တာမကောင်းဘူး။
အဲဒီလိုပဲ ဗီယက်နမ်ထင်တယ်။ စိုက်ပျိုးလို့မရတဲ့နိုင်ငံ

နယူးကလျီးယားအန္တရာယ်က ဒီလောက်ကြောက်ဖို့ကောင်းတာ ဘာဖြစ်လို့များ လူတွေ .....တီထွင်ထုတ်လုပ်ချင်ကြတာလဲ။
အသက်ဆိုတာလဲ ပိုရှူချင်လို့မရဘူး။ ခေါင်းဆိုတာလဲအပိုထားချင်လို့မရတာ။
အေးအေးချမ်းချမ်းဘာလို့မနေချင်ကြပါလိမ့်နော်...။
ကိုယ်လဲ ခရီးက အခုမှပြန်ရောက်တာ ။

မြတ်နိုး

မြတ်နိုး said...

ဂျပန်တွေလည်း သူတို့ခံရတော့မှ သူတို့ရဲ့လုပ်ရက်ဘယ်လောက်ဆိုးဝါးသလဲဆိုတာ သိတော့တာ။ အဲဒါကြောင့် အခုထက်ထိ အဲဒီဂျပန်ဖက်ဆစ်ဘုရင်တွေဟာ ဂျပန်ပြည်သူပြည်သားတွေကို တောင်းပန်နေတုန်းပဲ။

ဒါကြောင့် ဂျပန်ဟာ စစ်ကြီးအပီး တိုးတက်လာတာနဲ့အမျှ သူတို့ရဲ့ ယုတ်မာမှုတွေကိုဖုံးစေဖို့အတွက် မဖွံဖြိုးသေးတဲ့အာရှနိုင်ငံတွေကို ပညာတော်သင်ထောက်ပံကြေးတွေပေး..အကူအညီတွေပေးနေတာပဲ။ ဒါတွေက တကယ်တော့ အပေါ်ကလူတွေပဲဖြစ်နေတာပါ။ မြန်မာပြည်မှာလိုပေါ့..
အောက်ကလူတွေကတော့ ..အေးချမ်းတယ်..
မြန်မာပြည်ရဲ့ဟယ်လင်မှာ တွေ့နိုင်တယ်။
ဘယ်လူမျိုးမဆို လူတိုင်းမကောင်းကတာတော့မဟုတ်ပါဘူး။

စစ်ဆိုတာ ခံလိုက်ရတာပြည်သူပဲ။


မြတ်နိုး

အကြမ်းထည် said...

ကမ္ဘာမြေ ပန်းရောင်စုံမွှေး လို့ အဖြူရောင် ဌက် တွေ ပျံသန်း အားလုံး ပြုံးပျော်ရွှင် လန်း နိုင် ပါ စေ သား။

with reps;
အကြမ်းထည်

လသာည said...

chindwinthuညီမလေးရေ.. ကျောင်းပိတ်ရက်ကျရင် သွားဖြစ်အောင် သွားကြည့်နော်..။ အိုခရာမကနေ ကားနဲ့ ၂ နာရီပဲ စီးရတာ.

ကိုကြီး.နဲ့ ကိုဇော် ရဲ့.ကွန်မန့်များအတွက် လေးစား ကျေးဇူးတင်ပါတယ်။ စစ်ဆိုတာ တကယ်တော့ အနိဌာရုံကိုပဲ ဖြစ်စေတတ်တာမို့လား..။ မြတ်နိုးပြောသွားတဲ့ ကွန့်မန့်ဟာ အပြည့်စုံဆုံးပါပဲ..။ မြတ်နိုးရေ ကျေးဇူးနော်။

အကြမ်းထည်ရေ. ကောင်းလိုက်တဲ့ ကဗျာလေး။ ကဗျာဆရာများကျတော့လည်း လက်တန်းကဗျာစပ်နိုင်တာပဲ..။ ကျေးဇူးတင်ပါတယ်။

ကိုကြီးကျောက်.>>.လက်နှစ်ချောင်းထောင်ပြနေတာက “တစ်ယောက်တည်း ဓါတ်ပုံရိုက်နေပေမယ့် နှစ်ယောက်လာတာမို့ မကြောက်ဖူးကွ”လို့ ပြောတာပါ ဟဲဟဲး))

အားလုံးကို ကျေးဇူးတင်ပါတယ်နော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘာဘဲဖြစ်ဖြစ် ဒီလိုပြတိုက်တွေနဲ့ ထိန်းသိမ်းထားတာ တစ်မျိုးတော့ကောင်းတယ်
လူတွေရဲ့ စိတ်မှာ စစ်ဆိုတာ မုန်းတီးစရာရယ်လို့ စွဲစွဲမြဲမြဲ မှတ်ထင်သွားနိုင်တာပေါ့..
ကြီးကျယ်တဲ့ တီထွင်မှုတွေဟာ မကောင်းတဲ့ဘက်မှာ အသုံးပြုခြင်းခံလိုက်ရတော့လဲ တီထွင်သူဘက်က ယူကျုံးမရ ဖြစ်မိတော့မှာပါဘဲနော်..
လသာညရေ.. လင့်အသစ်လေးပြောင်းသွားပြီ..
http://www.missgreenlady.com

မယ့်ကိုး said...

အဏုမြူဗုံးအကြောင်းကို ငယ်ငယ်တုန်းက ဆရာမကြီး ဂျာနယ်ကျော်မမလေး စာကို စဖတ်ကတည်းကရော အခုထိ အဲဒီအကြောင်းတွေ ဖတ်မိတိုင်း သနားစိတ်၊ သံဝေဂစိတ်ဖြစ်မိတယ်။
လူတွေရဲ့ စိတ်ဟာ သိပ်ကြောက်စရာကောင်းတာပဲနော်။

p.s ( ဓါတ်ပုံတွေကြည့်ပြီး နှလုံးကမကောင်းတော့ မျက်ရည်က အလွဲတကူဝဲလာတာမို့ မြန်မြန်ပြန်ထွက်ခဲ့တယ်။ လက်နှစ်ချောင်းကတော့ ဓါတ်ပုံရိုက်တိုင်း ထောင်နေကျ အကျင့်ပါနေလို့ ဖြုတ်မရခဲ့ဘူးး) ) ဆိုတဲ့ စာလေးမှာ ပြုံးမိတယ်။ ချစ်မလေးက သိပ်ချစ်စရာကောင်းတာပဲ =)

ခိုင်နုငယ် said...

ဂျပန်ပြည်ရဲ့ သုတအဖုံဖုံနှင့်
အမလသာညကိုလာကြည့်သွားပါဒယ်။
အဝေးကနေ၀ါးပြီးရိုက်ပြထားတော့
ကြည့်ချင်ပါတယ်ဆိုမှမမြင်ရဘူး။
အမလသညရေ..နောက်ခါဓါတ်ပုံတင်ရင်
အနီးကပ်လေးရိုက်ပြပါနှော်:)

သိင်္ဂါကျော် said...

ဝမ်းနည်းစရာ အတိတ်တွေပါ..
ပုံလေးတွေ ကြည့်သွားတယ်. :)

ရေသန့်  said...

စစ်ရဲ့ ရလာဒ်တွေဟာ စိတ်ကိုတုန်လှုပ်စေတယ်ဗျာ...
မဖြစ်နိုင်ပေမယ့် ဆုတောင်းမိလိုက်တယ် ...
ကမ္ဘာကြီးငြိမ်းချမ်းပါစေ.....

Myanmar Good Knowledg Co., Ltd said...
This comment has been removed by the author.
သဒ္ဓါလှိုင်း said...

စစ်ဝါဒီတွေကြောင့်စစ်ရဲ့အနိဌာရုံတွေအဓိကခံစားရတာ
ကတော့ပြည်သူပြည်သားတွေပဲပေါ့..။ သနားစရာ
ဖြစ်သွားရတာက ပြည်သူတွေပေါ့လေ..။ လက်အောက်ခံ
နေခဲ့ရတဲ့ နိုင်ငံတိုင်းနိုင်ငံတိုင်း ကိုယ်တိုင်ခံစားခဲ့ရတာတွေ
ကိုတော့မမေ့နိုင်ကြဖူးပဲ..။
ဓါတ်ပုံကိုသေချာကြည့်သွားတယ်မလသာရေ..
ခင်တဲ့
သဒ္ဓါ

Myanmar Good Knowledg Co., Ltd said...

လသာညရေ
မင်္ဂလာပါ။
ဒီပို့စ်လေးကိုဖတ်ရတာ အရင်ကရောက်ဘူးခဲ့တာကို ပြန်သတိရမိတယ်။ အဲဒီတုန်းကလည်း ပြတိုက်ထဲမှာ ငိုခဲ့ရဘူးတယ်။ အခုလည်းဒီပို့စ်ကို ဖတ်ပြီး စိတ်မကောင်းဘူး။
သွားတုန်းက နိုင်ငံခြားသားတွေချည်းပဲသွားခဲ့တာလေ။ အမေရိကန်လူမျိုးသူငယ်ချင်းတွေလည်းပါတယ်။ သူတို့နဲ့ စကားတွေပြောခဲ့ကြတာလည်း မှတ်မိနေသေးတယ်။
ပို့စ်က သမိုင်းဝင် ဓါတ်ပုံတွေနဲ့ မြန်မာလိုရေးသားထားတဲ့ အတွက်ကြောင့် တကယ် အဖိုးတန်တယ်။
ကျွန်မသိရတာလေး တစ်ခုလောက်တော့ ဖြည့်စွက်ပြောပါရစေ။ (ဆာ့ဆကိ ဆဒါ့ကို က ၁၉၄၃မှာမွေပြီး ၁၉၅၅မှာ သေဆုံးခဲ့ပါတယ်)
“ဆာဒါ့ကိုစံ အသက်နှစ်နှစ် မှာ အဆိပ်သင့်ပြီး၊ ၁၉၅၅မှ ဆုံးတာကတော့ ၁၉၅၄ သြဂုတ်လ ဆေးစစ်ချိန်ထိ ဘာရောဂါမှမတွေ့ခဲ့ရပဲ ၁၉၅၅ နိုဝင်ဘာလမှ ရောဂါစတင်ခံစားရတာ ”တဲ့ ။ (အဲလိုမျိုးဟုတ်လားမသိဘူး)။ အနုမြူအဆိပ်က တော်တော်ကိုကြောက်စရာကြီးနော်။

ခင်မင်လေးစားလျှက်။

စာကြွင်း။ ကျွန်မလည်းလေ ဓါတ်ပုံရိုက်မယ်လို့ အသံကြားရင် လက်နှစ်ချောင်း အလိုလိုထောင်မိတယ်။

လသာည said...

ကောင်းမွန်ဝင်း.. စာဖြည့်ပေးသွားတာ ကျေးဇူးတင်ပါတယ်နော်။ ထပ်ဖြည့်လိုက်ပြီသိလား..။ ဟုတ်ပ လက်ချောင်းထောင်တာက အကျင့်ပါနေတား))

သဒ္ဒါလှိုင်းရေ.. ကျေးဇူးနော် ။ သေချာကြည့်သွားတယ်ဆိုလို့..း))

ရေသန့်ရဲ့ဆုတောင်းလေးကို ကျေးဇူးတင်ပါတယ်

သိင်္ဂါကျော်ကိုလည်း ကျေးဇူးတင်ပါတယ်

ခိုင်နုငယ်.. ၀ါးလေကောင်းလေ မဟုတ်လားလို့း)))

ချစ်စရာကောင်းတယ်လို့ လာပြောတဲ့ မယ်ကိုးကလည်း သိပ်ချစ်ဖို့ကောင်း။ အဲလိုပြောလို့ကို ချစ်စရာကောင်းနေတားD

ချောရေ.. ဟုတ်လိုက်တာ..ကြီးကျယ်တဲ့ တီထွင်မှုတွေဟာ မကောင်းတဲ့ဘက်မှာ အသုံးပြုခြင်းခံလိုက်ရတော့လဲ တီထွင်သူဘက်က ယူကျုံးမရ ဖြစ်မိတော့မှာပါဘဲနော်.. အခု လင့်ခ်ပြောင်းချိတ်ထားပါတယ်

အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်နော်

Shinlay said...

စစ်ကြောင်းတွေပြတဲ့ သတင်းကားထဲမှာ တခါကြည့်ဖူးပါတယ်။ အပြစ်မရှိတဲ့သူတွေ အကြောင်းမဲ့
အသက်ဆုံးရတာ စိတ်မကောင်းစရာပါ။ စစ်ကိုဘာကြောင့်
များ....တိုက်ချင်ကြပါလိမ့်။

နေ၀သန် said...

စိတ်ဝင်စားစရာကောင်းတဲ့ပို့စ်ပါ...။ ကွန်မန့်တွေ ဖတ်ရင်းနဲ့ ကိုဇော်ရဲ့ ပို့စ်လေးကိုလည်း ထောက်ခံမိပါတယ်...။ စစ်ဆိုတာ မရှိလေ ကောင်းလေပါပဲလေ...။


ခင်မင်တဲ့
နေ၀သန်

ချိုကျ said...

မလသာ....ပုံတွေအတွက်ကျေးဇူးပါ။ မေမေကလက်နှစ်ချောင်း မီးမီးလေးက လက်သုံးချောင်းတောင်ဗျ ဟီး အဲလိုတွေ့တာပဲ :)

ခင်တဲ့(ချိုကျ)

ထား said...

လသာညရေ ထားလဲ ဟီရိုရှီးမားကို နောက်တစ်ခေါက် ထပ်သွားချင်သေးတယ်...
အသေးစိပ် ပြန်ရှင်းပြပေးတာ ကျေးဇူးနော်...
နောက်ဆုံး ဆုတောင်းလေး ကောင်းလိုက်တာ...
လူသားအားလုံး ငြိမ်းချမ်းပါစေ...
ပန်းကလေးတိုင်း လန်းပါစေ...


ချစ်တဲ့

ထား

Meengelay said...

ွှကျွန်တော်မသိခဲ့တာတွေပါ ရေးပေးထားလို့ ဖတ်မှတ် လေ့လာသွားပါတယ်။
Mama Latharnya
Sugoi desu.

very nice post.

မူလလက်ဟောင်း နံပါတ်နှစ် said...

ဖတ်သွားပါ၏။
:)

T T Sweet said...

လသာညရေ ... လာဖတ်သွားပါတယ်။

ကမ္ဘာစစ်ကြီး အဆုံးသတ်ဖို့ အစတေးခံလိုက်ရတဲ့ အပြစ်မဲ့ လူသားတွေ၊ ခလေးသူငယ်တွေ ရဲ့ သနားစရာ ရင်နာစရာ အဖြစ်အပျက်တွေကနေ လူသားတွေ သင်ခန်းစာယူကြဖို့ကောင်းတယ်နော်။

ပို့စ်လေးအတွက်ရော၊ မမြင်ဘူးသေးတဲ့ ညီမ လာသာညရဲ့ ပုံလေးတွေအတွက်ရော ကျေးဇူးနော်။

လသာည said...

အစ်မရှင်လေး.. ဟုတ်တယ်နော်။ တကမ္ဘာလုံးငြိမ်းချမ်းနေရင် သိပ်ကောင်းမှာပဲ :'(

နေ၀သန်..ကွန်မန့်လေးအတွက် ကျေးဇူးနော်.။ စစ်ဆိုတာ မရှိလေ ကောင်းလေပါပဲ။ ဘယ်အရပ်မှာမှ ဘယ်သူမှ မဖြစ်ကြရင် သိပ်ကောင်းမှာပဲ..။

ချိုကျ..:D မင်းပြောမှပဲ သတိထားမိတယ် ဟုတ်သားပဲနော်။ အမေထက် သမီး လက်မတစ်ချောင်း ပိုထောင်တဲ့ခေတ်လေကွာ.။

ထား.. ထားရဲ့ဆုတောင်းလေးအတိုင်းပဲ (ကော်ပီကူးဆုတောင်းမယ်း)))
ချစ်နှစ်..ဟုတ်ကဲ့ ကျေးချူးတင်ပါတယ်းP
မီးငယ်လေး..မီးငယ်လေးလောက် sugoi deshoo :D

အစ်မဆိင်္ရဲ့ ကွန်မန့်လေးကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်.။

rose of sharon said...

စေတနာဗလဗွနဲ့တင်ထားတဲ့ပို့စ်လေးကို အထင်ကြီးလေးစားစွာ ဖတ်သွားတယ် သူငယ်ချင်း

SHWE ZIN U said...

အင်း လသာညရေ

ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်ရပါတယ် သူကလည်းအဲဒီတုန်းက ဆိုးပေတာကိုး ဒါပေမဲ့ အစိုးရ တွေနဲ့ ဘဲ သက်ဆိုင်တာကို ပြည်သူက ခံလိုက်ရတာ
အားလုံး အတွက်ဘဲ ဝမ်းနဲစရာတွေဘဲ
ဒါတွေကို အလေးမပြုဘဲ အခုထိ မိုက်တွင်းနက်တဲ့ သူတွေ ရှိနေတာကို စိတ်မကောင်းတုန်းဘဲ

ကျေးဇူး လသာညရေ

ရွှေစင်ဦး ဖြစ်ပါတယ်

ကျော်နှင်းဆီလွင် said...

မညရေ
ဖတ်ပြီးစိတ်မကောင်းဘူး
ညီမတော့မကြည့်ခဲ့ရဘူး
ဒါပေမဲ့ကြားရုံနဲ့တင် ကြည့်ချင်စိတ်မရှိဘူး
စိတ်မကောင်းဖြစ်စရာတွေမြင်ရမှာကြောက်တယ်...

မောင် လေး said...

စစ်ဆိုတာကြီးဖြစ်လာပြီဟေ့ဆိုရင် ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ်
ဘယ်နေရာမှာပဲဖြစ်ဖြစ် ခံလိုက်ရတာကတော့ အပြစ်မဲ့
ပြည်သူတွေပဲနော်...ဝမ်းနည်းစရာပဲ...။

လသာည said...

ရိုစ်ရေ.. ကျေးဇူးနော်။ ရိုစ်ကတော့ အဲလိုချစ်ဖို့ ကောင်းတာ။ အဲဒီက ပုံတွေကူးရိုက်တင်ပြတာမိုလို့ တကယ်တော့ အထင်ကြီးစရာတော့ ရှိပါဘူး သယ်ရင်းရယ်

အစ်မရွှေစင်.. ဟုတ်တယ်နော်။ မြန်မာပြည်မှာ ဆိုးချင်တိုင်းဆိုးခဲ့တဲ့ ဆိုးပေဂျပန်ကြီးများ အကြောင်းကလည်း မြန်မာပြည်သူတွေ အခုထိ မမေ့နိုင်စရာပါ မ ရယ်။

ကျော်ညီမလေးရေ.. ကြုံရင်သွားကြည့်တာ ကောင်းတယ်။ ဗဟုသုတရတယ်လေ။ ဒီတခါ အိုခရာမ လာရင် အဲဒီကို သွားလည်ရအောင် နော်။

မောင်လေး..ရေ ကျေးဇူးနော်။ မောင်လေးပြောသလိုပါပဲ စစ်ဆိုတာ..... :'(

Anonymous said...

အဖြူရောင် ငှက်ငယ် နဲ့ အ၀ါရောင် မမတို့ ပိုပိုပြီး ငြိမ်းချမ်းအေးမြပါစေ စစ်ဆိုရင် ဘာစစ်မှကို မလိုချင်ဘူးဗျာ ကလေးလေးတွေ အကြောင်း စိတ်ညစ်ညစ်နဲ့ဖတ်သွားတယ်ဗျာ

ခင်မင်စွာဖြင့်
seesein

ဧပရယ်လ်ပူး@ပူးတေ said...

စတေးခံလိုက်ရတဲ့ လူတွေအတွက် တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်... ဒီပို့စ်ဖတ်ပြီး စိတ်ဆင်းရဲသွားကြသူတွေအတွက် မမလသာညက မင်းသမီးဓါတ်ပုံလေးတွေ ဘောနပ်စ်အနေနဲ့ ထည့်ပေးလိုက်တယ်.. လူတွေက ကိုယ်ချစ်တဲ့ မင်းသားမင်းသမီးပုံလေးတွေမြင်ရရင် ဝမ်းသာကြတယ်လေ... မမချောတယ်...တကယ်ပြောတာ။ မမရေ တလက်စတည်း လင့်ထားတယ်နော်.ခွင့်ပြုမယ်မှတ်လားငှင်...
ခင်မင်စွာဖြင့်
ပူးတေ

Anonymous said...

အစ်မလသာည..
သွားတဲ့နေရာက အကြောင်းကို ဖတ်ချင်အောင် ရေးတင်ထားတာ အစ်မက တကယ်တော်တယ်။ ကျွန်တော်တော့ ရောက်ဖူးပေမယ့် အဲလို ပြန်မပြောတတ်ဖူးဗျ ဟီး။

ခရီးထွက်နေလို့ မရောက်ဖြစ်တာပါ။
ခင်တဲ့
စာဖတ်ပိတ်သတ်လေး

လသာည said...

စည်းစိမ်လည်း ငြိမ်းချမ်းအေးမြပါစေ..။ (စိတ်မညစ်နဲ့ ကောင်းသွားမှား))
ပူးလေးလေးလည်း အဆင်ပြေပျော်ရွှင်ပါစေ (မင်းသမီးဟုတ်ရပါဘူးကွယ်။ discoveryထဲက သတင်းကြေငြာသူပါး)))
စာဖတ်ပိတ်သတ်လေးလည်း ပျော်ရွှင်ချမ်းမြေ့ပါစေ။ ရေးကြည့်ပါ။ ရေးတတ်သွားမှာပါ။

အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။

မောင်သီဟ said...

“စစ်” ဆိုတာကြီးကိုမုန်းတယ်ဗျာ
တကမ္ဘာလုံးမငြိမ်းချမ်းဖူးဖြစ်နေတယ်
ဒီ စစ်ကြောင့်
ဒီပို့စ်ကိုဖတ်ပြီး ဝမ်းနည်းရတယ် ကြက်သီးတောင်ထတယ် ဟူးးးး
သနားစရာလူသားတွေကိုယ်ချင်းစားမိပါတယ်

လသာည said...

စစ်ဆိုတာ လူအများစုအတွက် သေမင်းကြီးဆိုတော့ စစ်မရှိရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။ ကွန်မန့်အတွက် မောင်ဘကြိုင်ကို ကျေးဇူးအများကြီးတင်ပါတယ်..

ဇော်သိင်္ခ said...

ဒီအကြောင်းလေး ကိုဖတ်ခွင့်ရလိုက်တဲ့ အတွက် ကျေးဇူး အများကြီး တင်ပါတယ်ဗျာ..