Monday, November 2, 2009

နေရာယူပုံက စကားပြောတယ်

လူတစ်ယောက်နဲ့ တစ်ယောက် လမ်းလျှောက်ပုံ၊ နေပုံ ထိုင်ပုံ မတူကြပါဘူး။ အဲဒါတွေက တစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေစိတ်ထားပေါ် မူတည်ပြီး ကွဲပြားကြပါတယ်။

ဥပမာ..ဓါတ်ပုံ ရိုက်တဲ့အခါ နေရာယူပုံတောင်မတူဘူးရယ်။ အဆင်သင့်သလို ရိုက်လိုက်ရလို့ ကြုံသလို နေရာယူတာမျိုးကို မဆိုလိုပါ။ ဒါပေမဲ့ ၁၀ခါ ရိုက်ရင် ၇ခါလောက်ကတော့ (ကိုယ်ဘာသာ သတိမထားမိပဲနဲ့) နေရာယူပုံ တူတတ်ကြတယ်။

အဲဒီလိုနေရာယူပုံ ကိုကြည့်ပြီး ထိုလူရဲ့ Personality (ကိုယ်ရည်ကိုယ်သွေး)ကိုစစ်တဲ့ personality testတွေ ရှိပါတယ်။ နမူနာတစ်ခုကို ပြောပြရရင်အောက်မှာဖော်ပြထားတဲ့ ဓါတ်ပုံဆိုပါတော့။

ဓါတ်ပုံကို ကြည့်ပြီး သူတို့ရဲ့ စိတ်နေစိတ်ထား၊ ကိုယ်ရည်ကိုယ်သွေးကို ခန်းမှန်းလို့ ရတယ်တဲ့.။

Test မေးခွန်းက ဒီဓါတ်ပုံထဲမှာ ကိုယ်ကိုယ်တိုင်(ဒါမှမဟုတ်) ကိုယ်သူငယ်ချင်းပါနေတယ်ဆိုရင် ကိုယ်/သူငယ်ချင်း ဟာ ဘယ်တစ်ယောက်ဖြစ်နေမလဲ ဆိုတဲ့ မေးခွန်းပါ ။

ကဲ မေးခွန်း..
ဒီ A,B,C,D,E ငါးယောက်ထဲမှာ လသာည ပါနေတယ် ဆိုရင် ဘယ်သူရဲ့ ပုံစံနှင့် တူမယ်ထင်လဲ. :P ။


ကိုယ်ဘာသာလည်း စဉ်းစားကြည့်ကြည့်လေ..နော်။ ဒီ A,B,C,D,E ငါးယောက်ထဲမှာ ငါဟာ ဘယ်တစ်ယောက်နှင့် တူနိုင်သလဲလို့.လေ။ တကယ်လို့ ကိုယ်အကြောင်းကို ပြန်မတွေးတတ်တာတောင် ဒီ A,B,C,D,E ငါးယောက်ကိုပဲ သူတို့မှာ ဘယ်လိုစိတ်နေစိတ်ထားရှိနိုင်သလဲ လို့ အပျင်းပြေ ဝေဖန်ကြည့်ထားပေါ့..။ ( ပျင်းတယ်.။ လသာည ပြောတာပဲ ဖတ်တော့မယ်လား :D)ဲ

မနက်ဖြန်ကြရင် သူတို့ တစ်ဦးစီရဲ့ personality ကို ရေးပေးမယ်နော်.။ ဒီနေ့မှန်းတာနဲ့ ကိုယ်ထင်တဲ့ ကိုယ်ရဲ့ personalityနဲ့ ကိုက်မကိုက် စစ်ကြည့်ကြတာပေါ့.။ ဒါလေး မှတ်ထားရင် နောင်သူများကို အကြားအမြင်လိုလို ဘာလိုလိုမျိုး ဗေဒင်ဟောစားလို့ ရပြီထင်တယ် (^^;)။

လသာည ဖြစ်ပါသည်။
မှတ်ချက်။ ။ အိစံမှ တောင်းဆိုလာပါသဖြင့် ပြန်တင်ပါသည် :D

5 comments:

Unknown said...

hahaa, matte iruyo;)
Among them, I am interested in A and C.

အိစံ said...

လသာည ဓတ်ပုံရိုက်ရင်နေတဲ့ ပုံက စီနဲ့ တူပြီး စိတ်နေ စိတ်ထားက အေ နဲ့ အီး ...

ကျေးဇူးပါ...

Lucifer said...

မမီးသာဆိုရင် မမီးကဘယ်နေရာမှာမှပါမှာ မဟုတ်လောက်ဘူး... သည်းသန့်တစ်ယောက်ထဲးခေါ်မဲ့ သူမရှိလို.... ထိုင်ငိုနေမှာ...

pps said...

လသာည..စိတ်ညစ်ရင်..Blogမှာ ဆားချက်တတ်သလားဟင်...၂ခေါက်ရှိမှမှတ်မယ်သူတွေမို့ လားဟင်.....အဟဲ...
ကဲ..Photosတွေပြန်ကြည့်တော့..ppsကအမြဲတမ်းအလယ်ကရော..တစ်ယောက်တည်းဆိုရင်........အဟီး..လစ်ပြီ......................

လသာည said...

ဟားဟား ပြောသေးဘူး ရှိုထားလိုက်ဦးမယ်။
ဘာလဲ ဆားချက်တော့ ဘာဖြစ်?
ဘယ်နှခေါက်တင်တင် မမှတ်တဲ့သူတွေကများ လာပြောနေတယ်။ ဟွန်းမသိရင်ခက်မယ်.. ဒါပဲ..မနက်ဖြန်ထိစောင့် အနိုင်ပိုင်းပြောလွှတ်သည် :D :D