Saturday, November 14, 2009

အိုခဲရ၊ ဇော်ကန့်လန့် နဲ့ လသာည

ရှေးတုန်းက အိုခဲရ ခေါ် တင်းဝါးနဲ့ စည်ပိုင်းလုပ်သူတစ်ယောက် ရှိတယ်။ တခါမှာသူက တင်းဝါးကို ခွဲလိုက်ချိန်မှာ တင်းဝါး အဖျားခတ်မိပြီး လူလွင့်ထွက်သွားတယ်။ ဘယ်အထိလွင့်သွားသလဲဆိုရင် မိုးမင်းကြီးနေတဲ့နေရာထိ တဲ့။

လူပြည်ကို မိုးရွာပေးဖို့ အလုပ်များနေတဲ့ မိုးမင်းကြီးက.
“အမောင်လူသား၊ ငါ အလုပ်များနေတယ်။ ဒီကို ရောက်လက်စနဲ့ ငါ့အလုပ်ကိုကူလုပ်ပေးပါ။ အခု ငါက ဒီစည်ကိုတီးမယ်။ မင်းက လူရွာကို မိုးခဲ ကျဲပေးပါ”
ပြောပြောဆိုဆို မိုးမင်းကြီးက စည်ကိုတီးလိုက်တော့ လူပြည်မှာ မိုးချိမ်းသံမြည်ဟီးသွားတယ်။ ဒါနဲ့ အိုခဲရလည်း မိုးခဲလေးတွေကို ကြဲပေးလိုက်တယ်။

မိုးမင်းကြီးက သူ့ကို “မိုးခဲကို ဖြည်းဖြည်းပဲ ကြဲချနော် လို့ လှမ်းသတိပေးရင်း ရှေ့ကို ဆက်သွားတော့ သူကပျော်ရွှင်စွာ နောက်ကလိုက်ရင်း မိုးခဲကို တဖွဲဖွဲ ကြဲချလိုက်တယ်။ ဒီလိုနဲ့ သူတို့ရွာနားကို ရောက်တော့ သူ့ရွာကို မိုးရေရစေချင်စောနဲ့ မိုးတွေကို အများကြီးပစ်ချလိုက်တယ်။ အဲဒီနေ့က ရွာသားတွေက Tanabata Matsuri (Star Festival)စုပေါင်းလုပ်ပြီး ၀ါးပင်ထိပ်မှာ လိုရာဆုတောင်းပွဲလုပ်နေကြတယ်။ မိုးရွာလာတော့ ပျော်သော်လည်း များပြားလွန်းတဲ့ မိုးခြိမ်းသံနဲ့ အတူ မိုးသီးတွေကြွေကျလာတာမို့ အိမ်ထဲကို ပြေးဝင်ကြရတယ်။ ပြောရရင် တရွာလုံး ရေကြီးသွားတယ်တဲ့..။
ဒါကို မသိတဲ့ အိုခရက သူ့ရွာကလူတွေ ပျော်နေကြပြီလားလို့ ရွာကိုလှမ်းကြည့်လိုက်တာ ကြဲထားတဲ့ မိုးခဲအစအနနဲ့ချော်လဲပြီး အိုခရတစ်ယောက် လူပြည်ကို ပြန်ပြုတ်ကျလာခဲ့တယ်။
ဒါပေမဲ့ပေါ့....
“ဟာ.. ဟိုမှာ အိုခရတစ်ယောက် ဘုန်းကြီးကျောင်းအမိုး ဘုံ ၅ဆင့်မှာ တွဲလောင်းကြီးကျနေပါလား”
ဟုတ်တယ်။ အိုခရတစ်ယောက် မိုးပေါ်ကတော့ ပြုတ်ကျလာပါတယ်။ ဒါပေမဲ့ အောက်ကို တန်းမရောက်ပဲ တွဲလောင်းဖြစ်နေတယ်။ နောက်တော့ ဘုန်းကြီးရဲ့အကြံနဲ့ အားလုံးရဲ့ အ၀တ်တွေကို ဆက်ပြီး အ၀တ်တန်းကို လုပ်ကြတယ်။ ပြီးတော့မှ သူ့ကို ခုန်ချခိုင်းတယ်။ မိုးပေါ်ရောက်ဖူးတဲ့ အိုခရအကြောင်း ပြောမဆုံးပေါင် တောင်သုံးထောင်ဖြစ်နေချိန်မှာ အိုခရလည်း မိုးပေါ်ကို မော့ကြည့်ရင်း မော့ကြည့်ရင်း ......သစ်သားကို အဆက်မပြတ်ခွဲနေတော့တယ်..ဒုန်း ခွမ်း....

:P ဒါက ဂျပန်ပုံပြင်လေးပါ။ ကလေးတွေကို ဒီပုံပြင်ပြောပြပြီး “ရွာသားတွေနဲ့ အိုခရရဲ့ အပြန်အလှန်မေတ္တာထားမှု၊ စည်းလုံးမှုကို အတုယူဖို့ သင်ကြတယ်။ ဒါပေမဲ့ ကလေးတွေရဲ့ အာရုံထဲမှာတော့ ဘုန်းကြီးကျောင်းအမိုးကနေ စောက်ထိုးကျနေတဲ့ အိုခရ၊ ကောင်းကင်ကို မော့ကြည့်လို့ သစ်သားခွဲနေမယ့် အိုခရကို ပဲ ပိုအမှတ်ရကြတယ်တဲ့..

ဒါမျိုးဆန်ဆန်ပုံပြင်လေးတစ်ခုရှိသေးတယ်။ လသာည ဆယ်တန်းကျောင်းသူဘ၀တုန်းက ကျောင်းအုပ်ဆရာကြီးက အတန်းထဲမှာ ပြောသွားတဲ့ ပုံပြင်လေးပါ။ အားလုံးလည်း ကြားဖူးကြမယ်ထင်ပါတယ်။ ပုံပြင်က ဇော်ကန့်လန်တဲ့..။ သူပြောပြပုံက သဘောကျဖို့ ပိုကောင်းတယ်။

တခါက နွားကျောင်းသားတစ်ယောက်က တောထဲမှာ နွားကျောင်းရင်း ဇော်ဂျီကို သွားတွေ့တယ်။ ဇော်ဂျီက သူ့ဆေးတောင်ဝှေးကြီးနဲ့ ယူလာတဲ့ ဆေးတွေကို ကြိတ်နေတာကို မြင်တာမို့ ဆက်ချောင်းကြည့်နေမိတယ်။ ဇော်ဂျီက ဆေးတွေကို ကြိတ်ကြိတ်ပြီး ထမင်းဆုပ်လောက် အလုံးလေးတွေကို ၃ လုံး လုံးတယ်။ ပြီးတော့ တစ်လုံး ပြီး တစ်လုံး ခပ်မြန်မြန်စားလိုက်ပြီး ဆေးတောင်ဝှေးကို ပုခုံးမှာထမ်းလိုက်တယ်။ ပြီးတော့ “ငါ့ဟဲ့ ယောက်ျား”လို့ မြည်တမ်းပြီး ခုန်လိုက်တာ ကောင်းကင်ပေါ် ပျံတက်သွားတယ်။

ဒါကို မြင်တဲ့ နွားကျောင်းသားဟာ ဇော်ဂျီကို အားကျသွားတယ်။ ဇော်ဂျီဆေးကြိတ်ခဲ့တဲ့ နေရာကို သွားကြည့်တယ်။ အဲဒီမှာ ဇော်ဂျီစားသွားလို့ ကျန်နေတဲ့ ဆေးအကြွင်းအကျန်လေးကို မြင်တော့ သူလည်း စားကြည့်ချင်စိတ်ပေါက်သွားတယ်။ ဒါနဲ့ ဇော်ဂျီလိုပဲ ဆေးအကြွင်းအကျန်လေးတွေကို စုပြီး သုံးလုံး တိတိလုံးတယ်။ အရွယ်ကတော့ နှာချီးလုံးလောက်ပဲ ရှိတော့တယ်။ ဇော်ဂျီက အကုန်စားသွားတာဆိုတော့ ဒီလောက်ရတာတောင် တော်သေးတယ်ပေါ့။ ဒါနဲ့သူက ဆေးလုံး ၃ လုံးကို ပါးစပ်ထဲပစ်ထည့်လိုက်ပြီး နွားကျောင်းတဲ့ နှင်တံလေးကို ဟန်ပါပါ ပုခုံးပေါ်ထမ်းလိုက်ပြီး “ငါဟဲ့ ယောက်ျား”လို့ အော်ရင်း ခုန်လိုက်တယ်။

ဟာ.. တကယ်ပါပဲ တော်တော်စွမ်းတဲ့ ဆေးဖြစ်တော့ သူလည်းပဲ ကောင်းကင်ပေါ်ပျံတက်သွားတယ်။ ဒါပေမဲ့.. ၀ါးတစ်ပြန် (၀ါးပင်အဖျား)လည်း ရောက်ရော ရပ်နေတယ်။ ဆက်မတက်တော့ဘူး။ ဒါပေမဲ့ သူက ဒီလောက် လေထဲပျံရလည်း မနည်းဘူးဆိုပြီးတော့ တောထဲမှာ လျှောက်သွားလိုက်တယ်။

အဲဒီမှာ သီချင်းသံတစ်ပုဒ်ကြားမိတယ်။ သီချင်းက“အလွန်အေးတဲ့ရာသီ၊ အလွန်ချမ်းတဲ့ရာသီ၊ မေတရွာ မောင်တမြို့တော့ နေလို့လည်း မဖြစ်နိုင်ပါသည်” ဆိုတဲ့သီချင်းဖြစ်ပြီး. ဆိုနေတဲ့သူက သူ့ရည်းစား မအေးဖြစ်နေသတဲ့။ ဒါနဲ့ ၀မ်းသာအားရ ဘဒင်ရဲ့ “ချစ်တာမင်းတစ်ယောက်တည်း အချစ်ရေ သိလား”ကို ကျယ်လောင်စွာဆိုရင်း သူ့ရည်းစားဆီ ပျံသွားလိုက်တယ်။ ဒါပေမဲ့ သူသွားလို့မရဘူးဖြစ်နေတယ်။ သူက ဇော်ဂျီရဲ့ ဆေးကိုနှာချီးလုံး သုံးလုံးစားမိထားတော့ ဘယ်လိုမှ အောက်ဆင်းပြီး သွားလို့မရဘူး။

မအေးခမြာလည်း အံသြပေမဲ့ ၀မ်းမသာနိုင်ဘူး ဖြစ်နေတယ်။ သူ့ချစ်သူက မိုးပေါ်ကနေ သစ်ပင်ဖက်ပြီး ဆင်းလာလိုက် သစ်ပင်ကိုလက်လွတ်ပြီးသူမဆီ ပြေးလာတာနဲ့ ကောင်းကင်တက်သွားလိုက်နဲ့ ဖြစ်နေတာကိုး။ စိတ်မကောင်းစွာနဲ့ ဖြစ်ကြောင်းကုန်စင်မေးရင်း ဒီလိုညည်းသတဲ့..။ “မောင်တစ်ယောက် ဇော်ကန့်လန့် ဖြစ်သွားပြီ။ ဒီလို ဟိုမရောက်ဒီမရောက် ကန်လန့်မင်းသားကို ကျွန်မဘယ်လို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ရမလဲ။ ကဲ ရှင်းရှင်းပဲ မောင့်ကို ပြောမယ် သွားတော့...”လို့ အဆုံးမှာ မေခလာ သီချင်းနဲ့တောင် ရန်တွေ့သတဲ့..။

:D ကျောင်းအုပ်ကြီးက အပြောကောင်းအဆိုကောင်းနဲ့ ပုံပြင်လေးကို အဆုံးသတ်သွားပုံက “သားတို့ သမီးတို့လည်း စာကြည့်ချိန်မှာ စာမကြည့်ရင် နောင်တချိန်မှာ ဘ၀ရဲ့ ဟိုမရောက်ဒီမရောက် ဇော်ကန့်လန့် ဖြစ်သွားမယ်နော်”တဲ့..။ ကျွန်မတို့အားလုံးက အားရပါးရ ရယ်ဖြစ်ခဲ့ကြတယ်။

ပုံပြောကောင်းတဲ့ ဆရာကြီးကို မမေ့သလို ဇော်ကန့်လန့် ပုံပြင်ကိုလည်း အခုထိ မမေ့ပါဘူး။ အခုတလော ပိုတောင်သတိရသေးတယ်။ လသာညလည်း.... မိုးပေါ်ကပြုတ်ကျပြီး ဘုန်းကြီးကျောင်း အမိုးပေါ်က ဆင်းမရတက်မရ ဒုက္ခရောက်ရတဲ့ အိုခရလို၊ ကောင်းကင်ပေါ်တော့ မဖြစ်စလောက် ပျံရပါရဲ့၊ ဆက်တက်လို့မရ၊ ဆင်းလို့မရ ဒုက္ခရောက်နေတဲ့ ဇော်ကန်လန့်လို့... ဖြစ်နေပြီလားလို့ တွေးမိလို့ပါ။ မိုးပျံနေတဲ့ ဇော်ဂျီတွေလောက် ဆေးတန်ခိုးမရှိပါပဲနဲ့ မိုးပေါ်ကို ပျံဖို့ ကြိုးစားမိသလို အရမ်းတော်တဲ့ ဘလော့ဂါတွေကိုအားကျလို့ ဗဟုသုတမတောက်တခေါက်နဲ့ ဘလော့တစ်ခုကို အစပြုဖွင့်လို့ တစ်ခုပြီးတစ်ခု ရေးလာမိတယ်၊ ပျော်တဲ့အခါ ပျော်လိုက်၊ ခေါင်းစားတဲ့အခါ ခေါင်းစားလိုက်နဲ့ ကျောင်းသားဘ၀ရဲ့ အချိန်တွေများစွာက ဘလော့ဘ၀ထဲမှာ တိုက်စားရင်း အခုဆို အမြင့်ဝါးတစ်ပြန်လောက်ရောက်ရောမယ်။:D

သူများတွေကို အားကျလို့ အမြင့်ကြီးလည်း တက်ချင်တယ်။ ဒါပေမဲ့ အောက်ကနေပြီး (စာမကျက်တဲ့ တပည့်ကို စိတ်ဆိုးနေတဲ့) ပရော်ဖက်ဆာက ကြိမ်လုံးကိုင် စောင့်နေလေရဲ့။ (ဘလော့)ဇော်ဂျီကန့်လန့် အမြန်ဆုံးဆင်းလာချင်လာ ဆင်းမလာလို့ကတော့ (ဘွဲမပေးပဲ) မြန်မာပြည်ပြန်ဖို့ လက်မှတ်ထိုးပေးမယ်တဲ့..။ အဲတော့ သယ်ရင်းတို့ရေ.. လသာညလည်း ဆေးနှာချီးအစွမ်းကုန်ရင်တော့ အောက်ကိုပြန်ဆင်းပြီး ပရော်ဖက်ဆာကို တောင်းပန်လို့ ကျောင်းသားဘ၀ထဲကို လုံးလုံးလျားလျားဝင်ပါဦးမယ်..လို့..။ ကံမကုန်ရင် နောက်များမှ ပြန်ဆုံကြသေးတာပေါ့.. :P

မှတ်ချက် ၊ ၊ဒါပေမဲ့ မိုးပေါ်က စောက်ထိုးကျလာတဲ့ အိုခရ တစ်ယောက် ကောင်းကင်ကို မော့ကြည့်လို့ သစ်သားခွဲနေသလို လသာညလည်း ကောင်းကင်ကို ကြည့်လို့ အဲလေ ဘလော့စာမျက်နှာများကို ငေးရင်း ကျောင်းစာကြည့်နေမှာပါလို့ ...:D

လသာည ဖြစ်ပါတယ်။

12 comments:

nyocho said...

ဒီပို့စ်ကို ဖတ်ရင်း ရယ်.. မော... ငို... ပြန်သွားပြီ။
ပုံပြင်လေးက ရယ်ရတယ်။ ဖတ်ရင်းကနေ ပို့စ်အဆုံးကိုရောက်တော့ မောသွားတယ်။ ဇော်ကန့်လန်ဖြစ်နေတဲ့ လသာညကို သနားလို့ ငိုပြန်သွားတယ်။

ဇော်ကန့်လန်ကိုယ်စား သီချင်းဆိုပေးမယ်။

ဘဒင်ရဲ့ “ပြန်လာမယ်၊ ပြန်ချစ်မယ်”
“..ဆုံးဖြတ်ချက်တွေ ပြီးမြောက်တော့မှ ပြန်လာမယ်၊ လက်ရှိဘ၀က လွတ်မြောက်တော့မှ ပြန်ခဲ့မယ်။ ....အိုး.. မင်းဆီ တန်းတန်းကြီး ကိုယ်ပြန်ခဲ့ပါမယ်”:P

မိုးသီတာ said...

ဆင်းခဲ့ပါတော့။ ဗမာပြည်ပြန်လို့ အချိန်တွေ ပိုမှ ရေးပါတော့။ နော်... လိမ္မာပါတယ်။ လသာညပို့စ်တွေ ဖတ်ပြီး ၀မ်းသာ ပျော်ရွှင်ရတာထက် စိတ်ပူရတာက ပိုနေပါတယ်။ (အပျိုကြီး ပူမဲ့သူမရှိတော့ ရှာပူဌားပူပေါ့လေ။) ကျောင်းပြီးလို့ရှိရင် လသာညနားလာနေပြီး ဟင်းချက်ကျွေးမယ်။ လသာညက ဘလော့ဂ်ထိုင်ရေး... ဟုတ်ပြီလား။

မင်းအိမ်ဖြူ Minn Eain Phyu said...

ရောက်တဲ့ ဘ၀မှာပျော်အောင်နေတဲ့ ပျံလို့ရတုန်းပျံသာပျံ

ပြီးတော့ အောက်ဆင်း စာကျက်ပေါ့

စာကျက်လိုက် ပျံလိုက် ဘယ်လောက်ကောင်းလဲ

မင်းအိမ်ဖြူ

ဆရာကြီးက လက်မှတ်ထိုးပေးရင်တော့ တို့နဲု့ ဆိုင်ဘူး

မိဆိုးလေး said...

အမ တစ်ခါတစ်လေ မဟုတ်ဘဲ အမြဲ လုပ်သင့်တာတွေကိုသာလုပ်ရင်းနဲ့  ကြာလာတော့လဲ အင်း..ကြိုးစားကြတာပေါ့အမရာ..။ဒါကောင်းမွန်တဲ့ ကျနော်တို့ တွေရွေးချယ်ခဲ့တဲ့လမ်းပဲလေ..။

pps said...

ဟားဟား...ခိုင်းနှိုင်းပုံလေးသဘောကျတယ်..ဇော်ကန့်လန့်နဲ့...လသာညမှဟုတ်ဖူးရော...ဒီကလည်းဇော်ကန့်လန့်ပဲရော...အထက်တက်မရ..အောက်ဆင်းမရနဲ့...အဟင့်....း(

မယ့်ကိုး said...

ဒီက ဇော်ကန့်လန့်တော့ မောလွန်းလှမို့ ခဏနားနေတယ် ...
ဒါပေမယ့် အမောပြေတဲ့တစ်နေ့ ပြန်ဆုံကြမယ်နော် ချစ်မလေး။
ကျောင်းပြီးမယ့်ရက်ကို လက်ချိုးလို့ စောင့်နေပါ့မယ်။

kiki said...

တက်လိုက်ဆင်းလိုက် လုပ်နေပေါ့ ဇော်ကန့်လန့် ရယ် ..အဲ .. လသာည လေးရယ် ..
လမ်းခုလတ်မှာ ဂန့် မနေရအောင်တော့ .. ဂျိတ်တွေ ကြည့် ရှောင် ဦး နော်...
မကြခဏ လာချောင်းနေတယ် သိလား ... ဆေးကြိမ်လုံးတော့  မရှိလို့ ..ခွေးတိုးပေါက်ကနေပဲ လာတာ .. ဟိဟိ ...

သိင်္ဂါကျော် said...

ပုံပြင်လေးတွေ ကလည်း ဖတ်လို့ကောင်းတယ်...
တို့လည်း ဇော်ကန့်လန့် ပဲမို့ မဖတ်ပဲ မရေးပဲလည်း မနေနိုင်ဘူးလေ... :D

ကိုလူထွေး said...

လတ်စသတ်တော့ နှပ်ချေးသုံးလုံးစားပြီး ဘလော့ဂါ ဖြစ်လာတာကိုးးးးးးးးးP

းဝ)

(မိုးမင်းကြီးဆိုလို့ မိမိဂျိ ကိုပြောသလားလို့ ထင်နေသေးတာ)

လသာည said...

14 Nov 09, 14:58
nyocho: ဟုတ်ကဲ့ ပါ ။ ဆေးစွမ်းမကုန်ခင်တော့ ရေးပါဦး။ တပုဒ်ပဲရေးရေး။ တကြောင်းပဲရေးရေး လာဖတ်မယ်

14 Nov 09, 14:54
nyocho: :75: ဒီလိုမျိုးခွာပြီး စားမယ် ပြီးရင် မိုးပေါ်ကို ဒီလိုမျိုးခွာပြီး စားမယ် ပြီးရင် မိုးပေါ်ကို ဟောလို ပျံတက်ပြီး လသာညကို ပရော်ဖက်ဆာက ဘယ်လိုရိုက်သလဲဆိုတာ လာကြည့်ချင်တာ သတိထား လား

14 Nov 09, 15:02
nyocho: ကျွန်တော်လည်း လသာညကို ကိုယ်ချင်းစာပါတယ်။ ကျောင်းစာက အရေးကြီးတယ်လေ... ဗျာ။ ကျောင်းပိတ်ရက်မှရေး

Nov 09, 14:59
nyocho: မရေးလည်း စီဘောက်တော့ အလည်လာမှာပါ။ မူလလက်ဟောင်းသယ်ရင်းလို့ ဘွဲ့ပေးထားတော့ လာရမှာပေါ့လေ

14 Nov 09, 15:07
အိစံ: ဇော်၈ျီတောင်ဝှေးလေး ဆောင်ထား လသာည
14 Nov 09, 15:05
အိစံ: အားပေး နေမှာပ့ါ

15 Nov 09, 02:12
kl: လသာညရေ ဒို့လည်း ကန့်လန့်ဖြစ်နေတယ် thesis contents ကြောင့်၊ ဟူး oyasumi

လသာည said...

အားလုံးကို အထူးကို အရမ်းကို ကျေးဇူးတင်ပါတယ်..။
ဆေးနှာချီးက ကိုယ့်ဘာသာဖေါ်စားခဲ့တာပါ :D
သုံးလုံးဆိုတော့ကာ အစွမ်းက မကုန်သေးဘူး။ ဘလော့ပေါ်ရောက်နေတုန်းပဲ :DD
ရေးတော့ရေးမှာပါ။ အရေးကျဲမှာလေး တစ်ခုပါပဲ..(ပရော်ဖက်ဆာ ကြိမ်လုံးမကိုင်တဲ့အချိန်တွေမှာပေါ့..:P)

rose of sharon said...

ရေးပါဟယ်...ရေးပါ....တပတ်တပုဒ်လောက်တင်လဲဖြစ်ပါတယ်... ကိုယ့်လိုပေါ့... ဟီးဟီး