Thursday, November 12, 2009

အင်တာနက်မှ ဟာသများ :)

သူမရဲ့ အသက်
မိန်းမတစ်ဦးဟာ ပြန်လည်နုပျိုစေမယ်လို့ အာမခံထားတဲ့ အလှပြင်ပစ္စည်းအချို့ကို ဈေးကြီးပေးပြီး ၀ယ်လာပါတယ်။
အလှပြင်ပြီးနောက် သူမက သူမအမျိုးသားကို လှမ်းမေးလိုက်ပါတယ်။
"ကဲ..ကျွန်မကို ကြည့်ပါဦး အခုဆို ကျွန်မအသက် ဘယ်လောက်အရွယ်အဖြစ် မြင်ရလဲဟင်”
သူက သေသေချာချာ ဂရုတစိုက်ကြည့်ပြီး ဖြေလိုက်တယ်။ “ အသားအရေကိုကြည့်ပြီး ဖြေရရင် အသက် ၂၀၊ ဆံပင်ဆိုရင် ၁၈နှစ်၊ ခန္ဓာကိုယ်အသွင်အပြင်ဆိုရင် ၂၅နှစ်”
“အိုး.. ဒါတော့ ရှင်မြှောက်နေတာ မဟုတ်လား”လို့ သူမက ရှက်ပြုံးနဲ့ ပြန်ပြောတယ်။
“ နေပါဦး၊ စကားမဆုံးသေးပါဘူး၊..”
“ကဲ..ဒါဖြင့် ဘာကျန်သေးလဲ ပြော”လို့ သူမက ကြည်နှုးစွာ ဖြေလိုက်တယ်။
“ငါ တစ်ခုချင်းဆီပဲ ပြောရသေးတာ။ အားလုံးကို ပေါင်းမပြောရသေးဘူးလေးကွာ”

မိန်းမများ ကြိုက်နှစ်သက်သော အားကစား
17နှစ် - shopping
25နှစ် - shopping
35နှစ် - shopping
48နှစ် - shopping
66 နှစ်- shopping

ရွေးချယ်မှုစံ
17နှစ် - tall, dark and handsome (ဒီလောက်ပြည့်စုံရင် တော်ပြီတဲ့)
25နှစ် - tall, dark and handsome with money (နေဦး ပိုက်ပိုက်ရှိမှ လျှောက်လည်လို့ရမှာ)
35နှစ် - tall, dark and handsome with money and a brain (နေဦး ထက်မြက်ဖို့လည်း လိုတယ်)
48နှစ် - a man with hair (ကျန်တာထက် ဆံပင်ပါမှဖြစ်မယ် အလှူ ဘာညာသွားရင် လူမြင်ကောင်းဖို့လိုတယ် :))
66နှစ် - a man (ဆံပင်မပါလည်း ရပြီ ဆေးပေးမီးယူပဲ :))

အိမ်မွေးတိရစ္ဆာန်လေးများ
17 နှစ်- Muffy the cat
25နှစ် - Unemployed boyfriend and Muffy the Cat
35နှစ် - German Shepherd and Muffy the Cat
48နှစ် - Children from his first marriage and Muffy the Cat
66နှစ် - Retired husband and Muff the Cat
(ကြောင်ကတော့ အဆင့်မလျော့တဲ့ အိမ်မွေးအသည်းကျော်ပါပဲ:))

ဒါမှအိမ်ထောင်ဦးစီး
17 နှစ်- ပိုက်ဆံ ရှင်းပါရစေလို့ သူတောင်းဆိုတယ်။
25နှစ် - သူကပဲ ငွေရှင်းသွားတယ်
35နှစ် - မနက်စောစောထပြီး မနက်စာချက်ပေးတယ်။
48နှစ် - နောက်တနေ့မနက်စာ ကလေးထမင်းဗူးအတွက် သူထချက်ပေးတယ်။
66နှစ် - သူ့မနက်စာကို သူဘာသာပဲ ခူးစားတယ်။

စက်ရုံလုပ်သားများ
အမေရိကန်နိုင်ငံက သေးငယ်တဲ့မြို့တမြို့ မှာ အိမ်ထောင်သည်အမျိုးသားများကိုသာ အလုပ်ခန့်တဲ့ နေရာတစ်ခုရှိပါတယ်။
ဒါကိုမြင်တဲ့ အဲဒီမြို့က အမျိုးသမီးတစ်ဦးက မကျေနပ်တဲ့အတွက် စက်ရုံမန်နေဂျာကို မေးပါတယ်။
“ဒီမှာရှင် ရှင်တို့စက်ရုံက အိမ်ထောင်သည် အမျိုးသားကိုပဲ အလုပ်ခန့်တယ်ဆိုတာက ဘာသဘောလဲရှင့်။ ဘာလဲ ကျွန်မတို့မိန်းမတွေက အားနွဲ့လို့လား၊ သုံးမရအောင် တုံးတဲ့သူတွေမိုလို့လား ပြောစမ်းပါဦး”
“အိုး.. မဟုတ်ရပါဘူး ခင်ဗျာ၊ ကျွန်တော်တို့ စက်ရုံက မြန်မြန်သွက်သွက်၊ ပြေးပြေးလွှားလွှားလုပ်တတ်ပြီး ကျွန်တော်ဆူတိုင်း ပြန်မပြောတတ်ပဲ ပါးစပ်ပိတ်အလုပ်လုပ်သူကိုသာခန့်တာပါ။ အဲဒီလို လိုအပ်ချက်နဲ့ကိုက်ညီနေသူများက အိမ်ထောင်သည်အမျိုးသားများဖြစ်နေလို့ပါ။

ယောက်ျားများ နားထောင်ကြပါ။

ယောက်ျားတစ်ယောက် ကျဉ်းမြောင်းတဲ့ တောင်တက်လမ်းသွယ်လေး ဖြတ်သန်း ကားမောင်းနေတုန်း မိန်းမတစ်ယောက်က သူနဲ့အတူ ဘေးချင်းယှဉ်လိုက်မောင်းလို့ ကျယ်ကျယ်လောင်လောင် အော်သွားပါတယ်။ "PIG!!"
ယောက်ျားကလည်း မဆိုင်းမတွ ကျယ်ကျယ်လောင်လောင်ပြန်အော်ပစ်လိုက်တယ် "BITCH!!"
ဒီအတိုင်း ဆက်သွားလို့ နောက်လမ်းကွေ့တစ်ခုအရောက်မှာ လမ်းလည်ခေါင်ရောက်နေတဲ့ ၀က်ကို ယဉ်မောင်းယောက်ျားဝင်တိုက်လိုက်မိပါတော့တယ်။
အားလုံး ရယ်မောခြင်းဖြင့် ဘ၀အမောများပြေပျောက်နိုင်ကြပါစေ..။

လသာည.. ဖြစ်ပါတယ်...။
မှတ်ချက်။။ အင်တာနက်မှ ဖတ်ဖြစ်တာများကို စုစည်းတင်ပြတာပါ။ ဖတ်ပြီးသားဖြစ်နေရင် စိတ်မရှိပါနဲ့ ..
ဒီထက်ပိုပြီး ဖတ်ချင်သေးသူများ ဒီနေရာမှာ ဟာသများစွာ ရှိပါတယ်။ လသာည သွားနေကျနေရာပါ။ အခုဟာသများကိုလည်း ထိုနေရာမှ ယူထားပါတယ်..

8 comments:

မင်းအိမ်ဖြူ Minn Eain Phyu said...

သွားချင်ဘူး ပျင်းတယ်

တော်ပြီ ဒီမှာပဲ ဖတ်မယ် နောက်ကိုလည်း ဘာသာပြန်ပေးအုံး

သွားဖတ်ချင်ဘူး

မင်းအိမ်ဖြူ

Anonymous said...

ဒါမှ အိမ်ထောင်ဦးစီး ကိုအကြိုက်ဆုံးပဲ...ဒါမှ လသာည...ကွ...ဟေးဟေး....


ထား

မိုးသီတာ said...

သဘောတွေ ကျ...:D :D

nyocho said...

အဟဟား လသာညက အိမ်ထောင်ဦးစီးကောင်းရထားတော့ ကြွားတာပေါ့လေ။ သိပါတယ်ဗျ။

တွေးတွေးပြီး ရယ်ရတယ်။ ဟားဟားဟား ဟိဟိ..

နောက်လည်း ဘာသာပြန်ပေးပါ။ တားတားတို့က ဘာသာပြန်ပြီးသားမှ ဖတ်မှာနော်။ :P

မိဆိုးလေး said...

ညိုချို သိပ်ရယ်မနေနဲ့  ကုတင်ပေါ်က ပြုတ်ကျနေဦးမယ်..။ အမရေ အဲဒီလိုအိမ်ထောင်ဦးစီးမျိုးရှာရမှာလား...ဟင်။:P

မယ့်ကိုး said...

ရယ်ရတယ်။ အမောပြေသွားတာပဲ ။ကျေးဇူးနော် ချစ်မလေး။

nyocho said...

မမဆိုးဆိုး..
ကျွန်တော် ကုတင်ပေါ်က ပြုတ်ကျနေတာက မဆန်းတော့ဘူး။ နေ့တိုင်းလိုလိုပဲ.။ ဒီနေ့တောင် သံပတ်ပေးထားတဲ့ နာရီကို အိပ်ချင်မူးတူးနဲ့ လှမ်းပိတ်တာ ပြုတ်ကျသေးတယ် ဟားဟား..
အခု ကုတင်ကနေပြုတ်မကျနည်းကို စဉ်းစားနေတာ။ သိရင်ပြောပါဦး :P

ဒါနဲ့ မမဆိုးဆိုး အိမ်ရှင်ကရော ဘယ်လိုလူလဲဟင်။ ဟို မမဆိုးဆိုးရဲ့ ချစ်ချစ်ကိုပြောတာလေ..:D

အိစံ said...

ကုတင်ပေါ်မအိပ်နဲ့  ....P