Monday, November 9, 2009

ဘာလို့ ဗိုက်ဆာရတာလဲ

အခုတလော ခဏခဏ ဗိုက်ကဆာတတ်နေတယ်။ စားပြီးလို့ ၃ နာရီလောက်ရှိတော့ တခါ ဆာသလိုလို ဖြစ်လာတယ်။ အော် ၀ိတ်တက်တော့မှာပဲလို့ တွေးရင်းကနေ ထပြီး စားစရာသို့မဟုတ် ကော်ဖီ ထသောက်ဖြစ်နေတယ် :P မြန်မာပြည်က လာခါစက ၄၇ကီလို အခု ၄၉နဲ့ ၅၀ကို ဆင်းလိုက်တက်လိုက်ဖြစ်နေတယ်။

ဒီနေ့တော့ ဘာလို့ ဗိုက်ဆာရသလဲဆိုတဲ့ အူလည်လည်မေးခွန်းကို ကိုယ့်ဘာသာမေးဖြေကြည့်မိတယ်။ ဗိုက်ဆာပါတယ်ဆို ဗိုက်ထဲအစာမရှိလို့ ဗိုက်ဆာတာပေါ့လို့ ဘုကျကျ (ယထာဘုတကျကျ?) တွေးကြည့်မိတယ်။

ဗိုက်ဆာတယ်ဆိုတာ ဗိုက်ထဲမှာ အစာလုံးဝမရှိတော့လို့ ဗိုက်ဆာတာလို့ တွေးကြည့်မိပေမဲ့ တချို့နေမကောင်းတဲ့သူတွေကျတော့ အစာမစားပဲနဲ့ (ဗိုက်ထဲ အစာမရှိတာတောင်) ဗိုက်မဆာကြဘူး။ ဘယ်လောက်အကောင်းစားကျွေးကျွေး မစားချင်ဘူး မစားချင်ဘူးနဲ့ ပြောကြတယ်။ တော်တော်တွေးရခက်တာပဲ...အင်း..... (@@)

မနက်ဖြန်အပြီးတင်ရမယ့် ကျောင်းစာတွေရှိနေရဲ့သားနဲ့ အဲဒီဆာလောင်မှုပြဿနာကိုပဲ ရှာကြံတွေးနေတာ နောက်ဆုံးစိတ်မရှည်တဲ့အဆုံး အနားရှိတဲ့ ဆိုက်ကိုစာအုပ်ကြီးထဲကပဲ ဆာလောင်မှုဆိုတာကို ရှာဖွေလှန်လှောပြီး ဖတ်ဖြစ်ပါတယ်။ တွေ့ပါပြီ။ ဒါပေမဲ့ သူမေဂျာ မဟုတ်တော့ အရှည်ကြီးတော့ ရှင်းမထားဘူး။ အနှစ်ချုပ်ကလေးပါ..။

အဲဒီထဲမှာ ဘယ်လိုရေးထားသလဲဆိုတော့ လူသားတွေ ဆာလောင်မှု (ဆာလောင်တဲ့ ခံစားမှု)ဆိုတာဟာ သွေးထဲမှာ အာဟာရဓါတ်မရှိတော့တဲ့အခါမှာ ခံစားရတာပါတဲ့..။

သွေးထဲမှာ အာဟာရဓါတ်မရှိတော့တဲ့အခါ သူကဦးနှောက်ဌာနကို B မေးလ်နဲ့ သတင်းပို့သတဲ့ (Blood mailလေ :D)။ ဦးနှောက်မှာလည်း ဌာနခွဲတွေက အများကြီးဆိုတော့ အတိအကျ သတင်းမပို့လို့မရဘူး။ မှတ်ဥာဏ်ဌာနခွဲ၊ နှလုံးသားရေးရာ ခံစားမှုဌာနခွဲ၊ ဆာလောင်မှုဗဟို ဌာနခွဲ (hunger center)စသည် များစွာ ရှိတယ်။

သွေးကတော့ B မေးလ်နဲ့ ဆာလောင်မှုဗဟို ဌာနခွဲကို သတင်းပို့တယ် အခု သွေးထဲမှာ လိုအပ်တဲ့ အဟာရတော့ ပြတ်နေပြီ အမြန်အရေးတယူဆောင်ရွက်ပါဆိုပြီးပေါ့...

ဆာလောင်မှုဗဟိုဌာနက ဘာလုပ်သလဲဆိုတော့ အစာအိမ်ကို ထိန်းချုပ်ရတယ်။ စက်ဘီး ဘရိတ်နင်းသလို ဆာလောင်မှုဗဟိုဌာနက အစာအိမ်ရဲ့လည်ပတ်နေတဲ့ စက်ကြီးကို ဘရိတ်အုပ်ပေးတာပေါ့..။ သွေးထဲမှာ အဟာရဓါတ်ရှိနေသ၍ ဆာလောင်မှုဗဟိုဌာနက အစာအိမ်ကို ဘာ pressureမှ မပေးပါဘူး။ အေးအေးဆေးဆေးပါပဲ..။ အဲ.. လိုအပ်တဲ့ အဟာရဓါတ်မရှိတော့ဘူးဆိုရင်တော့ သူက တဆူဆူတပူပူလုပ်ပါတော့တယ်။ ဒါကြောင့်လည်း ဗိုက်ထဲက သံစုံတီးဝိုင်းတွေနဲ့ အရေးဆိုတာကို ကြားရတတ်တာပါ။

ကျွန်မတို့ဆာလောင်တဲ့အခါမှာ သူကဘယ်အစားအစာကိုစားမှရယ်လို့ သတ်မှတ်တောင်းဆိုတာတော့ မဟုတ်ပါဘူး။ အဟာရဖြစ်ရင် ပြီးတာပဲ။ ကြက်ဥကြော် နဲ့ ထမင်းပဲ စားစား၊ ပီဇာကိုပဲ စားစား စားတဲ့အဟာရကတော့ ၀င်သွားတာပါပဲ (ဗိုက်ပြည့်သွားတယ်၊ ဗိုက်ဆာ ပျောက်သွားတယ်)။ ဒါပေမဲ့ အဲဒီလို မြန်မြန်ဗိုက်ပြည့်အောင် ပြီးပြီးရော တစ်ခုထဲချည်းပဲ စားနေရင် ကျန်းမာရေးနဲ့ မညီညွှတ်မှန်းသိတဲ့ ဦးနှောက်ဌာနက ပြန်စည်းကမ်းကျပ်ထားတာ ရှိပါတယ်။ ဘာလဲ ဆိုတော့ စားချင်စိတ် (appetite)ကို အမိန့်ပေး ထိန်းချုပ်ထားတာ ဖြစ်ပါသတဲ့..။

အဲဒီတော့ ပေါင်မုန့်တမျိုးတည်းကို ၅ချပ် စားတာနဲ့ ငါးပိရည်နဲ့အတို့၊ ချဉ်ရည်ဟင်း၊ ကြက်သားကာလသားဟင်း၊ ပြောင်းဖူးကြော် စတာတွေနဲ့ ထမင်းတစ်ပန်းကန်စားရတာ ( appetite) က ဘယ်လိုမှ မတူနိုင်ဘူးလေ။

အဲဒါကြောင့်လည်း စားပြီး ဗိုက်ပြည့်နေရဲ့နဲ့ အာသီသမပြည်ဘူးဆိုတာရှိတာနေမှာ။ ဗိုက်ဆာတာကို တာဝန်ယူတဲ့ဌာနကတစ်ခု၊ စားကောင်းမကောင်း ဆက်စားလိုစိတ် အာသီသကို ထိန်းချုပ်တာက ဌာနတစ်ခု၊ ဌာနက နှစ်ခုဖြစ်နေလို့ ထင်ပါရဲ့..။

ဒါဆို အစာမရှိပဲနဲ့ ဘယ်လောက်ကြာကြာနေနိုင်သလဲ ဆက်တွေးမိပြီး ဆက်ရှာဖတ်ကြည့်တော့။ ဒါလည်း တစ်ဦးနဲ့တစ်ဦး ခံနိုင်ရည်မတူပါဘူး။ နောက်ပြီး လှုပ်လှုပ်ရှားရှားနေတဲ့သူရဲ့ ခန္ဓာကိုယ်က ပရိုတိန်းဓါတ်ကို များများသုံးပစ်လို့ ငြိမ်ငြိမ်နေတဲ့သူထက်စာရင် မြန်မြန်ဆာလွယ်တာလည်း လူတိုင်းအသိလေ။ ကမ္ဘာပေါ်မှာ အစာမစားပဲနဲ့ အကြာဆုံး အဖြစ် စံချိန်တင်နေနိုင်သူ တောင်အာဖရိက အမျိုးသမီးတစ်ယောက်ဆိုရင် အစာလုံးဝမစားပဲ ရေနဲ့ ဆိုဒါရည် သောက်ပြီးနေတာ ၁၀၂ရက်တောင် နေနိုင်တယ်ဆိုပဲ..။ လသာညတော့ နေနိုင်ပါဘူး။ အစာမစားပဲ ၆ နာရီလောက်နေရင်တောင် အစာအိမ်က ကုလားဘုရားပွဲလှည့်သလို့........

ဗိုက်ဆာတာနဲ့ စိတ်ပညာကို ဆက်စပ်ဖတ်ကြည့်တော့ အများအားဖြင့် ဗိုက်ဆာရင် စိတ်တိုတတ်ကြတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် စိတ်မတိုတတ်အောင် ဗိုက်ဆာမခံတာ အကောင်းဆုံးထင်ပါကြောင်း မရဲတရဲ အဖော်ညှိတိုက်တွန်းအပ်ပါတယ်။ သူငယ်ချင်းတစ်ယောက်ကလည်း သူ့ဂျီတော့မှာ ဒီလိုလေးရေးထားတယ်
Please..God...
if you can't make me slim...make my friend fat..!!!!
အားလုံးဗိုက်ဆာရင် စားသာစား လသာည အဖော်ရှိတယ်...:D

မှတ်ချက်။ ။ ခန္ဓာဗေဒကို နားမလည်ပါ။ ဆေးပညာလည်း နားမလည်ပါ။ စဉ်းစားမိသမျှ ရေးမိပါသည်

လသာည.. ဖြစ်ပါတယ်

15 comments:

မိုးသီတာ said...

၄၇ ကနေ ၄၉ -၅၀ ကို ဘယ်လို များ နေနေသလဲကွယ်။ မတက်အောင်။ ၅၃ လောက် ပြန်ရရင် တော်ပါပြီ။ လောလောဆယ် ငါးကီလို အပိုကို လျှော့ဖို့ ကြိုးစားနေပါ၏။

မယ့်ကိုး said...

ချစ်မလေးရေ...
အခု ဗိုက်ဆာနေတယ် :D ...ရေးထားလေးတွေ အကုန်မှတ်သွားတယ်။ပြီးရင်
တောင်အာဖရိက အမျိုးသမီးဆီမှာ သင်တန်းသွားတက်ချင်တယ် =)

nyocho said...

ဗိုက်ဆာတယ် ဗိုက်ဆာတယ်... ဒါနဲ့ ဦးနှောက်ဌာနနဲ့ ဆာလောင်ခြင်းဗဟိုဌာနတွေက B mailပို့၇င် တန်းလုပ်တယ်ထင်တယ်။ လာဘ်တော့မစားဘူးမို့လားဗျ :D

pps said...

ူPls make Latharnya fat ;p.....
Omoshiroi desune.
Btw, just now i sent M-mail to U.
Can u hear me, can u hear me?????......:))))))))))))))))))

rose of sharon said...

ဆာရင်စားပစ်လိုက်မှာဘဲ...ဘာမှမစဉ်းစားနေချင်ဘူး... ဗိုက်ဆာတုန်းစားစရာမရှိရင် တအားစိတ်တိုတယ်

နေ့အိပ်မက် said...

အဟင့် ဖုတ်ဝင်တယ်လို့အပြောခံရတဲ့အထိ ဗိုက်ဆာနေတုန်း ဒီိစာဖတ်မိတာ ပိုတောင်ဆာသွားပြီ.... ဒါနဲ့ စားပြီးမ၀တာရော စိတ်ပညာနဲ့ဆိုင်လားဟင်... နေ့အိပ်မက် တစ်အိမ်လုံးထက်ပိုစားတယ်... ၄၂ကီလိုကတက်ဘူးရယ်... ချိတ်ညစ်တယ်..

Anonymous said...

ဘာမဟုတ်ပေမယ့် စာတစ်ပုဒ်ရေးဖြစ်တယ် လသာည..။

"မိုးလင်းက မိုးချုပ်၊တကုတ်ကုတ်နဲ့  LAB ထဲမှာ အလုပ်ရှုပ်၊သမီးလေ.. စက်ရုပ်ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီ အမေ..။ဒါဆို ခံစားတတ်တဲ့ နှလုံးသားရှိသေးရဲ့လား..လို့ တော့ မမေးပါနဲ့ အမေရယ်။ နာကြင်ခံစားတတ်သေးတဲ့နှလုံးသားနဲ့  စက်ရုပ်လူသား သမီးဘ၀၊ ၂၀၁၁ ရောက်ခါမှ လူသားစင်စစ် ပြန်ဖြစ်တော့မယ်ထင်ပါရဲ့ အမေရယ်...။ လို့ ...။

ချစ်တဲ့လသာညပျော်ရွှင်ပါစေ။ မိဆိုးလေး

မန်းလေရူး said...

ဒီပို့စ်ကိုဖတ်မိတော့ ငယ်ငယ်က ကာတွန်းတစ်ခုကို သတိရမိတယ် ။
အဲဒီကာတွန်းက ကိုယ်ထဲက function တွေကို အစ်မပြောသလို သရုပ်ဖော်ထားတာ ။ အရုပ်ကလေးတွေကြည့်လို့ကောင်းတယ် ။း)) ကာတွန်းရေးဆရာနံမည်ကိုတော့ မမှတ်မိတော့ဘူး ။
အစ်မပြောသလိုပဲ လာခါစက ၄၅ -၄၆ လောက်ပဲရှိတာ ။ အခုတော့ ၄၇-၄၉ ကတက်လိုက် ကျလိုက်ပဲ ။ ဒါပေမယ့် ငယ်သေးတယ်လေနော ။းP အခုမှ လူလတ်ပိုင်းရောက်ခါစပဲ ရှိသေးတာ ။ ပြီးတော့ ၄၅ ကီလိုကျော်မှ သွေးလှူလို့ရတာ ။ ပိန်လို့မဖြစ်ဘူး မဟုတ်လား ။
စားစရာမြင်ပြီဗိုက်စာရင် လေရူးကတော့ အဲဒီ ကီလိုတွေဘာတွေ အကုန်မေ့သွားတာပဲ ။ ဟီးး (း

minneainphyu said...

အခုဗိုက်ဆာနေတုန်း ဒီပိုစ့်ဖတ်ပြီးပိုဆာသွားပြီ

kiki said...

အဲ့ လို ရှင်းပြလိုက်တော့လည်း သူ့ ဟာနဲ့သူ ဟုတ်နေတာပဲ လသာည ရေ .. . သကြားဓါတ် တောင် မလိုတော့ ဘူး ။

ပေါက်ပင်ကိုင်းလို့ ဗိုက်ဆာတာ လည်း ဖြစ်နိုင်တယ်နော် ..
ဟင့် .. ဘာကြောင့်ဆာ ဆာ .. အရေးမကြီး တော့သလိုပဲ ..
ဆာတဲ့အချိန် မှာ စားချင်တာလေး စားရဖို့ လောက်ပဲ စိတ်ထဲ ထားလိုက်တော့တယ် .. ဟိဟိ ..
ဆာလာပြီ ... ဘာစားစရာ ရှိလဲ .. ပြော..

Lucifer said...

မမီးကတော့ ဗိုက်ခဏခဏ ဆာတယ်
ဆာတိုင်း မုန့်ပဲးစားတယ်
ဗိုက်ဆာ တာ ထမင်းစားချင်လို့မဟုတ်ဘူး
မုန့်စား ချင်လို့စာတာ..
ဟီးးး

မြတ်နိုး said...

ဗိုက်ဆာတာနဲ့ စိတ်ပညာကို ဆက်စပ်ဖတ်ကြည့်တော့ အများအားဖြင့် ဗိုက်ဆာရင် စိတ်တိုတတ်ကြတယ်လို့ ဖော်ပြထားပါတယ်။

absolutely agree.

:))

အိစံ said...

အခု Labထဲမှာ စာကြည့် ရင်းဗိုက်ဆာလို့ မုန့် စားနေတယ် B mail က ခဏခဏ လာတယ်လေ..C mail တော့ ဟုတ်ဘူး...P
့အတူတူလုပ်ဖူးတဲ့ ၈ျပန်ကပြောလေ့ ရှိတယ် အိအိချန် Hungry become angry တဲ့ အစာမခံလို့ လေ..

အိစံ said...

မိဆိုးလေး ခံစားချက် ကဗျာလေး ကြိုက်ကြိုက်

ဧပရယ်လ်ပူး@ပူးတေ said...

အရင်က လသာည ပြောလို့ စားတာမဟုတ်ဘူး။ ကိုယ့်ကို ဆာတိုင်းစားတာ ည ၂ နာရီ ၃ နာရီ ဆာလဲ ထစားတာပဲ။ အခုတော့ လသာညပြောလို့ စားရတော့မယ်။ :) 3 ကီလိုတက်နေပြီ။