Wednesday, February 10, 2010

ကြံကြံဖန်ဖန် တွေးခဲ့တယ်

သူဟာ ကလေးဘ၀ကတဲက ဘဲလေးတွေ (ducks)၊ ဘဲငန်း တွေ(geese)ရဲ့ အကြောင်းကို သိပ်စိတ်ဝင်စားခဲ့တယ်။ ဘဲမကြီးရဲ့ဥတွေက ပေါက်လာတဲ့ ဘဲလေးတွေဟာ ဘဲမကြီးနောက်ကို ဘာကြောင့် ချက်ချင်းလိုက်တာလဲလို့ တွေးတွေးပြီး အံ့သြလို့ မဆုံးဘူးတဲ့။ သာမန်ဆိုရင် အံ့သြစရာမှ မရှိတာ။ သူအမေမိုလို့ လိုက်တာပေါ့လို့ တွေးလိုက်ရင် ပြီးသွားမှာပါပဲ။။ သူ့မိဘတွေ ရှင်းပြသလို “ဘဲအမေကြီးရဲ့ မေတ္တာကြောင့်”လို့လည်း သူက မတွေးဘူး..။ သူက ယုတ္တိ ရှိရှိတွေးချင်သတဲ့...

ကလေးအတွေးနဲ့ တွေးပုံက.. ဘဲလေးတွေက ဥထဲကမပေါက်ခင်ကတဲက သူ့အမေကို သူ့အမေမှန်း ဘယ်လိုလုပ်သိသလဲ..? ဘဲအမေကြီးက နို့လည်း တိုက်တာမဟုတ်ဘူး၊ တခြားဘဲမတွေလည်း ရှိရဲ့သားနဲ့ သူတို့က ဒီဘဲအမေကိုပဲ တန်းသိနေတာ ဥထဲကနေများ ချောင်းကြည့်ကြသလား.. စသည်ဖြင့် ခဏခဏ တွေးသတဲ့..
(( ကြံကြံဖန်ဖန်နော် ..း)

နောက်တော့ သူက နောက်ပိုင်းဇီဝဗေဒပညာကို ဆက်လက်လေ့လာရင်း ဒီအကြောင်းကို စမ်းသပ်မှုတစ်ခုလုပ်ပြီး လေ့လာခဲ့တယ်။ ပထမဆုံး ဘဲငန်းဥတွေယူပြီး သူသတ်မှတ်ထားတဲ့ ဘဲမကြီးကို ၀ပ်ခိုင်းတယ်။ ပြီးတော့ သူက အချိန်နဲ့ အမျှ အကောင်ပေါက်တာကို စောင့်ကြည့်ခဲ့တယ်။ ဘဲငန်းလေးတွေ အကောင်ပေါက်တဲ့အချိန် ဘဲငန်းမကြီးကို ဘေးဖယ်ခိုင်းပြီး သူက ဘဲငန်းလေးတွေနားလေးမှာ သွားနေလိုက်တယ်တဲ့..

ရလာဒ်ကတော့ ဘဲငန်းလေးတွေဟာ ဥမှပေါက်ပေါက်ချင်း သူ့ကိုပဲ တွေ့သွားပြီး အဲဒီနောက်တော့ သူ့နောက်ကိုပဲ ဘယ်သွားသွား လိုက်ပါတော့တယ်။
သူ့အမေ ဘဲငန်းကို တွေ့လည်း မသွားဘူး။ ဘယ် ဘဲငန်းမ နောက်မှ သူတို့က မလိုက်ကြတော့ဘူး။ အောက်ကပုံထဲကလိုပေါ့.. (နောက်ပိုင်း စက်ရုပ်ဘဲငန်းနဲ့လည်း စမ်းသပ်ခဲ့သေးတယ်။ ရလာဒ်က အတူတူပဲ။ ဥကပေါက်ပေါက်ချင်း သူတို့ ပထမဆုံးမြင်တဲ့ အရာနောက်က လိုက်တာကို တွေ့ရတယ်။)

ဒါနဲ့ ဘဲငန်းအကြောင်းတော့ သိသွားပြီ။ စမ်းသပ်ချက် အောင်မြင်ပြီဟ ဆိုပြီးတော့ ဘဲ(duck) ကို စမ်းဦးမယ်ဆိုပြီး စမ်းသပ်တယ်။ ဒါပေမဲ့.... ဘဲအလှည့်ကြတော့ သူထင်သလို မဟုတ်ဘူး.. ပုံပါအတိုင်း သူမြင်တိုင်း ထွက်ပြေးသတဲ့လေ။ ဘယ်နှစ်ကြိမ်စမ်းသပ်စမ်းသပ် အမြဲထွက်ပြေးတယ် တဲ့.. ရော်ခက်ပြီ်း)။ဒါနဲ့ သူလည်း ကြံရာမရဖြစ်ပြီး နောက်ထပ် အကြိမ်ကြိမ် စမ်းသပ်တယ်။ နောက်တော့ သူ့ပုံစံကို ပြင်လိုက်တယ်။ ဘယ်လိုပြင်လိုက်သလဲဆိုတော့ ဘဲမကြီး လျှောက်သလို ဘဲကားကားပြီး သွားကြည့်လိုက်တယ်တဲ့..။ ဒီတော့မှ အောက်က ပုံအတိုင်း သူ့နောက်က ဘဲတွေ တကောက်ကောက်လိုက်ကြတော့တာပေါ့း) မိုက်တယ်နော် ဘဲလိုက်တဲ့နည်း :D

သူ့အကြောင်း ဆက်ပြောပြရရင်သူကတော့ နာမည်ကြီး ဇီဝဗေဒ ပညာရှင်လည်းဖြစ်၊ စိတ်ပညာရှင်လည်း ဖြစ်တဲ့ Konrad Lorenz ဖြစ်လာပြီးတော့ child psychologyမှာ အရေးပါတဲ့ 'Imprinting' ဆိုတဲ့ အယူအဆတစ်ခုကို တင်ပြနိုင်ခဲ့ပါတယ်။ (Imprinting'အကြောင်း အရင်ကလည်းပြောဖူးတော့ အကျယ်တော့ ထပ်မပြောတော့ပါဘူး။ 'Imprinting' အကြောင်းကို အများကြီး ဆက်သိချင်ရင် ကလစ်နှိပ်ပြီး ဆက်လက် လေ့လာနိုင်ပါတယ်)

ပြောချင်တာကတော့ ကလေးဘ၀တုန်းက သူသိချင်ခဲ့တဲ့အရာကို ဆက်လက် စူးစမ်းလိုစိတ်နဲ့ ကြံကြံဖန်ဖန် အတွေးတွေဟာ သူ လူကြီးဘ၀ရောက်တော့ သီအိုရီတစ်ခုကို ထုတ်နိုင်စေတဲ့အထိ ဖြစ်စေခဲ့တယ် ဆိုတာပါပဲ။

ပုံထဲမှာ တွေ့တဲ့အတိုင်း သူရေကူးရင် (ဘဲငန်းအမေကြီးနဲ့ သားတွေလိုပဲ ) သူ့နောက်မှာ ဘဲငန်းလေးတွေက တန်းစီ လိုက်ကူးလေ့ရှိတယ်။

သူက သူ့အကြောင်းကို ဒီလိုဆက်ပြောပါတယ်။ သူငယ်ငယ်ကတဲက တိရစ္ဆာန်လေးတွေကို ချစ်တတ်ခဲ့တာဟာ ဇာတ်ကားလေးတစ်ခုရဲ့ လွမ်းမိုးမှုလည်း ပါတယ်လို့ ဆိုပါတယ်။ သူကြည့်ခဲ့တဲ့ကားက စာရေးဆရာမ Selma Lagerlof'ရဲ့ The Wonderful Adventures of Nils ဇာတ်ကား ဖြစ်ပါတယ်။ အဲဒီကားကကြောင့် ငန်းရိုင်း(wild geese)နဲ့ ဌက်တွေကို အများကြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီဇာတ်ကားကို ဂျပန်နိုင်ငံက ကာတွန်းကား (anime movie) အဖြစ်ပြန်ရိုက်ထားပါတယ်။

လသာည
မူရင်း- A mother to Birds- Konrad Lorenz ဖြစ်ပြီး ဓါတ်ပုံများကို ၎င်းစာအုပ်မှပဲ စကန်ဖတ်ထားတာဖြစ်ပါတယ်။

..................................................................................................................
မှတ်ချက်-- ဇာတ်ကားကို အောက်မှာ အမြည်းသွားကြည့်နိုင်ပါတယ်။ အဲ.. သံဃောဇဉ်ကြီးတတ်သူများ ပုဝါလေးဆောင်ပြီးမှ ကြည့်ဖို့တော့ မှာချင်တယ်။ အားတဲ့အခါ သွားကြည့် တကယ်ကောင်းတယ်။။ :).ဒီနေရာနဲ့ဒီနေရာမှာ ဇာတ်လမ်းလေးကို အမြည်း ကြည့်နိုင်ပါတယ်။ အကုန်တော့ မပါဘူး။

8 comments:

မိုးသီတာ said...

အကြွေးထားပြီး ကြည့်မယ်။ ငိုချင်လို့။ ငိုရင်မျက်လုံးလှတယ်ဆိုလို့။ :P :P အဲဒါ ဘာဖြစ်လို့တဲ့လဲဟင်။ ဘဲငန်းကျ လိုက်ပြီး ဘဲကျ မလိုက်တာက။ နောက်ကျတော့ ဘဲသွားသွားမှ ဘာကိစ္စလိုက်ရတာလဲဟင်။

မယ့်ကိုး said...

မယ် animation အရမ်းကြိုက်တယ် မ။ Miyazaki Hayao ရဲ့ anime တွေ အကုန်ကြိုက်ပါတယ် ...ဒါပေမယ့် ချစ်မလေး အမြည်းကြည့်တာ စာတန်းထိုးလည်း မပါဘူး။
မျှပေးတာ ကျေးဇူးအထူးပါနော် ချစ်မလေး။
နောက်အားမှာ ရှာကြည့်ဦးမယ်နော်။

အိစံ said...

ကျေးဇူး အမ စိတ်ဝင်စားဖို့ ကောင်းတယ်..ပုဝါလေးဆောင်းကြည့် မယ်

မိဆိုးလေး said...

အိ ပခုံးငှားမယ် ..။ မီးမီး ငယ်ငယ်က အိမ်မှာ Duck တွေမွေးတယ်။ သူ့ လိုတော့မစဉ်းစားမိဘူး(ဘဲလိုက်လာအောင် လုပ်နည်းတော့ မစမ်းသပ်ခဲ့မိဘူး :P )ဘာကြောင့် သူတို့ တွေ ရေထဲမှာ ကူးနိုင်ကြသလဲ ဆိုပြီး ရေပုံးထဲ နှစ်နှစ်ကြည့် တာ။ဘဲလေးတွေက ယက်ကန်ယက်ကန်နဲ့  ကူးကြရော။ အတောင်လေးတွေခတ်တာကလဲ အမွေးမစုံသေးတော့ ချစ်စရာလေးတွေ။ အမေက တိရစ္ဆာန်လေးတွေ နှိပ်စက်ရပါ့မလားဆိုပြီ ဆူခံရတယ် ဟိ။ ခုတော့ ပညာရှင် ဖြစ် မဖြစ်တော့မသိ ရှိသမျှရေပူစမ်းတွေမှာ ဘယ်လိုရေချိုးလဲ သုတေသနလုပ်မလို့ ..။ဟီးးးးးးးးး

kiki said...

ဘဲငန်း ဆိုတော့ ငမ်းတတ်တဲ့ ဗီဇ ပါလို့  မြင် မြင်ရာ လိုက်တော့ တာပဲ ။
ကိုယ့်တောင် အလိုက်ခံရဖူးသေးတယ် ... ဟဲဟဲ..
( မျက်စိနောက်လို့  လိုက်တာ နေမှာလေ )

ဘဲပေါက်စလေးတွေတော့ ချစ်တယ်..
ဘဲကြီးဆိုရင်တော့ .. ပီကင်းဘဲ မှ.. ဟီးဟီး ကင်စားလို့ ကောင်းတယ် ပြောတာ..

pps said...

အရေးထဲDuck နဲ့Geeseမကွဲလို့Googleလိုက်ရသေး...အဲဒီလောက်ဗဟုသုတကြွယ်တာ..အဟား....
မှတ်သားသွားပါတယ်ဘဲလိုက်နည်း...အဟီး...
ppsလည်းငယ်ငယ်ကအဲဒီလိုတွေးဘူးတယ်..ဘဲတွေကိုတော့ဟုတ်ဖူး..လူကို....လက်၊ခေါင်း၊ခြေပေါက်ပုံတူရဲ့သားနဲ့..ဘာကြောင့်ဒါဒို့မေ၊ဒါဒို့ဖေ..ဒါဒို့အမလို့မှတ်မိနေရတာလဲလို့..ဟဟ...
လောလောဆယ်တော့ဂေါက်ကြောင်ရှင်အဖြစ်သတ်မှတ်နိုင်ပါတယ်....;p

နွေဆူးလင်္ကာ said...

အော် အဲလို အစွန်းရောက်ပုဂ္ဂိုလ်တွေပဲ ပညာရှင်တွေ ဖြစ်လာကြတာပေါ့။

လသာည said...

အားလုံး ကျေးဇူးတင်ပါတယ်။ ဟုတ်တယ် ဘဲငန်းဆိုတော့ ငန်းတတ်တယ် ထင်ပါတယ် :D
သူတွေးတာကိုတော့ သဘောကျမိသား။ တို့တွေလည်း ငယ်ငယ်က အမျိုးမျိုးတော့ တွေးခဲ့တယ်ထင်တာပဲ။ အခုကျ မမှတ်မိတော့ဘူး။ ဒါကြောင့် ဘာမှလည်း ဖြစ်မလာဘူး :D