Thursday, February 11, 2010

သိရင်ပြောကြပါ

လာမေးနေတယ် “ငါ ဘာလဲ” တဲ့ ။ သိရင်ပြောကြပါ...

I have two banks.
But I'm not rich at all.
I have a bed.
But I don't sleep at night.
I have a mouth.
But I don't eat anything.
What am I?

ဂျပန်ကလေး တစ်ယောက်က လာမေးတဲ့ မေးခွန်းပါ။
သူက ကိုယ့်ကို အထင်ကြီးပြီး ဥာဏ်လာစမ်း သော်လည်း ကိုယ်က မဖြေနိုင်သောကြောင့် ပုံ ဆွဲပြီး ဒီနေ့ အဖြေရှာ ကြည့်ခဲ့ပါသည်။ သို့သော်လည်း မသိပါ :'(

အိပ်ရာရှိပြီး ညမှာ မအိပ်ပဲ နေသူဆိုတော့ ကိုယ့်ကို စောင်းပြောပြီ လို့ တွေးမိတယ်။ ဘလော့ဖတ်ပြီး လျှောက်လည်၊ ဖေ့ဘွတ်ခ်သွား ပြန်လာတော့ စာကြည့်ချင်ယောင်ဆောင်ပြီး ငိုက်တယ်။ စာကြည့်စားပွဲတင် မိုးလင်းသွားတယ်။ အိပ်ရာတောင် မသွားဖြစ်ဘူး။ ဒါနဲ့ အိပ်ရာမှာ သေချာအိပ်ချိန်က မနက်ပိုင်းတွေပဲ အဖြစ် များလာတယ်။

ဘဏ် ၂ခုပိုင်တယ်။ မချမ်းသာဘူးတဲ့။။ ဒါလည်း စဉ်းစားစရာပဲ.. ဘာလို့လည်းဆိုတော့ ကိုယ်က ဘဏ်အလုံးလိုက်သာ မပိုင်တာ ဘဏ်ကဒ်တွေလည်း လျှောက်လုပ်ထားလို့ လေးခုတောင် ရှိတယ် :D။ လာမချေးနဲ့ ဘဏ်ထဲမှာ ငွေမရှိဘူး။

နောက်မေးခွန်းကလည်း မဟုတ်မှလွဲရော သေချာပေါက် ကိုယ့်ကို ပြောနေတယ်ထင်ပြန်တယ်။ ဟုတ်တယ်လေ.. ပါးစပ်ရှိပြီး မစားဘူးဆိုတော့ ဒါလည်း ငါ့ကို စောင်းပြောင်းသလားလို့ ထင်မိပြန်ရော..။ ပါးစပ်ကြီးရှိသောကြောင့် စားချင်သော်လည်း ဟင်းကောင်းကောင်း မချက်တတ်သောကြောင့် မစားရတာကိုများ ပြောသလားလို့ပါ။ :D ကိုယ်ကတော့ မစားပဲတော့ မနေပါဘူး။ ကောင်းကောင်းမချက်လို့ အစားကောင်းငတ်တာပဲ ရှိတယ်။ ခက်ပြီ...တကယ်ပါ။ ဒီဥာဏ်စမ်းကို လသာည မဖြေတတ်ပါ။ သိသူများ ရှိပါက ကူညီဖြေကြားပေးကြပါ။ သူ့ကို မသိဘူးလို့ ပြန်ပြောရမှာ ရှက်လို့မဟုတ်ပါ။ ကိုယ့်အသက်ကိုယ့် အားနာနေလို့ :P
PLease help..

19 comments:

meengelay said...

The answer may be the one who is working at night security at the banks. :D :D

kiki said...

လူအနေနဲ့ပြောရရင်..
မိန်းမ ၂ယောက်ယူထားတဲ့ ယောင်္ကျား ကြီး ဖြစ်လိမ့်မယ် ထင်တယ်..
၁-ပိုက်ဆံတွေကို မိန်းမ ၂ယောက်စလုံးက ထိန်းသိမ်းထားတော့ သူ့ မှာ သုံးစရာတောင် ပိုက်ပိုက်မရှိရှာဘူး
၂-ည ည ဆိုလဲ ဟိုကုတင် အိပ်ရမလို ဒီကုတင် အိပ်ရမလို နဲ့ .. ဟိဟိ အိပ်ဖို့ အချိန်တောင် မရှိရှာဘူး.
၃-ပါးစပ်ကြီးကလဲ ဟိုဟာစားရလို ဒီဟာစားရမလိုနဲ့ ဘာမှ မစားရပဲ ငတ်ရော..

ပစ္စည်းအနေနဲ့ ထင်လို့ ရတာကတော့ 24 hrs service ATM ငွေထုတ်စက်..
၁-သူ့ပိုက်ဆံမဟုတ်
၂ - သူများတွေ လာလာထုတ် နေတာနဲ့ မအိပ်ရ
၃ - စက်ရဲ့ ငွေထုတ်ပေါက် က ပါးစပ်လို ပြဲပြဲ ..ဒါမေမဲ့ ဘာမှ မစားရဘူး..

ဗြဲ ဗြဲ -- နောက်တမျိုး ရှိသေးတယ်
ပြောပြ ဘူး ... ခိခိ
သိချင်ရင် ဆရာ.. ခေါ်.. ဟဟ

မိဆိုးလေး said...

ဂျိဒိုးဟန်းဗိုင်းခိလား အမ။ သူတို့ မှာ ၀ယ်သူတွေရဲ့ ငွေ စုထည့်တဲ့နေရာ ရယ်၊ ရောင်းဖို့ ပစ္စည်းထားတဲ့ စတိုရယ် ဆိုတော့ bank က ၂ခု၊ သူဆီမှာ စားစရာတွေ အပြည့်နဲ့ ။ပစ္စည်းထုတ်ပေးတဲ့အပေါက်က ပါးစပ်လိုပဲ ဒါပေမဲ့ သူ မစားရဘူး။၂၄နာရီ အမြဲ Standby ဆိုတော့ မအိပ်ရတာရယ်။

အိစံ said...

အမ It is Nose!!!!!!!!!!!!

လသာည said...

အားလုံး အာရိကတိုး...
အခုလို စဉ်းစားဖြေပေးတာကို အများကြီး အများကြီး ကျေးဇူးတင်ပါတယ်။ အခုဆို မနက်ဖြန် ပြောစရာ အဖြေတွေ အများကြီး ရသွားပြီ။ မနက်ဖြန်ကျ ဒီအဖြေအားလုံးကို တစ်ခုပြီးတစ်ခု ရွတ်ပြပြီး ဖြေလိုက်မယ်..ဟားဟား
ပျော်သွားပြီ စိတ်ချလက်ချ အိပ်တော့မယ်...

ကျော်နှင်းဆီလွင် said...

မညရေ
ခေါင်းတွေစားကုန်ပြီ
:D
ဇီးကွက်လည်းဟုတ်ဘူးနော်
စားတဲ့ဟာကို..နော်
:D

pps said...

မီးပြတိုက်...??????????????????်( ညမအိပ်ဆိုလို့)...
အီးးးးးးးးးးးမီဖြေတတ်ပါး(

ခိုရေ၀နန်းဒဲစုက......( သူရို့ပြန်မေး၊ မဖြေတတ်ကကြေရေား)

တောတောင်မျှော့၂ကောင်
ရေအိုင်နှစ်အိုင်လမ်းလယ်လျှောက်၊
ကျောက်ပြား၂ချပ်ဂူ၂ပေါက်ချောက်။ .........အဟိ..

မဆီမဆိုင်ဖြေပြီးမန့်ပါတယ်။ ;p

Shinlay said...

ပြောတတ်ဘူး။ သိရင်ပြောအုံးနော်...

လသာည said...

မျက်လုံးပေါက် မျက်လုံးပေါက်
မျက်ခုံး + မျက်ခွံ= မျက်လုံး
...ဟဲဟဲ ဒါတော့ နာတိတယ်နာတိတယ်
မှန်တယ်မို့လားးးးး:D

လသာည said...

ကျော်၊ မမရှင်လေး အာရိကတိုး..
အခုမှ မေးတုန်းလေ..
သိရင် လာပြောမယ်နော်

ိမိုးသီတာ said...

အဲဒါကြောင့် ကလေးတွေ နဲ့ မပေါင်းပါနဲ့ ဆိုတာကို။ အပေါင်းအသင်းမှားတော့ အဲလိုခေါင်းပူရရော။
Bank က River Bank.... ၀ီကီမှာ ရှာလဲ ရတာပဲ။ မြစ်ကမ်းပါး။ ဘဏ်မဟုတ်ဘူးတော့ ဒီနေရမှာ။
Bed ကလဲ River Bed, Stream မြစ်ချောင်း ကြမ်းပြင်။ အိပ်ရာလဲဟုတ်ဖူး။ ဒီနေရာမှာ။
Mouth ကလဲ River Mouth. I was born in ..., at the mouth of Thanlwin River. မြစ်ဝ ပါတဲ့။
မေဂျာက ပထ၀ီနဲ့ နီးလို့သိတာပါ။ အထင်တွေလဲ စွတ်မကြီးနေပါနဲ့ ဦး။ ဒါပဲသိတယ်။

ိမိုးသီတာ said...

အဲဒါကြောင့် ကလေးတွေ နဲ့ မပေါင်းပါနဲ့ ဆိုတာကို။ အပေါင်းအသင်းမှားတော့ အဲလိုခေါင်းပူရရော။
Bank က River Bank.... ၀ီကီမှာ ရှာလဲ ရတာပဲ။ မြစ်ကမ်းပါး။ ဘဏ်မဟုတ်ဘူးတော့ ဒီနေရမှာ။
Bed ကလဲ River Bed, Stream မြစ်ချောင်း ကြမ်းပြင်။ အိပ်ရာလဲဟုတ်ဖူး။ ဒီနေရာမှာ။
Mouth ကလဲ River Mouth. I was born in ..., at the mouth of Thanlwin River. မြစ်ဝ ပါတဲ့။
မေဂျာက ပထ၀ီနဲ့ နီးလို့သိတာပါ။ အထင်တွေလဲ စွတ်မကြီးနေပါနဲ့ ဦး။ ဒါပဲသိတယ်။

Anonymous said...

it could be a bag which use in the bank .
yakan_gingko . the bag is sent by "the bank every day.we place the the bag in "the bank which is in the restaurant .when we close restaurant we put deposit money in the bag and return to the bank early morning.
so in this process the bag was placed by
its owned bank and customer bank.early morning its was returned to the bank.so it doesn't sleep and it has a mouth .doesn't eat
anything. possible ?

လသာည said...

မိုး.. နဲ့ အနောနိမတ်စ်သယ်ရင်း
အာရိကတိုးးးး နှစ်ယောက်လုံး ပြောတာ ဖြစ်နိုင်တယ်..။ သူ့ကို ဒီနေ့ပြောပြလိုက်မယ်နော်.. အဲဒီကလေးကတော့ တော်တော်ပျော်သွားမယ်။ ဖြေစရာအဖြေတွေ အများကြီး ရသွားတော့မယ်.. အာရိကတိုး
Dewa, itte kimasu.

Anonymous said...

i think မိုးသီတာ 's answer is nearly closed.

:D


moemingyi

နေ၀သန် said...

မြစ် မလားဟင်....

လသာည said...

ဟုတ်တယ် .. အဖြေက မြစ်တဲ့..ဂျပန်ကလေးလေးက သူ့အင်္ဂလိပ်စာ စာအုပ်ထဲက ဥာဏ်စမ်းအဖြေကို မသိလို့ မေးတာတဲ့..၊Sunshine English course2စာအုပ်..ဒါနဲ့ အင်္ဂလိပ်စာ စာအုပ်ဖြစ်တဲ့အတွက် ဖြစ်နိုင်ချေက riverဖြစ်မယ်လို့ ပြောတော့ သူကလည်း သူ့ဆရာမကို river လို့ ဖြေလိုက်တယ်တဲ့..အဲဒါဆရာမကလည်း အဖြေမှန်တယ်၊ မင်းအရမ်းတော်တာပဲလို့ ချီးကျူးလိုက်တယ်တဲ့..သူက ၀မ်းသာအားရ အခုလေးတင် မေးပို့လာတယ်.. နုစံကို ကျေးဇူးတင်ပါတယ်တဲ့..
တို့ကလေည်း ထပ်ပြီး အတူတူ စဉ်းစားပေးတဲ့ မိုး အပါအ၀င် သူငယ်ချင်းအားလုံးကို အားလုံးကို ကျေးဇူးတင်ပါတယ်လို့ နော်..:))။

ကိုလူထွေး said...

ဂလိုကိုး...

းဝ)

မိုးသီတာ said...

မြွေမြွေချင်း ခြေမြင်တယ်ဆိုတာ အဲဒါပေါ့။ ဖိုးသူတော်လက်ရေး ဖိုးသူတော်သာ ဖတ်လို့ တတ် ဆိုတာလဲ ရှိသေးတယ်လေ။ :D :D :D မူလတန်းပြန်တော့မတက်ခိုင်းနဲ့တော့နော်။ စာကျက်ရမှာပင်ပန်းတယ်။