Friday, February 12, 2010

ပြိုင်ဖက် ရှိဖို့လိုတယ်..

ဗာလင်တိုင်းဒေးနီးပြီဆိုတော့ ကျွန်မက အကြိုအနေနဲ့ အမှတ်တရ ပိုစ်တစ်ခု ရေးချင်ပါတယ်။ ပြိုင်ဖက်အကြောင်းပါ..။ (ဘာမှလည်း မဆိုင်ဘူး..။ ကဲ “ဆိုင်ဆိုင်ဆိုင်.. မဆိုင်ဆိုင်ဆိုင်.. ဆုံးဖြတ်ရမယ့် တို့ အနိုင်”:D)

NHK မှာ ဆူမိုအကြောင်းတွေ ကြားရ၊ မြင်ရတိုင်း ကျွန်မ ထမင်းမေ့၊ ဟင်းမေ့ပါ။ ဖြစ်သလိုပဲ ကော်ဖီနဲ့မုန့် နဲ့ အ၀စားပြီး တင်းတိမ်မိတတ်ပါတယ်း)။ အခုလည်း အာစရှောယူ အကြောင်းကစရရင် (လာပြန်ပြီ အာစရှောယူ လို့ မထင်ပါနဲ့၊ ခုတခါက တခြားတစ်ယောက်ရောပါပါတယ်..) သူ ဆူမိုလောကကနေ အနားယူတဲ့နေ့က သူ့ကို ချစ်တဲ့ ပရိတ်သတ်တွေ က ငိုကြတယ်။ အဲဒီလို ငိုတဲ့ အထဲမှာ သူ့ရဲ့ ပြိုင်ဖက် Hakuho လည်း ပါပါတယ်။

(Hakuhoလည်း ဆူမိုချန်ပီယမ် တစ်ယောက်ပါပဲ..။ သူ့ ကိုလည်း ကျွန်မနှစ်သက် အားပေးပါတယ်။ သူက ငယ်ပေမယ့် စိတ်ထားက လူကြီးပိုဆန်တယ် ပြောရမယ်။ အာစရှောယူလို သူက တဇွတ်ထိုးစိတ်မရှိဘူး)
ဟုတ်ပါတယ်။။ သူတို့ နှစ်ယောက်က မတည့်ပါဘူး။ စည်းဝိုင်းထဲမှာ တစ်ယောက်နဲ့ တစ်ယောက်ရန်စောင်မိလို့ နှစ်ယောက်လုံး သတိပေးခံရဘူးတယ်။ အဲဒီနောက်တော့ သူတို့ နှစ်ယောက် စကားမပြောတော့ဘူး။ ပြောရရင်... မျက်လုံးချင်းတောင် မဆုံအောင်နေသတဲ့...။

ဒါပေမဲ့ အာစရှောယူ ထွက်တဲ့နေ့ကတော့ Hakuho ငိုပါတယ်။ သူက..မျက်ရည်တွေကျရင်း ဒီလိုပြောခဲ့တယ်..
“ဒီသတင်းအတွက် ကျွန်တော် အရမ်းဝမ်းနည်းမိပါတယ်။ တကယ်တော့ ကျွန်တော်နဲ့ သူဟာ ... မွန်ဂိုနိုင်ငံသားချင်းတူပါတယ်။ တနိုင်ငံတည်းသား ပါ။ နောက်ပြီး သူက ကျွန်တော့် စီနီယာပါ (အာစရှောယူ ထက် ၆ နှစ်ငယ်တယ်)။ ပြီးတော့ သူဟာ ...ကျွန်တော့် ရဲ့ ပြိုင်ဖက်ပါ။ ပြိုင်ဖက်ဖြစ်သူထွက်တာကို ကျွန်တော်ငိုလို့ ကျွန်တော့်ကို ရူးတယ်လို့ ထင်နိုင်ပါတယ် ခင်ဗျာ..။

Hakuho..ကို ပိုပြီးလေးစားမိသွားပါတယ် ..။ အာစရှောယူ မရှိရင် ငါတစ်ယောက်တည်း ချန်ပီယမ်ဖြစ်ပြီလို့ ၀မ်းသာမသွားပဲ..ပြိုင်ဖက်အပေါ်ထားတဲ့ သံဃောဇဉ် ကို ဖွင့်ပြခဲ့တာမို့ ပါ..။

ကျွန်မထင်ပါတယ်။ ဘ၀မှာ သူငယ်ချင်းဆိုတာ ရှိသင့်သလို ပြိုင်ဖက်ဆိုတာ ရှိသင့်တယ်လို့..။ ပြိုင်ဖက် ရှိတဲ့ အတွက် အောက်က အကျိုးကျေးဇူးတွေ ရနိုင်တယ်မဟုတ်လား..
၁) ပြိုင်ဖက်ကြောင့်... ကိုယ့်မှာ မခံချင်စိတ်ဖြစ်ရတယ်။ ဒါကြောင့် အမြဲကြိုးစားနေရတယ်။
၂) ပြိုင်ဖက်ကြောင်... ကိုယ့်ရဲ့ အားနည်းချက်ကို သိနိုင်တယ်..။
၃) ပြိုင်ဖက်ကြောင့်... အနိုင်ရတဲ့ပီတိကို ခံစားနိုင်သလို ရှုံးနိမ့်ချိန် သိမ်ငယ်စိတ်ကို ခံစားမိစေတယ်။
၎) ပြိုင်ဖက်ကြောင့်... ကိုယ့်အရည်အချင်းကို မကျအောင် ထိန်းထားနိုင်တယ်။
၅)ပြိုင်ဖက်ကြောင့်..... ကိုယ်ဟာ ကိုယ့်တန်ဖိုးပို ရှိသွားစေတယ်။

ဒီစကားကို ကြားရရင် တချို့လူတွေက ဘာစကားလဲဟ လို့ ခွန်းတုံပြန်ပြီး ထေ့လေ့ရှိတယ်။ တကယ်လည်း အများသိတဲ့ “ပြိုင်ဖက်”စကားလုံး ဟာ သိပ်ကြီးတော့ နားကြားလို့ မချိုဖူးမဟုတ်လား...။ ပြိုင်ဖက်ဆိုရင် “သူ့ထက်သာ မနာလို”ဆိုတဲ့ စိတ်နဲ့ သူအလဲမှာ ကိုယ်ခြေထိုးခံဖို့ ချောင်းနေသူတွေလို့ အများက သတ်မှတ်ထားတာပဲလေ.. ပြိုင်ဖက်လို့ တွေးလိုက်တာနဲ့ များသောအားဖြင့် တစ်ဦးနဲ့ တစ်ဦးက မုန်းသွားတာက များတယ်လေ..
ဒါနဲ့ ပတ်သက်ပြီး ဥပမာ တစ်ခု ရှိတယ်။ ဘေ့စ်ဘော့ချန်ပီယမ် ဂျပန်လူမျိုး Hideki Matsui နဲ့ သူ့ပြိုင်ဖက် Kono( 河野) အကြောင်းပါ။ Hideki Matsui ဆိုတာက သူဟာ အခုနှစ်ထဲတင် ဆုကြီးနှစ်ခုကို အပိုင်ရခဲ့သူ (World Series champion (2009) နဲ့ 2009 World Series Most Valuable Player Awardဆု) ရခဲ့သူဖြစ်ပြီး ယခုအထိ ဆုကြီးပေါင်း ၁၂ ခုနဲ့ ဆုသေးပေါင်း အများအပြား ရခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်က အဖြစ်အပျက်က သူ့ကို မနေ့တနေ့ကလို ခံစားစေတုန်းပါ..

အဲဒါကတော့ အထက်တန်းကျောင်းသားအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ သူဟာ ရိုက်ချက် ၅ ချက်လွဲပြီး တဖက်အသင်းကို အရှုံးကြီး ရှုံးရပါတယ်။ ပြိုင်ဖက်ဖြစ်သူ Kono( 河野)ကြောင့် ဖြစ်ပါတယ် ။ အဲဒီပွဲစဉ်မှာ Matsui ဟာ ပရိတ်သတ်ရဲ့ အော်ဟစ်ဆဲဆိုခြင်းနဲ့ ပွဲလည်ခေါင်က မောင်းထုတ်ခြင်းကို ခံခဲ့ရပြီး တပတ်လောက် အိမ်တွင်းအောင်းခဲ့ရဘူးတယ်။ (အဲဒီတုန်းက ပွဲကို သူတို့ မှတ်တမ်းတင်ထားတာ ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ ကျွန်မကတော့ ဘေ့စ်ဘောအကြောင်း သိပ်နားမလည်ပါ။ သူရိုက်မရအောင် Kono က လွဲပစ်တယ်ဆိုတာလောက်ပဲ သိပါတယ်။ )

ဒါပေမယ့် သူက ဒီလိုဝန်ခံထားတယ်.. “အဲဒီပြိုင်ပွဲနဲ့ ပြိုင်ဖက်ကို မမေ့တော့ ထပ်ပြိုင်နိုင်ဖို့ ကြိုးစားရင်း အခုအခြေအနေကို ရောက်လာခဲ့ရပါတယ်” လို့ ဆိုပါတယ်။ အဲဒီတုန်းက အဲလိုအဖြစ်အပျက်သာ မရှိခဲ့ရင် သူဟာ ဒီလောက် မကြိုးစားခဲ့လောက်ဖူးလို့ ဆိုပါတယ်။ ပြိုင်ဖက် Konoဟာ နောက်ပိုင်းမှာ ကျန်းမာရေးကြောင့် ဘေစ်ဘော့ကို ဆက်လက်မကြိုးစားခဲ့နိုင်ပေမယ့် အခုထိ သူက Matsui ကို ပြိုင်ဖက်အဖြစ် ဆက်ကစားဖို့ စိန်ခေါ်နေတုန်းလို့ ဆိုပါတယ်။ Kono( 河野)က Matsui ကို ပေးတဲ့စာမှာ သူက ဒီလိုပြောပါတယ်..။

“ ဟေ့ Matsui ..ဆုတွေရလို့ဆိုပြီး မင်းက ကိုယ့်ကိုယ့်ကို သိပ်ကျေနပ်မနေနဲ့..။ အဲလို ကျေနပ်နေရလောက်အောင် မင်း မတော်သေးဘူး”

Matsuiက သဘောကျစွာ ပြန်ပြောပုံက “အခုလိုအချိန်မှာ ဒီလိုစကားပြောမယ့်သူဟာ ကျွန်တော့်မှာ အတော်ရှားနေပါပြီ။ သူ ဒီလိုပြောတာ ကျေးဇူးတင်ကြောင်းပြောပေးပါ။ ကျွန်တော် ကြိုးစားဦးမှာပါ”တဲ့..

မှတ်ချက်...... NHK အစီအစဉ်က နားထောင်မိသမျှကို ပြန်လည် ဖောက်သည်ချတာဖြစ်ပါတယ်...

Reference ဒီနေရာမှာ Matsui အကြောင်း နှင့် ဒီနေရာမှာ အာစရှောယူ အကြောင်း
အရင်ပို့စ်များက...မီဒီယာကြောင့် ကျဆုံးခြင်းလား နပန်းသမားတစ်ယောက်ရဲ့ ရင်ထဲမှာ ရှိပါတယ်..

သူငယ်ချင်းများ အားလုံး ကိုယ်စိတ်နှဖြာ ကျန်းမာပါစေ.. ပြိုင်ဖက်တွေနဲ့အတူ ဒီထက် ပိုပြီး ကြိုးစားနိုင်ပါစေ... :D
လသာည....ပါ

20 comments:

Anonymous said...

yes, ပြိုင်ဖက် is needed. but ..now we r adults. I think i don't want to get ပြိုင်ဖက်.it's so tired.

I m no9 born and a htipati phwar.
Since I was 5 yrs old ,i ever met ပြိုင်ဖက် until now. I hate. it's too tired by my experienced.

sometimes needed ပြိုင်ဖက်. but not always needed. i want to get peaceful life.
For me, after my graduation, i think i will get peaceful life. but ပြိုင်ဖက် always disturb even i don't care ပြိုင်ဖက်. So, I am always stand by for my prestige,my ability,...ever..ever....so tired, La thar nya.ပြိုင်ဖက် is
so tired.

moemingyi

မိုးသီတာ said...

အသက် ၃၆တွင်ပြောသည်။ ။လသာည အိုင်ဒီယာကို သဘောကျပါတယ်။ မိုးမင်းကြီးအတွက်။ လူတိုင်းဟာ ပြိုင်ဖက်တွေမဟုတ်နိုင်ကြပါဘူး။ Level တူမှ ပြိုင်ဖက်လို့သတ်မှတ်နိုင်တာပါ။ သဘောထားရော အရည်အချင်းပါ။ အဲသလိုကလဲ အလွန်ရှားပါတယ်။ ပြိုင်ဖက်တွေဟာ ရန်သူမဟုတ်ကြပါဘူး။ မိတ်ဆွေတွေပါ။ အချင်းချင်း ခင်မင်လေးစားကြပါတယ်။ သူတို့တွေ ရှိနေကြတာကို ပျော်ရွှင်ကြပါတယ်။ သဘောထားယုတ်သူတွေဟာ ပြိုင်ဖက်မဟုတ်ပါဘူး။ ရန်သူတွေပါ။ ရန်သူဆိုရင်တော့ လွတ်အောင်ရုန်းတာကလွဲရင် ဘာမှမရှိဖူးထင်ပါတယ်။ ပြိုင်ဖက်တွေကို ကျေးဇူးတင်ပါတယ်။ ရှုံးတာ နိုင်တာ အဓိက မဟုတ်ပါဘူး။ ယှဉ်ပြိုင်ခြင်းသာ အဓိကပါ။ ရင့်ကျက်ခြင်းဆိုတာက အနိုင်ရခြင်းထက် အရေးပါတယ်လို့တော့ မြင်တာပဲ။

Anonymous said...

yes, u right moe thidar,
i never think all r ပြိုင်ဖက် and i never do competition all.
ok, i wanna explain.
when i was 5 yrs old, one of my friend is always fight to me for getting prize.
I never think i wanna get first prize,but i do my best ways always. but but... parents.....parents... r competition. U know.. when i was 4th, I was 8th, I was 10th,...even I was RIT students.. always always .. even though i never think about him, i always do my best way. this is one of example. for my life, he is not only one. Then,u may know what I mean.

for my point of view, we do the best whatever we want. this is better. I hate someone who competition to me. this is my point.

not fighting naw. plz understand, we r discussion.

moemingyi

လသာည said...

Arigatoooo!!
မိုမိဂျိနဲ့ မိုး ရေ.. အခုလို လေးလေးနက်နက် ဆွေးနွေးပေးတာ တကယ့်ကို တကယ့်ကို ကျေးဇူး..။ နှစ်ယောက်လုံးရဲ့ ကွန်မန့်ဖတ်ရတာ ဗဟုသုတလည်း ရ၊ အရမ်းစိတ်ဝင်စားစရာလည်း ကောင်းတယ်..။ လေးလေးနက်နက် ဆွေးနွေးသွားတာတွေ့လို့ ပျော်လည်း ပျော်သွားတယ်..

တို့က နှစ်ယောက်လုံးပြောတာကို လက်ခံပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တို့တွေ တစ်ယောက်နဲ့ တစ်ယောက်က ဘ၀အတွေ့အကြုံ မတူကြဘူးလေ..ဒါကြောင့် အတွေးမတူ၊ ခံယူချက် မတူနိုင်ဘူးမဟုတ်လား...
ကွန်မန့်လေးများအတွက် နှစ်ယောက်လုံးကို ကျေးဇူးနော်..<3

ကျော်နှင်းဆီလွင် said...

မညရေ
ပို့စ်လေးကိုသဘောကျတယ်

kiki said...

အပြိုင်အဆိုင် အနိုင် ..
ပြိုင်တယ် ဆိုမှ တော့ နိုင်ဖို့ အတွက် အဓိကပါပဲ။
ပြိုင်ဘက် ဆိုတာ မရှိရင်လဲ မကောင်း ။ သူရှိမှ ကိုယ့်အတွက် ကြိုးစားဖို့  တွန်းအား ဖြစ်စေတာကိုး ။ လူ့ မနော ပေါ့ ။

ပြိုင်တဲ့ သူတွေ ရဲ့ စိတ်ထား ထားတတ်ဖို့ လည်းအရေးကြီးပါတယ်။ ရိုးရိုးသားသား သန့် သန့် ရှင်းရှင်းပြိုင်ပြီး အနိုင်ရတာမျိုးကိုပဲ သဘောကျတယ် ။ မနာလို ဝန်တိုမှုတွေ နဲ့ ပြိုင်ကြတဲ့ အခါ တခါတလေ ကျတော့ ကောက်ကျစ်မှုတွေက ကပ်ပါလာတတ်တယ်လေ။

ကဲ....လာ ခဲ့ .. အကိုက်ပြိုင်ကြရအောင် .. မကောင်းဘူး လား .. ဟဲ ဟဲ ..

kiki said...

ဩော်.. ဪ..
အပေါ်က မိုး နှစ် မိုး ခြိမ်း နေကြပါလား...
ဟိ ဟိ ...
အကိုက်ပြိုင်ပွဲ ဝင်လိုသူများ စာရင်း ပေးကြပါ ။။
သန့် ရှင်း စွာ ကိုက်ကြပါမည် ။။( ပြည်ထောင်စုနေ့  အထိမ်းအမှတ် .. ပါ )
စ.. တာနော် ..
တကယ်ထင် မနေကြနဲ့ အုံး..

နေ၀သန် said...

အင်း.. အမ.. တကယ်တော့ တကယ့်ပြိုင်ဖက်နဲ့ နေ့တိုင်းပြိုင်နေရတယ်လေ.. နိုင်ဖူးလားဟင်... :P.... စားချင်ရင်လည်း ကျွေးရ.. စွန့်ချင်ရင်လည်း ပို့ရ...ခဏနေပါလည်း မရ... လှပအောင်လည်း ရေချိုးပေးရ... အ၀တ်အစားလေးလည်းဆင်ပေးရ.... ကဲ.. ပြောရင်းဆိုရင်း အတည်ကနေ တရားပေါက်တော့မယ်...း))))

ခင်မင်တဲ့
ဂျပန်ကောင်လေး

(ဒါနဲ့ အမပုံကို ဒီနေ့မှပဲ မြင်ဖူးတော့တယ်.. ကွန်ပျူတာကို ရေလောင်းချသော သမီးငယ်နဲ့ တူတူပေါ့.... :P)

လသာည said...

ကျေးဇူးးးး ကျော်
ကျေးဇူး kiki
ကျေးဇူးပါ ကောင်လေးရေ.. ဟုတ်တယ် ကွန်ပျူတာကို ရေလောင်းပြီး စမ်းတာ သူပေါ့ ဟားဟား

မယ့်ကိုး said...

မယ်လည်း ကိုးဂဏန်းသမားဆိုတော့ ဘယ်သူတွေ ဘယ်လိုပြိုင်နေလဲတော့ မသိဘူး။
ကိုယ့်လာပြိုင်ရင်တော့ ရှောင်ပေးလိုက်တာပဲ။ ပင်ပန်းလို့။
ဒါပေမယ့် ကြိုးစားမှုကတော့ မရပ်ပါဘူး။

ချစ်မလေးပြောသလို ပြိုင်ဖက်ရှိရင် ပိုတိုးတက်နိုင်တယ်ဆိုတာတော့ ဟုတ်ပါလိမ့်မယ်။
ဒါပေမယ့် မယ်က မတိုးတက်လည်းနေပါစေ။ အေးအေးပဲ နေချင်မိတာပါ။

ကိုယ်လုပ်နိုင်သလောက် လုပ်မယ်။ဒီလောက်ပါပဲ။ ဘယ်သူကဖြင့် ကိုယ့်ပြိုင်ဖက်လို့ သဘောမထားချင်ဘူး။

ရွှေရတုမှတ်တမ်း said...

ဆူမိုပြိုင်ဖက် မရှိဘူးဖြစ်နေတယ်..
အဟဲ..ပိန်နေလို့

ကိုလူထွေး said...

ဘာအတွက် ဘာကြောင့် ပြိုင်နေကြသလဲ ဆိုတာလည်း အရေးကြီးအုံးမယ်ထင်တယ်...

ရွှေနဲ့ပြိုင်၊ ငွေနဲ့ပြိုင်၊ ဂုဏ်ပကာသနတွေနဲ့ ပြိုင်ကြ တာမျိုးဆိုရင် ပူလောင်မှာ အမှန်ပဲ...

ပညာအရည်အချင်း အချင်းချင်း ပြိုင်တာဆိုရင်တောင် တဖက်သားကို ဖိနှိပ်လိုတဲ့ စိတ်နဲ့ဆို အကုသိုလ်ပဲ ပွားမိကြလိမ့်မယ် ထင်တယ်။

မိုးမင်းကြီးပြောသလို သားသမီးတွေရဲ့ တဘဝလုံးမှာ စိတ်အနာတရ ရခြင်းဟာ တချို့သော မိဘတွေရဲ့ အတ္တကြီးမှုကြောင့်လည်း ပါပါတယ်...

ပြိုင်ဖက်ကြောင့် ဒီထက်ပိုပြီး အောင်မြင်နိုင်သလို အရည်အချင်းမတူသူတွေ စုပေါင်းပြီး တိုးတက်မှုလမ်းကြောင်းကို ခေါင်းချင်းဆိုင်ရှာကြမယ် ဆိုရင်လည်း ကောင်းတာပါပဲလေ...

းဝ)

လသာည said...

မယ်ကိုးရေ.. ကျေးဇူးနော်.. မယ်ကိုးက ကိုးဂဏန်းသမားနော်။ အစ်မက သုံးဂဏန်းသမား.. ဒါကြောင့် တချို့နေရာတွေ တူတာ..:D

ဘကျောက် ပြိုင်ရင် ဒီဆူမိုတွေ ထွက်ပြေးရမှာကော.. :D

ကိုလူထွေး... ဖြည့်စွက်ပေးသွားတဲ့ ကွန်မန့်လေးကို ကျေးဇူးအထူးတင်ပါတယ်..

မြတ်နိုး said...

မိုးသီတာရေ.. ကိုယ်ပြောချင်တာက ကိုယ်ကပြိုင်လဲမပြိုင်ချင်ဘူး။ လစ်လျူရှုတာ များပါတယ်..
ငပိုင်ရမှာ စိတ်မပါလို့..ဒါပေမဲ့ဘ၀မှာ အကောင်းဆုံးဖြစ်အောင်အမြဲလုပ်ခဲ့တယ်.လုပ်နေဆဲ..ပါပဲ..။ အေးချမ်းစွာနေချင်တာပါ။ ကိုယ့်ကို ဘယ်သူမှလာပြိုင်နေတာကို မလိုလားဘူး။ ကိုယ်တိုင်လဲ ဘယ်သူကိုမှ လိုက်မပြိုင်ခဲ့ဖူးဘူး။ ပြိုင်လဲပြိုင်မှာမဟုတ်ဘူး။
ကိုယ်က ငယ်ငယ်တုန်းကတော့ ပြိုင်ဖက်ရှိလေ ပိုကောင်းလေလို့ ခံယူသူပဲ..ဒါပေမဲ့ ကြာလာတော့ ငြီးငွေ့လာတယ်။ ပြိုင်ဖက်ရှိရင် အနဲနဲ့အများပူလောင်တာပဲ..ဒါတောင် သူတဖက်သားကို ကျောချင်စိတ်နဲ့မဟုတ်ဘူးနော်..။ အကောင်းဆုံးဆိုတာကိုပဲရယူချင်တဲ့စိတ်က ပူလောင်တာ..။ ဘ၀တလျှောက်လုံး ကိုယ်ကမပြိုင်ပဲနဲ့ ကိုယ့်ကိုလာပြိုင်သူတွေပဲတွေ့ရတဲ့အခါ .. ကိုယ်ချင်းစာနားလည်လာပါလိမ့်မယ်။ ဘ၀မှာ ပြိုင်ဖက်ဆိုတာကို မကြည့်ရပဲနဲ့ ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံးလေးးတွေကိုပဲ စိတ်ချမ်းသာစွာလုပ်ချင်တာပါ။ ခုချိန်ထိတော့ ဖြစ်မလာသေးဘူး။ ဘ၀မှာ နားမှနားရပါ့မလားတောင် တွေးပူမိတယ်..။ တကယ်ပါ..ပြိုင်ဖက်ဆိုတာ ..မရှိလဲ ကိုယ့်စိတ်သာအဓိကပါ။ အကောင်းဆုံး ကိုယ်တတ်နိုင်သလောက်လုပ်နေဖို့က အဓိကပါ။

မိုးသီတာ said...

ခင်မင်စွာနဲ့ တစ်ခုပြောပြမယ်နော်။ ဆရာတာရာမင်းဝေ ပြောတာပါ။ အစ်မ က မှတ်ယုံမှတ်ထားတာ။ :D :D အမြင့်ကိုရောက်သည့်အခါ ပြိုင်ဖက်တို့နည်းသထက်နည်းလာလေသည်။ ပြိုင်ဖက်တို့၏ အရည်အချင်းလဲ မြင့်သထက်မြင့်လာလေသည်တဲ့။ ကြိုးစားမိုမိဂျိသိလား။ ပါတ်ဝန်းကျင်ကနေ (ကိုယ့်စိတ်က) လွတ်ထွက်သွားနိုင်တဲ့တစ်နေ့ကို ရောက်လိမ့်မယ်။အဲဒီ နေ့ဟာ မိုမိဂျိ အေးချမ်းတဲ့ နေ့ဖြစ်လိမ့်မယ်။ ပြိုင်ဖက်ကတော့ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ပြိုင်ဖက်တွေဟာ အဲဒီအရပ်မှာ ချစ်ကြည်လေးစားပျော်ရွှင်စွာ ပြိုင်ဆိုင်ကြလိမ့်မယ်။ :D :D အေးချမ်းပါစေ ညီမရေ။ ညီမဖို့ခက်ခဲမယ်ဆိုတာ သိပေးမဲ့ ဆုတောင်းပေးပါတယ်။

မိုးသီတာ said...

အယ်။ အဲဒီနေရာရောက်ဖို့ မိုမိဂျိဖို့ ခက်တာကို ပြောတာဟုတ်ဘူးနော်။ အဲဒီနေရာရောက်တောင် မိုမိဂျိ ရုတ်တရက် အေးချမ်းဖို့ ခက်မယ် ဆိုတာကို ပြောတာပါ။ :D :D ခင်မင်လျက်။

rose of sharon said...

ထောက်ခံပါတယ်.... ဘဝမှာ အမြဲပြိုင်ဆိုင်နေရတာချည်းဘဲ... ကိုယ့်အတွက်ပြောပါတယ်...

ပေါ့ဆိမ့် said...

ပြိုင်ဖက်ကြောင့် ရတဲ့ အကျိုးကျေးဇူးတွေ ကမနည်းဘူးနော်။ ဗဟုသုတ ရလိုက်ပါတယ်

Anonymous said...

I have typical idea of my competitor is myself, nobody else. But your post made me thinking back for different idea and I feel it is agreeable because of your clear presentation with many good points.

TD

လသာည said...

Thanks a lot,TD.*(^0^)*,