Monday, February 8, 2010

ပျင်းဖို့ မဖြစ်နိုင်ဘူး

၁၉၅၀ လောက်တုန်းကပေါ့။ ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံ သုသေသန လုပ်ငန်းတွေမှာ ခေတ်စားတဲ့ သုတေသနတစ်ခု ရှိခဲ့တယ်။ သူတို့က သတင်းစာမှာ သုတေသနတစ်ခုအကြောင်းကို ကြော်ငြာခဲ့ပြီး ပါဝင်လိုသူတွေကို ဖိတ်ခေါ်ခဲ့တယ်။ ကြော်ငြာကို ဖတ်ပြီး လူတော်တော်များများဟာ အံ့သြသွားကြတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီသုတေသနမှာ ပါဝင်စမ်းသပ်ခံမယ်ဆိုရင် “စားချင်တာ ကျွေးမယ်၊ အိပ်ချင်တဲ့ အချိန် ပေးအိပ်မယ်၊ အလုပ်လည်း မလုပ်ရဘူး၊ ကုတင်တစ်လုံးပေါ်မှာ အိပ်နေရုံပဲ” လို့ တရားဝင်ကြေငြာလို့ ဖြစ်တယ်။ နောက်ပြီး စမ်းသပ်ခံတဲ့အတွက် ဆုငွေများများလည်း ပေးဦးမယ်လို့ ဆိုပါတယ်။ အိုး.. ပျော်စရာကြီးပါလား.. ဒီလောက်ပဲ ရက်ရောတဲ့ သုတေသနက ဘာကိုများသုတေသန ပြုမလို့ပါလဲလို့ လူတိုင်းတွေးတောကြတယ်။

မျှော်လင့်တဲ့အတိုင်း လူတော်တော်များများက စိတ်ဝင်စားကြတယ်ဆိုပါတော့။ အလုပ်မလုပ်ပဲ အစားလည်း စားလို့ရမယ်၊ အိပ်ချိန်လည်း အိပ်လို့ ရမယ်၊ ပိုက်ဆံလည်း ရဦးမယ်ဆိုတော့ တော်တော်လေးကို မက်မောစရာဖြစ်နေတယ်လေ..။ ဒီလိုနဲ့ သုတေသနမှာ အစမ်းသပ်ခံပါဝင်မယ့်သူတွေကို ရွှေးချယ်ပြီး ဆုငွေအရင်ပေးပါတယ်။
Photo from http://scienceblogs.com/
သုတေသန စမ်းသပ်မှုမှာ အခန်းတစ်ခုထဲမှာ ကုတင်တစ်ခုပေးထားပြီး သူဆာတဲ့အချိန် စားချင်တာကို စားနိုင်အောင် ၊ အိပ်ချင်တဲ့ အချိန် အိပ်နိုင်အောင် စီစဉ်ပေးတယ်။ အိမ်သာကိုလည်း သွားနိုင်အောင် စီစဉ်ပေးထားတယ်။ ဒါပေမဲ့ တခြား အာရုံခံစားမှုတွေ မရှုပ်အောင် ပုံထဲက အတိုင်း မျက်လုံးကို အ၀တ်စည်းပြီး နားကို U ပုံသဏ္ဍန် နားကြပ် အ၀တ်ဖုံးပေးခဲ့တယ်။ (အဲဒီနည်းကို စိတ်ပညာမှာ sensory deprivation လုပ်တယ်လို့ ခေါ်တယ်၊ ) ။ ဒီလိုနဲ့ သုတေသနကို စတင်ခဲ့တယ်။

ပထမပိုင်းမှာ စမ်းသပ်ခံသူဟာ သူစားချင်တာတွေကို စိတ်ကြိုက်စားနေရတဲ့ အတွက် အရမ်းကို ပျော်ရွှင်နေခဲ့တယ်။ ပျော်ရွှင်စွာ စားလိုက်သောက်လိုက်၊ တစ်ယောက်တည်း စကားတွေ ပြောလိုက်၊ သီချင်းဆိုလိုက် နေနေခဲ့ပေမယ့် ၂ ရက် ၃ ရက်ကြာလာတော့ သူဟာ ပျင်းလာတယ်။ ပိုက်ဆံမရလည်း နေပါစေတော့ ပြန်တော့မယ်လို့ တောင်းဆိုခဲ့တယ်တဲ့။ ဒါပေမယ့် စာချုပ်အရ ဆက်နေရမှာ ဖြစ်လို့ သူဟာ ပြန်ခွင့် မရခဲ့ပါဘူး။

ဒီလိုနဲ့ ပထမနည်းအတိုင်း ဆက်ထားလိုက်တဲ့အခါ ရက်နည်းနည်းကြာလာတော့ သူဟာ လွယ်ကူတဲ့ အပေါင်းအနှုတ်လေးကိုတောင် မှန်အောင် မတွက်နိုင်အောင် ဖြစ်လာခဲ့တယ်။ ဒီနောက်တော့ သူဟာ ၀ိညာဉ် အကြောင်းလိုမျိုး လက်ရှိနဲ့ ကင်းကွာတဲ့ စကားများကို သာ ပြောဆိုလာခဲ့တယ်။ နောက်ဆုံးမှာတော့ သူရဲ့ယခင် ပုံမှန်အခြေအနေကို လုံးဝပြန်မရောက်နိုင်တဲ့ အခြေအနေထိ ကျရောက်သွားခဲ့တယ်။ နောက်ပိုင်းတော့ ထိုသုတေသနလုပ်ငန်းကို တရားဝင် အမိန့်ထုတ်တားဆီးခဲ့ရပါတော့တယ်။ (အဲဒီနည်းဟာ တကယ်တော့ လူသားတစ်ဦးရဲ့ ဦးနှောက်ကို ဆေးပစ်တဲ့နည်းတစ်နည်းဖြစ်လာခဲ့တယ်။ )

အလုပ်မလုပ်ပဲ ခန္ဓာကိုယ်ကို အနားပေးတာဟာ ယာယီမှာ ခန္ဓာကိုယ်ရဲ့ အင်အားကို ဖြေ့ဆည်းပေးရာရောက်သလို၊ စိတ်ပိုင်းဆိုင်ရာအားအင်ကိုလည်း ပြည့်ဝစေပါတယ်။ ဒါပေမဲ့ ၂ရက်ထက်ပိုလာရင် သိပ်မကောင်းပါဘူး။ တောက်လျှောက် အခုလို အနားယူနေရင်တော့ စိုးရိမ်သောကတွေများခြင်း၊ ကိုယ့်အရိပ်နဲ့ကိုယ်ခြောက်ခြားခြင်း၊ ယုတ္တိမဲ့ အတွေးတွေ များလာခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း နှင့် နောက်ဆုံးမှာ သေဆုံးသည့်အထိ ပြင်းထန်စေနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် တခါတလေ ကျွန်မတို့တွေဟာ အိပ်လိုက်စားလိုက်နေချင်တယ်၊ ပျင်းတယ်၊ အလုပ်မလုပ်ချင်ပါဘူးလို့ အော်ဖြစ်ပေမယ့် အဲလိုချည်း နေလို့မရဘူး၊ ပျင်းဖို့ မဖြစ်နိုင်ဘူး ဆိုတာ ဒီသုတေသနက သက်သေပြနေတယ်ပေါ့.. လူသားတွေဟာ အိပ်ခြင်းစားခြင်းအပြင် အခြား လိုအင်တွေ (အာရုံခံစားမှုတွေ)လည်း လိုအပ်သေးတယ်မဟုတ်လား... ..နောက်ပြီး ပြင်ပလိုအင်အနေနဲ့ .. တစ်ခုခု မလုပ်ရရင် ရူးသွားမှာပဲ ဆိုတာမျိုးက လူတကိုယ် လိုအင်တမျိုးမဟုတ်ပါလား။ သိပ္ပံပညာရှင် နယူတန်ဟာ တနေ့ကို စမ်းသပ်မှုတစ်ခုမလုပ်ပဲ မနေနိုင်ဘူးတဲ့။ ကျွန်မကတော့ ဒီပို့စ်လေးကို ဒီနေ့တင်လိုက်ရတဲ့အတွက် လိုအင်တစ်ခု ပြည့်သွားပါပြီ။ နောက်ကော်ဖီလေးသောက်၊ စာလေးဖတ်.....:D
လသာည.. ဖြစ်ပါတယ်။

မှတ်ချက်။ ။Sensory deprivation ဆိုတာကတော့ လူသားတို့ရဲ့ အာရုံငါးပါးခံစားမှုထဲက ခံစားမှုတစ်ခုသို့မဟုတ် အားလုံးကို ဖယ်ရှားပြီးနေနည်းကို ဆိုလိုတာပါ။ သုတေသနအကြောင်းကို စိတ်ဝင်စားသူများ အောက်ကနေရာတွေမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
Reference-
http://en.wikipedia.org/wiki/Sensory_deprivation
http://www.enspirepress.com/hypnosis_information_articles/sensory_deprivation/sensory_deprivation.html

9 comments:

Anonymous said...

မချစ်ရင် မနေနိုင်တာက လွဲလို့ အဲ ဘလော့မဖတ်ရင် မနေနိုင်တာကလွဲလို့.. ဟိဟိ

kiki said...

အိမ်သာနတ်ကြီးသုံးခွင့်ပေးထားရင်တော့
နေနိုင်မယ် ထင်ပါရဲ့  ...
( ပိုက်ဆံ ဘယ်လောက် ပေးတာလဲ ဟင် ..
ဂလိုမှန်းသိ အစမ်းသပ်ခံ လိုက်ပါတယ် ..း)) ဝ

မယ့်ကိုး said...

ချစ်မလေးရေ ဖတ်ရတာ အသိပညာအပြင် အစမ်းသပ်ခံရတဲ့ လူတွေကိုလည်း သနားလိုက်တာ။ သူတို့ကို ပြန်ကော ကုလို့ရသေးလား သိချင်လိုက်တာ။

မိဆိုးလေး said...

မီးမီးတို့ က အလုပ်မရှိရင် မနေတတ်တဲ့သူ..။ ပြီးတော့ ပျင်းတယ်လို့ သုံးရမှာလဲ ၀န်လေးတတ်သူ..။ :P

လသာည said...

Kikiရေ..
ပိုက်ဆံဘယ်လောက်ရသလဲ မသိဘူးရယ်။ သူက ရေးမထားဘူး.. တော်တော်များတယ်ထင်တာပဲ ကိကိ..အိမ်သာနက်ကြီးတစ်ခုတည်းနဲ့ ဖြစ်ပါ့မလား.ဖေ့င်္ဘတ်ထဲက မုန့်တွေပဲ လာကျွေးနေရင် ဒုက္ခ.:D

မယ်ကိုးရေ..
သူတို့ အကောင်းအတိုင်းပြန်ဖြစ်မသွားကြဘူးတဲ့ကွာ။ သနားပါတယ် ;( ဒါကြောင့် အဲဒီ သုတေသနကို နောက်ပိုင်း လုပ်ခွင့်ပိတ်လိုက်တယ်ဆိုပဲ..(အခုတော့ ရက်နည်းနည်းဆို ခွင့်ပြုတယ်ဆိုလား)

မိဆိုးလေးရေ..
အလုပ်မရှိရင်မနေတတ်ဘူးဆိုတော့ အလုပ်မရှိတိုင်း လာခဲ့ပေတော့.. :D တို့က နောက်တစ်ပတ်ဆို အခုထက်အားပြီ.. ပျော်စရာကြီး..
ကွန်မန့်များအားလုံးကို ကျေးဇူးတင်ပါတယ်

နွေဆူးလင်္ကာ said...

အေးဗျာ အဲလိုကြီးတော့ နေချင်ပါဘူး။ ဘယ့်နှယ် ကဗျာမစပ်ရ စာမရေးရနဲ့ နော်။

ဂျပန်ကောင်လေး said...

အင်း... ဟုတ်တယ်နော်.... စိတ်ပညာက တကယ်ကို ဆန်းကြယ်ပါတယ်... ကျွန်တော်တောင် ပြမလို့လုပ်နေတယ်... စိတ်ရောဂါကုနဲ့... :P

ခင်မင်တဲ့
ဂျပန်ကောင်လေး

ThuHninSee said...

:) internetမသုံးရတာနဲ့တင်..မစမ်းတော့ပါဘူး။ ပျင်းစရာကြီး။

Anonymous said...

မိဆိုးလေး လိုမဟုတ်တဲ့ သူပါး)