Monday, May 4, 2009

ငြီးခြင်းသံစဉ်

နည်းနည်း ငြီး(ညီး)ချင်လို့ပါ။ ဒီနေ့ အမေကို အရမ်းလွမ်းတာ အကြောင်းပြပြီး ဘာစာမှ မယ်မယ်ရရ မဖတ်လိုက်ရဘူး။ ဆိုက်ကို testလေး ဖတ်ပြန်တော့. ရုပ်ပုံက စကန်ဖတ်မရပြန်ဘူး။ ဒါနဲ့ စိတ်ပျက်ပျက်နဲ့ အပြင်ထွက်တော့ ရဲသားကြီးက စက်ဘီးရှေ့ မီးမဖွင့်လို့ဆိုပြီး ငေါက်သွားတယ်။

ကော်ဖီဆိုင် တယောက်တည်း သွားထိုင်လိုက်တာ ကောင်းမယ်ဆိုပြီး ဆိုင်ထဲဝင်၊ ကောင်တာမှာ မှာပြီးမှ ပိုက်ဆံက ထုတ်ပြီးသားနည်းနေတယ်။ ဆော်ရီးပြောပြီး ပြန်အလှည့်မှာ ကိုယ်နောက်က တန်းစီနေတဲ့လူနဲ့ မျက်နှာချင်းဆိုင်မိတော့ ကျောင်းကအသိ ဖြစ်နေတယ်။ ဟိုဘက်လှည့် ပြီး ပြုံစိစိနဲ့လေ..သူက။ ရှက်ရှက်နဲ့ပဲ “ကွန်ဘန်ဝ” လုပ်ခဲ့ရတယ်။

စိတ်ပျက်ပျက်နဲ့ ပိုက်ဆံထုတ်ပြီး အိမ်မှာပဲ ကိုယ်ဘာသာဖျော်တဲ့ ရှယ်ကော်ဖီသောက်တော့မယ်လို့ ဆုံးဖြတ်ပြီးပြန်လာခဲ့တယ်။ ဖြစ်ပုံများတော့ အိမ်ရောက်တော့မှ အိမ်မှာ ကော်ဖီမှုန်ကုန်နေမှန်း သတိရတယ်..သြော်......ကဲ...(><)

2 comments:

ခင်ကြေးမုံ said...

おめでとう!!!

လသာည said...

ဟုတ်ပါပြီ.။ ရယ်ထားပါ... အဟား....
ဒါပေမဲ့ ဒို့ကမငိုဘူးရော