Thursday, May 7, 2009

psy- test 1


၁) မင်း မျက်နာမူရာဘက်မှာ ပင်လယ်ကို မြင်ရမယ်...
ပင်လယ်ကို ကြည့်ပြီး ဘာကိုတွေးမိလဲ.။ စိတ်ထဲ ရှိတာ ရေးကြည့်လိုက်ပါ..
၂) ဖန်ခွက်ကလေးတစ်လုံး ရှိတယ်.။
ဘာကိုတွေးမိလဲ.။ စိတ်ထဲ ရှိတာ ရေးကြည့်လိုက်ပါ..
၃) ကော်ဖီ ကြိုက်လား၊ မကြိုက်ဖူးလား။ ဘယ်လောက်ကြိုက်လဲ.။
စိတ်ထဲ ရှိတာ ရေးကြည့်လိုက်ပါ..

မင်းရေးထားတဲ့ အဖြေကို လသာည ဆီ( မေးလ်နဲ့) ဒီနေ့ ပို့ပေးပါ.။

---------------------------------------------

အဖြေကို မနက်ဖြန်မှပြောရန်ဖြစ်သော်လည်း.. အဖြေမပြောလျှင် ဒီနေ့ည မအိပ်ပါ ဟု အနိုင်ကျင့်တောင်းဆိုချက် အရ မနက်ဖြန်ပြောမယ့်အဖြေကို ည၁၀နာရီိမှာ တင်ပြလိုက်ရပါတယ် ....။

အဖြေကတော့ ပင်လယ်သည်.. ဖြေဆိုသူ၏ ဘ၀ကို ရည်ညွန်းပါတယ်.။

ဥပမာ..ပင်လယ်မြင်တော့ “တစ်ယောက်ယောက်နှင့် အတူရေကူးချင်တယ်/ပင်လယ်ကူးသဘောင်္ကြီး စီးချင်တယ်လို့ ဖြေတဲ့ သူ ဆိုပါတော့..

“တစ်ယောက်ယောက်နှင့် အတူ” ဆိုတာက ဘ၀ကို ဖြတ်သန်းတဲ့နေရာမှာကိုယ်ကိုယ်တိုင်ဆုံးဖြတ်ချက်ထက် အဖော်နဲ့ဆုံးဖြတ်ပြီးမှ.လို့ ဖော်ပြပါတယ်။.
“ရေကူးချင်တယ်” ဆိုတာက ကိုယ်ကိုယ်တိုင် ရုန်းကန်ပြီး ဖြတ်သန်းမယ် လို့ ဖော်ပြပါတယ်။.။
ပင်လယ်ကူးသဘောင်္ကြီး” ဆိုတာက အမှီတစ်ခုခု(မိဘ/ဇနီး-ခင်ပွန်းစသည်)ယူပြီး ဘ၀ကို တည်ဆောက်မယ်လို့ ဖော်ပြပါတယ်။.။

ဖန်ခွက်ကတော့ လက်ထပ်ခြင်း ကို ဆိုလိုပါတယ်။
ဖန်ခွက်မြင်ရင်တော့ ရေအေးအေးလေး သောက်ချင်တယ်လို့ ဖြေတဲ့လူ ရှိသလို၊ ရေခဲစိမ်ဘီယာလေး သောက်ချင်သူ၊ ဖန်ခွက်က ဒီဇိုင်းလှမလှ ကြည့်ပြီး လှရင်ဝယ်ချင်သူ စသည်..ရှိပါတယ်။။ ကဲ..အဖြေကို ကိုယ်ဘာသာကိုယ် အရင်ဆန်းစစ်ကြည်လိုက်နော်.။
မရတဲ့ အခါကျမှ လသာညဆီ မေးလ် လေး တစ်ချက်ပို့လိုက်ပါ..။အဟဲ .ဆရာစားချန်တာမဟုတ်ပါဘူး။ အားလုံးခန့်မှန်းတတ်မယ် ထင်လို့ပါ..။

နောက်ဆုံးအဖြေကိုတော့ လသာညက ကော်ဖီကြိုက်တဲ့သူဆိုတော့ အဖြေကို ဒီလိုဖြေမိသွားတယ်။
“ ကော်ဖီ အရမ်းကြိုက်၊ ထို့ကြောင့် တနေ့ကို ၃ခွက်အနည်းဆုံးသောက်သည် ဟု ဖြေလိုက်ပါသည်။။
....အဟားဟား........

နောက်ဆုံးအဖြေလည်း.... ...
ကိုယ်ဘာသာသာ စဉ်းစားကြည့်လိုက်ပါ။

တနေ့တာ အမောများ ပြေပျောက်ပြီး ပျော်ရွင်နိုင်ကြပါစေ။။။။

လသာည ဖြစ်ပါသည်။

2 comments:

Anonymous said...

So Funny;p
My answer(Q3): I am not crazy in coffee.
According to ur answer(Q3): I made conclusion myself; I am not crazy in .........

Pone,
ur`s sis

ခင်ကြေးမုံ said...

If so, larthrnya is crazy in--------Haha. for me, only sometimes!