Sunday, May 17, 2009

ကျန်းမာရေးအမြင်

ကိုယ်ဆီမှာတုန်းက မမြင်မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းအချင်းချင်း ပြန်တွေ့ကြတဲ့ အခါ သူငယ်ချင်းက ပိန်သွားရင် “ဟေး.. မတွေတာကြာပြီ။ ပိန်သွားတယ်နော်၊ နေမကောင်းဘူးလား” လို့ နှုတ်ဆက်စကားဆိုပြီး ၊ ၀နေတဲ့ သူငယ်ချင်းနဲ့ တွေ့ရင် “ ကြည့်စမ်း ၀လို့ လှလို့ပါလား၊ အရာရာအဆင်ပြေနေတယ်ထင်တယ်၊ မြင်ရတာ စိတ်ချမ်းသာစရာပဲ။ ၀မ်းသာပါတယ်ကွာ” လို့ ပြောလေ့ပြောထ ရှိကြတယ်။

ကာယကံရှင်နဲ့ မဟုတ်ပဲ တခြားသူတစ်ယောက်ယောက်ကတဆင့် မေးကြည့်ကြည့်ပါဦး...။
“မ.....လား၊ အမလေး ၀လို့လှလို့ပါတော်.။ စီးပွားရေးကလည်းကောင်းဆိုတော့.” ဆိုတာမျိုး
“ကို.... လား၊ ဟိုတလောက ဈေးထဲမှာတွေ့တယ်။ ပိန်သွားတယ်။ အဆင်မပြေဘူးထင်တယ်” ဆိုတာမျိုးကြားရတတ်တယ်။ တစ်ယောက်ယောက်က ၀နေလို့ နဲနဲ အလှလျောတာ(မလှတော့ဘူးဆိုတာ)ကို ခံစားမိတတ်ပေမဲ့ ၀နေလို့ သနားစရာလို့ ဘယ်သူမှမတွေးသလောက်ပဲ။

ယေဘုယျအားဖြင့် (ယေဘူယျအားဖြင့် ပြောတာပါ။ ) လူတစ်ယောက် ပိန်ခြင်းဟာ ရောဂါတစ်ခုခု ရှိနေခြင်း၊ နေမကောင်းခြင်း၊ အလုပ်များခြင်း၊ စိတ်ညစ်စရာ တစ်ခုခု ရှိနေခြင်း ဆိုတဲ့ အဓိပ္ပါယ်မျိုး ထွက်နေတတ်ပြီး၊ ၀နေတာဟာ သက်တောင့်သက်သာနေရခြင်း၊ စားနိုင်သောက်နိုင် စီးပွားရေးအဆင်ပြေခြင်း၊ စိတ်ချမ်းသာနေခြင်း ဆိုတဲ့ အဓိပ္ပါယ်ထွက်နေတတ်ပါတယ်။

ဂျပန်မှာတော့ အမြင်ချင်း ဆန်ကျင်ဘက်ဖြစ်နေတာ တွေ့ရပါတယ်။ ပိန်တဲ့လူက ပိုပြီး စမတ်ကျတယ်။ ကျန်းမာတယ်။ အထင်ကြီးခံရတတ်တယ်။ ၀တဲ့သူက ကျန်းမာရေးအသိချို့တဲ့သူ၊ ရောဂါတစ်ခုခု ရှိသူ၊ အခုမရှိသေးတောင် နောင်ကို ရှိလာမဲ့သူ၊ သနားစရာကောင်းသူ ဆိုတာမျိုး ခံစားရတယ်ဆိုပဲ။

ဂျပန်နိုင်ငံမှာ ကျန်းမာရေးတစ်နှစ်၂-ကြိမ် အနည်းဆုံး စစ်ရတာကိုး။ တကယ်လို့ အသက် ၄၅/၅၀မှာ ကီလို ၈၀ ကျော်နေရင် ကျန်းမာရေးဌာနက ၀ခြင်းရဲ့ဆိုးကျိုးတွေအကြာင်း ခေါ်ယူပညာပေးခြင်းခံရတယ်၊ မကြာခဏစာစောင်တွေ ပို့ခံရတယ် လို့ ဆိုပါတယ်.။ အဲဒီလို့ ကျန်းမာရေးဌာနက ခေါ်ယူပညာပေးခြင်းခံရင်၊ စာစောင်တွေ ပို့ခံရရင် တော်တော်ရှက်စရာလို့ ယူဆကြတယ်။ ဒါကြောင့် အခု ငယ်ငယ်ကတဲက စပြီး ကိုယ်အလေးချိန်ကို မထိန်းလို့ မရဘူးလို့ ဆိုပါတယ်။

သူတို့အချင်းနှုတ်ဆက်ရင် “ဟယ် ပိန်သွားလိုက်တာ။ sugoi ne တော်လိုက်တာ။ dietလား ၊ လေ့ကျင်ခန်းလုပ်နေတာလား။ ဘယ်နှစ်ကီလိုလျှော့သွားပြီလဲ” ဆိုပြီး အားကျတဲ့ မျက်လုံးနဲ့ ပြောလေ့ရှိသလို ၀နေရင်တော့ အလုပ်များနေသလား (လေ့ကျင့်ခန်းမလုပ်နိုင်အောင် အလုပ်များနေသလား) လို့ စိုးရိမ်တဲ့ မျက်လုံးနဲ့ ကြည့်လေ့ရှိတယ်။ မနေ့က ဆရာက အတန်းထဲမှာ သူနဲ့ သူမိန်းမ ၀ိတ်လျော့နေတာ တစ်လပြည့်ပြီဖြစ်ကြောင်း၊ သူမိန်းမက ၅ကီလို လျော့သွားပေမဲ့ သူက အစားမက်လို့ ၂ကီလိုပဲ လျော့ကြောင်း ရယ်စရာပြောပြပါသေးတယ်။

Dietဟာ လူငယ်လူရွယ်မရွေး သူတို့အတွက် အရေးကြီးသလို အသည်းအသန် ခံစားနေကြတယ်။ ဂျပန်သူငယ်ချင်းတစ်ယောက်ဆိုရင် သူခန္တာကိုယ်က မ၀ဘူး၊ (တော်တော်ပိန်တယ်လို့ တောင်ပြောလို့ရတယ်) ဒါပေမဲ့ ダイエットしなきゃ(DIET)မလုပ်လို့ မရလို့ ဆိုပြီး အမြဲ အစာနည်းနည်းပဲစားတယ်။ နောက်လည်းပြောသေးတယ်။ ရည်းစားထားရင်တောင် အရပ်မြင့်မြင့် ပိန်ပိန်လူကိုပဲ ရွေးမယ်လို့ အမြဲပြောလေ့ ရှိတယ်။ အင်း..၀တဲ့သူတွေ ရည်းစားရဖို့ မလွယ်ပါလားနော်. . :D

သူတို့နိုင်ငံမှာ dietအတွက် ကုန်ပစ္စည်းကြော်ညာတွေအများကြီးရှိတယ်။ diet ဆေးနဲ့ အစားအစာ တွေ ဖျော်ရည် diet coffee, diet juce, diet tea စသည်.စသည်.အများကြီး.ရှိတယ်။

၂၀၀၉ ခုနှစ် စစ်တမ်းအရ ဂျပန်မှာ လူ၁၀၀မှာ ၄ယောက်ပဲ ၀သူပြီး တိုးတက်ပြီး ကမ္ဘာနိုင်ငံတွေထဲမှာ ၀သူအနည်းဆုံးနိုင်ငံလို့ ဆိုပါတယ်။

အခု သူတို့ နည်းနည်းစိုးရိမ်လာတာ တစ်ခုကတော့ ငယ်တဲ့ လူငယ်တစ်ချို့ကတော့ ၀ခြင်းကို အကြာက်လွန်ပြီး အစားရှောင်ရာက တစ်ဖက်စွန်းရောက်ပြီး အပိန်လွန်ရောဂါရသူတွေတောင် ရှိနေပါပြီ၊ ဒါကြောင့် dietအလုပ်မလွန်ဖို့ ပညာပေးတွေ စတင်နေရပါပြီတဲ့။

ကိုယ်ကိုယ်တိုင်က ဆေးနှင့် ရောဂါတွေ၊ ၀ခြင်း၊ပိန်ခြင်းအကြောင်း သိပ်မသိလို့ အသေးစိတ် မပြောပြနိုင်ပေမဲ့ ကျန်းမာရေးအသိနှင့် ကိုယ်အလေးချိန်ထိန်းဖို့ အရေးကြီးတယ်လို့တော့ ခံစားမိလာပါကြောင်း ၊ ဒါကြောင့် လေ့ကျင့်ခန်း ဗွီဒီယိုလေးပါ တင်ပေးလိုက်ပါတယ်။

PS အရာရာ တစ်ဖက်စွန်းမရောက်ဖို့ လည်း အရေးကြီးတယ်ဆိုတာ သတိပြုဖို့ အရေးကြီးပါတယ်.။ :D



လသာည ဖြစ်ပါသည်။

1 comment:

အိစံ said...

ကျေးဇူး လေ့ကျင်ခန်း download လုပ်ထားတယ် အိစံရဲ့ မေမေ အ တွက်...နေံတိုင်းလုပ်ကြည့် အုန်းမယ်