Friday, May 29, 2009

မြင်းနာမည်

“ဟိုဟာ လေ...ဘာတဲ့ စလုံးနဲ့ ဆုံးတဲ့ဟာလေကွာ၊ သြော်.သိပြီ. ဟိုဟာ မပု မပု”ဆိုတာမျိုး (:D ဆိုင်လည်းမဆိုင်ဘဲနဲ့နော..) တစ်စုံတစ်ခုကို ပြောခါနီးဆဲဆဲမှာ စကားလုံးက ထွက်မလာဘူးဆိုတာမျိုးဖြစ်ဖူးလား။

အဲဒီလိုမျိုး မှတ်ဥာဏ်က တခဏမှာ ရှုပ်ထွေးနေပြီး သိနေတဲ့စကားလုံးက လည်ချောင်းကနေ မထွက်လာတာမျိုးကို အင်္ဂလိပ်လို the tip of the tongue လို့ခေါ်တယ်။ စိတ်ပညာရှင်တွေကတော့ လွယ်လွယ်ကူကူ TOT လို့ ခေါ်ကြတယ်။

ဒီစကားလုံးဟာ ၁၈၈၅လောက်က ရုရှား စာရေးဆရာ Anton Chekhovရဲ့ "A horsey name"ဆိုတဲ့ ပြဇာတ်မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ စကားလုံးလေးပါ။

ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် တခါက အကြီးအကဲတစ်ယောက်ဟာ သွားနာတယ်။ အိမ်သားအားလုံးက သူ့ကို သွားဆရာဝန်နှင့်သွားနုတ်ပစ်ဖို့ ပြောပေမဲ့ သွားနူတ်ရမှာ ကြောက်လို့ မနုတ်ပဲ သွားနာတာကို အော်ညည်းနေခဲ့တယ်။ ဒီအခါမှာ အီဗင်ဆိုတဲ့ အစေခံကပြောပြတယ်။

“သခင်ကြီး .ဒီနိုင်ငံမှာ နာမည်ကြီး သွားဆရာဝန်ရှိတယ်။ သူဟာ သွားကိုမနူတ်ပဲနဲ့ သွားနာပျောက်အောင် ကုတတ်တယ်။ သူ့ဆီကို သံကြိုးရိုက်ရင် သူကိုယ်တိုင်လာကြည့်ပေးတယ်တဲ့။”

သခင်ကြီးဟာ ပထမငြင်းပေမဲ့ အီဗင်က အကြိမ်များစွာပြောနေတာရော၊ သွားကလည်းအရမ်းနာလာတာမို့ ထိုသွားဆရာဝန်ဆီ သံကြိုးရိုက်ဖို့ သဘောတူလိုက်တယ်။

“မိန်းမရေ သံကြိုးရိုက်။ ဒါနဲ့ သူနာမည်က ဘယ်သူလဲ ပြောလေ။”
“ဟုတ်ကဲ့၊ သခင်ကြီး။ သူ့နာမည်က ဂျက်ကော့ ဟ...အင်း family nameမေ့နေတယ်။ ဟ နဲ့စတဲ့ စကားလုံးမျိုး ။ မြင်းနာမည်လိုမျိုး၊ နေပါဦး..အင်း ဟော့စီ?. ဟောဒါ?..ဒါလည်း မဟုတ်သေးဘူး။ ပါးစပ်ဖျား တင်မေ့နေတယ်။”
အကြီးအကဲက “ဒါဆို ဟောကီ?”

မဟုတ်သေးဘူး သခင်ကြီး။

“ဟိုက်ဒီ?

အဲဒါလည်းမဟုတ်သေးပါဘူး။

ဒါဆို Hackett Bayley!"

မဟုတ်သေးဘူးခင်ဗျ။ အင်း..ဟို.?”

“အိုး..နာလွန်းလို့ သေတော့မယ်။ မြန်မြန်စဉ်းစားပါဟ”လို့ သခင်ကြီးကအော်လိုက်တယ်။

အီဗင်လည်း ခေါင်းကို အုပ်ပြီးစဉ်းစားတာပဲ မထွက်လာဘူး။

Tracey!

Bitter!

"Trotter!

ဒီလိုနဲ့ တအိမ်လုံးရှိရှိသမျှ ကလေးလူကြီးအားလုံး မြင်း နာမည်တွေကို စဉ်းစားပြောကြတယ်။
................
“Hackett!
...............
Horsely--?

အီဗင်ကလည်း ခေါင်းတခါခါနဲ့ ငြင်းတုန်းပဲ။

ဒီလိုနဲ့ မိုးချုပ်လို့ အားလုံးအိပ်ကုန်တဲ့အထိ အီဗင်စဉ်းစားမရလို့ သံကြိုးလည်း မရိုက်ရတော့ဘူး။ အကြီးအကဲဟာ ပါးကိုအုပ်ရင်း ညီးညူရင်း အိပ်လို့ မပျော်ဘူး။ အိပ်မရလို့ အီဗင်ရဲ့တံခါးကို သွားခေါက်ပါသေးတယ်။

အီဗင်က စဉ်းစားတုန်းပါ။
Harness-?

အကြီးအကဲဟာ နာလွန်းလို့ မခံမရပ်နိုင်လာတာကြောင့် နောက်တနေ့ မနက်စောစောမှာပဲ မြို့ ထဲကသွား ဆရာဝန်နဲ့ပဲ သွားနုတ်လိုက်ရတယ်။

အီဗင်က နာမည်ကို စဉ်းစားတုန်းပဲ Dunn--Sadler--Buckle--Coachman--?

သွားဆရာဝန်အပြန်မှာ အီဗင်က ခြံဝကို လုပ်ပို့တော့ ဆရာဝန်ကမေးတယ်။ ကျွန်တော့ မြင်းအတွက် ကောက်ရိုးလေး နည်းနည်းလောက်ရနိုင်မလားခင်ဗျာ၊ သူသိပ်ဆာနေသလားလို့ပါ။

အီဗင်ဟာ တခဏမှာ ကြောင်ငေးသွားရင်း သွားဆရာဝန်ကို ဘာမှပြန်မပြောနိုင်ပဲ အိမ်ထဲကို အလောတကြီးပြေးဝင်သွားရင်း လှမ်းအော်လိုက်တယ်။ “သခင်ကြီး သခင်ကြီး သူနာမည်က ဟေးပါ၊ ဂျက်ကော့ ဟေးပါ။” အခု သံကြိုးရိုက်ပါတော့”

ဒီတော့ အကြီးအကဲက
“တောက် .အီဗင် မင်းက မြင်းနာမည် လာပြောရဲသေးတယ်။ မင်းလည်ပင်းကို တချက်တည်းသေအောင်မညစ်မိခင် အခုချက်ချင်း ငါနဲ့ဝေးရာကို ထွက်သွား”
ဟူသတည်း။ :D

လသာည နားလည်သလို ဘာသာပြန်ပါသည်။

မှတ်ချက်။ ။၁၈၉၀ မှာ ပထမဆုံး စိတ်ပညာရှင် William James က TOT ရဲ့ သဘောသဘာဝကို သူ့ရဲ့စာအုပ်ထဲမှာ ရေးသားဖော်ပြခဲ့တယ်။ အဲဒီကစပြီး TOT ဟာ စိတ်ပညာဝေါဟာရလေး ဖြစ်လာခဲ့ပါတယ်။

Anton Chekhovရဲ့ "A horsey name"ဆိုတဲ့ ပြဇာတ်ကို http://www.ibiblio.org/eldritch/ac/horsey.htmမှာ ကြည့်ရှုနိုင်ပါတယ်။

No comments: