Sunday, May 24, 2009

ဦးနှောက်

ဒီနေ့ စာအုပ်တစ်အုပ်ကို ဖတ်ရင်း သိပ္ပံပညာရှင်ကြီး အိုင်စတိုင်းရဲ့ အကြောင်း ဖတ်ဖြစ်သွားတယ်။ သူသေသွားပြီးနောက် သူ့ရဲ့ ဦးနှောက်ကို စစ်ဆေးလေ့လာတဲ့အခါ ဘယ်ဘက် ဦးနှောက်အစိတ်အပိုင်းဆဲလ်တွေဟာ မှုလရှိသင့်သည်ထက် ပိုများနေတာတွေ့ရတယ်လို ဆိုပါတယ်။ စိတ်ဝင်စားစရာကောင်းတာနဲ့ ဦးနှောက်အကြာင်း ဆက်ပြီးထပ်လေ့လာဖြစ်သွားတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်ကစပြီး ဦးနှောက်အကြောင်းကို သုတေသနတွေလုပ်လာခဲ့ကြတာ အခုထိလည်း လေ့လာစရာမကုန်သေးပါဘူးတဲ့။

ဦးနှောက်အစိတ်အပိုင်းတွေရဲ့ လုပ်ငန်းစဉ်တွေအကြောင်း အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ လက်ဝဲဘက်ဦးနှောက်က ခွဲခြားစိတ်ဖြာနိုင်စွမ်းရည် ကို ကိုယ်စားပြုပြီးတော့ မျဉ်းဖြောင့်အတိုင်း၊ ကွင်းဆက်သဏ္ဍန် လုပ်ဆောင်တယ်။ step-by-stepသွားတယ်။ ထိုကြောင့် ဘာသာစကားကို ကိုယ်စားပြုတယ်။

အင်း.. လက်ဝဲဘက်ဦးနှောက်သန်တဲ့ လူတွေဟာ တီထွင်တွေးခေါ်မှုကောင်းတဲ့၊ အာရုံစူးစိုက်မှုကောင်းတဲ့လူတွေပေါ့။ အရာရာကို ထိုးထိုးဖောက်ဖောက် အလေးအနက်စဉ်းစားသူတွေပေါ့။ ယခင်က သတ်မှတ်ထားတဲ့ IQသတ်မှတ်ချက်တွေအတိုင်းဆို IQမြင့်သူတွေလို့ သတ်မှတ်ခံရတဲ့သူများ ဖြစ်ပါတယ်။

လက်ယာဘက်ဦးနှောက်ကတော့ patternသဏ္ဍန်နှင့် အစုအဖွဲ့ သဏ္ဍန်ရှိတယ်။ ဆက်စပ်ပြီးတွေးခေါ်နိုင်မှုကို လုပ်ဆောင်တယ်။ အမြင်အာရုံ၊ ပုံသဏ္ဍန် နှင့် အကွာအဝေးခန့်မှန်း တွက်ချက်ခြင်းဖြစ်စဉ်ကို တာဝန်ယူတယ်။ ဖြတ်ထိုးဥာဏ် ကောင်းသူများဖြစ်ကြပါတယ်။

လက်ယာဘက်ဦးနှောက်သန်တဲ့ လူတွေကတော့ အနုပညာရှင်တွေ၊ လူမှုရေး နိင်ငံရေး ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ယနေ့ခေတ် သတ်မှတ်ထားတဲ့ IQသတ်မှတ်ချက်တွေအတိုင်းဆိုရင် IQများထဲက EQ(emotional Intelligence) မြင့်သူများဖြစ်ပါတယ်။

ဒါဆို “တစ်ဖက်တည်းသန်တဲ့ ဦးနှောက်အစား နှစ်ဖက်လုံးသန်တဲ့ဦးနှောက်ရချင်တာ” လို့ တစ်ယောက်ယောက်က ခပ်ရွတ်ရွတ်မေးလာခဲ့ရင် .?
အဖြေက “ရပါတယ်။ နှစ်ဖက်လုံးသန်အောင်လေ့ကျင့်လို့ ရပါတယ်” တဲ့။
(^ー^) လေ့ကျင့်နည်းကတော့ ဟဲဟဲ နောက်မှပဲ.။

စကားမစပ် အမျိုးသမီးနဲ့ အမျိုးသားတွေရဲ့ ဦးနှောက်ကွဲပြားမှုတွေအကြောင်း အယင်ရေးထားတာ ရှိတယ်နော်။ ယောင်္ကျားနှင့် မိန်းမ
မတူညီသော ဦးနှောက်စွမ်းရည် အကြောင်း
စသည်..။

လသာညဖြစ်ပါသည်

No comments: