ဒီကို မလာခင်က ဆရာတစ်ယောက်က တိုက်တွန်းအားပေးမှု နှင့် ပညာတန်ဆောင်မှာ ဆောင်းပါးရေးဖူးတယ်။ ၂-ခါရေးတယ်။
မယ်ထွေး(ပညာရေးတက္ကသိုလ်) ဆိုပြီးတော့။ MEDတက်တုန်းက အတန်းထဲမှာ (အဲဒီတုန်းက) အငယ်ဆုံးဆိုတော့ ဆရာက မယ်ထွေးလို့ အမြဲ ခေါ်နေခဲ့တာမို့ အမှတ်တရ အဲဒီကလောင်ကို ယူဖြစ်သွားတယ်။ စာရေးတာ တော်မတော်တော့ မသိဘူး။ ပညာတန်ဆောင်ရဲ့ အကြောင်းပြန်စာမရခဲ့ဘူး။ အဲလိုတော်တာ။ ဆက်လည်း မရေးဖြစ်တော့ဘူး။ နောက်ပိုင်း ဒီကိုလာခဲ့တယ်။ ဒီမှာတင် ၂-နှစ်ကျော်သွားပြီ ဆိုတော့ ဆောင်းပါးရေးခဲ့တာ၃ နှစ်ရှိသွားပြီပေါ့။
ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်နေတာ။ လွန်ခဲ့သော ၃နှစ်က ရေးထားတဲ့ ဆောင်းပါးက ..ပညာတန်ဆောင်ရဲ့ ဒီလထုတ်မှာ ပါလာတယ်တဲ့။။ စာမူခလည်း ရတယ်။ ကျပ် ၂၀၀၀ ကြီးများတောင်။ ငွေတန်ဖိုးထက် ကိုယ့်နာမည်လေးပါလာလို့ ဖီလင်လေးဖြစ်သွားတယ်။ အဟဲ..ပျော်သွားတယ်ပေါ့.။
ညိုချို ရေ.. ညိုချိုက ကိုယ်ရေးကိုယ်တာ ရေးတာ မဖတ်ချင်ဘူးလို့ ပြောတဲ့နေ့မှပဲ ဒီပို့စ်ကို တင်လိုက်မိပြီ။ ဆော်ရီး..။ တိုင်ပင်ဖေါ်တိုင်ပင်ဖက် သူငယ်ချင်းတွေကို ကိုယ်အပျော်ကို မျှရုံလေးပါ။ (ခွင့်လွတ်ပါရန်) :D
လသာည ဖြစ်ပါသည်။
4 comments:
ဝေး ပျော်စရာကြီး ....ချမ်းမြေ့ ပါစေ။
おめでとうございます。。。。。。。。。。。。。。。。。。。。。
ありがとうございます。(^ー^)
ဒါပေမဲ့ တစ်ခါပါဖို့ ၃နှစ်ကျော်စောင့်ရမယ်ဆိုရင်တော့ သိပ်မမိုက်ဘူးရယ်။ဟားဟား...။
Post a Comment