ငယ်ငယ်ကတဲက စပ်စုတတ်လွန်းခဲ့တယ်။ သူ့အသက် ၃ နှစ်ကျော်မှာ သူအိမ်က ကြက်မကြီးက ကြက်ဥတွေကို ဘာကြောင့်ဝပ်သလဲ၊ ဘာလိုအကောင်ပေါက်သလဲသိချင်လို့ ကြက်မကြီးကို ဖယ်ပြီး သူက အဌားဝပ်ပေးသတဲ့..
နောက်ပြီး စပါးကျီထဲကို လှည်းတွေနဲ့ စပါးတွေ သယ်ထည့်တာကို ကြည့်ပြီး စပါးတွေ စပါးကျီထဲမှာ ဘယ်လောက်ရှိမလဲ တက်ကြည့်တာ စပါးကျီထဲ လိမ့်ကျဖူးတယ်။ ပျားအုံကို လေ့လာတာလွန်လို့ ပျားတုပ်ခံရတာလည်း အကြိမ်မနည်းဘူးတဲ့။
၆-နှစ်သားအရွယ်ရောက်တော့ ရှာရှာကြံကြံ သူကသိချင်ပြန်တယ်။ ကြံခင်းကြီးကို ကြည့်ပြီး သူမိသားစုနဲ့ အိမ်နီးနားချင်းတွေ ပျော်နေတာကို ကြည့်ပြီး သူက စမ်းသပ်မှုတစ်ခုလုပ်ခဲ့မိတယ်။ အဲဒီတုန်းက သူလုပ်ခဲ့တာက ကြံခင်းကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ မီးရှိုရသလဲလို့ သူ့ကို မေးတော့ “ကြံခင်း မီးလောင်ရင် လူတွေ ဘယ်လိုနေမလဲ သူသိချင်လို့ ဖြစ်ပါတယ်”တဲ့။
အဖြေကို တကယ်ပဲ သူသေသေချာချာသိသွားရပါတယ်။ သူရှိုခဲ့တဲ့ မီးကြောင့် သူတို့အိမ်နားနီးချင်းတွေရော၊ သူတို့မိသားစုရော ဒုက္ခရောက်ခဲ့ရတယ်။ ၆-နှစ်သားသူ့ကို သူ့အဖေက လူအများရှေ့မှာ မီးလောင်မှုရဲ့တရားခံအဖြစ် ရိုက်နှက်အပြစ်ပေးခဲ့ပါတယ်။ နောက်ပြီး အဲဒီပတ်ဝန်းကျင်ကနေ Michigan ကို သူတို့ ပြောင်းရွေ့ခဲ့ရတယ်။
နေရာအသစ်ကို ရောက်တော့ သူဖျားနေတာမို့ အသက် ရှစ်နှစ်ထိအောင် ကျောင်းမနေရဘူး။ သူကို ကျောင်းအပ်တော့ ဆရာစကားနားမထောင်သူ ကလေးအရိုင်းအစိုင်းအဖြစ် ပြဿနာ မကြာခဏတက်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဆရာမပြောတာထက် သူသိချင်တာကိုပဲ လျှောက်မေးနေခဲ့လို့ ဖြစ်ပါတယ်။ နောက်တော့ သူအမေကပဲ သူ့ကို စာသင်ပြီး စာဖတ်တဲ့အတတ်ကို သင်ပေးခဲ့ရတယ်။
သူက သိပ္ပံစာအုပ်တွေကို အရမ်းစိတ်ဝင်စားတယ်။ ၁၁- နှစ်သား ဖြစ်တော့ သူမှာ ကိုယ်ပိုင် labလေးတစ်ခု ပိုင်နေပြီ ဖြစ်ပါတယ်။ တနေ့တော့ မိုးပျံပူဖောင်းအကြောင်းကို ဖတ်ရင်း သူက ဓါတုဗေဒ ဆေးဆိုင်မှာ ပစ္စည်းအချို့ကို သွားဝယ်ခဲ့တယ်။ ပြီးတော့ သူက ပစ္စည်းတစ်ချို့ကို ရောပြီး ပစ္စည်းတစ်ခု ဖော်စပ်တယ်။ ပြီးတော့ သူအိမ်မှာ ခေါ်ထားတဲ့ အိမ်ဖော်ကောင်လေးကို သောက်ခိုင်းတယ်။ သူဖော်တဲ့အရာက မိုးပျံပူဖောင်းလိုပဲ လူပျံအောင် စွမ်းတဲ့ ဓါတုပစ္စည်းတွေ ထည့်ထားတယ်လို့ ပြောပါတယ်။ ကောင်လေးက သူခိုင်းသလိုသောက်ပြီးနောက် မိုးပေါ်တော့ ပျံတက်မသွားပဲ ကြမ်းပြင်ပေါ်လဲကျသွားခဲ့တယ်။ သူအဖေ အရောက်စောပြီး ဆေးရုံတင်လို့သာပေါ့၊ မဟုတ်ရင် အဲဒီကောင်လေး သေသွားမှာ သေချာတယ်။ သူက အဲလို စူးစမ်းချင်သူဖြစ်ခဲ့တယ်တဲ့..။
၁၂ နှစ်သားအရွယ်ရောက်တော့ ကျောင်းစာလုပ်မယ့်အစား အလုပ်လုပ်ဖို့ပဲ သူတောင်းဆိုခဲ့တယ်။ ဒါနဲ့ မီးရထားပေါ်မှာ သတင်းစာ၊ ချိုချဉ်ရောင်းရင်း ပိုက်ဆံစုခဲ့တယ်။ စာအုပ်တွေဝယ်ဖတ်တယ်၊ နောက်တော့ ရထားပေါ်မှာ သူ့ရဲ့ labကိုယ်ပိုင်ခန်းဖွင့်နိုင်ခဲ့တယ်။ နောက်ပိုင်း ရထားမှာ သွားရင်း မတော်တဆဖြစ်လို့ သူရဲ့နားကန်းသွားခဲ့တယ်။ ဒါပေမဲ့ စိတ်ဓါတ်မကျခဲ့တဲ့ သူက ဒီလိုပြောခဲ့တယ်။
“ကျွန်တော် ကံကောင်းသွားတာဗျ။ အခုဆို စာကို တိတ်တိတ်ဆိတ်ဆိတ် အာရုံစူးစိုက် ပိုဖတ်နိုင်တယ်ဗျာ။”
အဲဒါကတော့ တခြားသူမဟုတ်ပါဘူး နာမည်ကျော်သိပ္ပံပညာရှင်ကြီး Thomas Edisonပဲ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းကတော့ သူ့ကို ဘယ်သူက အခုလို နာမည်ကျော်ပညာရှင်ကြီးရယ်လို့ ထင်ခဲ့ပါ့မလဲနော်။ သူရဲ့ အကောင်းမြင်စိတ်၊ စူးစပ်လိုစိတ်က သူများကို အနည်းအကျဉ်း ဒုက္ခရောက်စေကောင်း ရောက်ခဲ့စေပေမဲ့ နောင်တချိန်မှာ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးအောင် သူပဲ တီထွင်ပေးခဲ့တာမို့လား။ နောက်ထပ်လည်း သူအများကြီးတီထွင်ခဲ့သေးတယ်လေ..။
ဒီအကြောင်းကို ရေးရင်း ကျွန်မရဲ့မီးမီးကို ပိုသတိရသွားမိပါတယ်။ တချိန်မှာ ဘာဖြစ်မလဲ မသိသော်လည်း ကွန်ပျူတာကို လစ်ရင်လစ်သလို ရေလောင်းကြည့်ချင်သူ၊ တီဗွီ ဖန်သားပြင်ကို ခေါင်းနဲ့ ဝှေ့ပြီး အထဲကို ၀င်ကြည့်ဖို့ ကြိုးစားသူပါ။ နောက်ပြီး ဟန်းဖုံးကို ရေထဲနှစ်ပြီး ရေချိုးပေးလို့ မြင်မြင်ချင်း အချိန်မှီပြန်ဆယ်သော်လည်း ဖုံးရဲ့ function တချို့ သုံးလို့ မရဖြစ်သွားဖူးတယ်။
တခါကလည်း မူကြိုကျောင်းက ဆရာမက ပေးလိုက်တဲ့ စာရွက်ကို ရေခဲသေတ္တာ အခဲခန်းထဲကို သွားထည့်ပြီး ချောင်းကြည့်နေလို့ ဘာလုပ်တာလဲမီးမီးလို့ မေးတော့ စာရွက်ကလေး အိပ်ပျော်အောင်လို့ သူက မီးမှိတ်ပေးတာတဲ့။ သူ့ကြောင့် ကွန်ပျူတာတစ်လုံး လုံးဝလွှတ်ပစ်လိုက်ရပြီး၊ တီဗွီနောက်ကျောဖက်က အပေါက်လေးမှတဆင့် ရေလောင်းချလိုက်လို့ တီဗွီလည်း ကျယ်လောင်စွာ ရှော့ဖြစ်သွားဖူးပါတယ်။ အဲဒါကတော့ မီးမီးလေး ရဲ့ စူးစမ်းမှုလေးတွေပါ။ :P
ကျွန်မရဲ့မီးမီးကို လွမ်းလို့ ဒီပို့စ်ကို အမှတ်တရ တင်လိုက်ပါတယ်။ အား... မတွေ့ရတာ တနှစ်ပြည့်တော့မယ်။ (++)
လသာည
အက်ဒီဆင်ဓါတ်ပုံကို googleမှ ယူထားတာပါ :P
11 comments:
သမီးလေးနဲ့ ခွဲနေတာလားခင်ဗျ... ချစ်စရာလေးနော်....း)....
ဘာဖြစ်မလဲဆိုတာ မပြောနိုင်ပေမဲ့  သူ့ ဘက်ပါအောင်အပြောနဲ့ ဆွဲဆောင်နိုင်မှာတော့ သေချာတယ်
အန်တီအိလက်ကလေး ကိုင်အိပ်ချင်လို့ မပြန်ပါနဲ့ တဲ့  ...
ကွန်ပြူတာ ရေလောင်း တာတော့ လောင်းပါစေ။ အခြားဥစ္စာထက် လူခန္ဒာကိုယ်မှာ ဟိုဟိုဒီဒီ လျှောက်ရှာတဲ့ ဥစ္စာတော့သေချာ တားထားဦးနော်။ ငယ်တုန်းက ကိစ္စမရှိပေမဲ့။ ---- အဟမ်း အဟမ်း။ :D :D :D
u r missing...
i feel sorry after i read ur post.
But,.. after i read other comments...
har har....
i cannot stand. funny to read .
mie mie lay ye mama.
don't miss too much.
moemingyi
မ သမီးလေးက ချစ်ဖို့ကောင်းလိုက်တာ ။ ဥာဏ်ရည်လည်း ထက်ထက်မြက်မြက်ပုံလေး။ ဗီဒီယိုလေးက တိုတိုလေး။ ကြည့်ရတာ မဝသလိုပဲ။နောက်ထပ်တင်ပါဦးနော် ချစ်မလေး။
အဒေါ်တူ သမီးလေး ဖြစ်မှာပေါ့ နော် ..
ချစ်တူမလေးနဲ့  အမြန်ပြန်လည် ဆုံတွေ့ ကြပါစေ ။
အမ
ဒီပို့ လေးအတွက်ကျေးဇူး။ သူ့ အကြောင်းကို ကျောင်းစာအနေနဲ့ ပဲ ဖတ်ဖူးတာ။ ကြားတော့ကြားဖူးတယ်။
မီးရှို့ ကြည့်တယ်ဆိုတာလေ။ဒါပေမယ့် ကြံခင်း လို့ ကြားဖူးတာ။ သူ့ ကို အရမ်းသဘောကျတယ်။အဲဒီလုပ်ကြည့်တာကို။ :D
မီးမီးလေးနဲ့ တွေ့ ဖို့ ကလဲ ၄၈၈ ရက်ပဲလိုတော့တာပါ..။ :) တောင့်ထား..။
ကွန်မန့်လေးများအားလုံး ကျေးဇူးနော်။ မီးမီးလေးကို လွမ်းနေလို့ ဆက်စပ်တင်လိုက်ပါ :D
မိဆိုးလေးရေ.. ဟုတ်တယ် ကြံခင်းကွ။ စပါးကျီနဲ့ မှားပြီး စပါးခင်းအဖြစ်တင်မိတယ်။ "P" အခုပြင်လိုက်ပြီနော်။ ကျေးဇူးနော်။
ဟုတ်တယ်။ ၉-တန်းနှစ်က ဓါတုဗေဒသင်တဲ့ဆရာမက ပေးဖတ်လို့ ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲကပါ။ အဲဒီစာအုပ်ထဲမှာ အက်ဒီဆင်၊ နယူတန်၊ အိုင်စတိုင်း၊ ရှိတ်စပီးယားစတဲ့ ကမ္ဘာ့နာမည်ကြီး ပညာရှင်တွေအကြောင်း ရေးထားတယ်။ (အင်္ဂလိပ်လိုဆိုတော့ ၉-တန်းကျောင်းသားဘ၀ အကြာကြီးဖတ်ခဲ့ရတာ သတိရတယ်၊ နောက်ဆုံးတော့ ဆရာမကပဲ ဘာသာပြန်ပေးခဲ့တယ်:P)
ဖတ်ခဲ့တာ ၉-တန်းနှစ်ကဆိုတော့ စာအုပ်နာမည်မေ့သွားပြီ။ စာအုပ်ဖတ်ဖူးသူ၊ နာမည်သိတဲ့သူများရှိရင် ပြောကြပါဦးနော်။ ပို့စ်မှာ referenceလေးအဖြစ် ရေးချင်လို့။
သူငယ်ချင်းလေးရေ.... မီးမီးလေးကိုလွမ်းတဲ့ အကြောင်းဖတ်ရင်းစိတ်မကောင်းဖြစ်မိတယ်.... ဘယ်တော့ပြန်တွေ့ရမှာလဲ.... အတူတူ အမြန်ဆုံးပြန်နေနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်....
モモちゃん可愛いねぇ~♪
ဟားဟား...အဲဒီVidep Clip လေးကို..ဟိုမှာတွေ့ကတည်းကသဘောကျနေတာ...မီးမီးလေးရဲ့စူးစမ်းလေ့လာတတ်မှုလေးကို...မှတ်တမ်းတင်ထားနိုင်တော့....................
ဒီနေ့မီးမီးလေးဟာ...နောင်တချိန်မှာEdisonလက်သစ်ကလေးဖြစ်မလာနိုင်ဘူးလို့ဘယ်သူပြောနိုင်မှာလည်းနော်.......;p
Post a Comment