Saturday, June 6, 2009

ကလေးဘ၀သို့ လွမ်းချင်း

အားလုံးလည်း ကလေးဘ၀ကို လွမ်းတဲ့ အချိန် ရှိမှာပဲနော်။ လသာညလည်း ကလေးဘ၀ကို သတိရတိုင်း တော်တော်လွမ်းမိတယ်။

ကလေးဘ၀က တကယ်အပြစ်ကင်းပဲ။ ကစားလိုက်၊စားလိုက်၊ အိပ်လိုက်နဲ့ ပျော်စရာအတိ။ ပူပင်စရာ နတ္တိ ။ ဆိုင်းထီးဆိုင်ရဲ့ သီချင်းလေးက တကယ်ပီပြင်ပါတယ်။ ဘာမှကို ဘာမှမပူပင်ကြရဘူး။ လသာညဆို နေတိုင်းလိုလို နေ၀င်တဲ့အထိ ပေတူးနေအောင်ကစားခဲ့တာပေါ့။

ညစာစားချိန်အထိ ထမင်းမေ့ဟင်းမေ့ကစားတဲ့အခါ အမေက “အိမ်ကဒီမှာနော်။ လမ်းမှားနေကြသလား။ သခင်မတို့ကို ထမင်းစားဖို့ အဆင့်သင့်ပြင်ပြီး စောင့်နေပါတယ်”လို့ အိမ်ဝကနေ လက်ကို လော်စပီကာလိုမျိုး လုပ်ပြီး လှမ်းအော်ခေါ်လေ့ရှိတယ်။ အဲဒီတော့မှ ညီအစ်မနှစ်ယောက် ရယ်ကျဲကျဲနဲ့ အိမ်ကိုပြန်ကြတယ်။

ညဖက်ရောက်တော့ အိမ်နားကဆရာမဆီက ဌားလာတဲ့ ရွှေသွေးစာအုပ်ကို ဖတ်ကြတယ်။ တကယ်က အရုပ်ကြည့်ပြီး သူ့အရုပ်က ငါ့အရုပ်ခွဲပြီး ဆူညံနေအောင် ငြင်းကြခုန်ကြတာပါ။ ကျောင်းစာကို မလုပ်လို့ အမေက“ဟဲ့ အိမ်စာလေး လုပ်ကြဦးလေ” လို့ ဆူတော့မှ စာစဖတ်တယ်။အချိန်က ည၉နာရီထိုးခါနီးပြီ။ ညီမနှစ်ယောက် မျက်လုံးလေးတွေစင်းနေတာတွေ့တော့ အဖေက ငါ့သမီးတွေက တနေကုန်ကျောင်းမှာ စာဖတ်လာရတာ။ ကလေးတွေပင်ပန်းပြီပေါ့။သနားပါတယ်ကွာလို့ ကာပြောပြောပေးတယ်။

ပြီးတော့ အိပ်တော့အိပ်တော့ အဖေ ပုံပြောပြမယ်ဆိုပြီး ပုံပြောသိပ်လေ့ရှိတယ်။ အဖေက တကယ့်ကို ပုံပြောကောင်းတယ်။ဒီလိုနဲ့ ၅တန်း ၆တန်း ရောက်တဲ့အထိ အဖေ့ပုံပြင်နဲ့ ညကိုအိပ်ပျော်ရတာချည်းပဲ။

အင်း ပြောရင်း ကလေးဘ၀အချိန်လေးကိုလွမ်းလိုက်တာ ။

အခုတော့ဖြင့် မနက်ကနေ ညအထိ ဒီစာအုပ်တွေကြားထဲမှာပဲ မြုပ်နေရတယ်။ အိမ်ပြန်လာလည်း စားစရာက ဘာမှမရှိ၊ ကိုယ်ဘာသာချက်တဲ့ဟင်းကလည်း အဆီအငေါ်မတည့်တော့ စားမကောင်းဖူး။ အမေ့ရဲ့ “အိမ်ကဒီမှာနော်။ လမ်းမှားနေကြသလား။ သခင်မတို့ကို ထမင်းစားဖို့ အဆင့်သင့်ပြင်ပြီး စောင့်နေပါတယ်”ဆိုတဲ့စကားလေးကို လွမ်းဆွတ်စွာ သတိရမိတယ်။

ညဖတ်ရောက်တော့လည်း ကျောင်းစာအရင် ကိုယ့်ဘလော့လေးကို အရင်ဖွင့်ဖြစ်တယ်။ လာတဲ့သူငယ်ချင်းတွေကို နှုတ်ဆက်ရင်း ဒီနေ့ဘာတင်ရလဲ စဉ်းစားရင်း အင်တာနက်ကို မွေနောက်လိုက်တာ တော်တော်နဲ့ ပြန်မထွက်နိုင်တော့ဘူး။ ဒီလိုနဲ့ ကျောင်းစာစကြည့်တဲ့အချိန်က ည၁၂နာရီကျော်မှ။ ဒီလိုနဲ့ ၄နာရီ၊၅နာရီမှ အိပ်ဖြစ်တယ်။ အိပ်ရေးမ၀တော့ ကျောင်းချိန်မှာ ငိုက်ပြီပေါ့။

ဒီလိုနဲ့ ဘ၀ချည်းက နေ့ နဲ့ ညပြောင်းပြန်ဖြစ်လို့ မပျော်ဘူးဖြစ်လာတယ်။(အီးဟီးး..) အဖေရဲ့ အိပ်တော့အိပ်တော့ဆိုတဲ့ စကားလုံးတွေကို ကြားယောင်ရင်း ဒီနေ့တော့ စောစော အိပ်မယ်လို့ စိတ်ကူးတယ်။

ပြန်မရနိုင်တော့တဲ့ ကလေးဘ၀ကိုပဲ တမ်းတရင်း...
လသာည ဖြစ်ပါသည်။

ဗဟုသုတရမဲ့ ဆိုက်ကိုအကြောင်းကောင်းကောင်းလေးတွေ တွေ့ထားတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းအလုပ်နည်းနည်းရှုပ်နေလို့ နောက်မှပဲ တင်တော့မယ်နော်။ သီချင်းတွေချည်း ဇွတ်တင်နေတဲ့အချိန်တွေလည်း သည်းခံပြီး အချိန်ယူလာလည်တဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူး။ တကယ့်ဆို လသာညကို လာတာ ဘလော့ထက် ခင်လို့လာကြတာမို့ တော်သေးတာပေါ့နော.. နမိတ်ပြမေးခွန်း? :D

2 comments:

pps said...

I miss my childhood.

I miss my native.

I miss................

I miss myself too....hahahaa :)

Just Kidding

ပျော်ရွင်ပါစေ

နေ့အိပ်မက် said...

ခဏလေးသည်းခံထားမယ်လေ.. ခွိ ခွိ...
အားရင်တော့ အသစ်ထပ်ရေးပေးနော်... :D