Tuesday, June 16, 2009

ဖေဖေ

ဖေဖေ
အရယ်အပြုံးနည်းတဲ့ ဖေဖေက မေမေ့ဗိုက်ထဲ ကျွန်မရှိကြောင်းသိရတော့ ပြုံးရယ်နေလိုက်တာ တချိန်လုံးတဲ့။


ကျွန်မကိုမွေးတဲ့နေက ဖေဖေက ပျော်လွန်းလိုငိုတယ်တဲ့။

ကျွန်မစကားစပြောတဲ့နေ့က စကားနည်းတဲ့ဖေဖေက တနေ့လုံးစကားတွေမပြတ်ပြောနေခဲ့တယ်တဲ့။

အသန့်ကြိုက်တဲ့ဖေဖေက ကျွန်မရဲ့အညစ်အကြေးကို သူကိုယ်တိုင်လျှော်ပေးချင်နေခဲ့တယ်တဲ့။


ကျွန်မကျောင်းစတက်ရတဲ့နေက ဖေဖေကလက်ဆွဲပြီး ကျောင်းလိုက်ပို့ခဲ့တယ်။
လွယ်အိပ်မနိုင်တနိင်လွယ်နေတာကို ကြည့်ပြီး ဖေဖေက ပြုံးရယ်နေခဲ့တယ်တဲ့။
မေးသေးတယ်၊ဆရာဝန်မကြီးလုပ်မှာလား.တဲ့။

အထက်တန်းကျောင်းတက်တော့ သူများလို ရွှေလက်ပတ်နာရီ လှလှလေးပတ်ချင်တယ်ဆိုလို့ ဖေဖေ့လက်ကနာရီ ရောင်းပြီး
ပေးဖူးတယ်။ငါ့သမီးက စာကျက်ချိန်တိကျဖို့နာရီလို့တယ်ကွ..တဲ့။

ကျွန်မ ဆယ်တန်းအောင်တော့ ဖေဖေက လက်မောင်းကြွက်သားကိုညစ်ထုတ်ပြလို့ အလုပ်နှစ်ခုလုပ်ဖို့ အားတွေပို့ရှိလာပြီကွ..တဲ့။

ကျွန်မ ဘွဲ့ရတော့ ငါ့သမီးကဘွဲ့လွန်တက်ရမှ ကျေနပ်မယ့်သူဆိုတာ ဖေဖေကသိပြီးသား။ဆက်တက်..သမီး တဲ့။


ကျွန်မ ဘွဲ့လွန်ရပြီး ဖေဖေကိုကျေးဇူးမဆပ်ရခင် အိမ်ထောင်ကျတော့ ငိုတော့မလို မျက်နှာနီကြီးနဲ့ တဖက်အသိုင်းအ၀ိုင်းကို တောင်းပန်ခဲ့တယ်၊ ကျွန်တော့်သမီး ဘာမှနားမလည်သူလေးမို့ အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးကြပါခင်ဗျာ.တဲ့။

ကျွန်မ သမီးဦးလေးမွေးတယ်လို့ အကြောင်းကြားတော့ အိုမင်းစပြုနေပြီဖြစ်တဲ့ဖေဖေက နေမကောင်းတဲ့ကြားက အဝေးပြေးကားကြီးကိုစီးလို့ အရောက်လာခဲ့ပြီး အပြုံးမပျက်အားပေးရင်း ငါ့မြေးကြီးက ငါ့သမီးနဲ့ချွတ်စွပ်တူတာပဲ.တဲ့။

ဖေဖေလေဖြတ်လို့ ဆေးရုံတက်တုန်းက မောင်နှမတွေက ကျွန်မကို အကြောင်းကြားမယ်လုပ်တော့ ငါ့သမီးက သူအိမ်ထောင့်တာဝန်တွေနဲ့ ပင်ပန်းနေတာ ငါ့အကြောင်းမပြောကြပါနဲ့ ငါ့သမီးစိတ်ပင်ပန်းနေလိမ့်မယ်.တဲ့။


ဖေဖေရယ်
...
သမီးအတွက်တော့ ဖေဖေဟာ ဘုရားပေးတဲ့အထူးဆုပါ။ အနန္တမေတ္တာရှင်ဖေဖေကို ရောက်တဲ့အရပ်တိုင်းက အမြဲဦးညွှတ်ရှိခိုးရင်း ဖေဖေ သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းလျက်ပါ ဖေဖေ။

Anyone can be a father, but it takes someone special to be a DADDY!
Happy Father's Day to all the Daddys in the World!!

မနက်ဖြန်မှာ ရောက်တော့မယ့် အဖေများနေ့ အတွက် အမှတ်တရ သီချင်းလေးပါ။


He Knew More them Me Words By Steve Joy

လသာညဖြစ်ပါသည်။

4 comments:

nyocho said...

Dad, you are very special person to me! I love you.

Anonymous said...

ကျွန်တော် သမီးကဘာမှနားမလည် လို့ သာပဲ

ကြယ်ပြာ said...

ဒီစာလေးဖတ်ပြီး သဘောကျလိုက်တာ ... ကျွန်မက အဖေကိုချစ်တဲ့သမီးမို့လို့ စာလေးနဲ့ထပ်တူခံစားသွားပါတယ် ....

လသာည said...

အင်း.ဟုတ်တယ် အဟင်း။ ညိုချို၊ ကြယ်ပြာ အိစံ(?)ရေ.. အဖေတူသားသမီးက ကြီးပွားတယ်တဲ့။ အမေတူရင် စိတ်ချမ်းသာစွာ မပူမပင်နေရတယ်ဆိုပဲ။ တို့အားလုံးကြီးပွားဦးမှာသေချာတယ်။