Sunday, June 7, 2009

မှတ်ဥာဏ်ကောင်းအောင် ဘာစားသင့်သလဲ

脳テレ(ဂျပန်အသံလွှင့်အစီအစဉ်တစ်ခု) မှ မနက်တိုင်း မနက်စာကို လုံးဝမစားခြင်းဟာ ကျန်းမာရေးအတွက်ကော၊ မှတ်ဥာဏ်အတွက်ပါ တကယ်မကောင်းပါဘူး၊ မှတ်ဥာဏ်ကောင်းချင်ရင် အ၀စားသင့်ပါတယ်လို့ စိတ်ဝင်စားစရာ စမ်းသပ်ချက်တွေနဲ့ ဒီနေ့တင်ပြသွားပါတယ်။

ဒါဆိုရင် မှတ်ဥာဏ်ကို အထိရောက်ဆုံး အစားအစာ အဖြစ် ဘာစားသင့်သလဲဆိုတဲ့ အစီအစဉ်ကို စမ်သပ်ချက်လေးမျိုးနဲ့ပြသွားတယ်။


၁) မနက်စောစော ကို ပေါင်မုန့်မီးကင်နှင့် နွားနို (သို့) ကော်ဖီ (စားပါဦး)

၂) ဒီလိုအသားကင်မျိုးလေးကို စားခြင်း (ရွှတ်..စားချင်လာပြီနော်။)

၃) ဂျပန်စာကို မိဆောဟင်းချိုလေးနဲ့ (ဒီဟင်းလေးကလည်း စားချင်စရာလေး)


၎) curry-rice( ဂျပန်က အိန္ဒိယစတိုင် ဒီလိုပုံစားတာကိုမှcurry-riceလို့ ခေါ်တာကိုး။ စားချင်စဖွယ်)


မနက်စာမစားခင် IQtestကို အရင်စစ်တယ်။ စားပြီးတခါစစ်တယ်။ ၄ယောက်ကို (တနေ့တစ်မျိုး ကျွေးပြီးတော့) ၄ရက်ဆက်တိုက် စစ်တယ်။ ရလာဒ်ကို အဖြေထုတ်တယ်။ (သုတေသနအနေနှင့်ဆိုရင်တော့ sampleနည်းတယ်နော သိပ်မယုံရဘူး ဟာဟား)

ရလာဒ်က ဘယ်အဖြေဖြစ်မယ်ထင်လဲ?
လသာညတော့ ၁နှင့် ၂ ကို အကြိုက်ဆုံးပဲ ။ စားချင်တယ်။

ဒါပေမဲ့ အဖြေက .. ဒီလိုပါ။
မှတ်ဥာဏ် အများအနည်းအစဉ်အတိုင်းစီရရင် ၄ --> ၃--> ၁/၂ ဖြစ်ပါတယ်။
၁နှင့် ၂က မတိမ်းမယိမ်း ရလာဒ်ရတယ်။

ယခင်သုတေသန တွေ့ရှိချက်တွေအရ curry-riceမှာ ပါတဲ့ cardamonဟာ ဦးနှောက်ကို အလုပ်လုပ်ဖို့ အားပေးတယ်လို့ဆိုပါတယ်။ cardamonဆိုတာ မြန်မာလို ဆိုရင် ဒံပေါက်ထဲထည့်တဲ့ ဖာလာစေ့ ? ထင်တာပဲ။ :D

နောက်ပြီး curry-riceမှာ အသီးအရွက်နှင့် အသားတွေအားလုံးပါဝင်နေတာကြောင့် တစ်နေ့တာ ခွန်အားသစ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို မျှတအောင် ဖြည့်စွမ်းပေးနိုင်လို့ ..လို့ ဆိုပါတယ်။

ဒါကြောင့် မှတ်ဥာဏ်ကောင်းအောင် မနက်တိုင်း curry-riceကို အ၀စားကြစို့။ :D ချက်တတ်တဲ့လူရှိရင်လည်း ချက်နည်းလေး ပို့ပေးကြပါ။ ( ဓါတ်ပုံဖြစ်ဖြစ်ပေါ့)

မှတ်ချက်။ တစ်ခုစဉ်းစားမိတယ်။ဒါဆိုရင် အိန္ဒိယလူမျိုးတွေ အားလုံးဟာ ဥာဏ်ကောင်းနေကြမှာပေါ့နော်။ မြန်မာလူမျိုးတွေရော? အင်း..အဲဒါတော့ စဉ်းစားစရာမလိုတော့ဘူး။လသာညကို ကြည့်ရင်သိနိုင်တာပဲ။
:))

ပျော်ရွင်ပါစေ။ ဗဟုသုတလေးပါ။

လသာည ဖြစ်ပါသည်။

1 comment:

Anonymous said...

Good တယ် လသာည ပေါင်မုန့် မီးကင်နဲ့ ကော်ဖီသောက် ပြီးရင် ပန်းသီးစား