Thursday, June 18, 2009

ဥာဏ်စမ်း

ဒီနေ့ ကျောင်းကို (လာလည်တဲ့)အလယ်တန်းကျောင်းက (၉တန်း)ကျောင်းသားတွေကို ဆရာကမေးတဲ့ ဥာဏ်စမ်းပါ။

အိပ်ငိုက်တဲ့အချိန် (စာကြည့်ရင်း ပျင်းလာရင်) ဒီဥာဏ်စမ်းလေး ဖြေကြည့်လိုက်နော်။

(ဘာလဲ ပျင်းလို့ကို မဖြေချင်ဘူးလား? :D လသာည နှင့်တူ၏)

ဒါပေမဲ့ ဗဟုသုတ ရတာပေါ့။ ဖြေကြည့်ပါဦး။ မအောင်လည်းကိစ္စမရှိပါဘူး။

ဥာဏ်စမ်း-

၁)အိပ်ရင်ဟောက်တတ်သူတစ်ယောက်သည် အရက်သောက်ခြင်းဖြင့် ပိုဟောက်စေသည်။ (မှန်။ မှား)

၂) လင်းပိုင်တွေဟာ မအိပ်တတ်ဖူး။ (မှန်။ မှား)

၃) ၁၉၉၂ ခုနှစ်တုန်းက အိပ်ရင် အဟောက်သန်ဆုံး ဆုရခဲ့သူ၏ မိန်းမသည် နားတဖက်လေးသွားခဲ့သည်။ သူ၏ဟောက်သံသည်ဘယ်လောက်ကျယ်သည်ဟုထင်ပါသနည်း။ (45decibels။65decibels။92decibels။)

၎)နွားတွေဟာ မတ်တတ်ရပ်ရင်း အိပ်နိုင်တယ်။ အိပ်မက်မက်နိုင်တယ်။ (မှန်။ မှား)

၅)လူတစ်ယောက်ဟာ အကြာဆုံးမအိပ်ပဲနေနိုင်တဲ့ အချိန်ပမာဏသည် (၇-ရက်။ ၁၁-ရက်။ ၃၀-ရက်)

၆)ငါးတွေဟာ အိပ်ရင် မျက်လုံးမှိတ်ပြီးအိပ်တယ်။( မှန်။ မှား)

၇)အိပ်ပျော်ခြင်းဟာ အဆင့်ဆင့်ရှိတယ်။ (မှန်။ မှား)

၈)နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချိန်ကာလသည် (၆၀မိနစ်။ ၉၀ မိနစ်။ ၆ နာရီမှ ၉ နာရီကြား။) ကြာ၏။

၉)လူတွေဟာ မျက်လုံးဖွင့်ပြီး အိပ်လို့မရဘူး။ (မှန်။ မှား)

၁၀)အိပ်ငိုက်တဲ့ကားမောင်းသူကြောင့် ကားအက်ဆီးဒင့် ဖြစ်မှုဟာ ကားအက်ဆီးဒင့်အားလုံး၏ ၂၀ရာခိုင်နှုန်းဖြစ်တယ်။ (မှန်။ မှား)

ပြီး။
ဖြေကြည့်နော်.။ အဖြေမှန်သူကို ဆုချမည်။ ကော်ဖီ။ :D


မျက်လုံးကသက်သာတော့ ထုံးစံအတိုင်း ထန်းပင်ပေါ်မော့ကြည့်မိပါတယ်။ သြော် ..မှားလို့ ဘလော့ပေါ်ရောက်လာပါတယ်။:D
လသာည ဖြစ်၏။

No comments: