Sunday, June 21, 2009

အဖေနဲ့တူတာ ကြိုက်လား




အဖေများနေ့အမှတ်တရအဖြစ် ဂျပန်livingသတင်းစာဂျာနယ်က အမျိုးသားများကို အဖေတူမတူ surveyတစ်ခုလုပ်ခဲ့တယ်။ ဖြေဆိုသူတွေထဲမှာ ၅၇%က အဖေတူတွေ ဖြစ်တယ်တဲ့။ စိတ်ဓါတ်တူသူနှင့် ရုပ်ရည်တူသူမှာ ရုပ်ရည်တူသူကများတယ်တဲ့။ အရပ်စသည်ထက် မျက်နှာကမျက်ခုံး၊ နှာခေါင်းပိုင်းစသည့် အပေါ်ပိုင်းတူသူက ပိုများတယ်။

အဖေငယ်ငယ်ကပုံနှင့် ယခု သားငယ်ငယ်ကပုံက တစ်ပုံစံတည်းဆိုသူက များတယ်တဲ့။

အဖေတူသားများကို ထပ်မေးပါတယ်။ အဖေနှင့်ရုပ်ရည်တူလို့ ပျော်သလားလို့ မေးတော့ ပျော်တယ်လို့ ဖြေသူက ၆၂%ပါ။ မပျော်သူကတော့ ၃၈% (ဘာလို့ပါလိမ့်နော်။)

အဖေနှင့်စိတ်ထားနှင့် အမူအကျင့်တူလို့ ပျော်သလားလို့ မေးတော့ ၃၃%ကပျော်တယ်လို့ဖြေတယ်တဲ့။ ဘာဖြစ်လို့ ၃၃%လည်းဆိုတော့ တချို့က အဖေကမလုပ်နိုင်ခဲ့တာကို သားကလည်းမလုပ်နိုင်လို့တဲ့၊ တချို့က အဖေဆီကကောင်းတဲ့အချက်ထက်ဆိုးတဲ့အချက်တွေကပိုတူနေလို့ပါတဲ့။ (သြော်.. :D)


နောက်ထပ်မေးဖြစ်တဲ့သူက ဖခင်တွေကိုပါ။ အဖေတစ်ယောက်အနေနှင့် သားကို ကိုယ်နှင့် တူစေချင်သလားလို့ မေးတာပါ။ တူစေချင်တဲ့သူက အများကြီးပါတဲ့။ တူစေချင်သူတွေထဲမှာ ရုပ်ရည်တူစေချင်သူက ၅၀%၊ စိတ်ဓါတ်တူစေချင်သူက ၅၀%ဆိုပဲ။

အဖေနှင့်တူလေ အဖေရဲ့ခံစားချက်ကို ပိုသိလေ၊ အဖေကိုကျေးဇူးတင်လေ မိုလို့ပါတဲ့။ အဖေနှင့် သား ဝေးတဲ့အချိန်တွေမှာ စိတ်ဓါတ်တူတဲ့သူတွေက စိတ်ချင်းနီးတတ်လို့ပါလို့ ဖြေသူတွေကလည်း ရှိတယ်ဆိုပဲ။

ကဲ.. မင်းကရော အဖေနှင့်တူချင်လား၊ အဖေနှင့်တူရင် ကြိုက်မှာလား။
ရုပ်ရည်တူချင်တာလား၊ စိတ်ဓါတ်တူချင်တာလား၊
ကိုယ်သားသမီးရလာတဲ့အခါရော ကိုယ်နဲ့တူစေချင်သလား။
....သလား။.
..သလား..။
စဉ်းစားထားနော်။ :P


အဖေများနေ့ အမှတ်တရ ဗဟုသုတလေးပါ။ ဂျပန်livingသတင်းစာဂျာနယ်ကို နားလည်သလို လသာညကဘာသာပြန်ထားတာပါ။

ပျော်ရွှင်ပါစေ။

5 comments:

Unknown said...

No, answer for Latharnya`s post title
I like to be similar with mon, but...:(
I like to get similar character with mon, but...:(

လသာည said...

သြော်.. အင်း အမေတူလေးကိုး။ ဒါဆို အမေနဲ့တူတာ ကြိုက်လား ဆိုတဲ့ ခံစားချက်ကလေးကိုကော မပြောပြချင်ဘူးလား။ onegaishimasu. :D

Unknown said...

I admire Mon more than anyone else.
I am sure I love Mon with consciousness as well as subconsciousness.
I am not sure I may be not loving of Dad with subconsciousness.
I am sure Dad is pleased to get similar one like him:P

Unknown said...

အမေတူဟုတ်ဖူး...အမေချစ်...ဟဲဟဲ
ဒါပေမဲ့..ကြီးလာတော့...အဖေ့ကို နားလည်ပြီး၊ ကိုယ်ချင်းစာလာတယ်..
pps ကိုယ်တိုင်က ဖေနဲ့တူနေတာကိုး...အဟား
မေ့ကိုပိုလေးစားမိတဲ့အချက်တွေက ရေးရရင် post တခုစာမတလို့....အဟား....တစ်ခုသောအချက်က မျှတလို့.................................

လသာည said...

သြော် ဂလိုလား အဖေတူ။ ဒါပေမဲ့အမေချစ်၊ အခုမှ အမေကို အဖေလုယူမှာကြောက်နေတာပေါ့လေ။ ဒါပေမဲ့ သေချာတွေးရင် အမေက အဖေကို tinထက်ပိုချစ်လို့.သူတို့နှစ်ဦး ရရတာလေ။ tinက နောက်မှပေါက်တဲ့ရွှေကြာပင်.ဟုတ်တယ်ဟူတ်?tin က အခုမှ ငါးနှစ်သမီး...ဟား ဟား နောက်တာပါ။