Friday, September 11, 2009

မီးနီကို ဖြတ်သူ

ညနေက ကျောင်းလမ်းမှတ်တိုင်နားက မီးပွိုင့်မှာ မီးနီစောင့်နေရင်း ဘေးပတ်ဝန်းကျင်ကို ငေးကြည့်မိတယ်။ မီးပွိုင့်နားမှာ ကျောင်းသား သုံးလေးယောက်နဲ့ ဆရာနဲ့တူသူ ၂ယောက်ရှိနေခဲ့တယ်။ မီးနီလို့ စောင့်နေရပေမဲ့ ကားအသွားအလာက ရှင်းနေခဲ့တယ်။

အဲဒီအချိန်မှာ အလျင်စလိုဖြစ်နေဟန်တူတဲ့ ကျောင်းသန့်ရှင်းရေးအလုပ်သမားတစ်ဦးဟာ မီးစိမ်းတဲ့အထိ မစောင့်ပဲ ဖြတ်သွားတာတွေ့ရပါတယ်။ စောင့်နေသူ ကျောင်းသားအားလုံးက ထိုလူကြီးကို အထင်သေးသလို လှမ်းကြည့်လိုက်ချိန်မှာ စောင့်နေသူဆရာနှစ်ယောက်ထဲက ဆရာတစ်ဦးဟာ စောင့်ရတာကို စိတ်မရှည်ဟန်နဲ့ မီးနီထဲကို ဖြတ်သွားပါတော့တယ်။ အလုပ်သမားကြီး ဖြတ်တုန်းက အထင်သေးဟန်ရှိနေတဲ့ ကျောင်းသားအားလုံးလိုလို လမ်းကို ကူးဖြတ်သွားတာကို တွေ့ရတယ်။ သြော်....tepuktangan

အဲလဘတ် ဘန်ဒူလာရဲ့ Social cognitive theory က ဒီလိုပြောတယ်။ လူ၊ ပတ်ဝန်းကျင်၊ အပြုအမူ ဒီသုံးခုဟာ အပြန်အလှန်ဆက်သွယ်နေပါတယ်တဲ့။

၁) လူဟာ ပတ်ဝန်းကျင်မတူရင် ပြုမူပုံ အပြုအမူမတူတတ်ဘူးတဲ့။ အခုနက ကျောင်းသားတွေဟာ ကားတွေအများကြီး ဖြတ်သန်းနေတဲ့ နေ့လည်ချိန်ဖြစ်ခဲ့ရင် စည်းကမ်းဖောက်တဲ့ အပြုအမူကို ပြုမူမှာ မဟုတ်ပါဘူး။ လမ်းကို ဖြတ်ကူးသွားသူ ဆရာသည်လည်း သူ့ထက် အကြီးအကဲ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့သာ သွားလာနေချိန်ဆို ဒီလိုလုပ်မယ်မထင်ပါဘူး။

၂) လူနဲ့ ပတ်ဝန်းကျင်ကလည်း ဆက်စပ်နေတယ်။ ကားတွေအများကြီး ဖြတ်သန်းနေတဲ့ နေ့လည်ချိန်မှာ မော်တော်ပီကယ်တွေ အများကြီး စောင့်ကြည့်နေခဲ့ရင် စည်းကမ်းဖောက်တဲ့ အပြုအမူကို ပြုမူချင်မှပြုမူမှာပါ ။ အရင်စလို မဖြတ်ပဲ အေးအေးဆေးဆေး အညောင်းပြေလမ်းလျှောက်ချိန်ဆိုလည်း ဒီလိုဖြစ်ချင်မှဖြစ်မှာ..။

၃) ဒီလိုအခြေအနေကြုံတိုင်း လူတိုင်း ဒီလိုပြုမူလိမ့်မယ်လို့ ပြောလို့မရပါဘူး။ လူတစ်ဦးချင်းစီရဲ့ အကျင့်စရိုက်က သူအပြုအမူကို ထိန်းသိမ်းသွားတာမို့ အပြုအမူမတူနိုင်ပါဘူး။

ဒါကြောင့် အဓိကကတော့ သူများပြုမူလို့၊ ဆရာကပြုမူလို့၊ သူငယ်ချင်းက ဒါမျိုးလုပ်လို့ ဆိုတာထက် ကိုယ့်ရဲ့ self-regulation က ပိုအရေးကြီးတယ်။ လူကွယ်ရာလည်း စည်းကမ်းမဖောက်နဲ့နော် လသာညtakbole..၊ ဟုတ်ကဲ့...sengihnampakgigi

(သြော်.. ပြောဖို့ မေ့သွားတယ်။ အခုနက ဖြတ်သွားတဲ့ ကျောင်းသားထဲမှာ လသာညလည်းကျောင်းသားဆိုတော့ ဖြတ်မိသွားjelir မိလို့ ကိုယ့်ဘာသာဆုံးမနေတာပါ။ ဘယ်သူကိုမှ မပြောဘူး လသာညကို ပြောတာနော် :D )

လသာည..ပါ

Reference: Schunk, D. H., & Pajares, F. (2002). The development of academic self-regulation. In A. Wigfield & J. Eccles (Eds.), Development of achievement motivation (pp. 16-31). San Diego: Academic Press.

7 comments:

Yu Ya said...

ကောင်းလိုက်တာအစ်မရယ်.. Self Regulation Learning (SRL)တွေနဲ့ ပက်သက်ပြီး စာအုပ်တွေ အတော်တော်လေး ရှာဖတ်ဖူးတယ်။

အခုအစ်မရေးတဲ့ ပို့စ်လေးက ကျွန်တော်အတွက် Learning တစ်ခု ရလိုက်တာပဲဗျာ။

ခင်မင်လေးစားစွာဖြင့်
yu ya

မိုးသီတာ said...

နားလည်သလောက်တော့ စည်းကမ်းဆိုတာ အရာရာ ကောင်းမွန် အဆင်ပြေအောင် အဓိကထားပြီး သတ်မှတ်ထားတာ မဟုတ်လားလို့။... ခြွင်းချက်ဆိုတာ အမြဲရှိပါတယ်။ ကားမရှိ၊ မျဉ်းကြားမရှိတဲ့ နေရာမှာ မျဉ်းကြားလိုက်ရှာကြမှာလား။.. ဂုဏ်သိက္ခာရယ်. ယထာဘူတ ကျကျ စဉ်းစားတာရယ်.. ကိုယ်တော့ ယထာဘူတကျကျပဲ စဉ်းစားချင်တယ်။ကားနဲ့ လူတွေ ရှိရင်တော့ မီးစိမ်းစောင့်ရမှာပေါ့။ ဒါလဲ ယထာဘူတကျပါတယ်။ ကားမရှိတာ ကြာနေလို့ မီးနီကို ဖြတ်တာလဲ သဘာဝကျပါတယ်။ လူကိုပြောတာပါ။ ကားကိုမဆိုလို။ :) :) အဲဒါ ကားကိုရော လမ်းကိုရော စော်ကားမိတာ မဟုတ်ဘူးလေ။ သို့သော်အဲဒါ အသက်ကိုအပေါင်ထားပြီးစွန့်စားတာဆိုတာလဲ မှတ်ထားရဦးမှာ။ သဘာဝမကျဘူးထင်ရင် သိက္ခာကျတာတွေ ဘာတွေလဲ တစက်မှဂရုမစိုက်တဲ့ စိတ်လဲရှိပေဦးမှ။...မီးနီတဲ့ ကိစ္စပြောပါတယ်။.. လမ်းမီးတွေလဲ ကိုယ်တို့တောမှာ ခြွင်းချက်တွေနဲ့။.. မိုးချုပ်ရင် အချို့လမ်းမီးတွေက လုံးဝ မစိမ်းတော့ဘူး။.... သူလဲ ခြွင်းချက်ပဲလေ။.... (သံခမောက်ဆောင်းပြီး မန့်ခဲ့ပါသည်။)

Beauty Studio USA Branded Store said...

မှတ်သားစရာတွေ ရသွားတယ်ဗျာ။ကောင်းပါတယ်။

အိစံ said...

လသာညပြောပြတဲ့ အခြေအနေ ၃ခုလုံး က ကိုယ်ဘက်မှာအားသာနေတယ်
တခါတလေပဲ ဖြတ်တာပါ

မန်းလေရူး said...

ဟိ ဟိး)

rose of sharon said...

အော်...မီးနီဖြတ်သူထဲ သူလဲပါတာကိုး ...လူဆိုး...(နောက်တာနော်)

လသာည said...

ကွန်မန့်လေးများအားလုံး ကျေးဇူးတင်ပါတယ်..။
ယုယရေ.. ကျေးဇူး။ မိုးသီတာရေ..တော်ပါ့ လသာညအပြစ်ကို ပေါ့အောင်လုပ်ပေးတာပေါ့လေ.ချစ်ဖို့ကောင်းပါ့။
ချမ်းလင်းနေရေ.. လာလည်ပြီးမန့်သွားတာကျေးဇူး။
အိစံ..ဘာပြောတာလဲဟင် ဘယ်သူကအားသာတာလဲ။ အိစံက မီးနီဖြတ်သူလို့ ၀န်ခံတာလား ဟားဟား
လေရူးရေ ကျေးဇူး..
ချစ်သောရို့စ်ရေ..လသာညကလူဆိုးရော်။ အခုသိတော့ ကြောက်သွားပြီလား :D