Sunday, September 13, 2009

ကြံကြံဖန်ဖန် ပြောမယ်။

မပြောရရင် မနေနိုင်တဲ့ မင်းအတွက်
callme“မနေ့ကလေ...xxxxxxxxxx ”
adacall “အင်း ဟုတ်တယ်..xxxxxxxxxxxx.. ဟဲလို ဟဲလို---..”
“ဟင် စကားပြောလို့တောင် မကုန်သေးဘူး၊ ဖုန်းဘတ်ထရီက ကုန်သွားပြီ.တောက်”tension

သူနဲ့သာဖုန်းပြောရမယ်ဆိုရင် ဖုန်းပူရင်ပူပါစေ၊ ဘတ်ထရီဒေါင်းတဲ့အထိ ပြောမှာပဲဆိုတဲ့ သူငယ်ချင်းလေးများ၊ တကယ် ဘတ်ထရီကုန်သွားတော့လည်း ပြောစရာမကုန်လို့ စိတ်ညစ်နေသူ သူငယ်ချင်းလေးများ၊ ဖုန်းသာပြောတာ ဖုန်းchargerကို ရိုရိုသေသေ မကိုင်တော့ ၀ါးစားသလို တစ်ခုပြီးတစ်ခုဝယ်လို့မဆုံးတဲ့ သူငယ်ချင်းလေးများအတွက် သတင်းကောင်းပါ။

ဖုန်းပြောရင်း ဘတ်ထရီကုန်လည်း စိတ်မပူနဲ့။ လသာညက တီထွင်ထား..အဲလေ ကျိုတိုတက္ကသိုလ်က ကျောင်းသားတွေကို တီထွင်ခိုင်းထားတယ်။ မင်းအိမ်အပြင်ဘက် ကောင်းကင်မှာ မင်းအတွက် အဆင်သင့်လွှင့်ထားတဲ့ မိုးပျံပူဖောင်းတွေရှိနေပေးမယ်။ ဖုန်းဘတ်ထရီကုန်ရင် အပြင်ထွက် ဖုန်းလေးကိုင်ပြီး လမ်းလျှောက်လိုက်ရုံနဲ့ အော်တိုဘတ်ထရီပြည့်အောင် စီစဉ်ထားတယ်။ အဲဒီ အစီအစဉ် အောင်မြင်ရင် လသာညကုမ္ပဏီကနေ့ ဘတ်ထရီအားဖြည့်မိုးပျံပူဖောင်းကို ဈေးချိုချိုနဲ့ ပင်ရင်းဖြန့်ချီပါမယ်။ လိုချင်သူများ စာရင်းပေးပါ။sengihnampakgigi jelir

ဘာနံ့လဲ
လူတိုင်းမှာ ကိုယ်နံ့ဆိုတာရှိတယ်။ တစ်ရက်ကနေ ၂ရက်ကူးတဲ့အချိန် ရေများမချိုးရင် နွေရာသီများဆို ချွေးနံလေးက တသင်းသင်း နံစော်ပုံချင်းတော့ တူမယ်ထင်တယ် ။

ဒါပေမဲ့ ဂျပန်နိုင်ငံက ပေါက်ပေါက်ရှာရှာ သုတေသနလုပ်တဲ့သူတွေကြောင့် ထူးဆန်းတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့ရတယ်။ သုတေသနက အသက်အပိုင်းအခြားမတူတဲ့ အမျိုးသား ၅၀၀ယောက်ကိုပါ။ သူတို့တနေကုန်ဝတ်ထားတဲ့ အင်္ကျီကို ချက်ချင်းမလျှော်ပဲ နောက်တနေ့မှာ ယူလာခိုင်းပါတယ်။ အသက်အရွယ်အလိုက် အင်္ကျီတွေကို အုပ်စုခွဲပါတယ်။ ပြီးရင် ရနံပိုင်းဆိုင်ရာ ကျွမ်းကျင်သူပုဂ္ဂိုလ်များက ၎င်းအနံတွေကို ရှုပြီး အနံကို ဆုံးဖြတ်စေပါတယ်။

အဲဒီမှာ သူများနဲ့မတူ ထူးခြားတဲ့ အနံပိုင်ရှင်အရွယ်အပိုင်းအခြားကို သွားတွေ့ပါတယ်တဲ့..။ အဲဒါကတော့ အသက် ၃၀ပတ်ဝန်းကျင် (၂၅-၃၅)အရွယ်က လွဲပြီး ကျန်အသက်အပိုင်းအခြားကအမျိုးသားတွေဟာ တူညီတဲ့ ချွေးနံထွက်ပါတယ်တဲ့။ (၂၅-၃၅)အရွယ်ကတော့ တမူထူးတဲ့ အနံ့ကို ပိုင်ဆိုင်သတဲ့..။ ဘာနံထွက်မယ်ထင်လဲ.. sengihnampakgigi

အော်..အဖြေ ဟုတ်လား ပြောပြရမှာပေါ့လေmenari။ ဒါနဲ့ အားလုံး အင်းလျားကန်က အကြော်စားဖူးလား။ မစားဖူးတောင် မနက်ကို ပဲပြုတ်သည်နဲ့ အပြိုင် လာလာရောင်းတဲ့ ဘူးသီးကြော်၊ ဘယာကြော်ရော စားဖူးလား။ အကြော်သည်ကြီးအိမ်က အကြော်ကြော်ထားတဲ့ ဆီနံကို မွှေးကြည့်ဖူးလား..။ မမွှေးဘူးရင် ကိုယ့်ဘာသာကြော်ပြီး အကြော်ဆီကိုမွှေးကြည့်..အဲဒီအနံ့။ အဲဒါပဲ...gelakguling

တနေ့တာ အမောများပြေပျောက်ကြပါစေ။
လသာည.. ပါ။
Reference : : ၉လပိုင်း ၇-ရက်နေ့ ညပိုင်း ၇-နာရီNHK news ။ တကယ်က သတင်းက အများကြီးပဲ။ အဲဒီနှစ်ခုပဲ မှတ်မိလို့..။

8 comments:

မိုးသီတာ said...

စိတ်ညစ်နေတာ..အတော်ပဲ အကူအညီတောင်းတော့မယ်။ အီးမေးလ်နဲ့။ ဒီကိစ္စနဲ့ ပါတ်သတ်ပြီးတော့။.. :D :D ဂငယ်တွေနဲ့ပါတ်သတ်ရင်တော့ လသာညပဲ မေးရတော့မယ်။

Yu Ya said...

အစ်မရေ..ကျွန်တော်လည်း Power Talk ထဲမှာပါတယ်ဗျို့ ။ အခုကတည်းက Booking လုပ်ထားတယ်နော်။..

အကြော်ကြော်ထားတဲ့ ဆီနံကို မွှေးကြည့်ဖူးလား.ဆိုရင်.. တစ်ခါမှ မွှေးမကြည့်ဖူးဘူးဗျ... နောက်ထပ် ဥပမာတစ်ခုလောက် ပြောပါအစ်မရေ..အဟီး။

yu ya

pps said...

ဟိတ်..လသာည...အဲဒါဘူသူ့ကိုအတည့်ပြောတာ..အဲ.စောင်းပြောတာလဲ..ကြိုတင်bookingလုပ်ထားမယ်..

အိစံ said...

ဘူသူလဲ ဘတ်ထရီကုန်အောင်ပြောတာ လသာညလား ppsလား

မိဆိုးလေး said...

မီးတို့ တော့ပါဘူးနော်:P ဖုန်းဆက်တာထဲ..။
မီးက ကိုယ်နဲ့သင်းသင်းလေးထွက်တယ်တဲ့ ။မိန်းကလေးတွေကို research လုပ်ခိုင်းရဦးမယ်။ စားသောက်တဲ့အစားအသောက်ပေါ်မှာလဲမူတည်တယ်လို့ ကြားဘူးတယ်..။

Lucifer said...

တော်တော်ရယ်ရတယ်နော်...ရေသောက်ပြီး ph ပြောကြနော်

rose of sharon said...

ကြံကြံဖန်ဖန်လေးတွေနဲ့ အမောပြေသွားပါတယ် သူငယ်ချင်းလေးရေ

လသာည said...

စီပုံးထဲမှကွန်မန့်များပါ
royal: မိုက်တယ်ဗျာ အေ၇းအသားတွေလန်းတယ် စိတ်ထဲတခုခုရသွားသလိုပဲ
မိဆိုးလေး: ဘူတူပြောလဲ၊မိဆိုးလေး ဖုန်းအကြာကြီးဆက်တယ်လို့ ..။
လသာည..အားလုံးကို အားလုံးကို ကျေးဇူးအထူးတင်ပါတယ်..လို့.. :D <3