Monday, September 14, 2009

လှချင်သူများ

ဂျပန်မှာ “ရယ်တဲ့သူဆီ နတ်ဘုရားကြွတယ်”ဆိုတဲ့ အဆိုလေးရှိပါတယ်။ အဲဒီအဆိုဟာ တကယ်သိပ္ပံနည်းကျတဲ့ အခြေအမြစ်ရှိတဲ့ စကားလည်း ဖြစ်ပါတယ်။

ပါးစပ်ကို အကျယ်ကြီးဖွင့်ပြီး အားရပါးရ ရယ်မောပစ်လိုက်တဲ့ အချိန် အောက်စီဂျင်အများကြီးကို လက်ခံယူလိုက်သလိုဖြစ်တယ်။ အသက်ကို အားရးပါးရ ရှုလိုက်သလိုမျိုး သွေးထဲကို အောက်စီဂျင်ရောက်သွားတယ်။ ဒီတော့ ဦးနှောက်ကို ပိုလန်းစေတယ်။ ခန္တာကိုယ်ကို အမောပြေစေတယ်။ နောက်ပြီး ရောဂါကိုခုခံကာကွယ်နိုင်စွမ်းကို အားပေးတယ်။ သွေးလမ်းကြောင်း နဲ့ အသက်ရှုလမ်းကြောင်းကို မှန်စေတဲ့အတွက် နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်။

နောက်ပြီး များများရယ်မောတတ်သူဟာ စိတ်ဖိစီးမှုကို မြန်မြန်မေ့လျော့စေပြီး ကာယကံရှင်တင်မက ပတ်ဝန်းကျင်ကိုပါ စိတ်ချမ်းမြေ့စေပါတယ်။ စိတ်ရောကိုယ်ရော ကျန်းမာစေတဲ့အတွက်လည်း စိတ်ချမ်းသာခြင်းသုခကို ရစေတယ်။ လူတစ်ယောက် ပျော်ရွှင်ရယ်မောစေခြင်းဟာ သူ့မိသားစုကိုပါ ပျော်ရွှင်စေနိုင်ပါတယ်။ ဒါဟာ မိသားစုအားလုံးအတွက် ချမ်းသာသုခ ပဲ မဟုတ်ပါလား။

ဒါကြောင့် တနေကုန်ပင်ပန်းလာခဲ့တဲ့ အမောလေးတွေ ပြေသွားအောင် အိမ်ရောက်တာနဲ့ တီဗွီကဟာသအစီအစဉ်တွေ နားထောင်လိုက်၊ဒါမှမဟုတ် အင်တာနက်မှာ ရယ်ရတဲ့ ဟာသလေးတွေ လျှောက်ဖတ် အားရပါးရသာ ရယ်ပစ်လိုက်ပါ။ (ကြော်ငြာ။ ။ လသာညတော့ ရယ်ချင်လာရင် Youtube က just for laugh အစီအစဉ်တွေ ရှာပြီး ကြည့်ရယ်ပစ်လိုက်တာ. gelakgulingဒီလိုမျိုး။ ရယ်တဲ့သူ လှ၏ လို့ဆိုလို့ ...ပိုလှအောင်လို... sengihnampakgigi

သူငယ်ချင်းလေးများ အားလုံးလည်း တနေ့တကြိမ် အနည်းဆုံးတော့ အားရပါးရ ရယ်ဖြစ်အောင်ရယ်လိုက်နော်။ လှချင်သူများ များများရယ်ပေးကြပါလို့...

လသာည..ပါ။

Reference- 笑いは天然の睡眠薬 ကို ဘာသာပြန်တာပါ။

8 comments:

Yu Ya said...

lol...lol...lol....

အကျယ်ကြီး လာရီသွားတယ် အစ်မရေ..အဟီး။

yu ya

Lucifer said...

မမီးက သိပ်မလှချင်ရှာဘူး..

မိဆိုးလေး said...

အဲဒါကြောင့် တို့ ရဲ့အိစံလေး အရမ်းလှနေတာပေါ့ကွ..။မီးမီးလဲ ရယ်ဦးမှ...၀ါးဟားဟားဟား

rose of sharon said...

လှချင်တာပေါ့... ကိုယ်က နဂိုထဲက အရီသန်သူဆိုတော့ ပိုလှတော့မှာပေါ့နော်... ဟီးဟီး...အရှက်လဲမရှိဘူး... ကိုယ့်ကိုကိုယ်ပြောတာပါ

မယ့်ကိုး said...

ကျွန်မက အရယ်သန်တာနဲ့တော့ ဒီဆောင်းပါးလေး ဖတ်ပြီး စိတ်ချမ်းသာလိုက်တာ။ ဒါနဲ့ စကားမစပ် လင့်ခချိတ်ထားမယ်နော် =)

မင်းအိမ်ဖြူ Minn Eain Phyu said...

ဟာဟား ဟားဟား

မရယ်ရတာကြာပေါ့ တခါတခါတော့ အရပ်ထဲမှာ ပွဲကြည့်ချင်သား

လွတ်လွတ်လပ်လပ် ရယ်ချင်လို့ ဟီဟိ

ပျော်ရွှင်ပါစေ

ထား said...

ဟဟ ဟိဟိ ဟုဟု ဟေဟဲ ဟော့ဟော် ဟန် ဟားဟားဟား
...ဟင့်ဟင့် .... လှလဲလှဘူး ။ လသာညရေ လှဆေး ကျွေးပါဦးဗျိုးးး ....

လသာည said...

စီပုံးထဲက ကွန်မန့်များပါ..။
pps:ဟားဟားဟား.......လှချင်လို့မဟုတ်..ရယ်ကိုရယ်ချင်လို့....ဟုတ်တယ်ဟုတ်..အဲစိ..အဲ.အိစံ..
မိုမိဂျိစံ: ရီရတယ်.. ဖတ်ရတာ ကြိုက်တယ်
အိစံ: လသာညရေ ရယ်တိုင်းလှလို့ တော့  အိစံတို့ ppsတို့ တနေ့ မယ်စကြာဝဠာ ပြိုင်ပွဲ ၀င်ရမယ်ထင်တယ် တနေ တခြား လှအုန်းမှာ ဟားဟားဟား
wwkm: လသာညရေ.. အစ်မကတော့ ပျင်းနေလို့ ဘာမှ မလုပ်ချင်တာလေ..ယောင်တောင်ပေါင်တောင်ပဲ လုပ်နေတယ်။
wwkm: ညီမပြောသလိုပဲ ရယ်ဦးမှ. တခါတလေ ကိုယ့်ကိုကိုယ်တောင် မရယ်တတ်သလို ၊စကားမပြောတတ်သလို ဖြစ်နေပြီရယ်.
wwkm: သမီးလေးနဲ့ အိမ်မှာနေကြရင် မေမေ တစ်ခုခုပြောလေ..တိတ်ဆိတ်နေတာပဲတဲ့။လူလည်းကြောင်တောင်တောင်ဖြစ်ချင်နေပြီ
nyocho: မရယ်ရရင် မနေနိုင်တာက လွဲလို့ ..မယ်စကြာဝဠာ ပြိုင်ပွဲ ကို ကြည့်ဖို့စောင့်နေတာ.........
မိဆိုးလေး: မီးမီးက ရယ်တဲ့သူနားနေရင်ရေခဲမုန့် စားချင်လာတယ်..။ဝါးဟားဟား ဆိုရင် ရေခဲမုန့် ကိုပဲမြင် မြင်သွားလို .
15 Sep 09, 17:23
လသာည: ရယ်ကြမယ် ပျော်ကြမယ် အားလုံးကို ကျေးဇူးတင်ပါတယ်..