Tuesday, September 29, 2009
ဆု ဆိုသည်မှာ ပြန်ကြားချက်
မနေ့က ပို့စ်က ဆုအကြောင်း ဆွေးနွေးသွားပေးကြတာ သူငယ်ချင်းလေးများ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ Anonymous (အပေါ်ဆုံးကနေ အောက်ဆုံးအထိ)ဟုတ်ပ။ ဒီနေ့ Anonymous၄ ယာက် တိုက်တိုက်ဆိုင်ဆိုင်နော်။ :P ပြီးတော့ ချစ်သောရို့စ်။ ကိုယုယ၊ မယ်ကိုး နောက် ကွန်မန့်လုပ်လို့ မရလို့ မေးလ်နဲ့မေးသွားတဲ့သူငယ်ချင်းလေး။ KL ၊အိစံနဲ့ လာလည်သွားတဲ့ သူငယ်ချင်းအားလုံး ကို ကျေးဇူးအထူးတင်ပါတယ်.. ကွန်မန့်လေးများအားလုံး ကျေးဇူးအထူးတင်ပါတယ်။ ကွန်မန့်မှာ ပြန်ရေးရင်း ပို့စ်တစ်ခုစာ ဖြစ်သွားတာမို့ အသစ်တင်လိုက်တာပါ..
အင်း.. ပြောရရင် အဲဒီပို့စ်မှာ ကိုယ်ပြောချင်တာ မရှင်းမရှင်းဖြစ်သွားတာလေးကို အရင်ပြောပြချင်တာ။ ဆုက နေရာတိုင်း မကောင်းတာတော့ မဟုတ်ပါဘူး။ (ကိုမင်းအိမ်၊ pps တို့ ဆွေးနွေးသလို) ကြိုးစားချင်စိတ် ဖြစ်ဖို့အတွက် incentive ဆိုတာ တခါတလေ တကယ်လိုတာပေါ့။ ကြိုးစားအောင်မြင်ပြီးရင်လည်း incentiveကဆုဖြစ်သွားပြီး နောက်ထပ်ကြိုးစားမှုအတွက် encouragement အဖြစ်သုံးရတယ်။ ဒီအတွေးကိုဆက်ပြီး စိတ်ပညာရှင် (Behavorists)တချို့ က ပညာရေးမှာ ဆုပေး၊ဒဏ်ပေးဆိုတာကို အကြံပြုခဲ့ အကောင်အထည်ဖော်ခဲ့ကြတယ်ပေါ့။
သူတို့က “ကောင်းတာကိုလုပ်ရင် ဆုချမယ်။ မကောင်းတာကို လုပ်ရင် ဒဏ်ပေးမယ်ဆိုတဲ့ လမ်းညွှန်မှု”ဟာ ကောင်းတယ်လို့ အဆိုသွင်းခဲ့ကြတယ်။ သက်သေတွေလည်း သုတေသနများစွာနဲ့ ပြခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပညာရေးမှာ အခုအထိ အဲဒီနည်းကို သုံးစွဲနေဆဲပါပဲ။ ဒီလိုနည်းနဲ့ လိမ္မာအောင်သင်တယ်။ ပိုကြိုးစားအောင် လုပ်တယ်။ ဒါပေမဲ့ ဒါက အခါခပ်သိမ်း ကောင်းတယ်လို့ မဆိုနိုင်ဘူး ဖြစ်နေတယ်။ အားလုံးသိတဲ့အတိုင်းပဲ လူဆိုတာက personalityက အမျိုးမျိုးမို့လား။ ဒီတော့... မကောင်းတာလုပ်လို့ ဒဏ်ပေးတာကို (ဒဏ်ပေးတာကို ကြောက်ပြီး နောက်မလုပ်ပဲနေရမယ့်အစား) ဒဏ်ပေးရကောင်းလားရယ်လို့ ရွဲ့လိုစိတ်နဲ့ မကောင်းတာကို ပိုလုပ်ပြတဲ့သူကရှိနေပြန်တယ်။ တခါ ကောင်းတာလုပ်လို့ ချီးကျူးတာကို (ဆုပေးတာကို) “ဒါဟာ ကောင်းတဲ့အလုပ်၊ လုပ်သင့်တယ်တဲ့ အလုပ်”လို့ သိသွားတာမျိုးမရှိပဲ ဆုကိုမျှော်လင့်တတ်အောင် သင်ပေးသလိုဖြစ်သွားတတ်တယ်။
ခွေးကူဖမ်းမဖမ်းဥပမာက ဒုတိယမြောက်ကအရာကို သတိပေးချင်တာပါ။ ထိုလူက ခွေးကို ကူသွင်းစက မုန့်လိုချင်လို့ မဟုတ်ပါဘူး။ စေတနာနဲ့ပါ။ ဒါပေမဲ့ အဲဒါက နေ့စဉ်ရက်ဆက် မုန့် (သို့မဟုတ်) ကျေးဇူးတင်စကားကို ရနေတော့ လူကြီးဖြစ်တော့ မုန့်ကို မမျှော်လင့်ပေမဲ့ သူကူညီတာကို အသိအမှတ်ပြုတဲ့ ကျေးဇူးစကားကိုတော့ အနည်းဆုံး လိုချင်တဲ့စိတ်ဖြစ်သွားတာပေါ့။ အိမ်ရှင်က ဘာမှမပြောတဲ့အခါ ထိုလူဘက်က စိတ်စနောင့်စနင်း ဖြစ်သွားတာပေါ့။ ဘာဖြစ်လို့လဲ၊ ငါကို ဒါလေးတောင် မပြောနိုင်ဘူး၊ အသိအမှတ်မပြုနိုင်ဘူးဆိုရင် ကူညီရတာ အလကားပေါ့လို့ တွေးပြီလေ။ တချှို ရှိတယ်လေ တခါကူညီပြီးရင် အသိအမှတ်ပြုခံလို့ မပြီးတော့ဘူး၊ ဘယ်တုန်းက ငါဘယ်လို ကူညီလို့ ဒီကောင် ဒီလိုဖြစ်သွားတာပါ ဆိုပြီးပေါ့။ အခုဒီလူကတော့ ရက်ကြာပြီးမှ ဖြစ်သွားတဲ့သဘောပါ..။
နောက် ရို့စ်ပြောသလို အိမ်ရှင်ဖက်ကနေ စဉ်းစားပေးကြည့်မိပါတယ်။ အိမ်ရှင်အနေနဲ့လည်း အဲဒီနေ့က သူဟာနဲ့သူ အလုပ်ရှုပ်နေလို့ ဖြစ်ချင်ဖြစ်မှာပါလို့၊ ရက်ကလည်း ကြာလာပြီဆိုတော့(ကိုယုယပြောသလို) နည်းနည်းရင်းနှီးသွားပြီဆိုတော့ ဒါလောက်တော့ ကျေးဇူးတင်စကား မပြောလည်း သိမှာပါ ဆိုတာမျိုးတွေးမိတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရယ်စရာပြောရရင် ဒီလူ မကူလည်း ကိုယ့်ဘာသာလည်း ကိုယ့်ခွေးကိုဖမ်းလို့ရနေတယ်။ ဒီလူက ခွေးကူမောင်းတာက နည်းနည်း၊ စကားတွေပေါပြီး တော်တော်နဲ့ အိမ်မပြန်နိုင်လို့ sengihnampakgigi) စသည်ကြောင့် လည်း ဖြစ်နိုင်တယ်လေ ဟားဟား
ဒါကြောင့် နေ့စဉ်ဘ၀တွေထဲမှာ ကိုယ်က “စေတနာနဲ့ကူလုပ်ပေးတဲ့ ထိုလူမျိုးအဖြစ်မျိုး”ကြုံရတာ ရှိနိုင်သလို “အိမ်ရှင်လိုအဖြစ်မျိုး”လည်း ကြုံရတာ ရှိနိုင်တယ်။ ဒီအခါမျိုးမှာ တဖက်လူက ဘယ်လို ဆိုတာကို တွေးတာထက် ကိုယ်ဘာကြောင့် ဒီလို စိတ်မကောင်းဖြစ်တာလဲဆိုတာကို (ကိုယ့်ဖီလင်ကို ) ပြန်ပြီး နားလည်ပေးလိုက်ရင် ခံစားရတာ သက်သာတာပေါ့လို့.. အဓိကက အဲဒါကို ပြောချင်တာ။ အရေးအသား လိုသွားတယ်. ခွင့်လွှတ်နော်။
နောက်တစ်ခုက မေးလ်ကနေ မေးတဲ့ သူငယ်ချင်းလေး (နာမည်မပြောနဲ့ဆိုတော့ မပြောပါဘူးနော်:P)။ “ ဆုပေးတာ မကောင်းဘူးလား၊ ကြိုးစားချင်စိတ်ရှိအောင် ဆုပေးသင့်တယ်မို့လား” ဆိုတာလေ။ တို့သိသလောက် ပြန်ပြောရရင် ဆုပေးတာ ကောင်းပါတယ်။ “သားစာကြိုးစားနော်။ ပထမဆုရရင် disney land သွားမယ်” ပေါ့။ ကလေးဆိုတော့ ကစားမက်တော့ အဲလို incentiveပေးရင် ပိုကြိုးစားတာပေါ့။ ဒါပေမဲ့ ချွင်းချက်က အဲဒါကို ပုံသေကြီး မကျင့်ရဘူးတဲ့။ အမြဲတမ်းကြီး “စာကြိုးစားရင် ဘာဝယ်ပေးမယ်။ ဒီဟာပြီးရင် ဘာဝယ်ပေးမယ်”ဆိုတာကို အမြဲလုပ်ရင် ကလေးက စာထက် အဲဒီအရာကို ပဲ မက်မောသွားပြီး ကိုယ်တကယ်မလုပ်ပေးနိုင်တဲ့အခါ၊ သူတကယ်မကြိုးစားနိုင်တဲ့အခါ မက်လုံးပေးခြင်းက အကောင်းထက် အဆိုးဘက်ကို ဦးတည်သွားတတ်တယ်။
တခါတလေ ဖြစ်တတ်တယ်။ သမီး မေမေ့ကို ကူပေးရင် မုန့်ဖိုးပေးမယ်လို့ ပြောထားရင် ကလေးက မုန့်ဖိုးကို ပိုမက်သွားတယ်။ ကူမလုပ်ခင်ကတဲ့က မေမေ မုန့်ဖိုးဘယ်လောက်ပေးမှာလဲ ကြိုမေးတတ်သွားတယ်။ ဒါကြောင့် သူဘာသာ ကူလုပ်ချင်တဲ့ စိတ်ကလေးကို မပျက်အောင် သမီးကူလုပ်တော့ မေမေမြန်မြန်ပြီးသွားပြီကွာ၊ ဒါကြောင့် သမီးလေးမြန်မြန်ထမင်းစားရပြီပေါ့ ဆိုတာမျိုး ကောင်းတဲ့အချက် ကို သင်ပေးတာမျိုးလုပ်ပေးရတယ်လို့ ယူဆပါတယ်။
နောက်တချက်က ပထမပို့စ်က ဂရပ်လေး (အခုအပေါ်မှာ ဖော်ပြထားတဲ့ ဂရပ်ကလေး)ကို သတိထားမိတယ်မို့လားဟင်။ ဆုပေးလိုက်လို့ ကူညီချင်တဲ့ စိတ်ကလေး ပျက်သွားတာကို အသီးသီးဖော်ပြထားတယ်။ ဒါပေမဲ့ သေချာကြည့်ရင် (rewardဆိုတဲ့ ဘားဂရပ်လေးကို ကြည့်ရင်) ဆုပေးနေကျ မပေးပဲနေလည်း ကူညီစရာရှိ ကူညီမယ်ဆိုတဲ့ကလေးက ၅၀% ရှိနေသေးတယ်လေ။ တွေ့လား ။ အဲဒါက အဖြေပါပဲ။ ဆုပေးပေး မပေးပေး ကူညီစရာရှိကူညီမယ် လို့ ကူညီချင်စိတ်ကလေး ဆက်ရှိနေတဲ့သူတွေ ရှိပါတယ်။ လုံလုံးလျားလျား မရှိတာ မဟုတ်ပါဘူး ဆိုတာလေးပါ။ ကွန်မန့်ပေးသွားတဲ့ သူငယ်ချင်းများအားလုံး (အားလုံး)က အဲဒီ၅၀% မှာ ပါဝင်သူများဖြစ်ကြောင်းကို သတိထားမိသွားတဲ့အတွက် သူငယ်ချင်းလေးများအားလုံး ကွန်ဂရက်ကျူးလေးရှင်းပါtepuktangan။ လသာညလည်း အဖွဲဝင်နော်။
အားလုံးကို ကျေးဇူးတင်ပါတယ်။ ပို့စ်လည်း ရှည်သွားပြီ (လေရှည်သွားမိပြီ) ဆောရီးjelir
လသာည..ပါ
မှတ်ချက် ( Momiji said ,“I think u learned in there about psychology,right?”) sengihnampakgigiဟုတ်တယ် တို့ရဲ့ မေဂျာက ပညာရေးစိတ်ပညာပါ.. ။ မိုမိဂျိ..တော်တယ် သတိထားမိသွားတယ်ပေါ့ ဟုတ်လား။ ဒါပေမဲ့ တို့ သိပ်မတတ်သေးပါဘူး နားမလည်တာတွေ အများကြီး ရှိသေးတယ်။ ဒါကြောင့် ဖြီးတာက များတယ်။ ပိုတတ်အောင် ကြိုးစားရဦးမယ်။senyum
10 comments:
Anonymous said...
:)
ဆုပေးဒဏ်ပေး စနစ်က တချို့နေရာ ကောင်းပါတယ်။
သူ့နေရာနဲ့ သူလို့ ထင်ပါတယ်။
ကူညီတတ်တဲ့စိတ်ကလေးကိုတော့ ဆုပေးလိုက်လို့ စိတ်ပြောင်းလဲသွားတာတော့ ပြောင်းသူမှာ အပြစ်မရှိဘူး ပေးသူမှာ အပြစ်ရှိတယ်လေ။
Anonymous said...
ကောင်းတယ်
လေးစားပါတယ် ဆရာမ ဟာဟ
ဆရာမတွေ အကြောင်း ရေးရအုံးမယ် P:
ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ
Yu Ya said...
မလသာညရေ..
“ဆုပေးခြင်း၊ မက်လုံး၊ ကြိုးစားအားထုတ်မှု၊ ကူညီမှု.”
ဒီစကားစု လေးခုနဲ့ ကျွန်တော် အတော်လေး ရှုပ်ထွေးနေပါတယ်ဗျာ။
“ဆုပေးခြင်း Vs ကြိုးစားအားထုတ်မှု၊ မက်လုံး Vs ကူညီမှု” ဆိုပြီး နှစ်ပိုင်းစစ်ထုတ်လိုက်ရင်တော့ နည်းနည်းရှင်းသွားတယ်ဗျ..။ ဒါပေမယ့် မလသာညက ဒီ ၄ ခုစလုံးကို ဆက်စပ်ပြီးရေးထားတော့ ကျွန်တော်အမြင် တော်တော်လေး ရှုပ်ထွေးနေပါတယ်။
“မက်လုံး Vs ကြိုးစားအားထုတ်မှု” ကို အနည်းငယ် တွဲလို့ရပေမယ့် “ဆုပေးခြင်း Vs ကူညီမှု” ကိုတော့ ကျွန်တော် ဘယ်လိုမှ ဆက်စပ်လို့ မရဘူးဖြစ်နေတယ်။
ဒါမှမဟုတ် Graph လေးရဲ့ ဆိုလိုချက်က (Praise = An Expression of commendation)
“ ချီးမွမ်းထောမနာပြုမှု Vs ကူညီမှု ” ကို ဖော်ကျူးနေတာလို့ စဉ်းစာကြည့်ရင်ကော..။ ဒါဆိုရင်တော့ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ကြတဲ့ ဘ၀တွေထဲမှာ ချီးမွမ်းခြင်းခံရတဲ့သူအများစုဟာ အခြားသူတွေအောက် သူတပါးကို ကူညီလိုစိတ် နည်းပါးတယ်ဆိုတာ သတိထားမိလောက်ပါတယ်။ ပြီးတော့မှ Graph လေးက (reward = benifit resulting from some event or action) “အကျိုးမျှော်လင့်မှု Vs ကူညီမှု” ဆိုရင်တော့ ကူညီလိုမှု ရာခိုင်နှုန်းဟာ သိပ်ပြီး နည်းသွားပါလိမ့်မယ်ဆိုတာမျိုးကို ထုတ်ဖော်လှစ်ဟနေတယ်လို့ ကျွန်တော်အမြင်ရှုထောင့်ကနေ ဆွေးနွေးချင်ပါတယ် အစ်မရေ..။
ကျွန်တော်ရဲ့ မပြည့်ဝတဲ့ ဆွေးနွေးမှုအတွက် စိတ်ရှုပ်သွားရင် သီးခံခွင့်လွှတ်ပေးပါခင်ဗျာ။
ကျေးဇူးတင်စွာဖြင့်
yu ya
Anonymous said...
လွယ်ပါတယ်..ကိုယုယ
ကူညီတယ်ဆိုတဲ့နေရာမှာ ကူညီသင့်တဲ့ ဆိုတဲ့ အချက် နဲ့တင် ကူညီရမှာပါ။
ကူညီမှုကြောင့် ၇လာမဲ့ အကျိုးကို မျှော်လင့်နေတဲ့ လူတွေမဖြစ်ဖို့ပဲ အရေးကြီးပါတယ်.
ပီးတော့ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာထိ ကူညီဖို့ပဲလိုတာပါ.
ကိုယ်က လုပ်နိုင်သလောက် လုပ်လို့ အတိုင်းအတာထိ အောင်မြင်လာပြန်ပီဆို ..မနာလိုသူတွေပေါ်လာတတ်တယ်.. ဒါကိုလဲ ဂ၇ုစိုက်စ၇ာ မလိုပဲ ကိုယ့်လုပ်ဆောင်နေတဲ့ လမ်းအတိုင်း ဆက်လိုက်သွားယုံပါပဲ။ ဒါကတော့ ကိုယ်တွေ့တွေပါလာတာပါ.
အရေးကြီးတာ ကိုယ်လုပ်နေတာ ဘာလဲဆိုတာ သိဖို့လိုပါတယ်.
တကယ်လိုနေတဲ့နေရာ တကယ်လိုနေတဲ့အချိန်မှာ ကိုယ့်၇ဲ့ ကူညီမှုက အရေးပါပါတယ်။
မျှော်လင့်ချက် တစုံတရာမထားတဲ့ ကာညီမှုပဲလိုတာပါ။
လသာည said...
မိုမိဂျိ၊ မင်းအိမ်ဖြူ၊ ကိုယုယ. ကွန်မန့်များ ကျေးဇူးပါ.. :D. ကျောင်းတုန်းက ငြင်းဖော်ငြင်းဖက် သူငယ်ချင်းတွေကို သတိရသွားတယ်။ တခါက “လူဆိုတာ မျောက်က ဖြစ်တာ”နဲ့ “လူဆိုတာ ငါးက ဖြစ်တာ”ဆိုပြီး ငြင်းကြတာ ဆရာမလာတဲ့အထိ စာနားမထောင်ပဲ ငြင်းမိလို့ စာသင်ချိန် တချိန်လုံး မတ်တပ်ရပ်ခဲ့ရဘူးတယ်လေ အဟား။ ဒါပေမဲ့ ဒီလိုငြင်းတဲ့သူတွေက ပိုရင်းနှီးသွားတာ ပြောမနာဆိုမနာ သူငယ်ချင်းတွေဖြစ်သွားတယ်။ သတိရတယ်သူတို့ကို။ ငြင်းတော့ စာလည်း၊ ပိုကြေညက်သွားတာပေါ့..နော။
ကိုယုယရဲ့ ကွန်မန့်ကို အရင် ဆွေးနွေးကြည့်မယ်နော်။
ကိုယုယ>>( “ဆုပေးခြင်း၊ မက်လုံး၊ ကြိုးစားအားထုတ်မှု၊ ကူညီမှု.”
ဒီစကားစု လေးခုနဲ့ ကျွန်တော် အတော်လေး ရှုပ်ထွေးနေပါတယ်ဗျာ။)
အင်း နားလည်အောင် ပုံမဖော်နိုင်ခဲ့လို့ ပိုပြီး ရှုပ်ထွေးသွားရတာ ဆောရီး..။ ဒီလိုပါ.ဆုပေးခြင်း၊ မက်လုံး၊ ကူညီမှု.ကို အရင်ရှင်းရရင် ဒီပို့စ်မှာ ပြောတဲ့ “ဆု”က..တကြိမ်ကူညီလိုက်လို့ ကျေးဇူးတင်လို့ ကျေးဇူးတင်စကားပြောတာ၊ ကျေးဇူးတင်လို့ မုန်ကျွေးတာက ကောင်းသောဆု(ချီးမြင့်ခြင်း)ပါ။ ဒါပေမဲ့ စေတနာနဲ့ ကူညီလိုက်တာကို အမြဲ(မုန့်ကျွေးနေရင်)သူက ကူညီတိုင်း ကျေးဇူးတင်တာ (မုန့်ကျွေးတာ)ကို လိုချင်စိတ်ဖြစ်သွားတယ်။ ဒီစိတ်ကြောင့် ကူညီတိုင်းရတတ်တဲ့ ဆု(ကျေးဇူးတင်ခြင်း၊ မုန့်ကျွေးခြင်း)က နောက်တခါကူညီဖို့ အတွက် မက်လုံးဖြစ်သွားရော..။ ဒါကြောင့် နောက်တခါ ကူညီတဲ့အခါ သူ့စိတ်က မဖြူစင်တော့ဘူး။ မျှော်လင့်သွားတတ်တယ်။
မြင်သာအောင် သာဓက ပြရရင် ကျွန်မတို့ ရန်ကုန်၊ မန္တလေး လမ်းမကြီးသွားတဲ့လမ်းမှာ လမ်းတွေ၊ ချောင်းကူးတံတားတွေ ပျက်တဲ့အခါ အနီးအနားက ရွာသားတွေက စေတနာနဲ့ ပြင်ပေးကြတယ်။ ဒါကိုမြင်တော့ ခရီးသွားတဲ့သူတွေက ကျေးဇူးတင်တော့ ကိုယ့်မှာရှိတဲ့မုန့်တွေချကျွေးတယ်။ တချို့ ကားသမားတွေက ပိုက်ဆံတွေလှူတယ်ပေါ့..။ တနေ့တနေ့ မနည်းရကြတယ်။ ကူညီတုန်းက ဖြူစင်စွာပါ။ အချိန်ကုန်ခံပြီး ကူညီတယ်။ ဒါကြောင့်လည်း ခရီးသွားတွေက တကယ့်ကို ကျေးဇူးတင်လွန်းလို့ ဆုချတယ်။ နောက်ရက်ကျ လမ်းပြင်သူများလာတယ်။ လူများတော့ ရတာနည်းလာတယ်။ ဒီတော့ ဖြတ်သွားတဲ့ ကားတိုင်းစီက အလှူခံတယ်။ တချိုက ကြည်ကြည်ဖြူဖြူပေးပေမဲ့ တချိုက အဲလိုဇွတ်အလှူခံလို့ မထည့်ဖူးဆိုပြီး မောင်းပြေးတယ်။နောက်တော့ လှူသူနည်းလာတယ်။ ပထမနေ့တွေလောက် မရတော့ဘူး။
နောက်ရက်မှာ(အဲလို ရတာနည်းလာတဲ့အတွက်ကြောင့်) ကူညီလမ်းပြင်သူလုပ်အားပေးတွေ နည်းသွားတယ်။ (လုပ်အားပေးသူတွေ လုံးဝမရှိတော့တာ မဟုတ်ဘူးနော်။) ဘာဖြစ်လို့လဲ..။ အဖြေက.. လူရဲ့ မွေးရာပါ ကူညီလိုစိတ်ကို အရာတစ်ခုက ဖျက်စီးသလိုဖြစ်သွားလို့ပါ။
အဲဒါကို စိတ်ပညာမှာ operant conditioning လို့ ခေါ်ပြီး B.F. Skinnerက ဖွင့်ဆိုခဲ့တာပါ။
၂)ဆုပေးခြင်း၊ မက်လုံး၊ ကြိုးစားအားထုတ်မှု ကတော့ ကိုယုယ က တွဲလို့ရတယ်လို့ ပြောသွားလို့ ထပ်မရှင်းတော့ဘူးနော်။
ဂရပ်လေးကတော့ ကိုယုယ ရှင်းပြသွားတာက ပိုရှင်းပါတယ်။ အဲဒီအတိုင်းပါပဲ..။ တစ်ခုပဲ.“ချီးမွမ်းခြင်းခံရတဲ့သူအများစုဟာ အခြားသူတွေထက် သူတပါးကို ကူညီလိုစိတ် နည်းပါးတယ်” ဆိုတာမှာ တကြိမ်တည်း မဟုတ်ပဲ (အကြိမ်များစွာ သိုမဟုတ် အမြဲ)ချီးမွမ်းစကားကို ရနေရင် လူတွေက ပင်ကိုယ်စိတ်ကကို ချီကျုးတာ၊ ကျေးဇူးတင်ခံချင်တာရှိတဲ့အတွက် မရရင် စိတ်က စနောင့်စနင်းဖြစ်တတ်တယ်။ ကျေးဇူးတင်စကား (သိုမဟုတ် ချီးမြှောက်စကား)လိုချင်တယ်။ ဒါကတော့ အပေါ်က “ဆု” ဥပမာအတိုင်း ဆက်စပ်တွေးကြည့်ရင် ရပြီထင်ပါတယ်။
မိုမိဂျိပြောသလိုပဲပါ။“ ကူညီမှုကြောင့် ၇လာမဲ့ အကျိုးကို မျှော်လင့်နေတဲ့ လူတွေမဖြစ်ဖို့ပဲ အရေးကြီးပါတယ်.” ဟုတ်တယ်။ ဆု ဆိုတာဟာ ကူညီမှုကြောင့်ရလာတဲ့ အကျိုးကို မျှော်လင်ချင်စိတ်ကို ဖြစ်စေတတ်တာမို့ မျှော်လင့်ချက် တစုံတရာမထားတဲ့ ကူညီမှုကိုပဲ လုပ်ဖြစ်အောင် တခါတရံမသိစိတ်မှာ ဖြစ်တတ်တဲ့ ဆုကို မျှော်လင့်ခြင်းမျိုး မဖြစ်ရအောင် ကိုယ့်စိတ်ကို သတိထားနားလည်ပေးရကြအောင်နော်...
မင်းအိမ်ဖြူ.. မင်းဆရာမအကြောင်းရေးလည်း တို့ကတော့ မကြောက်ပေါင်..။ ရေးပါ ရေးပါ..။ :D
အားလုံးကို တကယ့်ကို ကျေးဇူးတင်ပါတယ်လို့.. :D
Yu Ya said...
အော်..ဟုတ်ပြီ..အခုမှ တကယ့်ကို သဘောပေါက်သွားပြီဗျ..
သဘောပေါက်သွားပြီဆိုတာက ဒီလို..။ တကယ်တော့ မလသာညသုံးနေတဲ့ “ဆု” ဆိုတာ ကျွန်တော်အခုအချိန်ထိနားလည်ထားတဲ့ “တံစို့လက်ဆောင်ပေးကမ်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်း”ဆိုတာတွေဖြစ်နေတာကိုး... ဖြစ်မှ ဖြစ်ရပလေဗျာ။
အင်း..နေရာဒေသပေါ်မူတည်ပြီး အသုံးအနှုန်းတွေ ကွားခြားတာလားမသိဘူးနော်။ ငယ်ငယ်ကတည်းကနေပြီး အခုထိ နားလည်ထားတဲ့ “ဆု”ဆိုတာ သူများတကာထက် တော်လို့၊ ထူးချွန်လို့၊ ထက်မြက်လို့ ချီးမြှင့်တာကို ဆုပေးတာလို့ ယေဘူယျနားလည်ထားတာ။ အဲဒီလို ကျေးဇူးတင်လို့ မုန့်ကျွေးတာမျိုး၊ ကျေးဇူးတင်လို့ ပိုက်ဆံပေးလိုက်တာမျိုးကို “ဆု” ဆိုတဲ့ စကားလုံးနဲ့ ဖလှယ်သုံးသွားတာကို အခုထိ ဆက်စပ်လို့မရဘူး။ “ဆု” ဆိုတဲ့ စကားလုံးနဲ့ ပက်သက်ပြီး အဘိဓာန်ရှာဖတ်ရမလိုပဲ မလသာညရေ..။
English မှာတော့ "Award and Bribe” လို့ ဖွင့်ဆိုလိုက်ရင် တော်တော်လေးရှင်းသွားပြီဗျ.။ Award က စင်ကြယ်ပြီး Bribe က ညစ်ဌေးတယ်။
အဲဒီလိုပဲ ကျွန်တော်နားလည်ထားတာက “ဆု” ဆိုတာက ကြိုးစားအားထုတ်မှုကို အမြင့်ဆုံးထိရောက်အောင်အားပေးစေတဲ့ ဖြူစင်မှုဖြစ်ပြီး “တံစို့လက်ဆောင်” ဆိုတာကတော့ လိုချင်တက်မက်ဖွယ် မျှော်လင့်ချက်တွေကို ကြိမ်ဖန်များစွာ ဖြစ်ပေါ်စေတဲ့ စက်ဆုပ်ဖွယ်ရာပါ။
ဒါဆိုရင် ကျွန်တော်ရှုပ်ထွေးနေတဲ့
“ဆုပေးခြင်း၊ ကူညီမှု၊ မက်လုံး၊ ကြိုးစားအားထုတ်မှု” ဆိုတဲ့ နေရာမှာ
“တံစို့လက်ဆောင်၊ ကူညီမှု၊ မက်လုံး၊ ကြိုးစားအားထုတ်မှု” ဆိုပြီး ဖလှယ်လိုက်ရင် မလသာညဆိုလိုချင်တာကို ကျွန်တော်အားလုံးရှင်းသွားပြီပေါ့။
တံစို့လက်ဆောင်ရမှ အကူအညီပေးမယ်၊ မပေးရင်တော့ လာမယ် ကြာမယ် ဆိုတာတွေကို ရန်ကုန်မှာ အလုပ်အတွေ့အကြုံအရ ကြောင်ပုဇွန်ဝါး ကျွတ်ကျွတ်စား ဆိုသလို အလွတ်ကို ရနေခဲ့တော့တာပါပဲ အစ်မလသာညရေ..။ ကျွန်တော်ကိုယ်တိုင် တံစို့လက်ဆောင်ပေးတဲ့နေရာမှာ အင်မတန် ပြောင်မြောက်အောင်ကို စွမ်းဆောင်ခဲ့တာဗျ..။ နောင်များမှ အလုပ်အတွေ့အကြုံနဲ့ ပက်သက်တဲ့ ပို့စ်လေးတွေ ရေးအုံးမယ်ဗျာ။
နောက်တစ်ခု “ကူညီမှုကြောင့်ရလာမယ့် အကျိုး”.. ဒီစကားစုမှာလည်းပဲ နားလည်မှုလွဲမှားစေမယ့် အဓိပ္ပါယ်တွေ အများကြီးလွှမ်းမိုးနေပါတယ်။ ဥပမာ ဆိုကြပါစို့ အစ်မလသာညရေ.. လမ်းပြင်တဲ့သူကို မုန့်ကျွေးလိုက်ရင် ကုန်ခမ်းနေတဲ့ အားအင်တွေ ပြန်ပြည့်လာပြီး လမ်းဆက်လက်ပြင်နိုင်မယ်ဆိုတဲ့ အကျိုးကို ရှေးရှုပြီး မုန့်ကျွေးတာဟာ “ကူညီမှုကြောင့် ရလာမယ့် အကျိုး” ကို ရှေးရှု့ မဟုတ်လားဗျာ.. ဒါဆို ရှေးရှုသင့်တာပေါ့နော်။
ဒါမှမဟုတ်ပဲ အဲဒီလို မုန့်ကျွေးလိုက်လို့ ငါသွားတဲ့လမ်းကို ကောင်းအောင် လုပ်ပေးနိုင်မှာပဲဆိုပြီး “ကူညီမှုကြောင့် မိမိအပေါ်တန်ပြန်သက်ရောက်လာမယ့် အကျိုးကျေးဇူးအတွက် မျှော်လင့်ချက်” ကိုတော့ မရည်သန်သင့်တာ အမှန်ပါဗျာ။
ဒါကြောင့်
“ကူညီမှုကြောင့် ရလာမယ့် အကျိုး” Virtuous Behaviour ကိုတော့ ဖြူစင်စွာ ရည်သန်သင့်ပြီးတော့
“ကူညီမှုကြောင့် မိမိအပေါ်တန်ပြန်သက်ရောက်လာမယ့် အကျိုးကျေးဇူးအတွက် မျှော်လင့်ချက်” Deserving Case ဆိုတာကတော့ နှမ်းတစ်စေ့မျှ မရှိသင့်ဘူးလို့ မှတ်သားဖူးပါတယ်ခင်ဗျာ။
ကဲ..အစ်မရေ..စိတ်တွေ ညစ်သွားပြီလားဗျ.. ကျွန်တော်က အဲဒီလိုပဲ.. ကိစ္စတစ်ခုဆိုရင် A to Z သိချင်တာဗျ..။ေ၀၀ါးနေရင် နေလို့ထိုင်လို့ မကောင်းတော့ဘူး..အဟီး။
ကျေးဇူးတင်စွာဖြင့်
yu ya
Yu Ya said...
Oops!!!
ကျွန်တော်ပြောချင်တာလည်း အဲဒီ Reward ဆိုတဲ့ စကားလုံးကို အစ်မ ဘယ်လို ဘာသာပြန်လိုက်လည်းဆိုတာ မေးမလို့ဗျ.။ ဖြစ်နိုင်ရင် အစ်မဘာသာပြန်လိုက်တဲ့ စာကြောင်းကို ပြန်လေ့လာကြည့်စေချင်ပါတယ်။ အစ်မပြောသလို “တိုက်ရိုက် မြန်မာလို ပြန်ယူလိုက်တာ” ဆိုတဲ့ အဲဒီ Reward ကို သရုပ်ခွဲကြည့်မယ်ဆိုရင်
1. A recompense for worthy acts or retribution for wrongdoing
2. Payment made in return for a service rendered
3. An act performed to strengthen approved behavior
4. The offer of money for helping to find a criminal or for returning lost property
5. Benefit resulting from some event or action
အထက်ပါ Meaning တွေဟာ Reward အတွက် Noun အနေနဲ့ ဖွင့်ဆိုထားတာတွေပါ။
ကျွန်တော်ထင်တယ် မလသာည English-Myanmar Dic တစ်ခုခုကို Reference သုံးလိုက်ပုံရပါတယ်။
Psychology မှာလည်း Reward ကို ဒီလိုဆိုထားတယ်ဗျ..
The return for performance of a desired behavior; positive reinforcement.
သူ့ကို Verb အနေနဲ့ သုံးရင် အထူးသဖြင့် Passive Voice အနေနဲ့ အသုံးပြုကြတယ်။ Effort, working အစရှိတဲ့ စကားလုံးတွေကပ်ပါလာရင်တော့ သူ့ကို ဆုချီးမြှင့်သည်အနေနဲ့ ဘာသာပြန်လို့ရမှာပါ။
Eg. She was rewarded for her efforts/ for working hard with a pay rise.
The audience rewarded his remark with loud applause. ဒီဝါကျမှာတော့ ကျွန်တော်တို့ ဘယ်လိုမှ “ဆု” ဆိုတဲ့ စကားလုံးကို သုံးလို့မရပါဘူး။ “လက်ခုပ်သြဘာချီးမြှင့်သည်” လို့ပဲ အနီးစပ်ဆုံး ပြန်လို့ရမှာပါ။
Our long climb was finally rewarded by magnificent views from the summit. ဒီမှာလည်းပဲ “အကျိုးခံစားရသည်” လို့ ပြန်ရမှာနော်။
After hours spent searching their patience was finally rewarded when they found the missing document. ဒီမှာတော့ “ထောမနာပြုသည်” လောက်ဆို လုံလောက်သွားပါပြီ။
ဒီဝါကျတွေအားလုံးဟာ Oxford Dic ထဲက Reference ၀ါကျတွေပါ။
ဒါကြောင့် မလသာညရဲ့ Reward ကို “ဆု” လို့ တိုက်ရိုက်ဘာသာပြန်ချက်အပေါ် ပြန်လည် သုံးသပ်စေချင်တဲ့ သဘောပါ။ တစ်ခါတစ်လေ မူရင်းစာရေးဆရာပေးချင်တဲ့ အာဘော်နဲ့ ဘာသာပြန်လိုက်တဲ့သူရဲ့ အာဘော်လွဲရင်တောင် ကဘော်တိကဘောက်ရှာတွေ ဖြစ်ကုန်သေးတာ။ ဘာသာပြန်တာလွဲသွားရင်...ပိုရှုပ်သွားနိုင်ပါတယ်။
ကျွန်တော်အကြံပေးချင်တာ တစ်ခုရှိတယ် အစ်မရေ. ဘာသာပြန်တဲ့အခါမှာ ဖြစ်နိုင်ရင် Eng-Myan Dic တွေ မသုံးပါနဲ့။ တစ်ခါတစ်လေ Information အမှားတွေကို ဖြစ်ပေါ်စေတယ်။ ဒါက ကျွန်တော်ရဲ့ ကိုယ်တွေ့ တစိုက်မတ်မတ်လေ့လာခဲ့မှုအပေါ်မှာ သုံးသပ်ပြတာပါ။
Yu Ya said...
နောက်ပြီး “ဆု” ဆိုတဲ့ စကားလုံးလေးအပေါ် အနည်းငယ် ဆွေးနွေးချင်ပါသေးတယ် အစ်မရေ..
ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက (မူကြို) ကစပြီး နောက်ဆုံး ၁၀ တန်းအထိအောင်ကို “ဆု” နဲ့ပက်သက်လို့ နားရည်းဝနေခဲ့ကြပြီး ဖြစ်ပါတယ်။ အတန်းထဲက နှစ်စဉ်နှစ်တိုင်းပေးနေကြ “ပထမ၊ ဒုတိယ၊ တတိယ” အစရှိတဲ့ ဆုတွေအပါအ၀င်၊ ကဗျာပြိုင်ပွဲဆု၊ စာစီစာကုံးပြိုင်ပွဲဆု၊ အားကစားဆုနဲ့ လူရည်ချွန်ဆုပေးပွဲတွေအဆုံး အားလုံးသော “ဆု” တွေဟာ အခမ်းအနားနဲ့ သတ်မှတ်ပြီးတော့မှကို ပေးတာပါ။ ကြိုးစားအားထုတ်မှု၊ ထက်မြက်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ချီးမြှင့်တာက “ဆု”ပါ။
ကူညီမှုကို တုန့်ပြန်တာကို “ဆု” ဆိုတဲ့ စကားလုံးနဲ့ ဘယ်လိုမှ ဖလှယ်လို့ မရပါဘူး။ အစ်မလသာည ပြောခဲ့တဲ့ ဥပမာလေးနဲ့ ပြန်စလိုက်ရင်.. လမ်းပြင်ပေးနေတဲ့ (အကူအညီပေးနေတဲ့) သူကို ကူညီချင်လို့ ပိုက်ဆံတချို့ ပေးလိုက်တာကို “မုန့်ဖိုး” ပေးလိုက်တယ်လို့ပဲ ကျွန်တော်တို့ မြန်မာတွေက အနီးစပ်ဆုံးသုံးနှုန်းပါတယ်။ ဘယ်လိုမှ “ဆု”ပေးတယ်လို့ ဖလှယ်ပြီး သုံးလို့မရသလို၊ သုံးနှုန်းလို့လည်း မသင့်တော်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အထက်မှာ ဖော်ပြခဲ့သလို “ဆု” ဆိုတာမျိုးက အခမ်းအနားနဲ့ သတ်မှတ်ပြီးတော့ကို ချီးမြှောက်ရတာမျိုးလေ။ ဖြစ်နိုင်ရင် အောက်က ပရိသတ်က လက်ခုပ်တီးပြီး ဂုဏ်ပြုရတာတောင် အစစ်ပါသေးတယ်။
နောက်တစ်ခု ကိုယ်ကို ကူညီတဲ့သူကို ကျေးဇူးတင်လို့ မုန့်နဲ့ ဧည့်ခံတာကို “ဆု” ပေးတယ်လို့ ဘယ်လိုမှ ဖလှယ်လို့မရဘူးလေဗျာ။ ကူညီတာကို တုံ့ပြန်တဲ့ စကားလုံးတွေမှာ -
“ကျေးဇူး၊ ကျေးဇူးတင်ပါတယ်၊ အားနာလိုက်တာ၊ ဘယ်လိုပြောရမှန်းတောင်မသိပါဘူး၊ တစ်ခုခု ကျွေးပါရစေ၊ နောင်အခွင့်သင့်ရင် ကျေးဇူးဆပ်ပါရစေ.. ” အစရှိတဲ့ စကားလုံးတွေနဲ့ပဲ ဖလှယ်သုံးနေရတယ် မဟုတ်လားခင်ဗျာ။
ဒါကြောင့် ပထမနေ့မှာကတည်းက ကျွန်တော် မန့်ခဲ့တဲ့ “ ဆုပေးခြင်း Vs ကူညီမှု ” ဆိုတာဟာ ဘယ်လိုမှ ဆက်စပ်မရဘူးလို့ အသေအချာကို ပြောခဲ့တာပေါ့။ Graph ပုံလေးကို ကြည့်ပြီးကတည်းက စာရေးဆရာပေးခြင်တဲ့ အာဘော်ကို ခံစားလို့ ရပါတယ်။
ဖြစ်နိုင်ရင် ဒါပို့စ်မှာသုံးထားတဲ့ Reward ကို “အကျိုးမျှော်လင့်မှု” လို့ အနီးစပ်ဆုံး ဘာသာပြန်ရမှာပါ။
“အကျိုးမျှော်လင့်မှု” နဲ့ “တန်ပြန် သက်ရောက်လာမယ့် အကျိုးကျေးဇူး မျှော်လင့်ချင်” ..အဲဒီ နှစ်ခုကိုတော့ မမှားဖို့ လိုမယ်ဗျ။ ကျွန်တော်ရဲ့ ဒုတိယ ကောမန့်မှာ အသေးစိတ်ရှင်းပြီးသားပါနော်။
ဒါနဲ့ စကားမစပ် မလသာညရေ.. B.F Skinner ရဲ့ Paper တွေ ကျွန်တော်မှာ အများကြီးပဲဗျ။ အဲဒီထဲမှာ The origins of cognitive thought ကို အရမ်းနဲ့ ကြိုက်တယ်။
ကျေးဇူးတင်စွာဖြင့်
yu ya
nyocho said...
nyocho ပါ ကိုယုယ။ “ဆုဆိုသည်မှာ” ပို့စ်ကို ဖတ်ပြီး တော်တော်လေး မောသွားပြီလား။ ကျွန်တော်တော့ ခင်ဗျားကြည့်ပြီး တော်တော်မောသွားတယ်။ ကျွန်တော်က လသာည ရေးသမျှ အမြဲလာဖတ်နေကြဗျ။ တခါမှ ခင်ဗျားလို အပင်ပန်းမခံဖူးဘူး။ ခင်ဗျားလို ဒီတခါပဲ တွေ့ဖူးလို့ တော်တော် အံသြသွားတယ်။
ဘာကြောင့်လဲဆိုတော့ လသာညက သူ့ဘလော့မှာ သူနားလည်သလို တင်ပြတယ်။ ကျွန်တော်တို့က စိတ်ဝင်စားရင် ဖတ်တယ်။ သိပ်မကြိုက်ရင် သူ့ reference ကိုကြည့်ပြီး googleမှာ ရိုက်ပြီး ကိုယ့်ဘာသာရှာကြည့်လိုက်တယ်။ ဒါက လုပ်နေကြဗျ။
ကျွန်တော်က ခင်ဗျားဆွေးနွေးတာကို အစောပိုင်းက သဘောကျနေတာဗျ။ ဒီအစ်ကိုကြီး အရမ်းဆွေးနွေးတတ်တာပဲလို့။ ဒါပေမဲ့ ဗျာ တခါကနှစ်ခါ၊ ၃ခါဖြစ်လာတော့ နည်းနည်းတော့ တမျိုးဖြစ်လာတယ်ဗျ။
ပထမပို့စ်ကတဲက လသာညက ဘာပေးချင်တာလဲဆိုတာကို လူတော်တော်များများက သဘောပေါက်တယ်။ မပေါက်ဘူး ထင်လို့ နောက်ကနေ သူပြောချင်တာကို ပြန်ကြားချက်တောင် ပို့စ်လုပ်ရေးပေးသေးတယ်။ သူဘာကို ဆိုလိုတာလဲ ဆိုတာကို စာဖတ်သူနားလည်သလို ခင်ဗျားက ဘာကို ရှင်းပြချင်တာလည်း ဆိုတာ ပထမတခါကတဲက လာဖတ်သူတွေနားလည်တယ်။
ဒါပေမဲ့ တစ်ခုကဗျာ။ ဒီပို့စ်က စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်ပါ။ ယူတတ်ရင် ဗဟုသုတ အများကြီး ရပါတယ်။ သူသိတာကို ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့ သူအချိန်ကုန်ခံရှာဖွေတင်ပြပေးထားတယ်ဗျ။ ဒါကို တန်ဖိုးထားပေးရမယ့်အစား ဒီမြန်မာလို့ အဓိပ္ပါယ်ကောက်လွဲတာကိုပဲ ထပ်ခါတလဲလဲ ခင်ဗျားရှင်းလင်းရေးလုပ်နေတယ်။ ခင်ဗျားက နည်းနည်း လွန်မနေဘူးလားဗျာ။
ပို့စ်နှစ်ခုလုံးက ခင်ဗျားရဲ့ ကွန်မန့်တွေကို အေးအေးဆေးဆေး တခေါက်လောက် ကိုယ့်ဘာသာပြန်ဖတ်ကြည့်ပါဦး။ ခင်ဗျားစကားလုံး အသုံးအနှုန်းတွေက နည်းနည်း ငါသိငါတတ် ဖြစ်နေသလိုပဲ။ သွေးပူပူနဲ့ မဖတ်ပါနဲ့ အေးအေးဆေးဆေး ရက်ခြားပြီး ဖတ်ရင် ခင်ဗျားရေးတဲ့ အဓိပ္ပါယ်က ဆွေးနွေးခြင်းထက် ဆရာကြီးလုပ်ခြင်းဖြစ်နေတာ တွေ့ရတယ်။
ဒါက အတိအကျ အမှားအယွင်းမပါရမယ့် Thesisတစ်ခုကို ထုတ်ဝေနေတာ မဟုတ်သလို သုတေသနဆောင်းပါးအဖြစ် ဂျာနယ်တင်နေတာလည်း မဟုတ်ဘူး။ ဘလော့ရေးနေတာဗျ။ ဗဟုသုတ မျှဝေပေးရုံသက်သက်အတွက် စာဖတ်ပြီး ဘာသာပြန်ပေးနေတာ။ အသေးစိတ်သိချင်သူအတွက် reference ညွန်းပေးရင် လုံလောက်ပြီလို့ မထင်ဘူးလား။ စာဖတ်သူတွေ အမှတ်မှားမှာစိုးလို့ လို့တော့ လာမပြောနဲ့ဗျ။ ဘယ်သူမှ ဘလော့က စာကို ဘယ်thesis မှာမှ reference မတင်ဘူး။
နောက်ဆုံးတစ်ခုကတော့ ခင်ဗျားပြောတယ်။ “ B.F Skinner ရဲ့ Paper တွေ ကျွန်တော်မှာ အများကြီးပဲဗျ။ အဲဒီထဲမှာ The origins of cognitive thought ကို အရမ်းနဲ့ ကြိုက်တယ်။ ” ဒါဆိုလည်း ရေးလေဗျာ ခင်ဗျားဘလော့မှာ။ ဒီဘလော့ကို ဘာလာဖတ်နေစရာလိုသေးလား။ လသာညဘလော့မှာ အချိန်ကုန်ခံမနေနဲ့လေဗျာ။ ကျွန်တော်တို့က လသာည ရေးတာကိုပဲ ဖတ်ချင်တာဗျ..။ ဒါကြောင့်လည်း လသာည ဘလော့ကိုလာတာ။ ခင်ဗျားအနေနဲ့ လသာည မှားတယ် ဘာမှမသိဘူး အယူအဆ မခိုင်လုံဘူးထင်ရင် မလာတာကောင်းတယ်ဗျ။ တခြားသူတွေ စိတ်အနှောက်အယှက်ဖြစ်တယ်။
လသာညသို.. ဆောရီးပါ အစ်မ။ လာသောင်းကျန်းတာ မဟုတ်ပါဘူး။ သီတင်းကျွတ် အခါသမယမှာ စိတ်ကသိကအောက် ဖြစ်သွားရတာကို ခွင့်လွှတ်ပါ။
Yu Ya said...
ko nyo cho,
ကျွန်တော်တို့ အခုဆွေးနွေးနေတာ B.F Skinner ရဲ့ Paper လုံးဝမဟုတ်ဘူးဆိုတာ ko nyo cho သိပုံမရဘူးထင်တယ်။
ဒီပို့စ်က Does rewarding altruism squelch it? ပါ။ Warneken F & Tomasello M တို့ရဲ့ Paper လေးပါ။
ကျွန်တော်ဆွေးနွေးတာကလည်း အစ်မလသာညက စိတ်ပါလက်ပါ ဖိတ်ခေါ်ထားလို့ နှစ်ဦးနှစ်ဖက် အမြင်ကို ဖလှယ်ကြတာပါ။ နောက်ပြီး ကျွန်တော်မှာလည်း ဘာသာပြန်ခဲ့တဲ့ အတွေ့အကြုံလေးတွေရှိနေတော့ အလျင်းသင့်တဲ့ ပို့စ်တွေမှာ ၀င်ပြီး ဆွေးနွေးတာပါ။ နောက်ပြီး ဆွေးနွေးတယ်ဆိုတဲ့နေရာမှာ ko nyo cho တော့ ဘယ်လိုခံယူထားလည်းမသိဘူးဗျ.။ ကျွန်တော်ကတော့ သေချာတဲ့ Reference မရှိဘဲနဲ့ ခရာရေလွတ် တသွတ်သွတ် မပြောတတ်ဘူး။ ဒါက ကျွန်တော်ရဲ့ အကျင့်ဖြစ်နေလို့ပါ။ သေချာသွားရင်တော့ နားလည်အောင်၊ သဘောပေါက်အောင် ပြန်ရှင်းပြချင်တာ Primal စေတနာတစ်ခုနဲ့ပါ။ အစ်မလသာညရဲ့ ဘလော့လေးကို သဘောကျလို့ တမင်တကာကို လာဖတ်နေတာပါခင်ဗျာ။ ဒါကြောင့် တစ်ခါတစ်လေ နားလည်မှုလွဲမှာစိုးတဲ့ အသုံးအနှုန်းလေးတွေကို သေချာလေ့လာပြီး ပြန်ပြောပြဖြစ်တာပါ။ လူဆိုတာ တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။ ကိုယ်သတိမမူမိတဲ့ အပိုင်းလေးတစ်ခုကို တစ်ဖက်လူက သတိမူမိသွားတာမျိုးပေါ့။ အခုလက်တွေ့ပဲလေ.. ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုကို ko nyo cho က ကျွန်တော် ဆရာလုပ်တယ်လို့ မြင်တဲ့အမြင်လိုပေါ့ဗျာ။ ကျွန်တော်မှ မမြင်တာကိုး။ Standing Point မတူတာဖြစ်သွားတယ်။
ဟုတ်တယ်ဗျ.. ko nyo cho ပြောသလိုပါပဲ ဘလော့ရေးတာ လွတ်လပ်ခွင့်အပြည့်အ၀ ရှိတယ်။ အဲဒီလို အကြွင်းမဲ့ လွတ်လပ်တဲ့အတွက် မိမိကိုယ်ကို ထိန်းသိမ်းဖို့ တာဝန်ကြီးမားတယ်လို့ ဆိုရမှာမဟုတ်လားဗျာ။
စကားမစပ် ko nyo cho ဖတ်ချင်ရင် အဲဒီ Paper လေး ပို့ပေးမယ်ဗျ.။
ဆန္ဒမွန်ဖြင့်
yu ya