Friday, September 18, 2009

သန်းကြွယ်သူဌေး

ကမ္ဘာ့သန်းကြွယ်သူဌေးတွေအကြောင်းကို စစ်တမ်းကောက်တဲ့ အခါ
အောင်မြင်တဲ့ သန်းကြွယ်သူဌေးအများစုဟာ အောက်က အကျင့်တွေ ရှိကြတာ တွေ့ရပါတယ်။
* တပတ်ကို ပျမ်းမျှ နာရီ ၆၀ အလုပ်လုပ်တယ်။
* သန်းကြွယ်သူဌေး တ၀က်ကျော်ကျော်ဟာ ဆင်းရဲသား ဒါမှမဟုတ် သာမာန်ဘ၀က ကြိုးစားလာရသူတွေ ဖြစ်ပါတယ်။
* သူများတွေ ကိုယ့်ကို ဘယ်လိုထင်မယ် ဘယ်လိုတွေးမလဲဆိုတာကို သိပ်ဂရုမစိုက်တတ်ဘူး၊
* အများစုက ပြောတယ်။ စာကြည့်ရမှာ ပျင်းလို့ ကျောင်းမှာဆို ပညာအရည်အချင်းကအလယ်အလတ်ပဲ အမြဲရှိခဲ့တယ်တဲ့၊
* မာစီဒီးကား(Mercedes)တွေကို စီးရတာ နှစ်သက်ကြတယ်။
* သူတို့ကို အများဆုံး ဝေဖန်ခံရတဲ့အားနည်းချက်က ရန်လိုတတ်ခြင်း ဖြစ်တယ်လို့ ၀န်ခံကြပါတယ်။
* အကြိုက်ဆုံးက အမဲသားကင် အမဲခြေထောက်ဟင်း။
* အလုပ်လုပ်ရမှာကို ဘယ်တော့မှ မပျင်းတတ်ဘူး။ တစ်ခုခု အကျိုးရမယ်ဆိုရင် ညသန်းခေါင်လည်း ထလုပ်တတ်တယ်။
* အားလုံးနီးပါးက ပြောတာက သူတို့ဟာ အလုပ်အမြဲလုပ်နေရတဲ့ သူတို့ဘ၀ကို အမြဲပျော်တယ်တဲ့။
* တ၀က်သော သန်းကြွယ်သူဌေးက ပြောတယ်။ ညစာကို အကောင်းဆုံး ရက်စ်တော့ရင့်မှာ ပေါင် ၄၀( £40)တန်ထက်တန်ဖိုးနည်းတဲ့ အစားအစာကို စားတယ်တဲ့။
* လမ်းဘေးဈေးသည်တွေဆီက အရည်အသွေးကောင်းပြီး ဈေးချိုတဲ့ အ၀တ်တွေကို ၀ယ်ရတာကို သဘောကျတယ်။
* တစ်နှစ်လုံးမှာ ငွေကို အများဆုံးသုံးတဲ့ အချိန်ကတော့ တစ်နှစ်တကြိမ် မိသားစုနဲ့ အားလပ်ရက်ခရီးထွက်တဲ့ အချိန်မျိုးဖြစ်ပါတယ်။ အဲဒီအချိန်မျိုးတော့ ပေါင် ၂၅၀၀ £2500 လောက် သုံးတတ်တယ်။
(Revealing statistics from the Tulip Survey of self-made millionaires commissioned by Optomen Television:)

သန်းကြွယ်သူဌေးတွေရဲ့ အဓိက လက္ခဏာက အများသိတဲ့ အတိုင်း အလုပ်ကြိုးစားတယ်။ အလုပ်ကိုချစ်တယ် ဆိုတာပါပဲ..။ လူတွေ သိပ်မသိတဲ့ နောက်တစ်ချက်ကတော့ အလုပ်နဲ့ ဘ၀ကို ညီမျှအောင် နေတတ်ခြင်း၊ အများကြီးကို တခါတည်း မျှော်လင့်မထားပဲ အသင့်အတင့် အောင်မြင်မှုကို အရင်ရရင်ဖြစ်ပြီဆိုတဲ့ အချက်ကို အမြဲဆင်ခြင်တတ်ကြခြင်းပါပဲ။

တကယ်လို့ မင်းဟာ အစဉ်ကြိုးစားသူတစ်ယောက်ပြီး အချိန်တိုင်းအလုပ်ထဲမှာချည်း နစ်မြုပ်မနေတတ်သူဖြစ်ရင် ပျော်စရာ ဘ၀တစ်ခုနဲ့ သန်းကြွယ်သူဌေး တကယ်ဖြစ်နိုင်ပါတယ်။

Reference http://www.bbc.co.uk/science/humanbody/mind/surveys/

လသာည..ပါ

6 comments:

အိစံ said...

မာစီဒီး လောက်တော့  သူ့ ကို ၀ယ် ခိုင်းလို က်မှာပေါ့ လသာညရယ်..ကျေးဇူးပါ

လသာည said...

အင်း အမဲ ခြေထောက်ဟင်းတဲ့ ၀က်ခြေထောက်ဟင်း ဆိုရင် ငါနဲ့ တူမှာ ။ သန်းကြွယ်သူဌေးဖြစ်ဖို့ သီသီလေးလွဲသွားတယ် :D
အိစ..ံ မာစီဒီးလောက်များ စကားထဲကို ထည့်မပြောဘူး။ (မ၀ယ်နိုင်လို့ ) ဟားဟား

rose of sharon said...

မနက်တုန်းက comment ရေးတာ မဝင်ပြန်ဘူး နောက်တခါလာပြန်ကြည့်လို့သိရတာ.... သန်းကြွယ်သူဌေးဖြစ်ချင်ရင် လွယ်လွယ်လေးပေါ့ ဟုတ်လား... အားတက်သွားပြီ.... ခေါင်းပေါ်ကသန်းကြွယ် တာတော့ မဖြစ်ချင်ဘူး

Yu Ya said...

သန်းကြွယ်မဖြစ်ရင်တောင် သိန်းကြွယ်လောက်ဆိုလည်း အိုကေပါတယ်အစ်မရေ...

yu ya

မိုးသီတာ said...

တစ်ပါတ် နာရီ ၆၀ မကပါဘူး အလုပ်လုပ်ရတာ။ သို့သော်လည်း ကိုယ့်ဘ၀နဲ့ ကိုယ်တော့ ပျော်နေတာပါပဲ လသာညရယ်။ မဖြစ်နိုင်လို့ မဟုတ်ပေမဲ့ သန်းကြွယ်သူဌေး ဖြစ်ဖို့လဲ စိတ်မ၀င်စားတော့ပါဘူး။ ကျန်းမာအသက်ရှည်စွာ လုပ်ချင်တဲ့ အလုပ်တွေကို ပဲ လုပ်နေချင်ပါတော့တယ်။

Anonymous said...

ဂျပန်ထီလေးပေါက်ရင် တော်ပါပြီ ။ဒါမှ ဘာအလုပ်မှ မလုပ်ရပဲ သန်းကြွယ်သူဋ္ဌေး ချက်ချင်းဖြစ်မှာလေ။ ဟီးဟီး ။