Saturday, September 19, 2009

ခရီးတစ်ခု

ကမ်းမမြင် လမ်းမမြင်
ပန်းတိုင်လည်းမမြင်
ဒါပေမဲ့ သွားရဦးမယ်....

10 comments:

အိစံ said...

လသာညရဲ့ အတွေးကို သဘောကျမိတယ်..ကမ်းမမြင်လမ်းမမြင်ပေမဲ့ အားအင်တွေရှိနေသလိုပဲ

Yu Ya said...

ပန်းတိုင်မမြင်ရသေးပေမယ့် ပန်းတိုင်ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကမ်းမမြင် လမ်းမမြင်ကို ရဲ့ ၀ံ့စွာ လျှောက်လှမ်းဖြတ်ကျော်နေကြတာ ကျွန်တော်တို့ လူပီသတဲ့ လူသားတွေ အာလုံးပဲ မဟုတ်လား အစ်မရယ်။

yu ya

မန်းလေရူး said...

"ဒါပေမယ့် တစ်နေ့မှာတော့ လမ်းဆုံး"ဆိုတဲ့ အသိကလေးက ရှေ့ကို ဆက်သွားစေတဲ့ ခွန်အားကလေးပါပဲ ။

Lucifer said...

အားလုံးက ခရီးသွားနေကြတာပဲလေ..သွားပုံသွားနည်းသာမတူတယ်.. သွားတဲ့နေရာကတော့ တူနေကြတယ်.. ဆက်သွားနော်

မိုး said...

တို့ကတော့ မြေကြီးထဲကို ဦးတည်နေပါသည်။.. :D :D :D တစ်နေ့တော့ ဖြစ်လာလိမ့်မည်။ အဲဒီမရောက်ခင်သာ ပင်ပန်းမှာထင်သည်။... :D :D (လူလဲ မကောင်းဆိုးရွားဖြစ်နေပြီထင်တယ်။..လသာညရေ။...)

မယ့်ကိုး said...

ပန်းတိုင် မရှိတော့ ခက်ခဲလိုက်တာ မရယ်နော်

မယ့်ကိုး said...

အဲ ပန်းတိုင် မမြင်တော့ လို့ ရေးတာပါ =)

rose of sharon said...

ခရီးဖော်လေးနဲ့သာ အတူသွားနေရရင် ကမ်းမမြင် လမ်းမမြင် ပန်းတိုင်မမြင်ရလဲ သွားမှာဘဲ

Apprenticeship said...

လသာညရေ... ဆက်သာလျှောက် ဒီနေ့တစ်ရက်တာအတွက် လုပ်စရာရှိတာ ပီးမြှောက်သွားတာ ပန်းတိုင်ကို ခြေတစ်လှမ်းသေချာသွားပီပဲ...။ ဒီနေ့အတွက်အကောင်းဆုံး လုပ်ထားသူအတွက် ပန်းတိုင်သေချာပီးသားပါ....။ အားတင်းထားနော်....။

ရွှေပြည်သူ (ShwePyiThu) said...

၃ကြောင်းထဲနဲ့ ရင်ထဲကို ရောက်သွားတာပါပဲ။ ဟုတ်တယ် “သွားရဦးမယ်...”