အင်း.. ပြောရရင် အဲဒီပို့စ်မှာ ကိုယ်ပြောချင်တာ မရှင်းမရှင်းဖြစ်သွားတာလေးကို အရင်ပြောပြချင်တာ။ ဆုက နေရာတိုင်း မကောင်းတာတော့ မဟုတ်ပါဘူး။ (ကိုမင်းအိမ်၊ pps တို့ ဆွေးနွေးသလို) ကြိုးစားချင်စိတ် ဖြစ်ဖို့အတွက် incentive ဆိုတာ တခါတလေ တကယ်လိုတာပေါ့။ ကြိုးစားအောင်မြင်ပြီးရင်လည်း incentiveကဆုဖြစ်သွားပြီး နောက်ထပ်ကြိုးစားမှုအတွက် encouragement အဖြစ်သုံးရတယ်။ ဒီအတွေးကိုဆက်ပြီး စိတ်ပညာရှင် (Behavorists)တချို့ က ပညာရေးမှာ ဆုပေး၊ဒဏ်ပေးဆိုတာကို အကြံပြုခဲ့ အကောင်အထည်ဖော်ခဲ့ကြတယ်ပေါ့။
သူတို့က “ကောင်းတာကိုလုပ်ရင် ဆုချမယ်။ မကောင်းတာကို လုပ်ရင် ဒဏ်ပေးမယ်ဆိုတဲ့ လမ်းညွှန်မှု”ဟာ ကောင်းတယ်လို့ အဆိုသွင်းခဲ့ကြတယ်။ သက်သေတွေလည်း သုတေသနများစွာနဲ့ ပြခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပညာရေးမှာ အခုအထိ အဲဒီနည်းကို သုံးစွဲနေဆဲပါပဲ။ ဒီလိုနည်းနဲ့ လိမ္မာအောင်သင်တယ်။ ပိုကြိုးစားအောင် လုပ်တယ်။ ဒါပေမဲ့ ဒါက အခါခပ်သိမ်း ကောင်းတယ်လို့ မဆိုနိုင်ဘူး ဖြစ်နေတယ်။ အားလုံးသိတဲ့အတိုင်းပဲ လူဆိုတာက personalityက အမျိုးမျိုးမို့လား။ ဒီတော့... မကောင်းတာလုပ်လို့ ဒဏ်ပေးတာကို (ဒဏ်ပေးတာကို ကြောက်ပြီး နောက်မလုပ်ပဲနေရမယ့်အစား) ဒဏ်ပေးရကောင်းလားရယ်လို့ ရွဲ့လိုစိတ်နဲ့ မကောင်းတာကို ပိုလုပ်ပြတဲ့သူကရှိနေပြန်တယ်။ တခါ ကောင်းတာလုပ်လို့ ချီးကျူးတာကို (ဆုပေးတာကို) “ဒါဟာ ကောင်းတဲ့အလုပ်၊ လုပ်သင့်တယ်တဲ့ အလုပ်”လို့ သိသွားတာမျိုးမရှိပဲ ဆုကိုမျှော်လင့်တတ်အောင် သင်ပေးသလိုဖြစ်သွားတတ်တယ်။
ခွေးကူဖမ်းမဖမ်းဥပမာက ဒုတိယမြောက်ကအရာကို သတိပေးချင်တာပါ။ ထိုလူက ခွေးကို ကူသွင်းစက မုန့်လိုချင်လို့ မဟုတ်ပါဘူး။ စေတနာနဲ့ပါ။ ဒါပေမဲ့ အဲဒါက နေ့စဉ်ရက်ဆက် မုန့် (သို့မဟုတ်) ကျေးဇူးတင်စကားကို ရနေတော့ လူကြီးဖြစ်တော့ မုန့်ကို မမျှော်လင့်ပေမဲ့ သူကူညီတာကို အသိအမှတ်ပြုတဲ့ ကျေးဇူးစကားကိုတော့ အနည်းဆုံး လိုချင်တဲ့စိတ်ဖြစ်သွားတာပေါ့။ အိမ်ရှင်က ဘာမှမပြောတဲ့အခါ ထိုလူဘက်က စိတ်စနောင့်စနင်း ဖြစ်သွားတာပေါ့။ ဘာဖြစ်လို့လဲ၊ ငါကို ဒါလေးတောင် မပြောနိုင်ဘူး၊ အသိအမှတ်မပြုနိုင်ဘူးဆိုရင် ကူညီရတာ အလကားပေါ့လို့ တွေးပြီလေ။ တချှို ရှိတယ်လေ တခါကူညီပြီးရင် အသိအမှတ်ပြုခံလို့ မပြီးတော့ဘူး၊ ဘယ်တုန်းက ငါဘယ်လို ကူညီလို့ ဒီကောင် ဒီလိုဖြစ်သွားတာပါ ဆိုပြီးပေါ့။ အခုဒီလူကတော့ ရက်ကြာပြီးမှ ဖြစ်သွားတဲ့သဘောပါ..။
နောက် ရို့စ်ပြောသလို အိမ်ရှင်ဖက်ကနေ စဉ်းစားပေးကြည့်မိပါတယ်။ အိမ်ရှင်အနေနဲ့လည်း အဲဒီနေ့က သူဟာနဲ့သူ အလုပ်ရှုပ်နေလို့ ဖြစ်ချင်ဖြစ်မှာပါလို့၊ ရက်ကလည်း ကြာလာပြီဆိုတော့(ကိုယုယပြောသလို) နည်းနည်းရင်းနှီးသွားပြီဆိုတော့ ဒါလောက်တော့ ကျေးဇူးတင်စကား မပြောလည်း သိမှာပါ ဆိုတာမျိုးတွေးမိတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရယ်စရာပြောရရင် ဒီလူ မကူလည်း ကိုယ့်ဘာသာလည်း ကိုယ့်ခွေးကိုဖမ်းလို့ရနေတယ်။ ဒီလူက ခွေးကူမောင်းတာက နည်းနည်း၊ စကားတွေပေါပြီး တော်တော်နဲ့ အိမ်မပြန်နိုင်လို့

ဒါကြောင့် နေ့စဉ်ဘ၀တွေထဲမှာ ကိုယ်က “စေတနာနဲ့ကူလုပ်ပေးတဲ့ ထိုလူမျိုးအဖြစ်မျိုး”ကြုံရတာ ရှိနိုင်သလို “အိမ်ရှင်လိုအဖြစ်မျိုး”လည်း ကြုံရတာ ရှိနိုင်တယ်။ ဒီအခါမျိုးမှာ တဖက်လူက ဘယ်လို ဆိုတာကို တွေးတာထက် ကိုယ်ဘာကြောင့် ဒီလို စိတ်မကောင်းဖြစ်တာလဲဆိုတာကို (ကိုယ့်ဖီလင်ကို ) ပြန်ပြီး နားလည်ပေးလိုက်ရင် ခံစားရတာ သက်သာတာပေါ့လို့.. အဓိကက အဲဒါကို ပြောချင်တာ။ အရေးအသား လိုသွားတယ်. ခွင့်လွှတ်နော်။
နောက်တစ်ခုက မေးလ်ကနေ မေးတဲ့ သူငယ်ချင်းလေး (နာမည်မပြောနဲ့ဆိုတော့ မပြောပါဘူးနော်:P)။ “ ဆုပေးတာ မကောင်းဘူးလား၊ ကြိုးစားချင်စိတ်ရှိအောင် ဆုပေးသင့်တယ်မို့လား” ဆိုတာလေ။ တို့သိသလောက် ပြန်ပြောရရင် ဆုပေးတာ ကောင်းပါတယ်။ “သားစာကြိုးစားနော်။ ပထမဆုရရင် disney land သွားမယ်” ပေါ့။ ကလေးဆိုတော့ ကစားမက်တော့ အဲလို incentiveပေးရင် ပိုကြိုးစားတာပေါ့။ ဒါပေမဲ့ ချွင်းချက်က အဲဒါကို ပုံသေကြီး မကျင့်ရဘူးတဲ့။ အမြဲတမ်းကြီး “စာကြိုးစားရင် ဘာဝယ်ပေးမယ်။ ဒီဟာပြီးရင် ဘာဝယ်ပေးမယ်”ဆိုတာကို အမြဲလုပ်ရင် ကလေးက စာထက် အဲဒီအရာကို ပဲ မက်မောသွားပြီး ကိုယ်တကယ်မလုပ်ပေးနိုင်တဲ့အခါ၊ သူတကယ်မကြိုးစားနိုင်တဲ့အခါ မက်လုံးပေးခြင်းက အကောင်းထက် အဆိုးဘက်ကို ဦးတည်သွားတတ်တယ်။
တခါတလေ ဖြစ်တတ်တယ်။ သမီး မေမေ့ကို ကူပေးရင် မုန့်ဖိုးပေးမယ်လို့ ပြောထားရင် ကလေးက မုန့်ဖိုးကို ပိုမက်သွားတယ်။ ကူမလုပ်ခင်ကတဲ့က မေမေ မုန့်ဖိုးဘယ်လောက်ပေးမှာလဲ ကြိုမေးတတ်သွားတယ်။ ဒါကြောင့် သူဘာသာ ကူလုပ်ချင်တဲ့ စိတ်ကလေးကို မပျက်အောင် သမီးကူလုပ်တော့ မေမေမြန်မြန်ပြီးသွားပြီကွာ၊ ဒါကြောင့် သမီးလေးမြန်မြန်ထမင်းစားရပြီပေါ့ ဆိုတာမျိုး ကောင်းတဲ့အချက် ကို သင်ပေးတာမျိုးလုပ်ပေးရတယ်လို့ ယူဆပါတယ်။


အားလုံးကို ကျေးဇူးတင်ပါတယ်။ ပို့စ်လည်း ရှည်သွားပြီ (လေရှည်သွားမိပြီ) ဆောရီး

လသာည..ပါ
မှတ်ချက် ( Momiji said ,“I think u learned in there about psychology,right?”)

